အိုင်တီလောက မှ အဓိပ္ပါယ်များ (၁)

wunnakokoJune 8, 20102min480

ဖတ်ထားတာလေးတွေကို ရှယ်လိုက်ပါတယ်။ အိုင်တီနယ်ပယ်မှာ လေ့လာတဲ့သူတွေ အထောက် အကူ ရအောင်ပါ။ နည်းနည်းဘဲရှိပါသေးတယ်။ ဆက်ပြီးတင်ပေးပါမယ်။ ကြားတော့ကြားဘူး တယ် သေချာတော့မသိဘူးဆိုတာ ဖြစ်တတ်ပါတယ်။ ရှာဖွေထားတာလေးတွေ နဲ့ အဆင့်မြင့်တဲ့ ပညာရပ်တွေ လေ့လာနိုင်ပါစေ။

WiMAX ဆိုသည်မှာ

WiMAX
Worldwide Interoperability for Microwave Access ရဲ့အတိုကောက်
စာလုံးဖြစ်ပါတယ်။WiMAXက တယ်လီဆက်သွယ်ရေးနည်းပညာတစ်မျိုးဖြစ်ပြီး point –
to – point link တွေကနေ protable internet access အထိ data transmission
mode အမျိုးမျိူးကို အသုံးပြုပြီး ဆက်သွယ်တဲ့ wireless data transmission
နည်းပညာဖြစ်ပါတယ်။

ဒီWiMAX နည်းပညာဟာ cable ကြိုးမလိုပဲ 75Mb/s
symmetric broadband speed ကိုသုံးစွဲနိုင်မည့်
နည်းပညာဖြစ်ပါတယ်။ဒီနည်းပညာကို Broadband Wireless Access နည်းပညာလို့လဲ
ခေါ်ဆိုတဲ့ IEEE 802.16 မှာအခြေခံထားတယ်လို့သိရပါတယ်။WiMAX
ဆိုတဲ့အမည်ကိုကြိုးမဲ့နည်းပညာလို့ တစ်သတ်မှတ်တည်းသုံးစွဲနိုင်ဖို့
အပြန်အလှန်ပူးတွဲလုပ်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဇွန် ၂၀၀၁ WiMAX
ကွန်ဖရင့် မှာကြေညာခဲ့ပါတယ်။ဒီကြိုးမဲ့ဆက်သွယ်ရေးစနစ်ဟာ ကေဘယ်နဲ့
DSLဆက်သွယ်ရေးတွေနဲ့ မတူတဲ့ နည်းလမ်းသစ်ဆက်သွယ်ရေးစနစ်ဖြစ်ပါတယ်။

WiMAX ရဲ့ bandwidth နဲ့ range ဟာအောက်ပါ application
တွေကိုသုံးစွဲလို့ရနိုင်မှာဖြစ်ပါတယ်။

-WiFi hotspotတွေကိုအင်တာနက်နှင့်ချိတ်ဆက်ခြင်း

-Last mile broadband access အတွက် cable နဲ့ DSLအပြင်အခြားဝါယာလက် ဆက်သွယ်ရေးအနေနဲ့ အသုံးပြုနိုင်ခြင်း

-အချက်အလက်နှင့်တယ်လီဆက်သွယ်ရေး ဝန်ဆောင်မှုများပြုလုပ်ခြင်း

-စီးပွားရေးလုပ်ငန်းများက
မတူညီနိုင်တဲ့ အင်တာနက်ဝန်ဆောင်မှုစနစ်နှစ်မျိုးကိုအသုံးပြုခြင်းဖြင့်
တစ်ခုချို့ယွင်းပျက်စီးပါက အခြားတစ်ခုဖြင့် ဆက်လက်သုံးစွဲကာ
လုပ်ငန်းဆက်လက်လည်ပတ်နိုင်ခြင်း

-portable connectivity ရရှိနိုင်ခြင်းတို့ဖြစ်ပါတယ်။

WiMAX ကို Lastmile connectivity အတွက်သုံးစွဲဖို့ company များစွာက
လေ့လာစမ်းသပ်လျက်ရှိနေပါသည်။တကယ်လို့ company တွေအပြိုင်ဆိုင်နဲ့ဒီ
Lastmile connectivity ကို ဝန်ဆောင်မှုပေးခဲ့ရင်နေအိမ်နဲ့
ရုံးသုံးအင်တာနက်ဆက်သွယ်ရေးဟာဈေးသက်သာလာမှာဖြစ်ပြီး စီးပွားရေးအခြေအနေအရ
သုံးစွဲလို့မဖြစ်နိုင်တဲ့နေရာတွေမှာပါ broadband access
ရရှိလာနိုင်မှာဖြစ်ပါတယ်။

WiMAX access ကိုအင်ဒိုနီးရှားမှာ ၂၀၀၄
က ဆူနာမီလှိုင်းဒဏ်သင့်ပြီးနောက်
ဆက်သွယ်မှုပြုလုပ်နိုင်ဖို့အသုံးပြုခဲ့ပါတယ်။ဆူနာမီဘေးဒဏ်သင့်
ဒေသကလူတွေဟာamateur radio ကလွဲလို့အခြားဆက်သွယ်ရေးစနစ်မရှိတဲ့
အတွက်ဒေသအပြင်ဘက်က
ကယ်ဆယ်ရေးအဖွဲ့တွေကိုဆက်သွယ်လို့မရနိုင်ခဲ့ဘာဘူး။ဒါကြောင့်
အပြန်အလှန်ဆက်သွယ်နိုင်ဖို့ WiMAX စနစ်ကိုသုံးစွဲ ခဲ့ပါတယ်။

ကတ်ထရီးနား မုန်တိုင်းကာလမှာလဲ FCC နဲ့ FEMA အဖွဲ့အစည်းတွေကို ကူညီဖို့
Intel ကWiMAX ဆက်သွယ်ရေးစနစ်ကို ပံ့ပိုးပေးခဲ့ ပါတယ်။

WiMAX ကို
indoor နဲ့ outdoor ယူနစ်ဆိုပြီးနှစ်မျိုးသုံးစွဲနိုင်ပါတယ်။ indoor unit
အတွက် Cable Modem နဲ့ DSL modem ပမာဏရှိပြီး outdoor unit မှာတော့ Laptop
PC တစ်လုံးခန့်သာရှိပြီး အိမ်သုံးဂြိုဟ်တု ဆက်သွယ်ရေးစက်
ပမာဏလောက်ရှိကြောင်းသိရပါတယ်။

WiMAX ကို GSM နှင့် CDMA
တို့လိုဆယ်လူလာဖုန်းနည်းပညာ တွေနေရာမှာ အစားထိုးသုံးစွဲလာနိုင်ဖို့
မျှော်မှန်းထားပါတယ်။ဒါအပြင် 2G,3G နဲ့ 4G နည်းပညာတွေအတွက် wireless
backhaul နည်းပညာအဖြစ်ဖွံဖြိုးပြီးနဲ့ ဖွံဖြိုးဆဲ
နိုင်ငံတွေမှာသုံးစွဲဖို့ ကြံဆလျက်ရှိပါတယ်။

WiFi နဲ့လည်း
WiMAXကိုဆင်တူတယ်လို့မှားယွင်းယူဆလေ့ရှိကြ ပါတယ်။အဓိကကတော့ Wi နဲ့စတာရယ်
IEE standard ဖြစ်တာရယ်နဲ့ 802 နဲ့ အစပြုတာချင်းတူညီတာ
တွေတူညီတာတွေရယ်ကြောင့် ဆင်တူတယ်လိ်ု့ ယူဆကြတာဖြစ်ပါတယ်

Privacy ဆိုသည်မှာ

Privacy ကိုလူတစ်ဦး သို့မဟုတ် အုပ်စုတစ်စုဟာ သီးသန့်ခွဲထွက်နေထိုင်ခြင်း
သို့မဟုတ် ၎င်းတို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သီးသန့်ဖော်ပြနိုင်ခွင့် ရှိခြင်းကို ညွှန်းဆိုလေ့ရှိပါတယ်။ပုဂ္ဂိုလ် သို့မဟုတ်အဖွဲ့အစည်းရဲ့ သီးသန့်အရေးကိစ္စလို့ ယေဘုယျ ဖွင့်ဆို နိုင်ပါတယ်။သီးသန့်အရေးကိစ္စလို့ သတ်မှတ်တဲ့ အရာတစ်ခုရဲ့ content နဲ့နယ်နိမိတ်ကတော့
ယဉ်ကျေးမှုနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းအပေါ်မူတည်ပြီး ကွဲပြားပေမယ့်အခြေခံချက်တွေကတော့ အတူတူပါပဲ။သီးသန့်အရေးကိစ္စကို အများအားဖြင့်အများပြည်သူရဲ့ အဝန်းအဝိုင်းမှာ နာမည်ကို သိရှိခွင့်မပေးခြင်းမျိုးကိုညွှန်းဆိုလေ့ရှိပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးအတွက် တစ်စုံတစ်ရာဟာ
သီးသန့်အရေးကိစ္စဖြစ်လာတဲ့အခါမှာ အဲဒီအရာဟာ ပင်ကိုယ်သဘာဝအားဖြင့်ထူးခြားနေပြီး ပုဂ္ဂိုလ်ရေးအရလည်း ထိခိုက်ဖို့ အလားအလာရှိနေတာမျိုးကိုဆိုလိုပါတယ်။ သီးသန့်အရေး ကိစ္စနဲ့ပတ်သက်တဲ့သတင်းအချက်အလက်ကို သိရှိခွင့်ပြုဖို့ဆုံးဖြတ်တဲ့အတိုင်းအတာဟာ အများပြည်သူကအဲဒီသတင်းအချက်အလက်တွေကို ဘယ်လိုလက်ခံမလဲဆိုတာ
ပေါ်မူတည်ပါတယ်။ ဒါ့အပြင်ဘယ်အချိန်ဘယ်နေရာမှာ ဆိုတဲ့အချက်တွေကလည်း
အရေးပါတယ်။ သီးသန့်အရေးကိစ္စကို လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေရဲ့ မျက်နှာစာတစ်ခု အဖြစ်လည်းရှုမြင်လေ့ရှိကြပါတယ်။လုံခြုံရေးကိစ္စဟာအုပ်စုတစ်ခုနဲ့ အခြားတစ်ခုအကြား
အကျိုးစီးပွားတွေကိုဖလှယ်တဲ့အခါမှာ အရေးပါတယ်ဆိုတာထင်ရှားလာမှာဖြစ်ပါတယ်။

အစိုးရ၊စီးပွားရေးကော်ပရေးရှင်းကြီးများ သို့မဟုတ်လူပုဂ္ဂိုလ်တစ်ဦးချင်းတို့ရဲ့ သီးသန့် အရေး ကိစ္စတွေကို ချိုးဖောက်ခြင်းကြောင့်အခွင့်အရေး ထိခိုက်ခံရသူတွေဘက်က ကာကွယ်ပေး ခြင်း ဟာနိုင်ငံအများစုရဲ့ သီးသန့်အရေးကိစ္စဆိုင်ရာဥပဒေရဲ့အစိတ်အပိုင်း အဖြစ်ထည့်သွင်း စဉ်းစားလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အစိတ်အပိုင်းတစ်ရပ် အဖြစ်ပါဝင်လာပါတယ်။ နိုင်ငံအတော်များများဟာသီးသန့်အရေးကိစ္စနှင့်  ပက်သက်ပြီး တစ်နည်းနည်းနဲ့ ကန့်သတ်ထားတဲ့ဥပဒေပြဌန်းထားပါတယ်။ဥပမာအားဖြင့် အခွန်စည်းကြပ်မှုနဲ့ ပတ်သက်တဲ့ဥပဒေမျိုးဖြစ်ပါတယ်။အဲဒီလိုဥပဒေမျိုးဟာ လူတစ်ဦးချင်းရဲ့ဝင်ငွေနဲ့
အသက်မွေးမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကို sharing ပြုလုပ်လို့ရလို့ဖြစ်ပါတယ်။ နိုင်ငံအချို့မှာတော့ သီးသန့်အရေးကိစ္စဟာလွတ်လပ်စွာရေးသားပြောဆိုခွင့် ဥပဒေနဲ့ ငြိစွန်းပြီးအငြင်းပွားဖွယ်အခြေအနေကို ရင်ဆိုင်ရလေ့ရှိပါတယ်။ဒါ့အပြင် အချို့နိုင်ငံတွေရဲ့
တည်ဆဲဥပဒေမှာသတင်းအချက်အလက်တွေကိုအများသိရှိအောင်ဖော်ပြဖို့ပြဌန်းထားတာမျိုးကို
အခြားနိုင်ငံတွေနဲ့ ယဉ်ကျေးမှုတွေက သီးသန့်အရေးကိစ္စအဖြစ် သတ်မှတ်နိုင်ပါတယ်။

သီးသန့်အရေးကိစ္စဟာ ပင်ကိုယ်အားဖြင့် လက်ခံထားပြီးသားအကျိုးစီးပွားများနဲ့ ဖလှယ်ရလေ့ ရှိပြီး တစ်ခါတစ်ရံမှာတော့ သက်ဆိုင်ရာ အန္တရာယ်နဲ့ဆုံးရှုံးမှုတွေကြုံတွေ့ရလေ့ရှိပါတယ်။ စီးပွားရေးပညာရှင်များနဲ့ဆင့်ကဲဖြစ်စဉ် သီဝရီပညာရှင်တွေ၊စိတ်ပညာရှင်တွေဟာ သီးသန့်အရေး ကိစ္စကိုကြိုးစားအဓိပ္ပါယ်ဖွင့်ဆိုလေ့ရှိကြပါတယ်။ စီးပွားရေးလောကမှာတော့ ပုဂ္ဂိုလ်ရေး အသေးစိတ်အချက် တွေကို ကြော်ငြာလုပ်ငန်းရည်ရွယ်ချက် သို့မဟုတ် အောင်မြင်မှု တစ်ခုခု ရယူဖို့ရည်ရွယ်ချက်နဲ့ အများကိုသိရှိခွင့်ပေးလေ့ရှိပါတယ်။ လိုလိုလားလား ရှယ်ယာပြုလုပ် လိုက်တဲ့ သတင်းအချက်အလက်တစ်ခုဟာ မှတ်တမ်းတင်ထားခြင်း သို့မဟုတ်အလွဲသုံးစား ပြုခံရခြင်း မျိုး ကြုလာခဲ့မယ်ဆိုရင် Identidy Theft အဖြစ်သတ်မှတ်လေ့ရှိကြပါတယ်။

Laptop ဆိုသည်မှာ

Personal computer တွေကို ၁၉၇ဝ အတွင်းမှာထုတ်လုပ်လာနိုင်ပြီးနောက်သယ်ယူရလွယ် တဲ့ pc တွေကို ထုတ်လုပ်လာနိုင်ဖို့ကြံဆလာကြပါတယ်။ ၁၉၈၁မှာပထမဆုံး Laptop pc ဖြစ်တဲ့ Osbornet ကိုထုတ်လုပ်ခဲ့ပါတယ်။အဲဒီ Laptopဟာအလေးချိန် ၂၃.၅ ပေါင်ရှိပြီး ၅လက်မ အရွယ် CRT ဖန်သားပြင်ပါရှိပါတယ်။၅.၂၅လက်မအရွယ် Floopy drive နှစ်ခုပါဝင်ပါတယ်။ ဒါပေမယ့် ဘက်ထရီကတော့မပါဝင်ပါဘူး။အဲဒီနှစ်အတွင်းမှာပဲ ပထမဆုံး Laptop အရွယ်အစား portablecomputer ဖြစ်တဲ့ EpsonHX-20 ကိုထုတ်လုပ်လာနိုင်ခဲ့ပါတယ်။

EpsonHX-20 မှာ LCD sccreen ပါရှိပြီး rechargeable battery နဲ့အလေးချိန်၁.၆ဂရမ်  (၄ပေါင်) ရှိတဲ့ ဒီ Laptopမှာဂဏန်းပေါင်းစက်အရွယ်ပရင်တာတစ်ခုလဲပါရှိပါတယ်။Laptop
နာမည်ကိုစတင်သုံးစွဲ ပြီးထုတ်လုပ်ခဲ့တဲ့ protable computer ကတော့ Gavilan
SC ဖြစ်ပါတယ်။Laptop တွေကိုဖန်သားပြင်အရွယ်အစားကိုလိုက်ပြီးအမျိုးအမည်ခွဲခြား ခေါ်ဆိုကြသလို၊ ပါဝင်တဲ့ feature တွေအရလည်း အမည်သတ်မှတ်ကြတာကိုတွေ့ရပါတယ်။ Desktop replacement လို့ခေါ်တဲ့ Laptopတွေဟာ ဖန်သားပြင်အကျယ် ၁ရလက်မရှိတာ ကြောင့်  အရွယ်အစားကြီးမားတဲ့ Laptopအမျိုးအစားတွေဖြစ်ပါတယ်။

Standard Laptop တွေကတော့သယ်ယူလွယ်ကူအောင် ရည်ရွယ်ထုတ်လုပ်ထားပြီး ၁၃ လက်မကနေ ၁၅ လက်မအထိပါရှိပါတယ်။

Sub notebook တွေကတော့ သယ်ရတာ ပေါ့ပါးလွယ်ကူပြီး feature တွေကနည်းနည်းသာ
ပါဝင်ပါတယ်။ ဖန်သားပြင်ကတော့ ၁၃လက်မနဲ့ အဲဒီထက်သေးတဲ့ဖန်သားပြင်အရွယ်တွေနဲ့ ထုတ်လုပ်ထားပါတယ်။

Feature ကိုလိုက်ပြီးအမည်ခေါ်ဆိုတဲ့ laptop တွေအနက် Budget Laptopတွေဟာဈေးနှုန်း သက်သာပြီးစွမ်းဆောင်ရည် နိမ့်တဲ့ laptop တွေဖြစ်ပါတယ်။

Tablet pc တွေကတော့ touchscreen interface ပါဝင်ပြီးကီးဘုတ်မပါရှိတဲ့ပုံစံတွေရှိသလို ကီးဘုတ် နဲ့လည်းထုတ်လုပ်လေ့ရှိကြပါတယ်။

Notebook တွေကတော့ဈေးသက်သာပြီး sub notebook အသေးစားလို့ဆိုနိုင်တဲ့
အင်တာနက် သုံးစွဲဖို့နဲ့ basic office app တွေပါတဲ့ laptopအမျိုးအစားတွေဖြစ်ပါတယ်။

Rugged Laptop တွေကတော့ အပူချိန်မြင့်မားတဲ့ စက်ရုံပတ်ဝန်းကျင်တွေ၊တုန်ခါမှု များတဲ့နေရာတွေ နဲ့ စိုစွတ်ထိုင်းမှိုင်းတဲ့နေရာတွေမှာ အင်ဂျင်နီယာတွေသုံးဖို့ရည်ရွယ် ထုတ်လုပ်တဲ့  အကြမ်းခံ Laptop တွေဖြစ်ပါတယ်။

Laptopတွေမှာပါတဲ့ စက်ပစ္စည်း အစိတ်အပိုင်းတွေက desktop pc တွေမှာပါတဲ့
ပစ္စည်းတွေနဲ့ အတူတူဖြစ်ပေမယ့်သယ်ရလွယ်အောင်အရွယ်အစားသေးငယ်အောင် ပြုလုပ်ထားပါတယ်။ဒါ့အပြင်စွမ်းအင်သုံးစွဲမှုသက်သာအောင်လည်းအရွယ်အစားကို ချုံ့ထားတာဖြစ်ပါတယ်။ Laptop တွေရဲ့ ပါဝါအရွယ်အစားနဲ့အအေးပေးစနစ်တွေရဲ့ ကန့်သတ်ချက်တွေကြောင့် desktop pcတွေလောက်စွမ်းဆောင်ရည်မြင့်မားမှုမရှိကြပါဘူး။

Laptopတွေအသုံးပြုရခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ သယ်ယူရလွယ်ကူခြင်း၊ desktop
pc သယ်ယူသွားလို့မရတဲ့ နေရာတွေမှာ laptop ကိုသုံးရင်းအလုပ်လုပ်နိုင်တဲ့ အတွက်အလုပ် တွေ  ပိုပြီးပြီးအောင် လုပ်နို်င်ခြင်းတို့ဖြစ်ပါတယ်။

Laptop ကိုသယ်သွားတာ မက ပုဂ္ဂိုလ်ရေး၊အလုပ်ကိစ္စနဲ့ သတင်းအချက်အလက်များစွာကို
ဆက်တိုက်ချိ်တ်ဆက်သိရှိဆက်သွယ်လုပ်ကိုင်နေတဲ့ သဘောပါပဲ။

Laptopတွေကိုသုံးတဲ အတွက် desktop pc user တွေ ကြုံရတက်တဲ့ syncronized
လုပ်ထားတဲ့ ဆော့ဖ်ဝဲလ်တွေနဲ့ အချက်အလက်တွေ ခိုးခံရတာမျိုးမဖြစ်တော့ပါဘူး။

Laptop တွေဟာကျောင်းသားတွေရဲ့ အဆောင်ကအခန်းနဲ့မြို့ပြတိုက်ခန်းကျဉ်းတွေလို နေရာ အခက်အခဲ ရှိတဲ့ နေရာတွေမှာ သုံးစွဲဖို့အဆင်ပြေစေပါတယ်။

Laptop တွေဟာစွမ်းအင်သုံးစွဲမှုအပိုင်းမှာ desktopတွေထက်သက်သာသလို အသံဆူညံမှုလည်း ပြောပလောက်အောင်မရှိတာကို တွေ့ရပါတယ်။မီးပျက်တဲ့ အခါမှာလည်း နာရီပေါင်းများစွာကြာအောင်ဆက်လက်သုံးစွဲနိုင်တာလည်း desktop pc တွေထက် အားသာတဲ့ အချက်တွေပါပဲ။

Laptop တွေနဲ့ desktop pc တွေဟာ စွမ်းဆောင်ရည် အပိုင်းမှာအတူတူဖြစ်ရင်တောင် desktop တွေထက်ပိုဈေးကြီးပါတယ်။ အခြားသဘောမတွေ့စရာအချက်တွေကတော့  CPU နဲ့ graphic ကတ်တွေကို upgrade ပြုလုပ်မရနိုင်တာနဲ့နေရာတကာ သယ်သွားတာကြောင့်  ဟောင်းနွမ်းပျက်စီးမှုမြန်ဆန်တာကိုတွေ့ရပါတယ်။

Notebook

Notebook တွေဟာသေးငယ်ပေါပါးပြီးစွမ်းအင် သုံးစွဲမှုနည်းပါးတဲ့ Notebook
တွေဖြစ်ပါတယ်။ပုံမှန် အရွယ်အစား Laptop တွေလောက် processing power
မြင့်မားမှုမရှိပေမယ့် web browser တစ်ခု run ဖို့၊ ဝါယာလက်စနစ်နဲ့အင်တာနက်
သုံးဖို့ word processing ပြုလုပ်ဖို့ အတွက်သင့်တော်ပါတယ်။

Notebook တွေဟာ ကွန်ပျူတာအငယ်စားလေးတွေအဖြစ်အရောင်း company
တွေကအမျိုးအစားသက်မှတ်လေ့ ရှိကြပါတယ်။အဲဒီလို ကွန်ပျူတာတွေကို sub
notebook,ultraprotable, mininotebook,minithin client,cloudbook နဲ့
ultra mobile pc စသဖြင့် လည်း အခြားအမည်တွေနဲ့ ခေါ်ဆိုကြပါသေးတယ်။ ဒါပေမယ့်
ဈေးကွက်မှာတော့ Notebook ဆိုတဲ့ အခေါ်အဝေါ်က လူကြိုက်အများဆုံး အခေါ်အဝေါ်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တော့ Notebook မှာဆာဗာဗားရှင်းလို၊ အင်တာပရိုက်စ်ဗားရှင်းလို operating system တွေမသုံးပါဘူး။ဒ့ါအပြင် ပိုမိုသေးငယ်တဲ့ ကီးဘုတ်၊သေးငယ်တဲ့ ဖန်သားပြင်နဲ့storage space အနည်းငယ်စတာတွေပါ ရှ်ိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Notebook တွေပေါ်ဦးစမှာ ပညာရေးအဖွဲ့အစည်းနဲ့ ကွန်ပျူတာအပိုတစ်လုံးဝယ်ချင်တဲ့သူ တွေရဲ့ ဈေးကွက်ကို ဦးတည်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်မကြာမီမှာပဲ ကမ္ဘာတစ်ဝန်းမှာ cloud computing နည်းပညာတွေနဲ့ အတူ application တွေနဲ့ မီဒီယာတွေ သုံးဖို့
Netbook တွေကိုပိုမို ရွေးချယ်လာကြပါတယ်။ ဈေးကွက်သုတေသန company
တစ်ခုကဆိုရင် ၂၀၀၉ မှာ ပုံမှန် Laptop တွေရဲ့ ရောင်းအားကို Notebook ရောင်းအားက သာလွန်သွားလိမ့်မယ်လို့  ခန့်မှန်းချက် ထုတ်ပြန်ခဲ့ပါတယ်။

Data Mining

Data Mining ဆိုတဲ့ဝေါဟာရရဲ့ အဓိပါယ်ကတော့ အချက်အလက်တွေကို ပုံသဏ္ဍာန် အမျိုးအစားခွဲခြားပြီး၊ တစ်ခုနဲ့တစ်ခုအဆက်အစပ်ရှိလာအောင် ပြုလုပ်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ data mining ရဲ့ ကန့်သတ်မှုတွေကတော့

-Association လို့ခေါ်တဲ့ event တစ်ခုကိုအခြားတစ်ခု နဲ့ချိတ်ဆက် ခြင်းဖြစ်ပေါ်လာစေတဲ့ ပုံသဏာန်များကို ရှာဖွေခြင်း။

-Sequence ဟာ Path analysis လို့ခေါ်တဲ့ event တစ်ခုက အခြား event တစ်ခုဆက်လက် ဖြစ်ပေါ်လာစေတဲ့ ပုံသဏ္ဍာန်တွေကိုရှာဖွေခြင်း။

-Classification လို့ခေါ်ဆိုတဲ့ ပုံသဏ္ဍာန်အသစ် များကိုရှာဖွေခြင်း။

-Clustering လို့ခေါ်ဆိုတဲ့ ယခင်ကမသိရှိခဲ့တဲ့ အချက်အလက်အုပ်စုတွေကို မှတ်တမ်းပြုစုရှာဖွေခြင်း။

-Forecasting လို့ခေါ်တဲ့ အနာဂတ်ကိုခန့်မှန်း နိုင်တဲ့အချက်အလက်တွေရဲ့ ပုံသဏာန် အမျိုးမျိုးကို ကိုရှာဖွေခြင်း စတာတွေပါဝင်ပါတယ်။

-Data mining နဲ့ပက်သတ်တဲ့ နည်းလမ်းတွေကို သချင်္ာ၊ cybernetic ၊မျိုးဇနည်းပညာနဲ့ ကြော်ငြာဈေးကွက်ရှာဖွေခြင်း marketing စတဲ့ဘာသာရပ်တွေမှာ သုတေသန ပြုလုပ်ဖို့ အသုံးပြုလေ့ရှိပါတယ်။

Cybersquatting

အမေရိကန်ဖက်ဒရယ်ဥပဒေကပြဌာန်းထားခဲ့တဲ့Anti-Cybersquatting Consumer Protection Act အရအခြားသူကိုယ်ပိုင်ကုန်ပစ္စည်းအမှတ် တံဆိပ်ကို တုပအသုံးပြုပြီး
ကိုယ်ကျိုးစီးပွားရရှိဖို့ domainnameတစ်ခုကိုအသုံးပြုခြင်း၊တရားမဝင်ရောင်းချခြင်းကို cybersquatting လို့ခေါ်ဆိုလေ့ရှိပါတယ်။ဒီဝေါဟာရဟာ အခြားသူရဲ့ပိုင်ဆိုင်မှုတစ်ခုကို ခွင့်ပြုချက်မရှိဘဲ ရယူသုံးစွဲ တယ်လို့အဓိပ္ပါယ်ရတဲ့ squatting ဆိုတဲ့ ကြိယာကနေ ဆင်းသက်လာတဲ့ ဝေါဟာရပဲ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေဟာ ၎င်းတို့ ရဲ့ domain name တွေမှတ်ပုံတင်လေ့ရှိ်ပါတယ်။ဒါပေမယ့်
အဲဒီမှတ်ပုံတင်ခြင်းကို လက်ခံဆောင်ရွက်ပေးတဲ့ ဌာန တွေက domain name ခုဟာ
အခြားသူတစ်ယောက်ထံကို မှန်ကန်စွာ ရောက်ရှိသွားနိုင်ခြင်းရှိမရှိဆိုတာကိုတော့ စစ်ဆေးခြင်းမရှိပါဘူး။(domain name တစ်စုရဲ့ လုပ်ဆောင်ချက်တွေမှန်ကန်ခြင်းရှိမရှိ စစ်ဆေးမပေးကြပါဘူး)ဒါကြောင့် စီးပွားရေးလုပ်ကိုင်တဲ့ လူပုဂ္ဂိုလ်နဲ့ company အဖွဲ့အစည်းတွေဟာ domain name အသစ်နဲ့ ရက်လွန်ကုန်ဆုံးပြီးသား အခြားသူတွေ အလိုရှိနိုင်တယ်လို့ ယူဆပြီးထိန်းသိမ်းထားလေ့ရှိကြပါတယ်။

cybersquatting ကိုကျူးလွန်တဲ့ သူတွေက ၎င်းတို့ရဲ့ ဝက်ဆိုဒ်ကို အသုံးပြုနိုင်တဲ့ အလားအလာများအောင် ဘုံသုံးစွဲလေ့ရှိတဲ့ အင်္ဂလိပ်စာလုံးတွေကို အသုံးပြုပြီး
ဆင်တူယိုးမှားဝက်ဆိုဒ်တွေထောင်ထားလေ့ရှိကြပါတယ်။သူတို့ရဲ့နောက်ထပ်ပစ်မှတ်တစ်ခုကတော့ ပေါ်ပြူတာဖြစ်တဲ့ ဝက်ဆိုဒ်တွေကိုစာလုံးပေါင်းများရိုက်ထားတာမျိုးပါပဲ။ဒါ့အပြင် မကြာသေးမီက
ရက်လွန်ကုန်ဆုံးသွားလို့ မသုံးတော့တဲ့ domain name တွေကိုလည်းcybersquatting ပြုလုပ်သူတွေ(ဝက်ဆိုဒ်တွေကို)ကစာရင်းပြုစုထားလေ့ရှိကြပါတယ်။ရည်ရွယ်ချက်ကတော့ ဝက်ဆိုဒ်မှတ်ပုံတင်မယ့်သူတစ်ဦးဆီကို ၎င်း domain name တွေထဲကပဲ ပြန်လည်ရောင်းချဖို့ပဲ
ဖြစ်ပါတယ်။အဲဒီမှတ်ပုံတင်သူကတော့ သူ့ဝက်ဆိုဒ် expireဖြစ်ပြီးဆုံးရှုံးသွားတော့ မှာဖြစ်ပါတယ်။

domain name တစ်ခုအတွက်စစချင်း နဲ့ နှစ်စဉ်ကြေးတွေကို ပေးဆောင်ရတဲ့ အတွက် domain nameပေါင်းမြောက်များစွာကို cybersquatting ပြုလုပ်သူတွေကထိန်းသိမ်းထား လေ့ရှိကြပါတယ်။ ဒါ့အပြင် အဲဒီ domain name တွေအတွက်ပေးဆောင်ရမယ့် ကုန်ကျငွေတွေ ကိုလည်း ဆိုင်းငံ့ထားလေ့ရှိကြပါတယ်။ အဲဒီလိုဟန့်တားထားစဉ်မှာ အခြားသူတွေက တပြားမှမပေးဘဲသုံးစွဲသုံးစွဲနိုင်အောင်ထိန်းသိမ်းထားလေ့ရှိပါတယ်။ဒါကြောင့် domain name
မှတ်ပုံတင်သူတွေက ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။ domain name
မှတ်ပုံတင်တဲ့ သူတွေက ဒီပြဿနာကို ဖြေရှင်းဖို့ ကြိူးစားနေကြပါတယ်။domain
name တွေမှတ်ပုံတင်တဲ့ ဌာနမှာတွေကို လိုင်စင်ချထားပေးတဲ့အဖွဲ့အစည်းဖြစ်တဲ့  Internet Co-poration for Assigned Names and Numbers(ICA WN) အဖွဲ့ကြီးကတော့ တရားရုံးတွေမှာ domain nameနဲ့ပတ်သက်ပြီးအချင်းများကြတဲ့ အမှုတွေနဲ့ မပြီးသေးတဲ့ အမှုအခင်းတွေကိုကိုင်တွယ်ဖြေရှင်းပေးလျက်ရှိပါတယ်။ကုန်ပစ္စည်းမှတ်ပုံတင် ဥပဒေတွေက
ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်တယ် ဆိုနိုင်ပေမယ့် cyber-squatter တွေဆီက
domain name ကိုဝယ်ယူတာဟာ အဲဒီ domain ကိုသုံးလို့ တရားစွဲရတာထက်
ကုန်ကျစရိတ်နည်းပါးနေပါတယ်။