ဒီလိုလေးစမ်းကြည့်မယ်။

မြသဲ ( 17082011 )March 9, 20121min1439

         အဝတ်လဲခန်းထဲမှာ Hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား……..ဘယ်လိုသိနိုင်မလဲ အဝတ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့
အဝတ်အစားလဲခန်း….. (အဝတ်အထည်အသစ်တွေကိုစမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာမသမာသူတွေက hidden camera (လှျို့ဝှက်… ကင်မရာ) တွေ
တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့်ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို
ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phoneနဲ့စမ်းသပ်တဲ့နည်းပါပဲ။

၁။ အဝတ်လဲခန်းထဲကိုမဝင်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

၂။ အဝတ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

၃။ ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအဝတ်လဲခန်းထဲမှာ Hiddencamera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့Hidden camera ရဲ့ ဖိုင်ဘာကေဘယ်က Mobile phone လိုင်းကိုအနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ…

ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊စတိုးဆိုင်ကြီးတွေက အဝတ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေမှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေ   လား၊ ဒါမှမဟုတ်နှစ်ဘက်မြင်မှန် (two way mirror)တွေလားဆိုတာသင်သံသယဝင်ဖူးပါသလား?
Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင်သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ်စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံ နဲ့တော့ ကြေးမုံအစစ် လား၊ နှစ်ဘက်မြင်မှန်လားဆိုတာသိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကိုသိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

၁။ သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

၂။ သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့သင့်လက်ချောင်းလက်သည်းခွံကြားမှ ာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန်ကြေးမုံပြင် ပါ။

၃။ သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ် ၊
ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two waymirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်ကမျက်နှာပြင် မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူ း။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ် ပါတယ်။ နှစ် ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့မှန်ထဲကလက်ချောင်းကြား မှာ ကွာဟမှုမ ရှိတော့တာပါ။ ဒါ့ကြောင့်ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကိုလက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။ ဒီစာလေးကို သင့်ရဲ့သူငယ်ချင်းတွေ၊ ညီအစ် ကို မောင်နှမတွေဆီကို forward လုပ်ပေးပါ။
ဒီစာလေးကိုမျှဝေခြင်းအားဖြင့် အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့သိက္ခာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

FB မှပြန်လည်မျှဝေပါသည်။

 

 

9 comments

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 9, 2012 at 10:53 pm

    မကြီးသဲနုပြောမှ အဝတ်တယ်ရင် စမ်းဝတ်ဖို့အဝတ်လဲခန်းထဲသွားရဲတော့ဘူး
    ခနနေကျွန်တော့်ကိုစီစီတီဗွီနဲ့ရိုက်ထားရင်ဒုက္ခ တွန်ခရုရဲ့sexypost ဆိုပြီးရွာသားတွေက
    ဝါဆိုမိုးဦးလို ရွာထဲမောင်းခတ်နေဦးမယ် ကျေးဇူးပဲမကြီးသဲနုရေ….
    ရန်ကုန်ကညီမတွေ သတိပေးထားရမယ်ဗျ မိန်းကလေးတွေကပိုသတိထားသင့်တယ်
    ယောက်ျားလေးတွေကမှ ကာယဗလမောင်ဆိုပြီးဖြေလျှော့စဉ်းစားလို့ရသေးတယ်။
    ကျေးကျေးပါဗျို့။ကျွန်တော်လည်း ဖေ့ဘွတ်ခ်ပေါ်မှာတွေ့ပေမယ် ရွာထဲမောင်းခတ်ဖို့မစဉ်းစားမိသေးတာ။

  • ဦးဦးပါလေရာ

    March 10, 2012 at 12:15 am

    မျှဝေတာ ကျေးဇူးပါဗျာ
    ကျုပ်တူမတွေကို ပရင့်ထုတ်ပြီး ပေးလိုက်ဦးမယ်။

  • water-melon

    March 10, 2012 at 8:10 am

    သမီးတို့က ချောချောမောမောလှလှပပ တောင့်တောင့်တင်းတင်း ဖြူဖြူစွတ်စွတ် တင်းတင်းရင်းရင်း
    ဖွံဖွံထွားထွား ရှိတော့ မသမာသူတွေသူတွေက CCTV တို့ ဘာညာTV တို့နဲ့ရိုက်ပြီး ဝက်ဆိုက်တို့ ဘာဆိုက် တို့မှာ တင်လိုက်ရင် ဒုက္ခဘဲ။
    ကျေးဇူးပါရှင့်။

  • kyeemite

    March 10, 2012 at 9:12 am

    တော်တော်အကျိုးရှိတဲ့ပိုစ်လေးပါရှင့်
    များတို့လို မိန်းမသားတွေအဖို့ သတိထားရမဲ့
    ကိစ္စပါချင့်..ကျေးဇူးပါကိုသဲနုအေးချင့်..

  • အသူရာ

    March 10, 2012 at 9:38 am

    အမလေးလေးးး သတိထားမှတော်ကာကျမှာ
    သများတို့ပုံတွေ ဒေါက်တာချက်ကြီး ဆီရောက်သွားရင်ဒုက္ခ
    ဟဲ့ ဖြဲမတို့ မိပေါက်တို့ရေ သိပ်မနန့်နဲ့နော်
    တော်ကြာ အင်တာနက်မင်းသမီးဖြစ်တွားမယ်
    သများတို့က ကြည့်ရဲဘူး :mrgreen:

  • htet way

    March 10, 2012 at 10:27 am

    ဒီကိစ္စ ကမ်းကြီးတို့ ကိုရင် စည်သူတို့ အီးတီတို့ ဖတ်ထားကြ
    ဗဟုသုတရစေမယ် သတိထားရမယ် အခု ပုသိမ်မှာ ဒီလိုရှိတယ်ကြားတယ်
    ် ဆရာတို့ကတော့ သွားဖို့ အကြောင်းမရှိပါဘူး(ချစ်လို့ စတာမှတ်ပါ)

  • yaungchikha

    March 10, 2012 at 10:54 am

    အိမ်က ညီမတွေဆီလည်း လှမ်းပြီး FW လုပ်လိုက်အုံးမယ်၊ ကျေးဇူးပါနော်..

  • တိုရီးသဲ … တိုရီးသဲ ..
    တေးစူးပါနော် …
    အရင်တုန်းကတော့ များတို့က အဝတ်လဲခန်းထဲ ဝင်ပီဆို ဗုန်းခနဲ ဆွဲချွတ်ချလိုက်တာပဲ .. 😀
    ဘာမှကို သိဝူးရယ် …
    အခု တိုရီး ပြောမှပဲ သိဒေါ့တယ် ..
    တေးဇူး ဂေဂထာ ပါနော် ….

    • အသူရာ

      March 10, 2012 at 9:30 pm

      အံချာမရေ….. အဝတ်လဲမယ်ဆို ပြောအုံးနော်
      ကင်မရာလေး ကိုင်ပြီး ပြေးလာခဲ့မယ် 🙂

Leave a Reply