ကဗျာတိုလေးများ

zaw winMarch 9, 20121min1931

အောက်ဆိုဒ်ဒါ အန်ကယ်ကိုကိုကြီး

ဌာနတစ်ခုမှာ အရာရှိကြီး

အန်ကယ်ကိုကိုကြီး

အောက်ဆိုဒ်ဝင်ငွေ သိပ်ကောင်းပြီး

လက်တွဲလာတဲ့ မယားကြီး

အိမ်မှာတညည်းညည်း

မာဆတ် – ကာရာအိုကေမှာ ပျော်ရွှင်ပြီး

သမီးအရွယ်ကောင်မလေးတွေနဲ့ စပ်ဖြီးဖြီး

မင်းကိုမင်းတော့ သိပ်အထင်ကြီး

အောက်ဆိုဒ်ဒါ အန်ကယ်ကိုကိုကြီး။

 

မင်းသုတ

12:00 PM

5.2.2012

 

ချိန်ခွင်

အိုချိန်ခွင်လေးရယ်

ဘက်မလိုက်ပါနဲ့ကွယ်

မင်းအလေးသာခဲ့ရင်

တဖက်သားမှာ နစ်နာတယ်

တစ်ယောက်သောသူကို မတော်လောဘ

အားပေးရာရောက်ပါတယ်။

မင်းသုတ

0:30 AM

6.2.2012

 

လူကြီး

ငါဟာ အသက်ကြီးသလား

ဂုဏ်ကြီးသလား

ပညာကြီးသလား

ကိုယ့်ဘာသာကိုယ် မေးကြည့်လိုက်တယ်

ဘာကိုကြီးတဲ့ လူကြီးလဲ

တရား-မတရား မှန်ကန်ဆုံးဖြတ်

ရိုးသားဖြောင့်မတ် လူကြီးလား။

 

မင်းသုတ

1:00 AM

6.2.2012

One comment

  • zaw win

    March 9, 2012 at 9:57 pm

    မင်းသုတမှ မိတ်ဆွေများသို့ – အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကြိုးစားပါဦးမည်။

Leave a Reply