အသိလွယ်=အကျင့်ခက်

အကောင်းဆုံးနေ့ = ဒီနေ့
အသိဆုံးပုဂ္ဂိုလ် = ဘုရား
အကြီးဆုံးအရာ = မေတ္တာ
အကြီးဆုံးအချိန် = သေခြင်း
အကြီးဆုံးအဟန့်အတား = အကြောက်တရား
အလွယ်ဆုံးအလုပ် = တစ်ဖက်သားကို အပြစ်ရှာခြင်း
အသုံးမကျဆုံးပိုင်ဆိုင်မှု = မာန
အကြီးဆုံးပိတ်ဆို့မှု = အတ္တ
အကြီးဆုံးအမှား = လက်လျှော့အရှုံးပေးခြင်း
စိတ်ချမ်းသားစရာအကောင်းဆုံး = အလုပ်တစ်ခုကိုကောင်းကောင်းလုပ်ပြီးတဲ့ အချိန်
အငြင်းပွါးရဆုံးလူ = အမြဲတမ်းညည်းတွားနေတဲ့သူ
အဆိုးဆုံးဆင်းရဲမှု = စိတ်မပါလက်မပါဖြစ်ခြင်း
အလိုအပ်ဆုံး = အများတွေးသလိုမြင်သလို တွေးတက်မြင်တက်မှု
အညံ့ဖျင်းဆုံးစိတ်ထား = သူတစ်ပါးကောင်းစားတာကို မနာလိုဖြစ်ခြင်း
အကောင်းဆုံးလက်ဆောင် = ခွင့်လွှတ်ခြင်း
အကောင်းဆုံးအချိန် = လက်ရှိအချိန်

6 comments

  • ကို ကို

    March 10, 2012 at 2:18 pm

    အရင့်ရောင် ဟြေပြမှ ပဲ ရှင်းခနဲ ဘွင်းခနဲ သိရတော့တယ်
    ကျေးဇူးပါ

  • အကောင်းဆုံးနေ့ = ဟင်းကောင်းကောင်းနဲ့ စားရတဲ့နေ့
    အသိဆုံးပုဂ္ဂိုလ် = ဂေဇက်တွင် သဂျီး (လူချိုး)
    အကြီးဆုံးအရာ = ဂေါ်ဇီလာ
    အကြီးဆုံးအချိန် = ညသန်းခေါင် ကြောက်ကြောက်နှင့် သေးထပေါက်ချင်သည့် အချိန်
    အကြီးဆုံးအဟန့်အတား = စားချင်သော်လည်း ပိုက်ဆံမရှိခြင်း
    အလွယ်ဆုံးအလုပ် = ဗြဲသီးခေါင်း တောင်ခနဲ ခေါက်ခြင်း
    အသုံးမကျဆုံးပိုင်ဆိုင်မှု = ဗိုက်
    အကြီးဆုံးပိတ်ဆို့မှု = ယိုသော်လည်း မထွက်ခြင်း
    အကြီးဆုံးအမှား = စိန်ပေါက် အား ဝမ်းနှုတ်ဆေး ကျွေးမိခြင်း
    အကောင်းဆုံးလက်ဆောင် = သဂျီးရဲ့ ဒေါ်လာ ၃ဝ တန်ဖုံး
    အကောင်းဆုံးအချိန် = အဲဒါ ရတဲ့ အချိန် ……….

    အဲဂလို ပြင်ဆင်သွားပါဂျောင်း ……. 😀
    (နောက်တာနော် … စိတ်ဆိုးဂျေး)

  • အသူရာ

    March 10, 2012 at 10:12 pm

    ကျန်တေးဒယ်…
    စိတ်ချမ်းသာစရာအကောင်းဆုံး=စကီ လန်းလန်းလေးနဲ့ လည်လည်သွားတဲ့အချိန် :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 10, 2012 at 10:24 pm

    အကောင်းဆုံးနေ့ = ဒီနေ့
    ( ကိုယ့်စိတ်ကျေနပ်တဲ့နေ့ )
    အသိဆုံးပုဂ္ဂိုလ် = ဘုရား
    ( ကိုယ်အနှစ်ချိုက်ဆုံးပုဂ္ဂိုလ် ( ဘုရားဟူသည် သက်ဆိုင်ရာ ဘာသာအလိုက် ကွဲလွဲတတ်ပါ၏ )
    အကြီးဆုံးအရာ = မေတ္တာ
    ( သက်ဆိုင်သူ၏ စိတ် ( ဥပမာ ။ ။ လိပ်ကို ကြမ်းပိုးထင်အံ့ စိတ်ဖြစ်လေ၏ )
    အကြီးဆုံးအချိန် = သေခြင်း
    ( သက်ဆိုင်သူ၏စိတ် ( ဇော ) ( ဥပမာ ။ ။ ရေကိုစောင့်က အတက်နှေး ။ ထမင်းကိုစောင့်က အကျက်နှေး )
    …………………………..
    လူကြိုက်နည်းတဲ့အတွက် ကျန်တာတွေကတော့ ရှိပါစေတော့

  • aye.kk

    March 11, 2012 at 5:48 am

    အရင့်ရောင်..ထပ်ဖြည့်စွက်ခါဝေဌပါရစေ..။
    မမေ့အပ်သောဗုဒ္ဓဩဝါဒ..
    ၁။အားထားကိုးကွယ်ရာအစစ်ကား-ဗုဒ္ဓံ-ဓမ္မံ-သံဃံ။
    ၂။မိတ်ဆွေအစစ်ကား-ကံ-ဉာဏ်-ဝီရိယ။
    ၃။ရန်သူအစစ်ကား-လောဘ-ဒေါသ-မောဟ။
    ၄။နေ့စဉ်အလုပ်ကား-ဒါန-သီလ-ဘာဝနာ။
    ၅။နှလုံးသွင်းရန်အစစ်ကား-အနိစ္စ-ဒုက္ခ-အနတ္တ။
    ၆။အမြဲလက်ကိုင်ထားရန်အစစ်ကား-ခန္တီ-သစ္စာ-မေတ္တာ။
    ခဏတာမျှလူဖြစ်ရပေါ့ဆမနေသင့်(အပြောလွယ်သလောက်အလုပ်ခက်လှပါပေတကား)။။

  • အရင့်ရောင်

    March 12, 2012 at 5:09 pm

    ဆန္ဒ နဲ့ ဘဝ
    တစ်ထပ်တည်းကျရင်တော့ကောင်းတာပေါ့

Leave a Reply