ဖြေသိမ့်ကောင်း၏ မကောင်း၏(မိမိကိုုယ်မိမိ အဆုံးစီရင်ခြင်း)”

“ဖြေသိမ့်ကောင်း၏ မကောင်း၏(မိမိကိုယ်မိမိ အဆုံးစီရင်ခြင်း)”

 

အခုနောက်ပိုင်းမန်းလေးမှာကောင်းလာတာလေးတစ်ခုကတော့ လက်ဖက်ရည်ဆိုင် ဆံပင်ညှပ်ဆိုင်နဲ့ဘဏ်တော်တော်များများမှာ ကိုယ်ဆီလာတဲ့ဖောက်သည်များမပျင်းရအောင် ဂျာနယ်လေးတွေချပေးထားကြတာပါ။

ဂျာနယ်တွေကလဲ ဖတ်မနိုင်ဝယ်မနိုင်လောက်အောင်ထွက်ပါတယ်။

အဲလိုချပေးထားတော့ ဘာဘဲဖြစ်ဖြစ် ဖတ်ဖြစ်သွားတာပေါ့ဗျာ။

ဟိုတစ်ရက်က ဘဏ်မှာငွေသွားထုတ်တော့စောင့်နေရင်း ခုံပေါ်ရှိနေတယ်ဂျာနယ်တစ်စောင်ယူဖတ်ဖြစ်ပါတယ်။

အဲဒီထဲမှာ သတင်းတပုဒ်က လေးရက်အတွင်း လူသုံးယောက် ကိုယ့် ကိုကိုယ်သေကြောင်းကြံတဲ့သတင်းလေးပါလာပါတယ်။

တစ်ယောက်ကတော့ ဆေးလိပ်ခိုးသောက်တာကို အမေကဆူလို့ဆိုပြီး သတ်သေတာက အရွယ်မရောက်သေးတဲ့ယောက်ျားလေး။

ဘာကြောင့်လို့ ဖော်ပြမထားဘဲသတ်သေတယ်ဆိုတာလောက်ဘဲ ရေးထားတာက

အရွယ်ရောက်ပြီးမိန်းကလေး၊

နောက်တစ်ယောက်ကတော့ အရက်ကြောင်ကြောင် ပြီးသတ်သေပါသတဲ့။

လူ့အသက်တစ်ချောင်း အလဟဿ ဆုံးပါးသွားတာ နှမျှောစရာကောင်းလှပါတယ်။

အဲဒါဖတ်မိတော့ ဟိုတစ်လောက နိုင်ငံခြားမှာ သတ်ေသေသွားတဲ့ကောင်မလေးကတော့ မသေခင် ဖေစ်ဘုတ်မှာစာတွေရေးသွားတော့ အင်တာနက်မှာရော ဂျာနယ်တွေမှာရော

ဒီအကြောင်းကတော်တော်လေးကို ှ ပျံ့နှံ့လို့သွားခဲ့ပါတယ်။

ဒီလို ကိုယ့်ကိုကိုယ်အဆုံးစီရင်တာတွေ ဖတ်ရသိရတော့ ကိုယ့်မိတ်ဆွေအသိုင်းအဝို်င်းထဲမှာလဲ

ဒီလိုဖြစ်ခဲ့ ကွယ်လွန်ခဲ့ အချိန်မီဆေးရုံရောက်လို့ လွတ်မြောက်ခဲ့တဲ့ အကြောင်းလေးတွေက

ခေါင်းထဲမှာအစီအရီပေါ်လာပါတယ်။

 

ဒီလိုသတ်သေတယ် ဆို်တာကို ပထမဆုံးစတွေ့ဘူးတာကတော့ 2တန်းကျောင်းသားဘဝမှာပါ။

ကျနော်မြစ်ငယ်မှာနေတုန်းကပေါ့။

မြစ်ငယ်မီးရထားစက်ရုံဂိတ်ပေါက်တည့်တည့်မှာ ဈေးဘက်ကိုသွားတဲ့လမ်းလေးရှိပါတယ်။

လမ်းအရှေ့ဘက်ခြမ်းမှာ မြစ်ငယ်မီးရထား စာကြည့်တို်က် သူ့တောင်ဘက်မှာတော့ ဇရပ်ကြီးတစ်ဆောင်ရှိပါတယ်။

ကျနော်တို့ ကျောင်းက ဈေးနားလေးမှာ ဆိုတော့ ကျောင်းသွားတို်င်းအဲဒီဇရပ်နားက ဖြတ်သွားရပါတယ်။

တစ်ရက်အဲဒီဇရပ်ကြီးနားမှာ လူတွေအုံနေတာကို ကျောင်းအသွားမှာတွေ့ရပါတယ်။

လူတစ်ယောက်ဆွဲကြိုး ချသေလို့ပါတဲ့။

ကလေးပီပီ စပ်စုမယ်လုပ်တော့ အဲဒီနားကို အလာမခံဘူး ကလေးနဲ့မဆိုင်ဘူးလို့ပြောပြီး မောင်းထုတ်တာပေါ့။

နောက်မှလူကြီးတွေ ပြောလို့ သိရတာ ကလေးကအများကြီး မိန်းမကဆုံး ပေးစရာအကြွေးတွေက တပုံကြီး

အဲဒါကြောင့်သတ်သေတာလို့ သိရပါတယ်။

အဲဒီတုုံးကတော့ ကလေးဘဝဆိုတော့ မေ့မေ့ပျောက်ပျောက် ဘာကြောင့်သတ်သေလဲဆိုတာ မတွေးမိပါဘူး။

 

နောက်ဒုတိယအကြိမ်ကြုံတာကတော့ ကျနော်တက္ကသိုလ်ကျောင်းသားဘဝမှာပေါ့။

တစ်ရက်ကျနော်အိမ်ကို သူငယ်ချင်းတွေလိုက်လာပါတယ်။

သူငယ်ချင်း ကောင်မလေးတစ်ယောက်ဆေးရုံရောက်နေလို့လာခေါ်ကြတာပါ။

ဘာလို့လာခေါ်သလဲလို့မေးကြည့်တော့ အိပ်ဆေးတွေသောက်ပြီးဆေးရုံရောက်နေတာပါတဲ့။

ကျနော်တို့ ဆေးရုံရောက်တော့ လူနာတွေ့ချိန်မရောက်သေးလို့ မဝင်ရပါဘူး။

အဲဒါနဲ့ တံခါးစောင့်တဲ့လူကိုတောင်းပန်ပြီးဝင်လိုက်တော့မှ “ခဏဘဲနော်”ဆိုတဲ့

ခံဝန်ချက်ကလေးနဲ့ဝင်ခွင့်ရပါတယ်။

ကုတင်ပေါ်မှာ ပက်လက်ကလေး၊လက်မှာလဲ ပိုက်တွေတန်းလန်းနဲ့။

လူဇောက်ထိုးထားပြီး အစာအိမ်ထဲရောက်နေသမျှတွေကို အန်အောင် လုပ်တယ်ပြောတာဘဲ။

ဘယ်လိုဖြစ်တာလဲလို့မေးကြည့်တော့မှ မနေ့ညက သူ့အမေနဲ့စကားများပြီး

အိပ်ဆေးတစ်ပုလင်းလုံးသောက်ထည့်လိုက်တာတဲ့။

မနက်လင်းအားကြီးမှာမှသောက်တာ။

သူ့အမေက မနက်ဆွမ်းထချက်တော့သူ့အခန်းထဲက က တအင်းအင်းအသံကြားလို့ဝင်ကြည့်မှ

မူမမှန်ဘူးဆို တစ်အိမ်လုံးနိူးပြီး ဆေးရုံပို့လိုက်ရတာတဲ့။

အဓိက ကတော့ သူ့ကိုယောက်ျားပေးစားလို့ဆိုပါသတဲ့။

“ညည်းသာ မယူချင်ဘူးအစကပြောရင် ငါဇွတ်မပေးစားပါဘူးအေ ပေးစားမယ် ပြောတုန်းကရေငုံနူတ်ပိတ်လုပ်နေတော့

ညည်းယူချင်လို့ငြိမ်နေတယ်လို့ ငါကလဲ မှတ်တာပေါ့ အမိုက်မရဲ့”လို့ပြော ပြော ပြီးငိုပါတယ်။

ဟုတ်ပါရဲ့ ကျနော်တို့သူငယ်ချင်းမ က မလူှပ်တလူှပ် ဘယ်နေရာမဆို နုတ်ပိတ်ပါးစပ်ပိတ်။

နေတတ်တာ သူ့အကျင့်။

မသကာ သူငယ်ချင်းတွေဖွင့်ပြောလိုက်ရင် ရရဲ့သားနဲ့” မိငယ် “ ရယ်လို့သာ စိတ်ထဲတွေးမိပါတယ်။

ဒီကိစ္စကြောင့်သူလဲ တရားရုံးသွားရပြုရနဲ့လူလဲချုံးချုံးကျ ကုန်လိုက်တဲ့ငွေကလဲသောက်သောက်လဲ.။

ဒါက သူကဖွင့်မပြောဘဲမြုံစိနေလို့ဖြစ်သွားတာပေါ့။

 

@@@@@@@@@@@@@@  @@@@@@@@@@@@@@ @@@@@@@@@@@@@@

နောက်တစ်ယောက်ကတော့ ကျနော်ဈေးထဲမှာ စကျင်လည်တဲ့အချိန်မှာ သိခဲ့တဲ့ကောင်လေးပေါ့။

ကိုငယ် လို့ခေါ်ပါတယ်။

သူရောက်စက တကယ့်ကိုရိုးရိုးအေးအေး။

မြစ်အနောက် ကမ်းဘက်ကနေ မန်းလေးကိုလာပြီးအလုပ်လုပ်တဲ့သူပေါ့။

သူတို့ဆရာက သူတို့ကို ထမင်းကျွေး လခပေး နေတော့ သူတို့အိမ်မှာနေခိုင်းပါတယ်။

အလုပ်ကတော့  တရုပ်ပြည်ကလာတဲ့ပစ္စည်းတွေကို လက်လီပြန်ဖြန့်တာပါ။

သူတို့ကဈေးချိုထဲမှာဆိုင်ဖွင့်မထားဘူး အိမ်ကနေပြီးဈေးထဲကိုလိုက်ဖြန့်တဲ့လက်ကားကြီးလို့

ပြောရင်လဲရပါတယ်။

သူအလုပ်ကတော့  မနက်ဆို ပစ္စည်းလိုက်စပ်ရောင်းထားတာတွေ လိုက်ပို့။

ညနေရောက်ရင်တော့ သူတို့အကြွေးပေးထားတဲ့ဆိုင်တွေကို ကုန်ဘိုး။. ပို်က်ဆံလိုက်ကောက်ရတာပါ။

ညနေနှစ်နာရီ်ကနေလေးနာရီလောက်ထိ ဈေးထဲကဆိုင်တွေက လိုက်ကောက်။

ညပိုင်းကျတော့ အပြင်ဘက်က စတိုးဆိုင်တွေကလိုက်ကောက်ရပြန်ရော။

အဲတော့ သူမှာမိတ်ဆွေတွေတိုးလာတာပေါ့။

သူကလဲ သဘောကောင်းကောင်း တပြုံးပြုံးနဲ့နေတတ်သူဆိုတော့အားလုံးက ချစ်ကြခင်ကြပါတယ်။

အနေကြာလာတဲ့ အခါတော့ သူလဲမြို့ပါးဝလာပါတယ်။

မြု့ိပါးဝတော့ လှတပတ အကောင်းစားလေးတွေဝတ်တတ်လာတယ်။

ဘီယာဆိုင်ထိုင်တတ်လာတယ်။

တစ်လုံးနှစ်လုံးသုံးလုံးဆော့တတ်လာတယ်။

ညနေဆိုမောင်းထုတတ်လာတယ်ပေ့ါ။

မောင်းအောင်တော့ အပေါင်းအသင်းနဲ့ ဘီယာဆိုင်ထိုင်တတ်လာတယ်။

နွေအပူကို ဘီယာနဲမျောချမှအေးတယ်ထင်လာပါတယ်.

အစကတော့ နည်းနည်း နောက်တော့ ဝါရင့်လေကြေးကြီးလေဖြစ်လာပါတယ်။

နောက်တော့ သူ့ပိုက်ဆံတင်မဟုတ်ဘူး နေ့စဉ်လိုက်ကောက်နေတဲ့ငွေထဲက ပါ ထည့်ထိုးပါရော။

ပေါက်တဲ့အခါဖြုန်း မပေါက်တဲ့အခါ အလုပ်ထဲက ငွေလှည့်သုံးဆိုတော့ လုံးပါးပါး ပါးပါလေရော။

သူ့ဆရာကလည်း သူအချိုးပြောင်းသွားတာကို မရိပ်မိ။

အဲတော့ သူငွေတွေလှည့်သုံးထားတာကိုလဲ မသိတော့ အေးဆေး။

တစ်ရက်တော့ သူဆရာကတော်က ငွေကျပ်တော့ အကြွေးတွေကို ဂရုတစိုက်တောင်းဘို့

သူ့ကိုမှာပါတယ်။

သူကတောင်းတော့ တောင်းတယ်မပေးဘူးလို့ပြောပါသတဲ့။

အဲဒါနဲ့ ဆရာကတော်က ရက်သိပ်ကြာတဲ့ ကုန်သည်တွေကို သူကို်ယ်တိုင်တောင်းပါတော့တယ်။

အဲဒီမှာဇာတ်လမ်းစတော့တာဘဲ။

သူအကြွေးတောင်းလိုက်တဲ့ဆိုင်တော်တော်များများက ပေးပြီးသား ပေးစရာ နောက်ဆုံးတစ်စောင်ဘဲ

ရှိတယ်ဆိုတာကိုလဲ ပြန်ပြောကြရော တစ်ခုခုတော့မှားနေပြီ လို့တွက်မိပါသတဲ့။

အဲဒါနဲ့ ညနေ ကိုငယ်တို့ပြန်လာတော့ အကျိုးအကြောင်းမေးပါတယ်။

ကိုငယ် ကတော့ မရသေးဘူးဆိုဇွတ်ငြင်းပါတယ်။

နောက်နေ့မနက် အစောကြီး ကိုငယ်အိမ်ကထွက်သွားပါတယ်။

ဒါပေမယ့် အဲဒီနေ့ညက ပြန်မလာပါဘူး။

အဲဒါနဲ့သူခါတိုင်းငွေကောက်တဲ့ဆိုင်တွေကို သွားငွေကောက်ခိုင်းတော့မှ

အကြွေးတော်တော်များများရပြီးသားကို သူလှည့်သုံးထားတာကို သိရပါတော့တယ်။

နောက်နှစ်ရက်လောက်နေတော့ ပြန်မလာတော့ သူပြဿနာတွေ

မဖြေရှင်းရဲတာကြောင့်ပြန်မလာတာနေမှာဆိုပြီး

ခပ်အေးအေးဘဲနေလိုက်ပါသတဲ့။

နောက်တော့ပြန်လာမယ်ထင်တာပေါ့၊

နောက်ငါးရက်မြောက်တဲ့နေ့မှာတော့ ဈေးထဲကလူတွေလိုက်လာပါတယ်။

ကိုငယ့် ဆွဲကြိုးချသေတဲ့အလောင်းကိုတွေ့လို့ပါတဲ့။

ကိုငယ်အလောင်းကိုလဲတွေ့ရော သူ့ဆရာမျက်ရည်ကျပါတယ်။

“မင်းသာဖွင့်ပြောလိုက်ရင် ငါခွင့်လွှတ်မှာပါကွာ။

  လူ့အသက်လောက် ဘာက ပိုအဖိုးတန်မှာလဲ” လို့ မချိတင်ကဲနဲ့ပြောပါသတဲ့။

%%%%%%%%%%%%%%%%%%% %%%%%%%%%%%%%%%

နောက်သိပ်မကြာသေးခင်ဖြစ်သွားတာကတော့ အချိန်တိုတိုလေးအတွင်းမှာ စီးပွားအရမ်းတက်လာတဲ့

လူငယ်လေးပေါ့။

ကျောင်းပြီးတဲ့အချိန်မိဘလက်ငုတ်လက်ရင်းဆိုင်မှာ ဝင်အလုပ်လုပ်။

လူကလဲကြိုးစားတော့ သူ့မိဘလက်ထက်အလုပ်မဖြစ်တာကနေ သူ့လက်ထက်မှာဝုန်းကနဲ

စီးပွားရေးတွေထောင်တက်။

ကြိုးစားတော့ လဲ သမက်ဖမ်းချင်တဲ့ မိဘတွေထဲက အခြေခိုင်တဲ့ဆီမှာဝင်ထိုင်လို်က်တော့

နေနဲ့မြရွှေနဲ့လ ဆိုသလို အများကအားကျလို့ငေးကြည့်နေရပါတယ်။

ကံဇာတာတက်ချင်တော့ လက်နဲ့ထိရင်ရွှေဆိုသလိုဖြစ်နေတော့တာပေါ့။

တစ်ရက် မိတ်ဆွေတစ်ယောက်က အဲဒီကောင်လေး ကိုယ်ကိုကိုယ်သတ်သေသွားတယ်လို့

လာပြောတော့ကိုယ့် နားတောင်အကြားမှားတယ်လို့ထင်မိပါတယ်။

တကယ်သတင်းအမှန်ပါဘဲ။

အလှမ်းကျယ်လွန်းတော့ နိုင်ငံခြား နဲ့ဆက်စပ်လုပ်တဲ့လူတွေဆီမှာ ရှယ်ယာဝင်ထားတာက

သူ့ပိုက်ဆံရော အတိုးနဲ့ချေးတာတွေရော သူများတွေကို အာမခံလို့ အစုဝင်ခိုင်းတာတွေ

တွက်ကြည့်ရင်သိန်းပေါင်းသောင်းဂဏန်းထိရောက်နေပါတယ်။

ဒါပေမယ့်  ဟိုဘက်က အင်ကြီးဖြစ်နေတော့ အားလုံးပါသွားပါတယ်။

သူကိုယ်သူ သတ်သေလိုက်တာကို ကြားတဲ့လူတွေရဲ့မှတ်ချက်ကိုကြားရတော့ မယုံနိုင်စရာ။

“မိုက်လိုက်တဲ့ကလေးကွာ ဒီပိုက်ဆံလောက်ကတော့သူဝယ်ထားတဲ့

 မြို့သစ်ထဲက မြေကွက် နှစ်ကွက်လောက်ချရောင်းရင်ပြီးနေတာကို”

ပါတဲ့။

အဲဒီကောင်လေးပိုင်တဲ့မြေကွက်တွေအများကြီးရှိပါသတဲ့။

လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က လည်း လူတစ်ယောက် ကိုယ့်ကိုကိုယ်သတ်သေ

သွားတာကို ကြားဘူးပါတယ်။

တကယ့်ကို မထင်ရက်စရာ ။

ဒီလူက နေတာထိုင်တာ ခပ်ပြတ်ပြတ်တဲ့ တကယ့်လူမှန်။

အသက်ငါးဆယ်ကျော်တော့ သူ့အလုပ်တွေကို သူ့သမီးအပျိုကြီးကို လွှဲပေးထားပါသတဲ့။

သူကတော့ ဘေးကနေပံပို့းမယ်ပေါ့။

နောက်တော့သူကလဲ စိတ်ချလက်ချ ဘဲထားပါသတဲ့။

နောက်အတော်လေးကြာမှသိရတာ သူ့အလုပ်မှာလဲပေးစရာအကြွေးတွေအများကြီး။

အိမ်ကလဲ ဘဏ်ကိုပေါင်ထားရတယ်။

နောက်သူ့သမီးကလဲ မလွတ်မလပ်လူနဲ့ငြိစွန်းနေတယ်ဆိုတာလဲသိရော၊

အဆုံးစီရင်လိုက်ပါသတဲ့။

@@@@@@@@@@@@  @@@@@@@@@@@@@@@@@@@@@ @@@@@@@@@@@@

ကိုယ့်ကို ကိုယ်အဆုံးစီရင်လိုက်သူတွေရဲ့ ရာဇဝင်ကို ပြန်လိုက်ကြည့်မယ်ဆိုရင်။

မာန် နကြီးလွန်းသူ ဇွတ်တရွတ်ဆန်သူ

ပွင့်ပွင့်လင်းလင်းမနေတတ်သူ

အထီးကျန် အဖော်မဲ့သူ တွေအဖြစ်များတာကို တွေ့ရပါတယ်။

အများအားဖြင့်ကျနော်တို့ အာရှကလူတွေကတော့ “အရှက်နဲ့လူလုပ်တာ”

ဆိုပြီး အရှက်နဲ့အသက်ကိုလဲတတ်ကြပါတယ်။

သူများအစော်ကားခံရလို့ ၊

အလိုက်လျောလွန်လို့ ကိုယ်ဝန်ရလာတာ ဟိုက စားပြီးနားမလည်လုပ်နေလို့၊

စီးပွားပျက်သွားလို့။

သူများလိမ်တာခံရလို့။

သူများကြွေးမဆပ်နိုင်လို့………………

အစရှိတဲ့အကြောင်းပြချက်ပေါင်းများစွာနဲ့အဆုံးစီရင်တတ်ကြ သတ်သေတတ်ကြပါတယ်။

ကျနော်ဖတ်ဘူးတဲ့စာအုပ်တစ်အုပ်ထဲမှာတော့ ဒီလိုလူတွေက လက်တွေ့ သတ်မသေခင်

သူတို့စိတ်ထဲမှာအကြိမ်ပေါင်းများစွာ သတ်သေတာကို အစမ်းလေ့ကျင့်နေပါသတဲ့။

နောက်မှသာ တကယ်သတ်သေတာပါတဲ့။

သူတို့အစမ်းလေ့ကျင့်နေချိန်မှာ အချိန်မီဖျောင့်ဖြပေးနိုင်ရင် ဖြေသိမ့်ပေးနိုင်ရင်

သူတို့အသက်ကို ကယ်တင်နိုင်ပါသတဲ့။

နောက် စိတ်ပညာအလိုအရ သတ်သေတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာဖောက်ပြန်သွားလို့ဖြစ်တာပါတဲ့။

ကျနော့်အမြင်ကတော့  စိတ်ခိုကိုးရာမဲ့နေသူတွေသာ သတ်သေတယ်လို့ထင်မိပါတယ်။

သူတို့စိတ်ထဲမှာရှိနေတာ ခံစားနေရတာကို  တစ်ယောက်ယောက်ကို ဖွင့်ပြောလိ်ုက်မယ်။

နားထောင်ပေးသူက လဲကိုယ်ချင်းစာစိတ်အပြည့်နဲ့ နားထောင်လို့ စိတ်ပြေအောင်

ဖြေသိမ့်ပေးမယ်ဆိုရင် ဒီလိုသတ်သေတဲ့ အဖြစ်က လွတ်ကင်းနိုင်မယ်လို့လဲယုံကြည်ပါတယ်။.

ကျနော်က တော့ အဖန်ငါးရာ ငါးကမ္ဘာနဲ့လဲ ကိုင်မခြောက်ချင်ပါဘူး။

တကယ်ပြောရရင် ကိုယ်ဖြစ်ချင်တိုင်းမဖြစ်နိုင်တာလူ့ဘဝကို

ကဗျာဆန်ဆန်လေးပြောရရင် “သူ့အလိုအတိုင်းရှိစေ”ပေါ့ဗျာ။

သိပ်စိတ်ထဲမှာခံစားနေရရင်  အနီးရှိရှိ အဝေးရောက်ရောက်ကိုယ့်မိတ်ဆွေ

ကိုရှာပြီး ပြောပြလိုက်။

ဒါဆိုရင် ခံစားနေရတာလေးက နည်းနည်းတော့လျှော့သွားမယ်။

ကျနော်တို့ခင်ဗျားတို့ကလဲ ကိုယ့်အနားမှာ ဒီလိုလူမျိုးရှိနေရင် သွယ်ဝိုက်သောနည်းနဲ့

ဖျောင့်ဖြပေး နှစ်သိမ့်ပေးဘို့ လိုအပ်ပါတယ်။

ကိုယ့်ကိစ္စမဟုတ်ပေမယ့်လဲ သေသေချာချာနားထောင်ပေးဘို့လိုအပ်ပါတယ်။

နားထောင်ပြီးတဲ့ အခါ မှာလဲ မှားနေတာရှိရင်တောင်အပြစ်မတင်ဘဲ ပြေရာပြေကြောင်းပြောပေးလိုက်ပါ။

ဒါဆိုရင် လူ့အသက်တစ်ချောင်း ကို ကယ်တင်နိုင်မယ်လို့ထင်ပါရဲ့။.

ကျနော်အယူအဆကတော့လောကမှာ လူ့အသက်ကို ဘာနဲ့မှ အစားထိုးလို့မရဘူးလို့

ယုံကြည်ပါတယ်။

ကိုယ့်အနားမှာ ဒီလိုလူမျိုးရှိနေရင်တော့ ဖြေသိမ့်ပေးဘို့လိုအပ်ပါတယ်။

ကဲ ဖွင့်ပြောချင်တယ်ဆိုရင်တော့ နားထောင်ပေးဘို့ အသင့်ဘဲနော့်……………………….

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

(7-3-2012)

 

 

 

20 comments

  • water-melon

    March 9, 2012 at 5:33 pm

    သတ်တော့မသေပါရစေနဲ့
    အဖန်ငါးရာငါးကမ္ဘာတောင်ခံရမှာ ကြောက်စရာကြီး
    ဘဘကြီးရှင့်
    သမီးလည်း ဖွင့်ပြောချင်လို့ နားနဲ့မနာ ဖဝါးနဲ့နာပေးပါနော်
    သမီးကို အိမ်က ယောကျာ်းအတင်းပေးစားနေတယ်ရှင့်
    သမီးဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးပါအုန်း 😥

    • အသူရာ

      March 9, 2012 at 7:44 pm

      ဟင်င်င်….. ဖြဲကိုအိမ်က ယောကျာ်ပြား (အဲ့အဲ့) ယောကျာ်းပေးစားနေဘီ
      ဘာမှစိတ်မကောင်းမဖြစ်နဲ့ ရတုန်းယူထားလိုက် :mrgreen:
      အမေတို့ တုန်းကလည်းဒီလိုပါပဲ။ အစပိုင်းသာနည်းနည်းခက်တာ၊နောက်ပိုင်းကျလွယ်သွားရော။
      (စားဝတ်နေရေးပြောပါတယ် :mrgreen: )

  • MaMa

    March 9, 2012 at 6:07 pm

    ဟုတ်တယ် ကိုပေါက်ရေ။
    လူဖြစ်လာမှတော့ ဆင်းရဲဒုက္ခတွေ၊ အခက်အခဲတွေဆိုတာ ကြုံကြရမှာပါ။
    ကြုံလာတဲ့ အခက်အခဲကို အရှုံးပေးပြီး သတ်သေတယ်ဆိုတာတွေ ဖြစ်လာရတာမို့
    အဲဒီလို ကြုံတွေ့လာတဲ့အချိန်မှာ ဖြေသိမ့်ပေးနိုင်တဲ့သူ
    (ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း ဆိုသလို)
    စိတ်ထားကောင်းမွန်တဲ့ ရင်းနှီးခင်မင်တဲ့ ဆွေမျိုးမိတ်ဆွေတွေရဲ့ အကူအညီ အထူးလိုအပ်ပါတယ်။
    ဘဝမှာ အဲလို မိတ်ဆွေတွေရရှိထားဖို့ လိုတာပေ့ါ။
    ဒါ့ကြောင့် မိတ်ဆွေတွေနဲ့ ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံတတ်တဲ့လူတွေ၊
    စိတ်လက်ပေ့ါပါးစွာ နေတတ်တဲ့လူ၊ အတွေးမများသူ၊ ရေငုံနှုတ်ပိတ်မနေသူ တွေမှာတော့
    မိမိကိုယ်ကို သတ်သေခြင်း အဆင့်ထိ မရောက်နိုင်ဘူးလို့ ထင်မိပါတယ်။

  • ကိုပေါက်ရေ….ဖတ်ရင်းနဲ ့ကိုမောသွားလို ့သက်မရှည်မှုတ်ထုတ်လိုက်တယ်ဗျာ…..ဟူးးးးးးးးးးးး

    အော်…လူတွေ….လူတွေ……..
    သောကတွေကို ခုလိုဖြေရှင်းလိုက်လို ့ပြီးသွားရောလားဗျာ….

  • ခပ် KING ကင်း

    March 9, 2012 at 7:15 pm

    ကိုပေါက်ရေ အားပေးသွားပါတယ်ဗျ ….
    ကျွန်တော်လည်း ပတ်ဝန်းကျင်ကို အာရုံစိုက်
    နည်းနည်းလေ့လာပြီး နှစ်သိမ့်ဆွေးနွေးပါအုံးမယ်
    ခက်တာက နှစ်သိမ့်ဆွေးနွေးပေးရင်း ညှိကုန်ရင်တော့
    တားက စိတ်သိပ်ခိုင်တာ အဟုတ်ဝူးးးးနော် ….. 😆

  • Khaing Khaing

    March 9, 2012 at 7:32 pm

    လေးပေါက် သမီးကတော့ ဘယ်တုန်းကမှကိုယ့်ဘာသာကိုယ် သတ်သေဖို့ မကြံစည်ဖူးသေးဘူး အဲလို သတ်သေရမှာ ကြောက်တယ်….

    လေးပေါက် သမီးကအခုတော့ စိတ်ညစ်နေရတယ် သတ်တော့မသေချင်ဘူး အိမ်က သမီးကို မာမူလေးတွေနဲ့ ပေးစားမလို့တဲ့ သမီးမှာ ရည်းစားရှိတယ် ဒါပေမယ့် အဲရည်းစားက သမီးကို မသိဘူး အဲဒါ ဘယ်လိုလုပ်ရမလဲဟင်…………..အဟိ …….အဟိ

      • windtalker

        March 9, 2012 at 8:17 pm

        အဟမ်း…
        ကိုယ်တော့ မဟုတ်တန်ကောင်းပါဘူးကွယ် ။
        အဟွတ်

    • surmi

      March 9, 2012 at 11:26 pm

      ဘုရား ဘုရား ….မာမူလေးတွေဆိုဘဲ …။
      ဆာမိတို.အိမ်နားတော.နီးလာပြီ …….မဖြစ်သေးပါဘူး ဒီနာမည်အမြန်ပြောင်းမှ ….။

  • yaungchikha

    March 9, 2012 at 8:29 pm

    လူရယ်လို့ဖြစ်လာရင် လောကဓံတရားတွေနဲ့ ရင်ဆိုင်ရမှာပါပဲ၊ ကြံ့ကြံ့ခံနိုင်ရမှာပေ့ါနော်၊ ပြီးခဲ့တဲ့ နှစ်က မန်းတလေးခဏပြန်တော့ အိမ်နားက ဆီစက်လုပ်သားလေးတစ်ယောက် ကြိုးဆွဲချသေးတယ်ဆိုတာနဲ့ သွားကြည့်မိသေးတယ်၊ အကြောင်းရင်းမေးကြည့်တော့ သူနဲ့ အတူတူလုပ်တဲ့ ကောင်မလေးက သူ့ကို ပြန်မကြိုက်ပဲ တခြားတစ်ယောက်ကို ကြိုက်လို့ သတ်သေသွားတာလို့ပြောကြတယ်၊ မသေခင် စာရေးထားခဲ့သေးတယ်ပြောတယ်၊ လူအဖြစ်ကိုရဖို့ဆိုတာ တော်တော်ခဲယဉ်းပါတယ်ဗျာ………

  • unclegyi1974

    March 9, 2012 at 10:06 pm

    ကို်ယ့်ကိုကို်ယ်သတ်သေသူအားလုံးမသေခင်စိတ်ဆင်းရဲခြင်းကအရင်းခံပါတယ်
    စိတ်ဆင်းရဲခြင်းဖြစ်တဲ့အရင်းခံကလောဘဒေါသမောဟ
    ဒါတွေတတ်နိုင်သလောက်လျှော့နိုင်အောင်တတ်နိုင်တာကဗုဒ္ဓရဲ့တရားနဲ့ကျင့်စဉ်တွေ
    လောကီကမလွတ်နိုင်သေးသ၍တွေ့နေအုန်းမဲ့အရာတွေပါကိုပေါက်ရယ်

  • padonmar

    March 10, 2012 at 12:15 am

    Depression ခေါ်တဲ့ စိတ်ကျရောဂါကြောင့်ဖြစ်တာပါ။ ဘေးလူတွေအမြင်မှာ ဘာမှ မဖြစ်လောက်တဲ့ အကြောင်းလေးတွေကို သူတို့ ရဲ့ စိတ်မှာ မဖြေရှင်းနိုင်တော့ တဲ့ ပြဿနာကြီးလို့ထင်လာတတ်ပါတယ်။
    ဘေးက အချိန်မီရိပ်မိရင် ဆေးနဲ့ရော ပတ်ဝန်းကျင်ရဲ့ နွေးထွေးမှုနဲ့ရော ပြောင်းလဲပေးလို့ရပါတယ်။

  • ဦးဦးပါလေရာ

    March 10, 2012 at 12:34 am

    ကိုယ့်ကိုယ်ကို သတ်သေခြင်းရဲ့ အကြောင်းများစွာရှိမှာဖြစ်ပေမယ့်
    အကယ်၍ အခက်အခဲတခုခုကြောင့် ထွက်ပေါက်မရှိလို့( ထွက်ပေါက်မရှိဘူးထင်လို့) ကိုယ့်ကိုယ်ကို သတ်သေချင်သူမျိုးဆိုရင်တော့
    လွယ်တဲ့နည်းတခုက ထွက်ပေါက်တခုကိုထိုးပေးလိုက်ရုံပါပဲ။

    ကျွန်တော်က ဘဝမှာ အတက်အကျကြမ်းဘူးတော့
    အခက်အခဲတွေနဲ့ မွန်းကျပ် ပိတ်မိနေတာ ကြုံဘူးပါတယ်။
    ဒါကြောင့် ဒီလိုမျိုးဖြစ်နေသူတစ်ဦးကို ကြုံရတော့
    ကိုယ်ချင်းစာတာနဲ့ ပေါ့ပါးလွယ်ကူတဲ့ ဖြေရှင်းချက်တခုလုပ်ပေးလိုက်ဘူးတယ်။
    သူက တနေ့မှာ ဝန်ခံတယ်။ ကျွန်တော်သာ မကူရင် သူ့ကိုယ်သူသတ်သေမှာ..တဲ့
    ကျွန်တော်လဲ တချို့ကူညီမှု့တွေဟာ ကိုယ်ကပေါ့ပေါ့ပါးပါးလုပ်ပေးရုံနဲ့
    တဖက်လူအတွက်အများကြီးတာသွားတတ်တယ်ဆိုတာ သင်ခန်းစာရသွားပါတယ်။

  • ဦးဦးပါ ရေ ကျနော်ကလဲ အဲလိုဖြစ်စေချင်တာဗျ.
    ဖွင့်ပြောပြလိုက်ရင် စိတ်သက်သာရာ ရသလို
    နားထောင်သူကလဲ ဖြေသိမ့်ပေးရင် အသက်တစ်ချောင်းအလကားမဖြစ်ဘူးပေါ့ဗျာ။

  • bluerose

    March 10, 2012 at 11:02 am

    သတ်သေတဲ့သူတွေကမန်းဂေဇက်ကိုမရောက်ဘူးလို့ဖြစ်မယ်နော်
    ဒီမှာဆိုရင်ဖွင့်ပြလို့ရတယ်
    စိတ်ကူးထဲမှာတော့သတ်သေဖူးတယ်
    စာမေးပွဲကျခဲ့တုန်းက
    ဒါပေမယ့်သေသွားရင်ဘယ်ရောက်မလဲဆိုတာကြောက်လို့
    တကယ်တော့သတ်မသေခဲ့ဖူး
    ဟိဟိ
    😳

  • မောင်ဘလိူင်

    March 10, 2012 at 11:30 am

    “စိတ်ပညာအလိုအရ သတ်သေတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာဖောက်ပြန်သွားလို့ဖြစ်တာပါတဲ့။
    ကျနော့်အမြင်ကတော့ စိတ်ခိုကိုးရာမဲ့နေသူတွေသာ သတ်သေတယ်လို့ထင်မိပါတယ်။”

    အင်း…အဲဒါဟုတ်လောက်တယ် ဦးပေါက်ရေ…ကျွန်တော့် အသိတွေထဲ အဲဒီလိုလူမျိုးတွေ
    သတ်သေတာ တွေ့ဖူးတယ်။ ဘာအကြောင်းမှ မယ်မယ်ရရ မရှိဘဲ ကို သတ်သေကြတာ..။

  • ကြောင်ကြီး

    March 10, 2012 at 7:31 pm

    ဆိတ်ပညာအလိုအရတော့ ပဲဟင်းနဲ့ချက်တာ အကောင်းဆုံးပဲ…
    နောက်တာနော် ဦးဦးပေါက်…. မြတ်စွာဘုရားက ဘဝတဏှာ ဝိဘဝတဏှာဆိုလား ဟောခဲ့တယ်… ဘဝကို စွဲလန်းတွယ်တာလွန်းတာ၊ ငြီးငွေ့စွန့်ပစ်ချင်တာ နှစ်ခုစလုံးဟာ သံသရာရှည်စေတဲ့ အရာတွေတဲ့…။ လူတွေက ပထမအစွန်းမှာပဲ ကျင်လည်နေတာများတော့ ဗျုန်းဆိုဒုတိယအစွန်း ဖြစ်စေတဲ့ ခံစားမှုနဲ့ကြုံတဲ့အခါ ရှော့ခ်ရပြီး ထွက်ပေါက်ရှာကြတယ် ထင်ပါတယ်..။ တချို့ကြတော့လည်း ဒုတိယအစွန်းမှာပဲ ရုန်းထွက်မရအောင် ပိတ်လှောင်ခံထားရတော့ မျှော်လင့်ချက်မဲ့ပြီး လုပ်မိလုပ်ရာ လုပ်ကြပုံရတယ်..။

  • Green Rose

    March 10, 2012 at 10:59 pm

    ကိုယ့်ကိုယ်ကိုသတ်သေတာ.. Green Rose အမြင်ပြောရရင်တော့ မနက်ဖြန်ရောက်လာမှာကို ကြောက်ကြသူတွေ ဖြစ်ပါလိမ့်မယ်။ “ယုံကြည်ရာ အနာဂါတ်မရှိရင် လူဆိုတာပျက်စီးတတ်တယ်” ဆိုတာလေ. .. တကယ်မှန်ပါတယ်။ လုပ်သင့်တာ မလုပ်သင့်တာကို ဆုံးဖြတ်တာက ဦးနှောက်.. ခံနိုင်ရည် ရှိခြင်းမရှိခြင်းဆိုတာက စိတ်ခံစားမှု နဲ့လည်းဆိုင်နေတာဆိုတော့… …..
    Green Rose တို့ အသိ ဘကြီးတစ်ယောက်ဆိုရင် လေဖြတ်ပြီး ပြန်ကောင်းသွားတဲ့အချိန်မှာ သူ့ကိုယ်သူ အဆုံးစီရင်သွားတာပါ။ နောက်တစ်ခါ လေပြန်ဖြတ်ရင် သူများကို (မိသားစုကို) ဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးလို့တဲ့။ အသိတရား အရမ်းမြင့်တဲ့လူတစ်ယောက်ပါ။ Green Rose တို့ ဆိုရင် သူအဲလိုလုပ်သွားခဲ့တယ်ဆိုတာ မယုံနိုင်အောင်ပါပဲ။ စိတ်ဓါတ်ပျော့ညံ့တဲ့ လူမျိုး လုံးဝမဟုတ်ပါဘူး။ သူကျတော့ ယုံကြည်ရာကို လုပ်သွားတယ်လို့ပဲ ပြောရမလားမသိဘူး။

  • pooch

    March 10, 2012 at 11:25 pm

    ရုပ်ပိုင်းဆိုင်ရာ ရောဂါဘယတွေကို ဆေးဝါးနဲ့ ကုလို့ရတယ်။
    ဒါပေမဲ့ အထီးကျန်ဖြစ်တာ ၊ စိတ်ပျက်တာ၊
    မျှော်လင့်ချက်ကင်းမဲ့တာတွေကိုတော့ မေတ္တာနဲ့သာ ကုစားရတယ်။
    လောကမှာ ထမင်းငတ်လို့ သေမတတ်ဖြစ်နေသူတွေ အများကြီးရှိတယ်။
    ဒါပေမဲ့ မေတ္တာ ငတ်လို့ အသက်ရှူရပ်တော့မယ် လူတွေက ဒီ့ထက်ပိုများနေတတ်တယ်
    လို့ မာသာထရီဇာက ပြောသွားခဲ့ဖူူးတယ်။

  • ဒီပိုစ်ကိုကျနော်ရေးစဉ်က လူတစ်ယောက်ခြင်းရဲ့ ယုံကြည်ကိုးကွယ်မူ့ဆိုင်ရာတွေနဲ့
    ထိန်းချုပ်ထားတာတွေကို ထည့်မစဉ်းစားပါဘူး။
    ဘာလိုလဲဆိုတော့ သတ်သေတဲ့သူများက ဘာသာတိုင်းလူမျိုးတိုင်း အတန်းအစားမရွေးတိုင်းမှာဖြစ်နေတာကိုး။
    အဲတော့ အားလုံးအတွက် ဘဲခြုံငုံလို့ စဉ်းစား ထားတာပါ။
    မယ်ပုပြောသလို မေတ္တာသာရမယ်ဆိုရင်
    ကိုပါပြောသလို ဖြေသိမ့်ပေးသူ နဲ့သာ တွေ့မယ်ဆိုရင် လုံးဝမပျောက်တောင် ရော့နည်းသွားမယ်ထင်ပါတယ်။

Leave a Reply