`မကွေးတိုင်းဒေသကြီး မှ ထူးခြားစွာဖြင့် ခွင့်ပြုပေးသော စာပေဟောပြောပွဲ´

winkyawaungMarch 9, 20121min1796

`မကွေးတိုင်းဒေသကြီး မှ ထူးခြားစွာဖြင့် ခွင့်ပြုပေးသော စာပေဟောပြောပွဲ´
ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၁) အမှတ်(၈၃)တွင် မကွေးတိုင်းဒေသကြီး မင်းတုံးမြို့နယ် မဲဇလီကျေးရွာ စာကြည့် တိုက်(၄) နှစ်ပြည့် စာပေဟောပြောပွဲအား ဒေါက်တာထွန်းလွင်(မိုလေဝသ/ဇလဗေဒဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) နှင့် အခြားစာရေးဆရာ၊ ဆရာမ(၄)ဦး တို့ ဟောပြောပွဲရန်စီစဉ်ထားကြသည်။ ဟောပြောပွဲကျင်းပမည့်နေ့ည မိနစ်ပိုင်းအလိုမှာ ` သက်ဆိုင်ရာမှ စာပေဟောပြော ခွင့် ပွဲမိန့် မရ၍ ´ဟု တားမြစ်ခံခဲ့ရ ပါသည်။ ဟောပြောကြမည့် စာရေးဆရာ၊ဆရာမများနှင့် ကြွရောက်နားထောင်ရန် လာရောက်ခဲ့ကြသော စာပေဟောပြောပွဲ ပရိတ်သတ်ကြီးတို့မှာ `ဟာ.ခနဲ.ဟင်..ခနဲ´ ဆိုပြီး ဝမ်းနည်း ပူဆွေ ငိုကြွေး သောကများကြရပုံ ဆောင်းပါးအား ဖတ်လိုက်ရပါ၏။ မကွေးတိုင်းဒေသကြီးအတွင်းမှာ စာပေဟောပြောပွဲ အတွက် ဟောပြောခွင့်ပြုမိန့်များအား သက်ဆိုင်ရာမှ အထူးကြပ်မတ် ဆောင်ရွက်နေကြောင်း ရေဒီယိုများ၊ ဂျာနယ်များတွင် ဖတ်ကြားသိရှိခဲ့ရပါသည်။ သက်ဆိုင်ရာမှ ၂၀၁၂ ခု၊ ဧပြီလ(၁)ရက် နေ့ ကြားဖြတ်ရွေးချယ်တင်မြောက်ပွဲ နှင့် (၁၀) တန်းစာမေးပွဲ မပြီးမချင်း မည်သည့် စာပေဟောပြောပွဲကိုမျှ ဟောပြောခွင့်ပြုမိန့် ပေးမည်မဟုတ်ပါကြောင်း ကိုလည်း ကြားသိထားခဲ့ပါသည်။
သို့သော်လည်း ၂၀၁၂ ခု၊ မတ်လ(၃)ရက်နေ့ ညတွင် မကွေးတိုင်းဒေသကြီး မကွေးခရိုင် ချောက်မြို့နယ်၊ နတ်စဉ်ကန်ကျေးရွာမှာ စာကြည့်တိုက်ဖွင့်ပွဲ အထိမ်းအမှတ် စာပေဟောပြောပွဲအား ထူးခြားစွာဖြင့် ခွင့်ပြုပေးခဲ့ကြောင်း မကွေးခရိုင်ပြန်/ဆက် ဦးစီးမှူးထံ မှ ကြားသိရပါ၏။ ဟောပြောကြသော စာရေးဆရာများမှာ ဆရာချစ်နိုင်(စိတ်ပညာ) ပြန်ကြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်( အငြိမ်းစား)၊ ဆရာ ရေနံ့သာဝင်းမောင်၊ ဆရာသူရဇော် တို့ စာရေးဆရာ သုံးဦး ဟောပြောကြကြောင်း သတင်းရရှိပါသည်။

6 comments

  • Thel Nu Aye

    March 9, 2012 at 9:11 pm

    အင်းအထက်နဲ့အောက်တနေရာရာမှာတော့ဟနေပြီ။ ဘယ်သူကလိမ်နေတာလဲတော့မသိတော့ဘူး။ စောင့် ကြည့်ရမှာပါပဲ။ အချိန်ကတော့စကားပြောလာမှာပါ။

  • စာပေ ဟောပြောပွဲတွေလဲ ပိတ်၊တရားပွဲတွေလဲပိတ် အားလုံးပိတ်ကွာ။
    KTV,နိုက်ကလပ်၊စင်တင်တွေ၊အရက်ဆိုင်တွေ၊လောင်းကစားဒိုင်တွေ
    များများဖွင့်ကွာ။တော်တော် ဟုတ်တဲ့ ေ-ာက်ကောင်တွေ။

  • တွတ်ပီ

    March 10, 2012 at 1:20 am

    ကျုပ်ပြောပါပကောလားး…
    အဲဒါတွေ ပိတ်ထားမှဖြင့် တိုင်းသူပြည်သားတွေက ဘယ်လိုလုပ် ပွင့်နိုင်ကြပါ့မလဲ…
    ပြည်သူတွေက သူတို့ ၈ နာရီ သတင်းကို နားထောင်တယ် မှတ်လို့လား..
    စာပေဟောပြောပွဲ ဆိုတာတောင်မှ 7.00 ကား(ကိုရီးယား) ကား ပြီးမှ ဟောရတာနော်…
    စဉ်းစားဖို့ပါဗျာ.. သူတို့ကို ကန့်လန့်လုပ်မယ့်သူဆိုရင် သိပ်ကြာကြာမထားတော့ဘူးလေ
    အဲဒါ အားလုံး သတိထားကြဖို့ပါ ဒါတောင် ခုမှ နဲနဲ ဖွင့်ပေးလာတာ ။
    မာရှယ်လော တုန်းကဆို ဒီမိုကရေစီ လို့ တစ်ခွန်းလောက် ပြောကြည့်ပါလား
    G တန်ဖိုးလိုပဲ မပြော 10 . စစ်ခုံရုံး တင်ပြီး ထောင် ၁ဝ နှစ်ကျသွားမယ် ။ ။
    ထောင်တန်တဲ့ စကား..

  • kyeemite

    March 10, 2012 at 9:23 am

    တစ်ကျောင်းတစ်ဂါထာ..တစ်ရွာတစ်ပုဒ်ဆန်း..
    ဆိုသလိုဘဲ..သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှုးများ
    မိမိသဘောတော်အတိုင်းဆောင်ရွက်နေကြခြင်းသာ
    ဖြစ်ကြောင်းပါ..

    • chel gyi

      March 10, 2012 at 3:11 pm

      Matrix exam ဆိုပေမယ့်လဲ ငွေပေးရင် ကလားဘုရားပွဲတောင် လုပ်လို့ ရဒယ်။ထန်းတပင်မှာ
      ကိုယ်တွေ့။

  • ကြောင်ကြီး

    March 10, 2012 at 7:03 pm

    ရွာထဲမှာ သူရဇော်ဆိုတာရှိတယ်….သူများလား… ဂုဏ်ယူပါဒယ်ဗျာ… ငါ့ကြတော့ ဘယ်သူမှ မဖိတ်ဘူး…။ သူတို့အချင်းချင်းပဲ လှည့်ပတ်လုပ်နေဂျ..။ 🙄

Leave a Reply