တရုတ်နယ်စပ်မြို့ရွှေလီသွားခရီးအား ပြန်လည်အမှတ်ရမိခြင်းနှင့် ကိုယ့်နိုင်ငံကိုလည်းဖြစ်စေချင်မိတဲ့အကြောင်း

kaunglayMarch 9, 20121min1346

လွန်ခဲ့တဲ့ 7နှစ်လောက်ကပေါ့ဗျာ ၊ ကျွန်တော် ရွှေလီမြို့ကို အလည်သွားခဲ့ပါတယ်။ အဲမှာသွားရင်းလာရင်းနဲ့ စပ်စုမိတာတွေ့တာလေးတွေ၊ ဒီနဲ့မတူတာလေးတွေကို ဖောက်သည်ချမလို့ပါ။ ကျွန်တော်သွားမယ့်ကားက
မန်းလေးကနေ ညရနာရီလောက်မှာစထွက်တယ် မနက်8နာရီခွဲလောက်ကို မူဆယ် ကိုရောက်တယ် ၊ အဲဒီမှာ မူဆယ်ရောက်တော့ ရွှေလီမှာရှိတဲ့ ဦးလေးဆီဖုန်းဆက် လာကြိုခိုင်းတာပေါ့ ၊ ဦးလေးကကျွန်တော်ရှိတဲ့နေရာကို ကားနဲ့လာကြို ပြီးတော့ မြန်မာဘက်ကလူဝန်မှုကြီးကြပ်ရေးမှာ လိုအပ်တာတွေလုပ် ပြီးတော့ တရုတ်ဂိတ်ဝမှာလည်း လိုအပ်တာတွေလုပ်ပေါ့ ကားကိုတော့ ကြယ်ခေါင်မှာပဲ ထားခဲ့ရတယ် ၊ပြီးတော့ အခုမန်းလေးမှာပေါနေတဲ့ လျှပ်စစ်ဆိုင်ကယ်လေးနဲ့ ဦးလေးရဲ့ဆိုင်ရှိရာကိုသွားခဲ့တယ် ။
ဟိုရောက်တော့ တောသားမြို့ရောက်သလို အထူးအဆန်းလျှောက်ကြည့်တာပေါ့ဗျာ … မူဆယ်ကနေ တစ်ဖက်ရွှေလီ ကိုလှမ်းကြည့်ရင် ပထမဆုံးမြင်လိုက်ရတာတွေကတော့ တိုက်တာအဆောက်အဦးတွေပေါ့၊ ရွှေလီထဲရောက်သွားတဲ့အခါမှာတော့ သူတို့လမ်းတွေပေါ့ နိုင်လွန်ကတ္တရာလမ်းတွေ/ကွန်ကရစ်လမ်းတွေ ဒီမှာလိုတော့ လှိုင်းလုံးဝမရှိဘူး လှိုင်းမထဘူး ကားအင်ဂျင်သံစက်သံလောက်ပဲကြားရတယ်၊ ဒီမှာကားစီးပြီဆိုရင် ကားကလီစာတွေတစ်ခုချင်း ပြုတ်ကျတော့မတတ်ပဲ ဂလုံးဂလုံးနဲ့ညံနေတာပဲကြားရတယ် ၊ကားစီးပြီးဆိုလည်းအသံစုံကြားရတယ်၊ဆိုင်ကယ်နဲ့လည်း ထိုနည်းလည်းကောင်းပဲ ။သူတို့ဆီမှာက လမ်းတွေညီညာဖြောင့်ဖြူးနေတယ်၊ ပြီးတော့ ကျွန်တော်တို့နိုင်ငံကလမ်းကို ညာဘက်ကနေကပ်မောင်းရတာ သူတို့ကဘယ်ဘယ်ကနေကပ်မောင်းရတာ အဲဒီတစ်ခုတော့ကွာတယ် ၊ ပြီးတော့ ကျွန်တော်တို့မန်းလေးမှာဆို ဖုန်အရမ်းထူတယ်နော် ၊ ဟိုမှာဖုန်မရှိဘူးဗျ ။သွားရတာ သက်တောင့်သက်သာရှိတာပေါ့ဗျာ။အကျင်္ီတွေသိပ်မညစ်ပတ်တော့ဘူးပေါ့ ။ ပြီးတော့ လမ်းမီးတွေ အပေါ်မှာဓာတ်ကြိုးတွေ မမြင်ရဘုူး၊ ဖုန်းကြိုးတွေလည်း ဒီမှာလိုရှုပ်ရှပ်ခပ်မနေတာတော့သေချာတယ် ဖုန်းကြိုးတွေ ရှုပ်ရှပ်ခပ်မနေဘူူးဗျာ ဖုန်းကြိုးတွေ ဘယ်လိုပုံစံသွယ်ထားတယ်ဆိုတာတော့ သတိမထားမိဘူး ၊ ပြီးတော့ လျှပ်စစ်မီး အချိန်ပြည့်လာတယ် မီးမပျက်ဘူး ၊မီးအားလည်း ငြိမ်တယ် ၊Transformer မရှိဘူး မီးဖြတ်စက်မရှိဘူး ၊ မီးစက်မရှိဘူး ၊ UPSဆိုတာမရှိဘူး ၊Breaker 50Aဆိုတာလေး ဒါပဲတွေ့ခဲ့တယ်။ ပြီးတော့ ရေကို ကြိုက်တဲ့အချိန်ဖွင့် ရေလာတယ် ၊သုံးရေလည်းဒီရေပဲ သောက်ရေလည်းဒီရေပဲ နှစ်ခုသုံးလို့ရတယ်၊ ရေသန့်ဘူးဝယ်စရာမလိုဘူးပေါ့။၊ ရေအားကလည်းသန်မှသန် မလာတဲ့အချိန်မတွေ့ခဲ့ရဘူး ၊ရွှေလီမြစ်ကနေ ရေစုပ်တင်တာလားတော့မသိဘူး ရေကတော့အေးတယ် ၊ဒီမှာလိုရေက အချိန်နဲ့လာတာတို့ ရေအားနည်းတာ/အလာနည်းတာ တို့ မဖြစ်ဘူး။
ပြီးတော့ သူတို့စည်ပင်အကြောင်းလည်းပြောဦးမယ် အဲဒီမှာက တို်က်ခန်းတစ်ခန်း/တစ်အိမ်ကို တစ်နှစ်စာ ဥပမာ တရုတ်ငွေ 200ထားပါတော့ဗျာ၊ အဲတုန်းကဦးလေးကပြောပြပါတယ် ကြာတော့ ကိန်းဂဏန်းမမှတ်မိတော့လိုနော် ။ တစ်နှစ်စာအပြီးပဲ နောက်ထပ်ဘာမှထပ်လာမတောင်းဘူး ၊ ကျွန်တော်တို့ညကို တိုက်ခန်းရှေ့မှာဦးလေးတို့က ဖဲကစားတယ်ပေါ့ ပြီးတော့ စားစရာတွေကလည်း ဘေးမှာ စားကြတယ်ပေါ့ အောက်ကိုပဲ ပစ်ချတယ်နော် အမိုက်တောင်းထဲမထည့်ဘူးနော် ၊ကိုယ်အိမ်တိုက်ခန်းရှေ့မှာတော့ ပလပ်စတစ်အမှိုက်ပုံးလေးတွေ ရှိတာပေါ့ဗျာ ၊ ပြောချင်တာက ဒီလိုပစ်ချင်သလိုပစ်ထားတာတောင် မနက်မိုးလင်းဆိုင်တံခါးဖွင့်တော့ ညကအမှိုက်တွေ မရှိတော့ဘူးဗျာ ဟာမို်က်လှချည်းလားပေါ့ ဘယ်အချိန်က အမှိုက်တွေလာသိမ်းသွားသလဲပေါ့ အံ့ဩတာပေါ့ ဦးလေးပြောပြတာကတော့ တစ်ရက်ကို ၃-၄ကြိမ်လောက် လာသိမ်းတယ်တဲ့ဗျာ လမ်းမတွေမှာလည်း အမှိုက်မရှိဘူး အိမ်ရှေ့တွေမှာလည်း ရှင်းလို့ ကြည့်ရတာကို ရှင်းနေတာပဲဗျာ ။ ကြိုးဖုန်းတွေကလည်း အိ်မ်တိုင်းနီးပါရှိတယ်ဆိုပါတော့ အဆောက်အဦးဆောက်ပြီးဆိုကတည်းက ဖုန်းကြိုးကပါလာပြီးသား ။မိုဘိုင်းဖုန်းကတော့ အလွယ်တစ်ကူဝယ်လို့ရတယ် ဆင်းကဒ်တစ်ခုကို တရုတ်ယွမ်ငွေ 60 ငွေဖြည့်ကဒ်က အနည်းဆုံး တရုတ်ငွေ 20ထည်လို့ရတယ် ကိုယ်ထည့်ချင်သလောက်ထပ်ထည့်လို့ရတယ် ။နံပါတ်က အသေ ဂဏန်း 11လုံးပါတယ် 1596…..3 စသဖြင့်ပေါ့ အခုကျွန်တော်တို့ဆီမှာလည်း 5000တန်းဆင်းကဒ်အော်နေကြတယ်လေ ဖြစ်သင့်တဲ့ဈေးနှုန်းပါပဲ ။ညမှာဆိုလည်း ရွှေလီတစ်မြို့လုံးမီးရောင်ထိန်ညီးလို့ပဲ ။ဒါတွေကတော့ ကျွန်တော်မှတ်မိသလောက် သတိထားမိသလောက် ပြန်ဖောက်သည်ချတာပေါ့.. အခုဆိုရင်ဘယ်လောက်များပြောင်းလဲသွားပြီလဲပေ့ါ ။ကိုယ့်နိုင်ငံ ကိုယ့်မြို့လည်း အဲလိုမျိုးလေးတွေဖြစ်လာရင်၊ ပြောင်းလဲသွားခဲ့ရင် ဘယ်လောက်များကောင်းလိုက်မလဲပေါ့ဗျာ …ကျွန်တော်သွားခဲ့တဲ့အချိန် 2003–2004လောက်တုန်းကမှတ်မိသမျှ အကြောင်းတွေ ခေါင်းထဲပေါ်လာသမျှ ပြန်လည်ချရေးခြင်းဖြစ်ပါတယ်ခင်ဗျား….

6 comments

  • water-melon

    March 10, 2012 at 8:43 am

    ရွှေလီတို့ ကျယ်ဂေါင်တို့က နယ်စပ်ဘဲရှိသေးတာ
    နယ်စပ်တောင် ဒီလောက်ဖွံဖြိုးနေရင် ပြည်မကြီးထဲကတော့ ပြောမနေတော့နဲ့ 😀

    • Shwe Tike Soe

      March 10, 2012 at 11:10 am

      သူတောင် အမြဲတမ်းသွားသွားနေတာလေ လူကုန်သွားသွားကူးတာ ဟုတ်တယ်မလား ဗြဲတီး 😀

      • water-melon

        March 10, 2012 at 11:16 am

        ဟဲ့ဟဲ့ လျှောက်မပြောနဲ့လေ
        တော်ကြာ ရွာထဲက အပျိုတွေ ဖရဲကိုကြောက်နေရင် ဒုက္ခ
        ကိုရွှေတိုက်ရော လိုက်မလား လိုက်ပို့မယ်လေ 😀

  • Yoko Ono Bono

    March 11, 2012 at 8:00 pm

    ဒါပေမယ့် အများသုံးအိမ်သာတွေ မစင်တွေအပြင်ကိုထွက်ကျနေတာ အားလုံးလိုလို မြင်ခဲ့ရပါကြောင်း….မဲဆောက် ကပိုပြီး သန် ့ ့ရှင်းတယ်လို ့ထင်ပါတယ်ဗျာ……..

  • Ma Ei

    March 12, 2012 at 10:54 am

    ရွှေလီအသွား ကျယ်ခေါင်ဂိတ်အထွက်မှာ 10 ပေအကျယ်လောက်
    ရေအိုင်လိုမျိုးကန်လေးကိုဖြတ်ရပါတယ်…ထူးဆန်းနေလို့ မေးမိတော့
    ဒီဘက်ကမြေနီတွေပါလာပြီး သူတို့လမ်းညစ်ပေမှာစိုးလို့ကားဘီးတွေ
    ရေဆေးရအောင် စီစဉ်ထားတာပါတဲ့…
    သူတို့ဖြင့် Tour Group တွေလာတဲ့ရေတခွန်လိုနေရာမှာ
    တခါးမရှိ..အကာတဝက်လောက်နဲ့..တန်းစီနေတဲ့Toilet နဲ့…

  • kaunglay

    March 12, 2012 at 5:44 pm

    မကောင်းတဲ့ဟာဆို အတုခိုးတာမြန်တာလေ၊ အဲဒါကြောင့်မကောင်းတာလေးတွေတော့ ထည့်မရေးတာပါ
    ကောင်းတာလေးတွေ အတုယူစေချင်ပြီး ၊ ဒီမှာဖွံ့ဖြိုးတိုးတက်စေချင်လို့ပါ။
    မလိုအပ်တာတွေ အပိုမကုန်တော့တာပေါ့ ၊
    ဥပမာပြောရရင်၊ ဒီမှာဆို ရေလာပြီဆိုတာနဲ့ တိုက်ခန်းတွေအပြိုင်ရေတင်ကြရတယ် ၊ အဲမှာရေးအားကနည်းတော့ ရေစုပ်စက်လိုလာပြီလေ ဒီအတွက်အပိုကုန်ရပြီ။
    နောက်တစ်ခုက မီးအားမြင့်စက်တို့ Stabilizer တို့ပေါ့.. ရွှေလီမှာ အဲဒါတွေမရှိဘူး ဗို့အား Stable ဖြစ်တယ်လေ။ ဒီမှာက မီးအားကမငြိမ်တော့ အဲဒီအတွက် မီးအားမြင့်စက်၊ stabilizer တို့ဝယ်ရပြီပေါ့။
    ကျွန်တော်တို့ဆီမှာက မကုန်သင့်ပဲနဲ့ ကုန်နေရတာတွေက အများသားလေ အဲဒါတွေကြောင့်ပါ။

Leave a Reply