လူမစွမ်းနတ်မ….Angel lifts disabled man

အခုတလော မြန်မာပြည်အနှံ့ မီးလောင်တဲ့သတင်းတွေ ဖတ်နေရတယ်။ ရပ်ကွက်ထဲလောင်လိုက် ဈေးမှာလောင်လိုက်နဲ့…. ရှစ်လေးလုံး အရေးတော်ပုံ မတိုင်ခင်က အတိုင်းပဲ..။ အဲတုန်းကလည် ဒီလိုပဲ ဟိုရပ်ကွက်မှာလောင်လိုက် ဟိုမြို့မှာလောင်လိုက် ဟိုဈေးမှာလောင်လိုက်နဲ့… အယူသည်းတာတော့ ဟုတ်ဘူးနော်…သို့ပေမဲ့ လူမစွမ်းနတ်မဆိုတဲ့ စကားရှိတယ်။ လူတွေ မလုပ်ရဲရင် အစောင့်နတ်တွေက လှုံ့စော်ပေးရတယ်။ ရဲဆေးတင်ပေးရတယ်ပေါ့ဗျာ.. လူလိုဆိုရင်တော့ အရက်တိုက်ပြီး မြှောက်ပေးတာပေါ့။ အပြောင်းအလဲ ကြီးကြီးမားမားတခု မကြာခင် လာဖို့ရှိနေတယ်။ ဒုတိယအကြိမ်မြောက် ရှစ်လေးလုံးတော်လှန်ရေး သမိုင်းတပတ်ပြန်လှည့်လာပြီ..။ အဲလို ဖြစ်စေဖို့ အခြေခံအကြောင်းတရားများလည်း ရှိနေတယ်။ တိုင်းပြည်ဆင်းရဲငတ်ပြတ်နေတယ်၊ ဦးသိန်းစိန်အစိုးမရမှာ နိုင်ငံရေး စီးပွားရေး မယ်မယ်ရရ ဖြေရှင်းချက် မရှိဘူး။ လေပဲရှိတယ်..လေထိုး လေလျော်တဲ့ခေတ် ကုန်သွားပြီ။ ပြီးခဲ့တဲ့ ၂၀၁ဝ ရွေးကောက်ပွဲ လိမ်ခဲ့သလို အခု ၂၀၁၂ ရွေးကောက်ပွဲမှာလည်း လိမ်မည့်အရိပ်အယောင်များ တွေ့နေရတယ်။ သူတို့အခုလုပ်နေတာ တသက်လုံးလုပ်လာတဲ့ အချိန်ဆွဲကစားနေတဲ့ နည်းဗျူဟာသာဖြစ်တယ်၊ တိုင်းပြည်အလှည့်အပြောင်းအတွက် ဖြေရှင်းပေးဖို့ စစ်မှန်တဲ့ မဟာဗျူဟာ မရှိဘူး..။ ရှစ်လေးလုံးတုန်းကလည်း ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေကြားကနေ ဖြစ်လာခဲ့တယ်၊ အခုလည်း ဖြစ်ဖို့အစပျိုးနေပြီ။ အားလုံးသတိရှိကြပါ..။

19 comments

  • ခပ် KING ကင်း

    March 10, 2012 at 2:24 pm

    အဲဒီလိုမဖြစ်အောင် အားလုံးဝိုင်းဝန်းထိန်းသိမ်းပေးကြပါ
    လွတ်လွတ်လပ်လပ်မနေဘူးသေးလို့ပါဗျ
    ပြီးတော့ … ပြီးတော့လေ ……………..
    ………………………………………… 😆

  • water-melon

    March 10, 2012 at 2:46 pm

    ဟေး ပျော်စရာကြီးဟေ့
    ဖြစ်ချင်ရာဖြစ် မောင်ဘချစ်ဟေ့
    လုံးဝ လုံးဝ မထင် 🙁

  • kyeemite

    March 10, 2012 at 4:14 pm

    ရဲဘော်ကြောင်ကြီး…သတိပေးတာကျေးဇူးပါ…
    ဒါပေသိ..ထပ်မဖြစ်တာပိုကောင်းပါလိမ့်မည်..
    ခင်ဗျားတို့ သူဂျီးတို့က အင်မတန်လွတ်လပ်ပြီး
    လူ့အခွင့်အရေးအပြည့်အဝရတဲ့ အမေဒိကန်
    ကိုရောက်နေတာ…ကျုပ်တို့က ပြည်တွင်းမှာ
    ငတ်တလှည့်ပြတ်တလှည့်နဲ့ အကြောက်တရားတွေနဲ့
    နေရတုံးပါ…ခုမှရောင်နီဦးလေးမြင်မယ်ကြံတုံးရှိသေးတယ်
    မနောက်ပါနဲ့ ဂျီးတော်ကြောင်ရယ်…
    ကြောင်ကြီး ငေါင်ပီး ဗြောင်ဖြီးမနေနဲ့

  • kyeemite

    March 10, 2012 at 4:19 pm

    ဖြဲမ အကဲထမနေနဲ့
    ဆွဲချပစ်လိုက်မယ်
    ပါးကို…ဟင်း..တော်တော်ထနေတယ်..

  • kai

    March 10, 2012 at 4:32 pm

    ကျုပ်ကတော့ ပြန်တောင်ဖြစ်နေတယ်လို့ထင်တယ်..
    အခုဒေါ်အောင်ဆန်းစုကြည်သွားတဲ့လမ်းတလျှောက် ၈၈ ပြန်ဖြစ်နေတာပဲ…။ 😆

    (သာမန်အားဖြင့်သွားရင်)…ကြားဖြတ်မှာ.. NLD က.. ခုံနေရာ ၄ဝအထက် ရလိမ့်မယ်..ထင်တယ်..။
    အဲဒီနောက်ပိုင်းမှ.. ပွဲကကြည့်ကောင်းမှာ..
    အခြေခံဥပဒေပြင်မှာတို့.. ကိုယ်လိုချင်တာကို.. ဒီမိုကရေစီကျကျ ညှိမပြောကြပဲ.. အင်အားသုံးတာတို့..ပါဝါပြတာတို့လုပ်လာကြတဲ့အခါမှာ.. တမိုင်းဘီးတပါတ်ပြန်လည်နိုင်ပါတယ်..။

    ဦးနုခေတ်ကသမိုင်းဘီးဖြစ်နိုင်သလို.. ဦးနေဝင်းခေတ်သမိုင်းဘီးလည်းဖြစ်နိုင်တယ်..။

    ဒါတွေဖြစ်မလာအောင်.. လမ်းကြောင်းမှန်အောင်.. လုပ်ကိုင်နည်းလမ်းသိပ်မတွေ့မိဘူး..
    .. မြန်မာတွေ.. ဓလေ့ ထုံးတမ်း။ အကျင့်တွေကို ပြောင်းပြန်လှန်ရလိမ့်မယ်..။
    ချိုင်းနားပြည်မကလုပ်ခဲ့တဲ့.. “ယဉ်ကျေးမှုတော်လှန်ရေး”လို.. လှုပ်ရှားမှုကြီး လိုနေသလားတောင်မသိဘူး..။ 😕

    ဆိုတော့..

  • water-melon

    March 10, 2012 at 4:35 pm

    အမလေး သူတို့ကလည်း ဖြစ်စေချင်တာလားမသိ
    ရှုပ်ပါတယ် အမေရိကန်ကို တိုက်လို့ အီရန်ကိုပြောရအုန်းမယ် 😀

  • ကိုရင်မောင်

    March 10, 2012 at 6:32 pm

    ကိုကြောင်ကြီးပြောတာ..
    တကယ့်သတိထားစရာပါ
    ဒေါ်အောင်ဆန်းစုကြည်ကိုဒုတိယဘုရားသခင်လို့ပြောတာတွေ
    ဒေါ်အောင်ဆန်းစုကြည်သွားတဲ့နေရာတိုင်းမှာလူထုကထင်တာနဲ့များပြီး
    ဆန္ဒပြသလိုဖြစ်နေတာတွေ
    ဘာမှအရေးမကြီးတဲ့ဟသာင်္တမြို့လိုနေရာမှာဗုံးဖေါက်ပြတာတွေ
    ၈၈တုန်းကစစ်တပ်ကအာဏာမသိမ်းခင်အချိန်မှာ
    လူတွေက ၈၈အရေးအခင်မှာပြည်သူတွေနိုင်ပြီလို့တွက်ပြီး
    လမ်းပေါ်နေ့တိုင်းထွက်ဆန္ဒပြတာနဲ့မတူတော့ဘဲ
    သင်္ကြန်ကျသလိုဟေလားဝါးလားနဲ့
    မင်းမဲ့တိုင်းပြည်လိုဖြစ်လာမှ
    တိုင်းပြည်ချောက်ထဲကျဘို့လက်နှစ်သစ်လိုတယ်ပြော
    အာဏာပြန်သိမ်းလုပ်လိုက်ကြတယ်မဟုတ်လား…
    ပြည်သူအားလုံးသတိထားသင့်ပါတယ်……

    • water-melon

      March 10, 2012 at 6:36 pm

      ဒါဆို သများတို့သင်္ကြန်တောင်မလည်ရဲတော့ဘူး
      ကြောက်ပါတယ်ဆိုမှ

    • ကြောင်ကြီး

      March 10, 2012 at 6:58 pm

      ဟင်္သတကိစ္စကတော့ သိပ်အဖြောင့် မတွေးစေချင်ဘူး။ အဲဒီမြို့ကို မင်းကိုနိုင်ဦးဆောင်တဲ့ ၈၈အဖွဲ့စည်းရုံးရေးသွားထားတာ မကြာသေးဘူး…။ မြို့လူထုကလည်း သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တယ်။ စစ်တပ်ရဲ့ တန်ပြန်သပိတ် လုပ်နည်းလုပ်ဟန်တွေနဲ့ စပ်ဆက်ကြည့်ရင် မသင်္ကာဖွယ်ရာ အတိပဲ။ အတတ်ဟောလိုက်မယ် မဟုတ်မှလွဲရော အတိုက်အခံအဖွဲ့တွေရဲ့ လှုပ်ရှားမှု၊ လူထုလှုပ်ရှားမှုရေချိန်နဲ့အညီ စစ်တပ်ရဲ့ တန်ပြန်အဖျက်အမှောက်လုပ်ငန်းများ ဥပမာ- ဘယ်ကမှန်းမသိတဲ့ သင်္ကန်းဝတ်တွေပေါ်လာတာ၊ ဗုံးခွဲမဲ့အသိပေးချက်တွေ ထွက်လာတာ၊ ချောင်းအရိုက်ခံရတာ စတဲ့အကြမ်းဖက်မှုတွေ ပိုဖြစ်လာလိမ့်မယ်..။ စစ်တပ်အာဏာသိမ်းဖို့တော့ အစောကြီးလိုသေးတယ်၊ ဘာလို့လည်းဆိုတော့ စစ်တပ်ကို ထိန်းချုပ်ထားတာ လက်ရှိအကောင်တွေပဲလေ… လက်ရှိတပ်ချုပ်ဆိုတာ စက်ချုပ်သမလောက်တောင် စိတ်ရှိလက်ရှိ ချုပ်နိုင်တာမှဟုတ်ပဲနဲ့… 😆

  • ကိုရင်မောင်

    March 10, 2012 at 6:54 pm

    ဟဲ့ဖရဲမ….အနက်နဲ့ရေးတာအောင်မြင်သွားပြီလား
    ဝမ်းသာပါတယ် နင့်မို့ဆိုကွန်မန်းတွေဖေါင်းပွလွန်းလို့….

  • MTY

    March 10, 2012 at 9:23 pm

    “ရှုပ်ပါတယ် အမေရိကန်ကို တိုက်လို့ အီရန်ကိုပြောရအုန်းမယ်”
    ဟုတ်ပါ့ဗျာပြောနိုင်တဲ့တွေပြောလိုက်စမ်းပါ။
    ဒီမှာနေတဲ့သူတွေဒုက္ခရောက်အောင်မလုပ်ပါနဲ့။
    ဒီမိုကရေစီရမှာကနောက်..ဒုက္ခတွေတလှေကြီးခံစားရ
    မှာအရင်ဗျ။မဖွပါနဲ့ဒါက.ဒုက္ခတွေတလှေကြီးခံစားရ
    မှာ။

    • ကြောင်ကြီး

      March 11, 2012 at 12:48 am

      မင်းသောက်ပဇပ် ပိတ်ထားဇမ်း…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 10, 2012 at 10:34 pm

    ခက်တော့တာဘဲ
    ဒီရွာထဲ ခွေးဟောင်တာကမှ အရာထင် အောင်ပုပြောတာ လူ့စကားမထင်
    ကိုယ်ထင်ရာက ကိုယ့်ယုံကြည်ချက်ဆိုတော့ကာ
    ဂါထာမာန်တန်တွေပေးရသေးတာပ သေခြာစွာလိုက်နာကြ
    မယုံမရှိနဲ့ ငါလိုးမသားတွေ 😀 😀 😀
    မီးသတ်ကားဆိုတာ ဒီခေတ်ကြီးထဲ လီးလိုလို့ရနိုင်မလား 😀 😀 😀
    ဥုံ
    ဥုံ
    ဥုံ
    ငါ့အမိန့်မဟုတ်
    အထက်ဆရာအမိန့်
    အိမ်နောက်ဖေးရေတစ်ပီပါစီစောင်ထားကြ ငါ -ီုးမသားမီး 😀 😀 😀

  • padonmar

    March 10, 2012 at 10:58 pm

    88 လိုပြန်မဖြစ်စေချင်ကြရင် စည်းကမ်းရှိတဲ့ လူမျိုးဖြစ်အောင် နေပြကြရပါမယ်။
    ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ဒီမိုကရေစီဆိုတာ လမ်းပေါ်အော်ဟစ်နေရုံ မဟုတ်ကြောင်း ပညာပေးကြပါ။
    မလတ်ရဲ့ ဒီမိုကရေစီဖတ်စာလိုမျိုး စာတွေ အများနားလည်အောင် အနုပညာရှင်တွေက ရှင်းပြပေးဖို့လိုပါတယ်။(ဝါဒဖြန့်ကြီးလို မဟုတ်စေနဲ့)

  • kai

    March 11, 2012 at 5:42 am

    1988, 2012
    88+12= 100
    ၁၀ဝ ရာခိုင်နှုန်းဟေ့…
    We are 100%… 🙂

    • windtalker

      March 12, 2012 at 2:15 pm

      သဂျီး က အမေဒစ်ကန် မှာ နေလို ့သာ တော်သေး
      ဘိရုမာ မှာဆိုရင်တော့
      ၂လုံးဆကာဂျီး ဖြစ်နေဘီ ။
      ဘိုးခိုင် ဘိုးခိုင် နဲ ့

  • Inn

    March 11, 2012 at 9:33 am

    ်ဲိသူကြီး နဲ ့ ကိုကြောင်
    ပြောတာ တွေ ထင် သာ မြင် သာ တဲ ့ သ မိုင်း ဘီး တ ပ တ် လည် လာ နိုင် စ ရာ တွေ ဆို တာ သ တိ ပြု မိ ပါ တ ယ်… ကြံ ဖွ တ် ရဲ့ ငြိမ် ချ က် သား ကေါင်း ပြီး ငွေ တွေ လိမ် ့ စု နေ တာ က လည်း တ ခု ခု ကို စောင် ့ နေ သ လို ဆို တော ့ တ နေ ့ လုပ် တ နေ ့ စား ကျွန် တော် တို ့ လို ပြည် သူ တွေ အ တွ က် ္စရင် ေ လး နေ မီ ့ ပါ တယ် ဗျာ.. အ ဓိ က ရု ဏ် း ကို တော သ လင်း ေ ခွး လို။ တော ကြောင် လို စိတ် ဓါ တ် တွေ ပြည် နေ တဲ ့ မြန်မာ ပြည် မှာ ထပ် ဖြစ် ရင် ????????

  • လူမစွမ်း နတ်မ ..
    ခု လူတွေ စွမ်းလွန်းလို့ နတ်က မ မ နိုင်တော့ဘူးတဲ့ …
    နတ်တွေတောင် သဘာဝ အန္တရာယ် ကြောက်လို့ ရှောင်ပုန်းနေရတယ် … 😀

    ကမ္ဘာကြီးလည်း ပျက်တော့မယ် .. တဲ့
    ဇာတ်ကားထဲမှာ ….

    အခုလည်း ကြောင်ကြီးက အိပ်နေတုန်း ယောင်ပြီး ပြောလိုက်တာ အဟုတ်ထင်ပြီး ဘေးဘီ ကြည့်လိုက်တော့ အရာရာဟာ နဂိုအတိုင်းပါပဲလား .. ဟရို့ ….

    ဦးကြောင်ကို ရူးချင်ယောင်ဆောင်ပြီး ခုလို မန့်ထည့်လိုက်တယ် .. ဘာဖစ်လဲ .. လို့ .. 😀

  • a me

    March 11, 2012 at 4:04 pm

    ဟုတ်ရော ဟုတ်ရဲ့လား ကိုကြောင်ကြီးရယ် မဖြစ်နိုင်ပါဘူး အခုဟာက တကယ်ဖြစ်မှာပါ

Leave a Reply