ကလောမှာ အမေစုကို နှုတ်ဆက်တဲ့ ရဲဘော်လေး အခုထိ အချုပ်ကျနေတုန်းလို့ သတင်းရပါတယ်။

yuiioMarch 10, 20121min865

အရင်တစ်ခေါက်က အဲ့ဒီရဲဘော်လေးကို စစ်တိုင်းမှူးကိုယ်တိုင် လွှတ်ပေးလိုက်တယ် ဆိုတဲ့ သတင်းတွေထွက်လာတာမို့ အားလုံးက ပျော်ရွှင်ခဲ့ကြတာပါ။ အခု ကလောမှာ ထပ်ပြီး သိရတာက အဲ့ဒီသတင်းက လုံးဝမဟုတ်ပါဘူးတဲ့။ အခုအချိန်ထိ ရဲဘော်လေးဟာ အချုပ်နှောင်ခံထားရပါတယ် လို့ သတင်းရပါတယ်။ NLD ကလည်း ရဲဘော်လေးအတွက် ကြိုးစားနေဆဲပါ။ တပ်စည်းကမ်းချိုးဖေါက်တာမှန်ပေမဲ့ ဒီလောက်အထိတော့ ရည်ရွယ်ချက်ရှိရှိ မလုပ်သင့်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဒီသတင်းကို ထပ်ပြီး လက်ဆင့်ကမ်းပေးပါ။ နောက်ဆုံးရတဲ့သတင်းတွေကိုလည်း ထပ်ပြီး ဖော်ထုတ်ပြသပေးပါမယ်။

 

5 comments

  • MTY

    March 10, 2012 at 6:06 pm

    “အဲ့ဒီရဲဘော်လေးကို စစ်တိုင်းမှူးကိုယ်တိုင် လွှတ်ပေးလိုက်တယ်”
    ွှဲအဲဒီသတင်းဖတ်ရကတည်းမယုံတာ။တပ်မှာတိုင်းမှုးတစ်ယောက်
    ကအမိန့်ပေးရုံနဲ့ရတဲ့ကိစ္စ”ကိုယ်တိုင် လွှတ်ပေးလိုက်တယ်”လို့
    ကောလဟာလတွေ။

  • water-melon

    March 10, 2012 at 6:50 pm

    အမျိုးမျိုးဘဲ
    ဘယ်ဟာယုုံရမှာလဲဟင်

  • water-melon

    March 10, 2012 at 6:51 pm

    ဟီးအစမ်းလွန်သွားပြီ

    သူကြီးလည်း
    နာကို စိတ်ပျက်လောက်ပြီထင်တယ် အမျိုးမျိုးကလိနေလို့။

    • Shwe Tike Soe

      March 12, 2012 at 11:38 am

      ဟဲဟဲ ဖရဲမ နင်စမ်းစမ်းနေတာ ငါ့ဟာကြီးနော်(လက်ပကျွတ် ပြောပါတယ်) ဟိဟိဟိ ဖြဲကလိမ ….

  • ကြောင်ကြီး

    March 10, 2012 at 7:46 pm

    ကျေးဇူးပါ yuiio… သတင်း မျက်ခြေမပြတ်ပါစေနဲ့…။ စောင့်ဖတ်နေပါတယ်..။

Leave a Reply