ကျုပ်တို့ငယ်ငယ်က ခေါင်းပန်းလှန်တမ်းကစားတာ

သိပ်ခေတ်စားပါတယ်..သားရေကွင်းကြေး ကအစ

ပိုက်ဆံကြေးအဆုံး ကစားခဲ့ကြတာပါ..ရိုးရိုးခေါင်းနဲ့ပန်း

အပြင် အကြွေစေ့နှစ်စိလှည့်ပြီး ခေါင်းစုံ ပန်းစုံ ဘက်ဆိုပြီး

တောင်ကစားခဲ့ကြတာပါ..ဒါတင်ဘယ်ကအုံးမလဲ..

တစ်ခုခုဆုံးဖြတ်ရခက်နေရင် ဒါမှမဟုတ် နှစ်ဖွဲ့သဘောထားကွဲ

နေလို့ဆုံးဖြတ်ချင်ရင် ခေါင်းပန်းလှန်တာဘဲ…

ခုခေတ်မတော့ ဘော်လုံးကစားဘို့ ကွင်းရွေးတာ..

လောက်ဘဲသုံးတော့တယ်မှတ်တယ်…ဟုတ်လည်းဟုတ်တယ်လေ

ခုခေတ်ကလေးတွေ ဘယ်လိုခေါင်းပန်းလှန်ကြမလဲ…

ဘယ်မှာလဲအကြွေစေ့….ဒါကြောင့်ဒီနေ့တော့ အကြွေစေ့ဟောင်းလေး

တစ်ခုနဲ့မိတ်ဆက်ပေးပါရစေ…

 

ဒီနေ့တော့ ရွာသူရွာသားတွေကိုထူးထူးခြားခြား

ရှားပါးပစ္စည်းလေးတစ်ခုပြချင်ပါတယ်…

သေတ္တာဟောင်းမွှေရင်း ပေါ်ထွက်လာတဲ့

ရှေးဟောင်းဒင်္ဂါးပြားလေးပါ…ထုတ်တဲ့ခုနှစ်

ကနေတွက်ရင် နှစ်ပေါင်း..၁၀၇ နှစ်ရှိပါပြီ။ရှေးဟောင်းပစ္စည်း

တန်ဘိုးကိုတော့ မမှန်းတတ်ပါ..ရွာသူရွာသား

တွေ မြင်ဖူးတယ်ရှိအောင်တင်ပြလိုက်ပါတယ်…

 

ဒါကတော့ပန်းပေါ့ဗျာ...ပန်းဘက်ကလောင်းတဲ့လူတွေနိုင်ပီ

နောက်တစ်ကြိမ်လှည့်ကြည့်လိုက်ရအောင်…ကဲလာလေရော့..

ဒီတစ်ခါတော့ခေါင်းကျတယ်ဗျို့...ခေါင်းထိုးထားသူတွေကိုလျှော်မယ်..

ပိတ်ရက်အတွက် ကြီးမိုက်ရဲ့

လက်ဆောင်ပါဗျာ..

အားလုံးကိုလေးစားခင်မင်တဲ့..

ကြီးမိုက်။

 

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)