အင်ဂျင်နီယာကျောင်းဆင်းနှင့်အလုပ်

မာယာMarch 9, 20121min1034

A.G.T.I/B.Tech/B.E ကျောင်းဆင်းများအလုပ်ခွင်ဝင်တော့မည်ဆိုလျှင်မိမိMajorကိုအဓိကထားသော၊ အင်ဂျင်နီယာများမရှိမဖြစ်တန်ဘိုးကိုနားလည်သောCompanyများတွင်သာအလုပ်ဝင်သင့်ပါသည်။
၁ဝတန်းအောင်ပြီးသာမန်ဘွဲ့ရများထက်ပိုမိုသောအောင်မှတ်များရအောင်ကြိုးစားအသက်မွေးဝမ်းကျောင်းပညာ
ဘွဲ့တွေယူပြီးမှ သာမန်ဘွဲ့ရများလောက်ရာထူး၊လစာမရခဲ့လျှင်ရင်နာစရာကောင်းလှပါသည်။
(အခြားဘွဲ့ရများကိုထိခိုက်စေရန်မရည်ရွယ်ပါ။)

4 comments

  • Thel Nu Aye

    March 9, 2012 at 9:14 pm

    ဟုတ်ကဲ့သာမန်ဘွဲ့ရတွေကလစာ ၆ သောင်း ရ သောင်းလောက်နဲ့လုပ်နေချိန်မှာ စက်မှု့ဇုန်ကစက်ရုံအလုပ် သားမားတချို့ဟာ ၆ တန်းမအောင်သေးပဲ လစာ ၃ သိန်းကျော်နေပြီတဲ့။ အဲဒါဘယ်လိုလုပ်ကြမတုန်း။

  • nigimi77

    March 10, 2012 at 12:32 am

    နိဂိမိတဲ့ ဟေ့

    ထမီ အလံထူဘလိုက်မယ်

    (၁) ဘယ် စက်မှုဇုံက

    (၂) ဘယ် စက်ရုံရဲ ့

    (၃) ဘယ် အလုပ် အကိုင်ကို လုပ်ကိုင်နေတဲ့

    (၄) ဘယ် အလုပ်သမားက

    (၅) ဘယ် ဘယ်လို အကြောင်းကြောင့်

    (၆) လစာ ၃ သိန်းကျော်နေပြီတဲ့

    လို ့ ပြောရသဒုံး။။။။။။။။။။။။

    ဟွှန်း…ဟွှန်း………ဟွှန်း………..

    ရွတ်ပြရမလား စက်မှုဇုံ နာမည်တွေ

    ====================
    ထားပါတော့ …….အဲသလောက် ရတယ်ပဲ ထားပါတော့

    ၆ တန်း ( မအောင်) = ၃ သိန်း

    ရ တန်း ( မအောင်) = ၃.၅ သိန်း

    ၈ တန်း ( မအောင်) = ၄ သိန်း

    ၉ တန်း ( မအောင်) = ၄.၅ သိန်း

    ၁ဝ တန်း ( မအောင်) = ၅ သိန်း

    ၁ဝ တန်း အောင်ပြီး ဘာဘွဲ ့ရရ ညာဘွဲ ့ ရရ ======== ????????

    ဟုတ်မှလုပ်ပါ သဲလေးရယ် ။

    စက်မှုဇုံလို ့ နင်က ပြောတဲ့ ဘာအလုပ်မှန်း မသိတဲ့ စက်ရုံ အလုပ်သမား

    တွေထဲမှာ အကျိုးကျေးဇူးမဲ့ ၊ အချိန်ကျေးဇူးမဲ့ ၊ ပညာရေးစနစ်နဲ ့ ဘွဲ ့ရပြီး

    သား သူတွေ ရိုက်သက် မကုန်တာ နင်မသိရော့သလား။

    ၆ တန်း မအောင် ၃ သိန်းကျော်စားတွေက တကယ်ရှိပါတယ်။

    အရည် အချင်းရှိလို ့တော့ မဟုတ်ဘူးနော…..ဟဲ..ဟဲ..ဟဲ….လို ့

    ဦးကျောက်လုံး ရယ်သံနဲ ့ ရယ်ပြဦးမှာ…။

    ငါက အလုပ်သမား လောကမှာ အံသွားကို မပြတော့ဘူး။

    ရှေ ့သွားကိုပဲ မပေါ်တပေါ်ပြုံးပြလိုက်မယ်။

    ========================

    ပြီးတော့…..ဟို……မာယာ ဆိုတဲ့ အမျိုးသမီး

    “….A.G.T.I/B.Tech/B.E ကျောင်းဆင်းများအလုပ်ခွင်ဝင်တော့မည်ဆိုလျှင်မိမိMajorကိုအဓိကထားသော….”

    (၁) တကယ် တတ်မြောက်ခဲ့တာလား။ ကြက်တူရွေး စာကျက်နည်းနဲ ့
    ကျောင်းဆင်းခဲ့တာလား။
    ========================

    “…..အင်ဂျင်နီယာများမရှိမဖြစ်တန်ဘိုးကိုနားလည်သောCompanyများတွင်သာအလုပ်ဝင်သင့်ပါသည်။………..”

    (၂) ကွန်ပျူတာ တလုံးသုံးရင် မော်နီတာ လိုအပ်တယ်။
    စစ်စတမ် ယူနစ် လိုအပ်တယ်။
    ကီးဘို ့တ် လိုအပ်တယ်။
    မောက်စ် လိုအပ်တယ်။
    ယုတ်စွ အဆုံး ပါဝါ လိုအပ်တယ်။

    အင်ဂျင်နီယာများ မရှိမဖြစ် တန်ဘိုး ဆိုတာ ဘာကို ဆိုလိုပါသလဲ ။
    အင်ဂျင်နီယာများ ဆိုတိုင်း မရှိမဖြစ် တန်ဘိုး မဟုတ်ပါ။

    အင်ဂျင်နီယာက စစ်စတမ် ယူနစ်လို ့ ဆိုပါဆို ့။

    ပါဝါ မရှိပဲ ဘာမှ လုပ်လို ့မရဘူး။

    ပါဝါဆိုတာ ဘာကို ဆိုသလဲ။

    သူ ့ကို အဓိက ပံ့ပိုးတာ manpower ပဲ ။

    အားလုံးဟာ ဘက်မျှဖို ့လိုတယ်။

    ====================

    “..၁ဝတန်းအောင်ပြီးသာမန်ဘွဲ့ရများထက်ပိုမိုသောအောင်မှတ်များရအောင်ကြိုးစားအသက်မွေးဝမ်းကျောင်းပညာ
    ဘွဲ့တွေယူပြီးမှ သာမန်ဘွဲ့ရများလောက်ရာထူး၊လစာမရခဲ့လျှင်ရင်နာစရာကောင်းလှပါသည်။
    (အခြားဘွဲ့ရများကိုထိခိုက်စေရန်မရည်ရွယ်ပါ။)……….”

    (၃) ပြောရရင်တော့ စာရေးသူ ဘယ်လောက်ပဲ အတွေးအခေါ်ရှိတယ် ဆိုတာ

    ကို ဒီစာ ဖတ်ရုံနဲ ့တင် သိပြီ ။

    ပြောတော့ဘူး။ မောထှာ။

    ကျန်တာတွေကိုတော့ ကျန်တဲ့ လူတွေပဲ ဆက်ပြောတော့

    ပြေးပြီ…..တကလဲတော်……တကလဲတော်………. 🙂

  • chel gyi

    March 10, 2012 at 1:58 pm

    ဒီကနေ့အခြေအရ ဆိုရင် အရင်ဆုံး field ထဲဆင်းပြီး job experiences ယူသင့်ပါတယ်။
    I လဲဒီလိုဘဲ လာရတာဘဲ။
    E.P (B.E)

  • မာယာ

    March 11, 2012 at 1:52 pm

    Postကိုရှင်းရှင်းလင်းလင်းမရေးလိုက်မါတော့ဒီလိုအပြောခံရမယ်ဆိုတာသိပါတယ်။
    ကျွန်တော်ပြောချင်တဲ့ဆိုလိုရင်းက nigimi77ပြောသလိုပါပဲ၊Computer တစ်လုံးရဲ့ဥပမာလို-အစိတ်အပိုင်းအားလုံးပြည့်စုံမှ Computer တစ်လုံးဖြစ်လာမယ်ဆိုတာပါ၊Mother Board နဲ့ monitor ရှိရုံနဲ့
    Computer တစ်လုံးဖြစ်မလာပါဘူး။ Power Supply တို့ Memory Ram တို့၊ ကျန်တဲ့ Key Board,Mouse
    စသဖြင့် သူ့နေရာနဲ့သူ တန်ဖိုးရှိရှိပါဝင်နိုင်မှ Computer ဆိုပြီးအသုံးပြုလို့ရလာမှာပါ။အဲဒီလိုပဲ-
    Company (သို့)စက်ရုံတစ်ခုမှာ မန်နေဂျာရှိရုံ၊Admin Department နဲ့ ကုန်ပစ္စည်းထုတ်လုပ်သူရှိရုံနဲ့
    ကောင်းမွန်တဲ့ ကုန်ပစ္စည်းတစ်ခုထွက်မလာနိုင်ပါဘူး။ စက်ပစ္စည်းတွေ၊ဒီစက်တွေကို ထိန်းသိမ်းပြုပြင်မယ့်
    အင်ဂျင်နီယာတွေမရှိမဖြစ်လိုအပ်ပါတယ်။ ဒီလိုပဲ စက်ပစည်းနဲ့အင်ဂျင်နီယာရှိရုံနဲ့လည်း ကုန်ပစ္စည်းတစ်ခုထွက်မလာနိုင်ပါဘူး။ ထုတ်လုပ်သူပညာရှင်လည်းမရှိမဖြစ်လိုအပ်ပါတယ်။ဒါဆိုရင်-
    ကျွန်တော့်ဆိုလိုရင်းနဲ့ခံစားချက်ကိုနားလည်သဘောပေါက်ကြမယ်ထင်ပါတယ်။
    nigimi77ပြောသလို ကျွန်တော့်အတွေးအခေါ်ကတော့ nigimi77တို့လို P.hd ဘွဲ့ရတွေလောက်မမြင့်မားနိုင်တာခွင့်လွှတ်ပါ။

Leave a Reply