ခေါင်းပန်းလှန်ကစားဖို့ အကြွေစေ့လေးတစ်စေ့…India Rupee…

ကျုပ်တို့ငယ်ငယ်က ခေါင်းပန်းလှန်တမ်းကစားတာ

သိပ်ခေတ်စားပါတယ်..သားရေကွင်းကြေး ကအစ

ပိုက်ဆံကြေးအဆုံး ကစားခဲ့ကြတာပါ..ရိုးရိုးခေါင်းနဲ့ပန်း

အပြင် အကြွေစေ့နှစ်စိလှည့်ပြီး ခေါင်းစုံ ပန်းစုံ ဘက်ဆိုပြီး

တောင်ကစားခဲ့ကြတာပါ..ဒါတင်ဘယ်ကအုံးမလဲ..

တစ်ခုခုဆုံးဖြတ်ရခက်နေရင် ဒါမှမဟုတ် နှစ်ဖွဲ့သဘောထားကွဲ

နေလို့ဆုံးဖြတ်ချင်ရင် ခေါင်းပန်းလှန်တာဘဲ…

ခုခေတ်မတော့ ဘော်လုံးကစားဘို့ ကွင်းရွေးတာ..

လောက်ဘဲသုံးတော့တယ်မှတ်တယ်…ဟုတ်လည်းဟုတ်တယ်လေ

ခုခေတ်ကလေးတွေ ဘယ်လိုခေါင်းပန်းလှန်ကြမလဲ…

ဘယ်မှာလဲအကြွေစေ့….ဒါကြောင့်ဒီနေ့တော့ အကြွေစေ့ဟောင်းလေး

တစ်ခုနဲ့မိတ်ဆက်ပေးပါရစေ…

 

ဒီနေ့တော့ ရွာသူရွာသားတွေကိုထူးထူးခြားခြား

ရှားပါးပစ္စည်းလေးတစ်ခုပြချင်ပါတယ်…

သေတ္တာဟောင်းမွှေရင်း ပေါ်ထွက်လာတဲ့

ရှေးဟောင်းဒင်္ဂါးပြားလေးပါ…ထုတ်တဲ့ခုနှစ်

ကနေတွက်ရင် နှစ်ပေါင်း..၁၀ရ နှစ်ရှိပါပြီ။ရှေးဟောင်းပစ္စည်း

တန်ဘိုးကိုတော့ မမှန်းတတ်ပါ..ရွာသူရွာသား

တွေ မြင်ဖူးတယ်ရှိအောင်တင်ပြလိုက်ပါတယ်…

 

ဒါကတော့ပန်းပေါ့ဗျာ...ပန်းဘက်ကလောင်းတဲ့လူတွေနိုင်ပီ

နောက်တစ်ကြိမ်လှည့်ကြည့်လိုက်ရအောင်…ကဲလာလေရော့..

ဒီတစ်ခါတော့ခေါင်းကျတယ်ဗျို့...ခေါင်းထိုးထားသူတွေကိုလျှော်မယ်..

ပိတ်ရက်အတွက် ကြီးမိုက်ရဲ့

လက်ဆောင်ပါဗျာ..

အားလုံးကိုလေးစားခင်မင်တဲ့..

ကြီးမိုက်။

 

16 comments

  • water-melon

    March 10, 2012 at 4:25 pm

    အနော့ထဲမှာလည်း
    ရှေးရှေးတုန်းက ဒင်္ဂါးတွေရှိတယ်
    တရုတ်ကုလားထိုင်းဂျာပွန်နီပွန်ပြာပွန် အစုံပါဘဲ
    လိုချင်ပြောလေ ဝအောက်ကြေးနဲ့ရောင်းပေးမယ် :mrgreen:

  • kai

    March 10, 2012 at 4:43 pm

    အသစ်လိုဖြစ်နေရင် ၄ဝလောက်တန်ပြီး.. ဟောင်းနေ..အနားတွေချောနေရင် ၂၅ဒေါ်လာတန်ပါတယ်…။
    ကိုလိုနီခေတ်က…
    မြောက်ပန်းလှန်တာလို့.. ခေါ်ခဲ့ဖူးတယ်..။
    အဲဒီအကြွေစိကို ပြောတာဟုတ်မဟုတ်တော့.. မသေချာ..။
    အင်္ဂလိပ်ဘုရင်ကို နှိမ်ပြီး.. မြန်မာတွေ မြောက်ခေါ်ခဲ့ကြတာ…။ 😆

  • water-melon

    March 10, 2012 at 5:21 pm

    ဟွန့် ပုံလည်း ပေါ်မလာဘူး Lost Chronicles ဘဲပေါ်လာတယ်
    သူကြီးနော် သတိထားတော့
    ကွန့်မန့်ထဲ ပုံထည့်နည်းသိတော့မယ် 😀

  • water-melon

    March 10, 2012 at 5:25 pm

    စာလုံးမဲမယ်
    စာလုံးမဲမယ်

  • water-melon

    March 10, 2012 at 5:41 pm

    သူကြီးရေ ကွန့်မန့်တွေပြန်ဖျက်ပေးပါအုန်း
    အစမ်းလွန်သွားပြီ
    ပြောပြနော်
    မပြောပြရင် ထပ်စမ်းမှာဗျ

  • ကိုရင်မောင်

    March 10, 2012 at 5:55 pm

    သဂျီးပြောမှသတိထားမိတယ်
    မျောက်ပန်းလှန်တယ်ဆိုတဲ့စကား
    ခုမှာနားလည်တော့တယ်….
    ကျေးဇူးပါ..

  • kyeemite

    March 10, 2012 at 7:19 pm

    ဟုတ်ပါရဲ့…ကိုယ့်ပို့စ်မှာ ကွန်မန့်တွေများလှချည်လားလို့အားပါးတရဖွင့်ကြည့်တော့..လား..လား..
    ဝါးတားမဲလုံးမ ကွန်ကမြင်းထားတာကိုး..ကောင်မ ဆင်ချင်စမ်းဟေ့…
    သူဂျီးရေ…ဒင်္ဂါးကအကောင်းပါ..ဘေးပါတ်လည်မှာ အထစ်အထစ်ကလေးတွေကအစ
    ရှိသေးတယ်..အော်..တို့သူဂျီး ကအတော်လိုင်းစုံတယ်နော်..ကျေးဇူးတင်ပါရဲ့ဗျာ
    ဒါနဲ့သူဂျီးရေ..၄ဝ ဆိုတာ အမေဒစ်ကန်ဒေါ်လာနော်..

    • water-melon

      March 10, 2012 at 7:24 pm

      ဟီး စိတ်ထဲကနေ အနူးအညွတ်တောင်းပန်ပါတယ်
      အကိုကြီးမိုက်ရေ
      မန်းလေးလာမှ ပြုစုတော့မယ်။
      တောင်းပန်ပါတယ်။
      ခင်တဲ့မဖရဲ

  • kyeemite

    March 10, 2012 at 7:45 pm

    ဖရဲရေ ကိုယ်ကပျော်ပျော်နေတတ်တယ်ကွ..
    နောက်တာပါ..ပညာယူတယ်ဆိုတာဒီလိုဘဲစမ်းသတ်မှု့တွေကရတာဘဲ..
    ကြိုးစားထားဟေ့…ကိုယ်လည်းမန်းလေးမှာလူငယ်ဘဝကိုဖြတ်သန်းခဲ့တာပါ..
    မန်းလေးကိုသံယောဇဉ် ရှိပါတယ်..လာဖြစ်ရင်ဆက်သွယ်မယ်ဟေ့..အဲဘယ်လိုဆက်ရပါ့..

  • inz@ghi

    March 10, 2012 at 11:20 pm

    ညီလေး ဖရဲသီး …

    မင့် ကောမန့်တွေ ဘာဖြစ်မှန်းတော့မသိဘူး….
    ခြစ်ချခံတာတွေ ….. ကွက်လပ်တွေ ခုတလော တွေ့တာများရဲ့. ..

    ပြောချင်တာက ….
    တခုခု စမ်းမယ်ဆို … ကိုယ့်ပိုစ့်ကိုယ်စမ်းပါဗျာ…..
    ကိုယ်မှားရင် လွဲ ရင် ကိုယ့်ဟာကိုယ်ဖျက်နိုင်တာကိုး…

    သူများပိုစ့် ဖြစ်ရင်တော့ …..
    ပိုစ့်ပိုင်ရှင် အတွက် … သဂျီးအတွက် … (ပြန်ပြင်ခွင့်မရမယ့် ခင်ဗျားအတွက်ပါဗျ..)

    ပြင်ခွင့် မရဘူးဆိုတာ … သဂျီးက ဗီတိုအာဏာ လုပ်ထားတာမဟုတ်ဘူးဗျ….
    ယခုဒီ wordpress ပလက်ဖောင်းကိုက …. limitations လေးတွေရှိနေသေးကြောင်း….

    ခင်တဲ့
    ဂီ

  • kai

    March 11, 2012 at 3:23 am

    ဟုတ်ပါတယ်..
    ၄ဝက..အမေဒစ်ကန်ဒေါ်လှပါ…

    ကျုပ်မလည်း မြောက်နဲ့မျောက်တောင် မသိတော့ဘူး..
    အဲဒါကြောင့်ရေးကထဲက.. ဘာများလွဲသလည်း ထင်နေတာ.. 😆
    ကျေးကျေးကိုရင်မောင်…

    ဖျဲသီးရေ..
    မန့်တာတွေဖျက်ပေးလိုက်တယ်..
    ဂီဂီပြောတဲ့အတိုင်းပဲ..
    မန့်တဲ့အထဲ.. ကုဒ်တချို့က… သုံးလို့မရအောင်.. wpကိုကလုပ်ထားတာ..
    .. မတတ်နိုင်ပါဘူး..။
    အင်း..
    ဆက်တင်က.. မန့်တာတခုဖျက် ပွိုင့်၄၀..အနှုတ်လုပ်ထားတော့.. ဖျဲသီးပွိုင့်တွေအမျှ.အမျှ..ဖြစ်သွားလေရဲ့…
    သာဓု…

  • kyeemite

    March 11, 2012 at 8:42 am

    သဂျီးပြောတဲ့မျောက်ပန်းလှန်တယ်ဆိုတာက
    အကြွေစေ့ငါးစေ့(သို့)ခုနစ်စေ့(ဘယ်လောက်တန်အစေ့ဖြစ်ဖြစ်)ကို ဝါးခြမ်းပြား
    ပေါ်စီတင်ပီး အဖျားတစ်ဘက်ကလက်နဲ့ကိုင်ပီး
    မြှောက်လိုက်ရတာ…မြေပေါ်ပြန်ကျလာမှ
    ခေါင်းဘယ်နှခု ပန်းကဘယ်နှခု ဆိုတာကြည့်ပီး
    အနိုင်အရှုံးလောင်းကစားကြတာ..ဒါကလူရွယ်တွေ
    ကစားကြတာပေါ့..ကလေးတွေကတော့
    ကျွန်တော်ပြောသလိုအကြွေစေ့ကို လက်နဲ့လှည့်
    လက်နဲ့အုပ်..ပီးတော့လောင်းကြတာပေါ့
    အဲဒါကခေါင်းပန်းလှန်တာ..ဘာရယ်မဟုတ်ပါဘူး
    ခုခေတ်ကလေးတွေမသိတော့တဲ့ကစားနည်းလေးမို့
    နဲနဲလေရှည်လိုက်တာ..သင့်ခရုပါ။

  • ခေါင်းရော .. ပန်းရော .. ထိုးလိုက်တယ် မိကြီးမိုက်ရေ …
    မွဲဖို့သာ ပြင်ပေတော့ …
    အကြော်ဆိုင်ပါ ပြုတ်သွားမယ် …… ဟီဟိ ..
    😀

  • Shwe Tike Soe

    March 12, 2012 at 11:35 am

    ဟေးးးးးးးးးး ပန်းကျတယ်.. ကိုကြီးမိုက် ဘီယာတိုက်…..
    ဟေးးးးးးးးးးး ခေါင်းကျတယ် ကိုကြီးမိုက် အမြည်ကျွေး………
    ဟေးးးးးးးးး ပန်းကျတယ် ကိုကြီးမိုက်.. ကေတီဗွီလိုက်ပို.ပေး………
    ဟိဟိ

  • kyeemite

    March 13, 2012 at 11:14 am

    ဘိုတိုက်စိုးရေ..ပန်းကျရင်ဒုက္ခရောက်လိမ့်မယ်
    မပေါ့နဲ့..ဆေးရုံမြန်မြန်ပြေးပေတော့…
    မိအံဇာ..သတိထားနော်..ဘိုတိုက်တောင်ပန်းကျလို့
    ဆေးရုံပြေးဘီ…ဟီး…

Leave a Reply