အင် .. အင်း ………..

ကထူးဆန္းMarch 10, 20121min15616

ဒီကနေ့ မြန်မာ သက္ကရာဇ် ၁၃၇၃ တပေါင်းလဆုတ် ၃ ရက် ခရစ်သက္ကရာဇ် ၂၀၁၂ မတ်လ ၁ဝ ရက် စနေနေ့ ထှုးဆန်း ရုံးသွားဖို့ ၈နာရီမထိုးမီလေး အိမ်ကထွက်ခဲ့ပါတယ် .

ရ မိုင် ပြည်လမ်းနဲ့ ပါရမီလမ်းဆုံရောက်ကာနီးတော့ ကုန်းမြင့်ပေါ်က နေမို့လို့ ပြည်လမ်း အတိုင်း မြို့ထဲကနေ တဘက်ကားလမ်း ဟိုးအဝေးက မီးကြီးများ ထွန်းပြီး အရှိန်နဲ့ မောင်းလာတဲ့ ယာဉ်တန်းတွေ့လိုက်ပါတယ် ။ အင်း တွေ့ရပြန်ပြီ ယာဉ်တန်းပေါ့ ။ ယာဉ်ထိန်းရဲ ကလည်း အဲ့ ဒီ့ ယာဉ်တန်းအတွက် ထွက် လက်ပြ ပြီး မီးစိမ်းပေးထားပါတယ် ။။စော စော စီးစီး ပြည်သူ့ ချဉ်ဖတ်တွေ တွေ့ပြန်ပြီလို့ ။။ လုပ်နှင့်ဦးပေါ့ကွာ .. ဒီမိုကရေစီ ရလာတဲ့ တစ်နေ့တော့ မင်းတို့ ဒီလို လုပ်နိုင်ပါ့ ဦးမလား ဟင်း ဟင်း .. ။။
ထူးဆန်းကားမောင်းနေရသူဖြစ်လို့ ဘာကားတွေ ဘယ်နှစ်စီး ဆိုတာတော့တပ်အပ်မပြောနိုင်ပါဘူး ။ ရှေ့ က ကားတွေကတော့ 4 WD ပရာဒိုတို့ ပါဂျဲရိုး တို့ ဆိုက်ကလပ်တို့လို ကားလေးငါးခြောက်စီးနဲ့ အခြားကားများ အားလုံးပေါင်းရင်တော့ ၁ဝ စီးမက ဘူးထင်ပါတယ် ။ မီးကြီးများဖွင့်ပြီး အရှိန်နဲ့ မောင်းသွားကြပါတယ် ။။ ဒါပေမဲ ထူးဆန်း ပထမ တွေးလိုက်တဲ့ ပြည်သူ့ချဉ်ဖတ်ကားတွေ မဟုတ်ပါဘူး ။ မှန်တစ်ဘက်တစ်ချက်တွေမှာ၊ နောက်ကြည့်မှန်တွေမှာ စတစ်ကာ အနီလေးတွေနဲ့ ပါ …
အင် . . အင်း ………

စနေနေ့ ဖြစ်လို့ ကား အတော်အသင့် ရှင်းတဲ့ အတွက် မြန်မြန်ဆန်ဆန်ဘဲ ရွှေတိဂုံ ဘုရားလမ်းနဲ့ ဗိုလ်ချုပ်လမ်း မီးပွိုင့် ရောက်လာပါတယ် ။ ကံကောင်းချင်တော့ မီးစီမ်း မိတယ် ။ အရှိန်လျှော့ တဲ့ အချိန်မှာ သင်္ကန်းဝတ် တစ်ယောက် လည်ပင်းမှာ ကဒ်ထူပြား ကြီးဆွဲလာတာ တွေ့လိုက်ပါတယ်။
ဪ ဘာတွေမျာ ရေးပြီး အလူခံ မလို့လုပ်ပြန်ပြီလည်းပေါ့ ။ ရှေ့ က ကားနှစ်စီးလောက် ခံနေတာရယ် တည့်တည့်သွားတဲ့ ကားတွေ ရှိနေတာကြောင့် ကွေ့မယ့်ထူးဆန်း ခဏ ရပ်ထားရပါတယ်။ ပါလာတဲ့ ကင်မရာထုတ်ရိုက်လောက်အောင်တော့ မီးစိမ်းထားလို့ အချိန်မရပါဘူး ။ ကိုယ်တော် အနား ရောက်လာတော့ ရေးထားတဲ့ စာတန်းဖတ်လိုက်တော့ တစ်ခြားလည်း ရေးထားကောင်းရေးထားပါလိမ့်မယ် ။ ထင်ထင်ရှားရှားမြင်လိုက်ရတာ က
ဒေါ်စု ဦးသိန်းစီန် သံဃဥက္ကဌ လေးနှစ်တစ်ကြိမ် ပြောင်းပါစေ တဲ့…

အင်.. အင်း ……
ဓါတ်ပုံ ရိုက်မတင်နိုင်တာတွေတော့ ခွေးလွှတ်ပါ ။။။

ဗိုလ်ချုပ်လမ်းပေါ်ရောက်လို့ Traders Hotel နဲ့ ဆူးလေမီးပွိုင့် အရောက်တော့ မီးနီ မိလို့ ရပ်ပြီး ဘေးဘီကြည့်လိုက်တော့ သင်္ကန်းဝတ်နောက်တစ်ယောက် ထိုင်နေတာ သွားတွေ့ပါတယ် .. အဲ့ ဒါတော့ နဲနဲ အချိန်ရလို့ ကင်မရာ ဆွဲထုတ်ပြီး ဓါတ်ပုံ အရိုက် သဒ္ဒါ တရားနဲ့ ပိုက်ဆံလူတဲ့ တစ်ယောက် အထည့် နဲ့ သွားကြုံပါတယ် .. နောက်ကနေ ရိုက်ရလို့ ဘာကိုင်ထားသလဲဆိုတာ မြင်ရမှာ မဟုတ်ပေမဲ့ ပြောပြပါ့မယ် .. သပိတ်လို့ထင်တယ် မဟုတ်လား ။ မဟုတ်ပါဘူး ။ ငွေဖလား တစ်လုံးကိုင်ထားတာပါဆိုတော့ ..

အင်..

အင်း …….

ငွေဖလားနဲ့ ကိုယ်တော်

စကားချပ် ။ အစစ်အမှန် ဟုတ်မဟုတ် မသိနိုင်တဲ့ အတွက် သင်္ကန်းဝတ် တစ်ယောက်အဖြစ်သာ သုံးနုန်းထားမှု့ အပေါ် နားလည်ပေးပါခင်ဗျာ။

16 comments

  • etone

    March 10, 2012 at 11:47 am

    ကိုထူးဆန်းရေ ….. အဲ့ဒီထရိတ်ဒါးနားမှာ မြင်နေကြပေမယ့် … ဓါတ်ပုံရိုက်ရမှာ .. သင်္ကန်းကို အားနာလို့ … မရိုက်ဖြစ်ခဲ့ဘူးလေ … ။ 🙁

    • htoosan

      March 10, 2012 at 12:22 pm

      etone ရေ . စိတ်လည်းမကောင်း သလို .. ဖြစ်လည်းမဖြစ်သင့်ဘူးထင်လို့ပါ … ဘုန်းကြီး အစစ်အမှန်ဆိုရင်လည်း ဘုန်းကြီးတွေမှာ ချမ်းသာ ဆင်းရဲ အရမ်းကွာနေပြီလား ..
      အတု ဆိုရင်လည်း .. ရှိသင့်ပါသလား … 🙄

  • bluerose

    March 10, 2012 at 11:47 am

    ကိုထူးဆန်းတို့များသွားရင်းလာရင်းနဲ့ကို
    ရေးစရာတွေကတွေ့လို့
    ခုသင်္ကန်းဝတ်တွေကတော်တော်လေးကိုများနေပါတယ်
    လမ်းမပေါ်မှာပေါ့အစစ်အတုတောင်ခွဲရတော့ပါဘူးနော်
    ပြည်သူ့ချဉ်ဖတ်ကားမဟုတ်တော့ဘာကားလဲဟင်
    မသိလို့

    • htoosan

      March 10, 2012 at 12:15 pm

      အနီအပြခံရအောင်လို့တော့ နှင်းဆီပြာတို့ မနေပါပြီ ။။။
      ကြယ်လေးလဲပါ .. ပြီး .. ပြီးးးး ေ…..ဒ…..ါ….င…် …း ။။။။။ ပြောရဲဘူး ….
      ဖွတ် အဖွဲ့ဝင်လို့ စွပ်စွဲ ခံနေရမယ်…. 😀

  • kai

    March 10, 2012 at 1:49 pm

    ကဲ..ကျုပ်ပဲပြောပေးလိုက်မယ်..
    NLD ကားတွေဗျ..

    စိတ်ပျက်တယ်..။
    အာဏာတောင်မရကြသေးပါဘူးဗျာ…။
    လူထုမေတ္တာနဲ့.. အားကိုးမှုကို.. အလွဲသုံးစားလုပ်နေတယ်လို့ ခံစားမိပါတယ်..။
    ယုံကြည်လို့အပ်နှံထားတာကို.. အလွဲသုံးစားလုပ်တာဟာ.. အလွန်ဆိုးပါတယ်..။

    ဒီမိုး..ဒီလေ..ဒီလူတွေနဲ့တော့…
    အင်း..
    အနာဂါတ်အခြေအနေမကောင်းနိုင်သေးဘူး..

    အနိစ္စ… 🙁

    • laypai

      March 10, 2012 at 3:07 pm

      ဟုတ်ပါတယ် NLD ကို အဲလို တော့ နဲနဲ ဝေဖန် နိုင် ရ မယ်။
      စိတ်တော့ မပျက်ပါနဲ့ သဂျီးရယ်။

  • kai

    March 10, 2012 at 1:54 pm

    ဒေါ်စု ဦးသိန်းစီန် သံဃဥက္ကဌ လေးနှစ်တစ်ကြိမ် ပြောင်းပါစေ တဲ့…

    အဲဒါလေးကို ထောက်ခံတယ်ဗျာ…
    မြန်မာပြည်မှာ.. သမ္မတတွေ.. တကြိမ်၅နှစ်သက်တန်းလို့ သိထားတယ်..။
    ဘယ်နှခါပြန်အရွေးခံခွင့်ရှိသလည်း.. သေသေချာချာမသိဘူး..
    (သိသူတွေပြောပြပေးပါနော…)

    ယူအက်စ်ကတော့.သမ္မတဟာ… ၄နှစ် ၂ခါ.. ၈နှစ်ဆို.. ပြီးပြီပဲ..
    အာဏာရှင်ဖြစ်လာမှာစိုးလို့.. ဥပဒေနဲ့ကို. သတ်မှတ်ထားတာ…

    မြန်မာပြည်ဟာ.. ဒီလိုအလေ့အကျင့်မျိုးကို.. ထပ်ခါတလဲလဲ.. အတုယူသင့်တယ်..။

    Wait!
    ဒေါ်စုက..သမ္မတမဖြစ်သေးဘူးနော…။ 😆

  • kyeemite

    March 10, 2012 at 4:50 pm

    ကျုပ်လည်းကိုထူးဆန်းစာလေးဖတ်မိတာနဲ့သိလိုက်ပါတယ်
    NLD အဖွဲ့တွေဆိုတာ..အဲလိုအခွင့်ထူးခံတာတော့
    ကျုပ်လည်းပြင်းပြင်းထန်ထန်ကိုကန့်ကွက်ပါတယ်..
    ရဲကား မီးသတ်ကား နဲ့ လူနာတင်ယာဉ်ကလွဲရင်
    ဘယ်သူမှဦးစားပေးစရာမလိုပါဘူး…အောက်ခြေက
    ဝိုင်းရံနေသူဆိုသူတွေ ကြိုတင်စီစဉ်ကြမှတ်တယ်..
    အဲလိုအောက်ကဝိုင်းပင့်ကြတာကို ဒေါ်စုကလည်းလက်မခံ
    သင့်ပါဘူး..ဟူး စိတ်ညစ်ပါတယ်ဗျာ…

  • ကြောင်ကြီး

    March 10, 2012 at 7:22 pm

    ပုလိပ်က ခွင့်ပြုလို့ ယဉ်တန်းအလိုက် မီးဖွင့်မောင်းတာ ဘာဖြစ်လည်းကွယ်… ယဉ်စည်းကမ်း မဖောက်ရင် ပြီးရောပေါ့.. ပုလိပ်ကလည်း ရှေ့မီးဖွင့်မောင်းလာတဲ့ကားတန်းမြင်တာနဲ့ ဘဘဂျီးကားတန်းမှတ်ပြီး မီးစိမ်းထားတာ ဖြစ်ချင်လည်းဖြစ်မှာပေါ့..။ အဖွဲ့အစည်း လူအများနဲ့ လုပ်တဲ့အခါ ကိုယ်မြင်ချင်သလို ၏သည်မရွေး အတိအကျတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ…။ အပြစ်ပြောဂျေးဆိုရင်တော့ လောကမှာ ဘယ်သူမှ လွတ်ဘူးဟေ့……။ စံချိန်စံညွှန်းဆိုတာ တဦးချင်း၊ အများစု လိုက်လို့ ကွဲပြားတယ်…လက်တွေ့ကိုပြောတာနော်… စာစကားတွေ လာမပြောနဲ့…။ စည်းကမ်းရှိပါတယ်ဆိုတဲ့ အနောက်နိုင်ငံတွေမှာလည်း လူထုလှုပ်ရှားမှုဖြစ်ရင် အနည်းနဲ့အများ စည်းဖောက်တာရှိတာပဲ….။ စင်္ကာပူလို အာဏာရှင်စနစ်နဲ့ ဓါးမိုးချုပ်ထားမှပဲ ရမယ်….။ ကျုပ်တို့လိုချင်တာ အဲသလို ခိုင်းတာလုပ်ဖို့ဟုတ်ဖူးလေ…။

  • Computer

    March 10, 2012 at 9:03 pm

    မြန်မာလူမျိုးမှန်သမျှမျိုးချစ်စိတ်ရှိသည်။မိမိနေရာရလျှင် မိမိအမျိုး၊မိမိနှင့်နီးစပ်ရာများကိုနေရာပေးလိမ့်မည်။
    သင်ကောဒေါ်စုနှင့်အမျိုးတော်ချင်နေပြီလား။

  • Green Rose

    March 10, 2012 at 10:38 pm

    ကိုထူးဆန်းရေ….

    သင်္ကန်းဝတ်နဲ့ အလှူခံခံနေကြတဲ့ကိစ္စ.. Green Rose တို့ဘယ်လိုဖြေရှင်းကြမလဲ။ အမှန်ဆို အဲဒီ့ကိစ္စမျိုးက သံဃာအစည်းအရုံးက အရေးယူရမှာ.. Green Rose စဉ်းစားထားတဲ့ နည်းလေးတစ်ခု ရှိတယ်။ အဲဒီ့လို လမ်းမှာ အကြောင်းအမျိုးမျိုးပြပြီး အလှူခံနေတဲ့ သင်္ကန်းဝတ်တွေကို တွေ့ရင် သူတို့လိုအပ်တာကို လှူပါမယ်ဆိုပြီး ကျောင်းကိုပြန်လိုက်ပို့ကြည့်မယ်လို့ စဉ်းစားတယ်။ ဆေးဖိုးအတွက် အလှူခံတယ်ဆိုရင် သံဃဒါန ဆေးရုံကိုပို့ပေးမယ်။ လမ်းစရိတ်ကြောင့်ဆိုရင် သွားလိုတဲ့နေရာအထိ လိုက်ပို့ပေး/ ကားငှား ပေးလိုက်မယ်လေ.. အဲဒါတွေကိုမှ လက်မခံရင်တော့ .. ဘယ်ကိုပို့ရမလဲ.. အဲဒါတွေက ရှင်းတော့ရှင်းရမှာ. အမျိုး၊ ဘာသာ၊ သာသနာနဲ့ စပ်ဆက်နေပြီ။ တရားဥပဒေ ရဲ့ကန့်သတ်မှုတွေထက် ဘာသာတရားရဲ့ အဆုံးအမအောက်မှာ ရှိနေကြဖို့က Green Rose တို့တိုင်းပြည်အတွက် ပိုလိုအပ်တာပါ။ Green Rose တို့လူမျိုးတွေအတွက် အသင့်တော်ဆုံး စည်းကမ်းထိန်းသိမ်းမှုပါ။(ဥပမာ ၅ ပါးသီလ) အဲဒီ့တော့ ဘာသာတရားအပေါ်မှာ ယုံကြည်မှုလျော့ကျလာစေတဲ့ အဲဒီ့လိုကိစ္စတွေကို နည်းပါး/ပပျောက် သွားစေချင်ပါတယ်။
    နောက်တစ်ခုက
    NLD ကိစ္စ…
    Green Rose တို့တွေ ပုဂ္ဂိုလ်ခင်လို့ တရားမင်တယ်ဆိုတာမျိုး မဖြစ်အောင် ဆင်ခြင်ကြရမယ်။ အမေစုကို ချစ်တာတစ်ခုနဲ့ ၊ အမေစုလုပ်သမျှ (NLD အဖွဲ့ဝင်တွေလုပ်သမျှ) မှန်တယ်လို့ လိုက်ထောက်ခံတာမျိုး မဖြစ်အောင် သတိထားရမှာ။ NLD အဖွဲ့ဝင်တွေဆိုတာ လူတွေလေ.. လူဆိုတာမျိုးက အမှားမကင်းတဲ့လူမှ မရှိတာ။ သတိလေးထားကြရမှာ။ Green Rose ဆိုရင် အဖွဲ့အစည်း တစ်ခုခုထဲ ဝင်ရမှာ အရမ်းဝန်လေးတာ။ တာဝန်ကြီးတယ်လို့ ခံစားမိလို့လေ။ ကိုယ့်ဖာသာကိုယ် က ဘာပဲလုပ်လုပ် အမှားလုပ်မိလို့ ပြောစရာဖြစ်လာရင် ကိုယ်တစ်ယောက်တည်း အပြောခံရမှာ။ အဲ.. အဖွဲ့အစည်း တစ်ခုခုရဲ့ အဖွဲ့ဝင်လို့ ဖြစ်သွားပြီးမှ အမှားလုပ်မိရင် အဖွဲ့ကို အပြောခံရမှာ။ အဖွဲ့အစည်းရဲ့ Image ကိုထိခိုက်လာမှာ။ အဲဒီ့တော့…. ပြောရတာတော့ခက်ပါတယ်။ တစ်သွေး၊ တစ်သံ၊ တစ်မိန့်လို့ စည်းကမ်းတင်းကျပ်ထားတဲ့ စစ်တပ်မှာတောင် ကောင်းတဲ့လူ၊ မကောင်းတဲ့လူ ကွဲပြားကြတာဆိုတော့ Green Rose တို့ဘက်က လုပ်နိုင်တာက မဲဆန္ဒနယ်တွေမှာ အရွေးခံမယ့် အမတ်လောင်းတွေကို ဘယ်အဖွဲ့အစည်းကလဲလို့ ကြည့်ပြီး မဲပေးကြတာထက် အဲဒီ့ အမတ်လောင်းရဲ့ အရည်အချင်းနဲ့ ရပ်တည်မှုကို ကြည့်ပြီး မဲပေးကြရင်ကောင်းမယ်ထင်တယ်။
    တွေးကြည့်ရင်တော့ ရင်လေးပါတယ်။ တကယ်…..

  • padonmar

    March 10, 2012 at 11:50 pm

    ကိုယ်ပြောချင်တာတွေ နှင်းဆီစိမ်းလေးပြောသွားတဲ့အတိုင်းပါပဲ။
    သဒ္ဓါလွန်တော့ ဆွံ့တဲ့။ပညာမပါတဲ့ သဒ္ဓါသာရှိတဲ့ သူကြောင့် ဗုဒ္ဓဘာသာကို ဝေဖန်နေကြတာပါ။
    မန်းလေးမှာတော့ လက်ဖက်ရည်ဆိုင်လိုမျိုးတွေမှာ အလှူလိုက်ခံတာတွေ အရေးယူတယ်လို့ ဖတ်လိုက်ရတယ်။ ဟုတ်မဟုတ် မန်းလေးသားတွေ ပြောပါအုံး။
    NLD ဒေါ်စုသာ သေချာ သိရင် ဒီလိုလုပ်တာ ကန့်ကွက်မှာပါ။
    NLD ပါတီဝင်တွေ တကယ်ယုံကြည်ကြရင် ဘေးလူတွေ အပြောလွတ်အောင် စည်းကမ်းလိုက်နာကြသင့်ပါတယ်။
    (နာရေးအသင်းဆို ဘေးပတ်ဝန်းကျင် ကဲ့ရဲ့မှုက လွတ်အောင် နာရေးအသင်းသားတွေဟာ မသာရှင် ဧည့်ခံတာ လုံးဝ စားခွင့် မရှိတဲ့ စည်းကမ်း သတ်မှတ်ထားတယ်လို့ ကြားဖူးပါတယ်။
    ဒီလို စည်းကမ်းတွေ လိုက်နာကြလို့ လည်း လူတွေလေးစားကြတာပါ။)
    ဆင်ခြင်ကြပါ။
    အပြုသဘောဝေဖန်တာတွေကို လက်ခံကြပါ။

    • pooch

      March 11, 2012 at 12:21 am

      ဒေါ်ဒေါ်ရေ အရေးယူမယူတော့ မသိဘူး။ ကျိုးကြား ကျိုးကြားတော့ တွေ့နေတာပါပဲ။ တချို့ဆို အိမ်ထဲထိတောင် ဝင်ပြီး အလှူခံတာပါ။
      ပြောပြန်ရင်လည်း သင်္ကန်းဝတ်ထားတော့ ငရဲရပါတယ်။ 🙁

      အဲ့ဒီလို သင်္ကန်းအရေခြုံထားပြီး လုပ်စားနေကြတာပါ။ ငရဲမကြောက် ဘာမကြောက်ပါ။ ကိုယ့်ဘာသာကိုလည်း အကြည်ညိုပျက်စေပါတယ်။ ဖြစ်နိုင်ရင် ဆိုင်ရာများက သေချာလေး အရေးယူပေးနိုင်ရင် ပိုအဆင်ပြေမှာပါ။

      ဒီလို ထောက်ပြမှုမျိုး ဝေဖန်မှုမျိုးက လိုအပ်ပါတယ်။ အရင်လူကို ပြောခွင့်မရခဲ့လို့ မပြောနိုင်ပဲ ခေါင်းငုံခံခဲ့ရပေမဲ့ ခုလို အခြေအနေမှာဆိုရင် တော့ သူများမပြောခင် ကိုယ်တွေက အရင် ဦးအောင် ထောက်ပြပြောဆိုပေးရင် သူတို့ လည်း လူထုအကြည်ညိုပျက်စေမဲ့ အပြုအမှုလေးတွေကို ဆင်ခြင်လို့ရသွားတာပေါ့။

      ဒေါ်ဒေါ်ပြောသလို အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေက တော့ ရှေ့လျှောက်ပိုလို့တောင် လိုအပ်လာအုန်းမယ် ထင်ပါတယ်။ အမေစု ကိုယ်တိုင်ကလည်း လူထုဆီက အကူအညီတောင်းထားတယ်လေ။

      အပြန်အလှန်ဖေးမပြီး ပန်းတိုင် မရောက်မချင်း ဒီလိုပဲ ဆက်လျှောက်ရမှာပါ။

  • မာယာ

    March 11, 2012 at 2:12 pm

    ွGreen Rose ပြောသလိုပါပဲ။ အကောင်း၊အဆိုးဆင်ခြင်မဲပေးတတ်ရန်၊ပုဂ္ဂိုလ်ခင်လို့တရားမင်ခြင်းမဖြစ်ကြရန်လိုပါသည်။

  • နေဝန်းနီ

    March 11, 2012 at 9:47 pm

    ဟုတ်ပါ့ အင်း………..အင်း သင်္ကန်းဝတ်တွေကများပြီး သံဃာတွေက ရှားနေပါ၏….။

  • windtalker

    March 12, 2012 at 2:20 pm

    ကိုထူးဆန်း အိ ပို ့စ်အတွက် အထူးကျေးဇူးတင်ပါအိ (မြန်မာဖောင့်အစစ်မရပါသရွေ ့)
    ကျွန်တော်လဲ ကြုံခဲ့ရပါအိ
    ဒကာ ရှိတဲ့ အနုတ်ပေးစမ်းပါ…တဲ့
    ဘာလုပ်ဖို ့လဲ …. ဆိုတော့
    အလှူခံတာ… တဲ့

Leave a Reply