မင်းဟာ…ကိုယ့် ဘ၀ အတွက် သိပ်ကို…အရေးပါတဲ့  သူပါ ။

နှုတ်က ဖွင့်ဟပြီး..ခဏခဏ မပြောပေမယ့်….

ငါ့ ရင် ထဲမှာ… အမြဲ..ထာဝရ..သိမ်းဆည်းထားတဲ့  ခံစားမှုလေး တစ်ခုပါ ။

အခက်အခဲတွေ.. ကြုံတွေ့ လာတဲ့ အခါမှာ

သောက ၀န်ထုပ်ကြီးကို….မင်းရဲ့ အကုအညီတွေ ၊ နားလည်မှုတွေ..၊ ပံ့ပိုးမှုတွေနဲ့ …

လျော့ပါး စေခဲ့တာ….။

မင်း…ကိုယ့်ကို…အောင်မြင်စေချင်မှန်း… ကိုယ်…သိပါတယ် ။

 

ဒါ့ အပြင်….    မင်းရဲ့  တစ်ကိုယ်ကောင်း မဆန်မှု.. ၊  အားပေးမှုတွေ.က… ကိုယ် အစွမ်းကုန်..ကြိုးစားအောင်..

နှိုးဆော်ပေးခဲ့တယ် ။   ဒီလို ဂရုတစိုက်နဲ့ …ဘ၀ကို ပုံပြိးတော့..ပေးတာမျိုး.. သူငယ်ချင်းများစွာ..တို့ …

လုပ်နိုင်လိမ့်မယ်…မဟုတ်ဘူး ။

မင်းလို လူမျိုးကို တွေ့ ခဲ့ရတာ…..  ကိုယ် သိပ် ကံကောင်းတာပဲ.။

ဒါကို    မင်းလည်း …သိစေချင်ပါတယ် ။

(  မင်းနဲ့  မတွေ့ ရတဲ့   နေ့များစွာ အတွက်…… … …. . ..)

_____________________________________________________________

(  ၀န်ခံချက် )

 

ပျောက်ဆုံးနေသော..သူငယ်ချင်းတစ်ယောက်….ရှိပါတယ် ။

ဒီစာကို ဖတ်မိရင်…… ဆက်သွယ်ပေးပါ ။

ချန်ဒူး…ရေ…. … ….သတိရတယ်ကွာ……။

 

xxxxxxxxxxxxxxxxxxxxxx

 

 

About မိုး မင်းသား

မိုး မင်းသား has written 48 post in this Website..

သတိ ရခြင်း ငှက်... အချစ်ပင် ထက်မှာ ရောက်နေတယ် ။