ဆေးခန်းအချို့ HIV/AIDS မရှိကြောင်း လက်မှတ် အတုများ ထုတ်ပေးနေ

BayoteJune 8, 20101min572

အချို့သော ဆေးခန်း များသည် အိတ်ချ်အိုင်ဗွီ / အေအိုင်ဒီအက်စ် မရှိကြောင်း လက်မှတ် အတုများ ထုတ်ပေး နေကြောင်း Marie Stopes International (Myanmar) မှ ပြော သည်။ အိတ်ချ်အိုင်ဗွီ / အေအိုင်ဒီအက်စ် ဖြစ်လျှင် အပြစ်တင် ခံရခြင်း များနှင့် သိက္ခာ ကျမှု အဖြစ် လူမှု ပတ်ဝန်းကျင် သတ်မှတ် မှုများကြောင့် ယင်းကဲသို့ လိမ်လည်မှုများ များပြား လာနေသည်။ မင်္ဂလာ ဆောင်ရန် အတွက် အိတ်ချ်အိုင်ဗွီ / အေအိုင်ဒီအက်စ် မရှိ ကြောင်း လိမ်ညာ မှုများနှင့် သမီးရည်း စားချင်း လိမ်ညာ ဆက်ဆံ ခြင်းများသည် ကာယကံရှင် တို့နှင့် ၎င်းတို့၏ လူမှုအဖွဲ့ အစည်း အတွက် ထိခိုက်မှုများ ဖြစ်ပေါ် စေပြီး ရောဂါ ဘယ ပြန့်ပွား မှုများ ဖြစ် ပေါ်စေသည်။

“လက်မှတ် အတု အတွက် ကျွန် တော်တို့ကို လာညှိ တာတွေ ရှိတယ်။ ကျွန်တော်တို့ မလုပ်ပေး ခဲ့ဘူး။ ဒါတွေဟာ ခွဲ ခြား ဆက်ဆံမှုတွေကြောင့် ဖြစ်ရတဲ့ နောက်ဆက်တွဲဆိုး ကျိုးတွေပဲ”ဟု ဒေါက်တာ စစ်နိုင်က ပြောသည်။ အချို့သော သူများသည် ရောဂါ မရှိသည့်တိုင် ၎င်း၏ ထိမ်းမြားမှု အတွက် သို့မဟုတ် သမီး ရည်းစားချင်း ယုံကြည်မှု သက်သေ အတွက် ရောဂါ ကင်းရှင်းကြောင်း လက်မှတ် အတုများ ကို လိမ်လည် ပြုလုပ်ကြခြင်း ဖြစ်သည်။ ယင်း အတွက် လက်မှတ် အတု ပြုလုပ်ပေးသည့် ဆေးခန်းများ တွင် တာဝန်ရှိပြီး ကျန်းမာရေး ဆိုင်ရာ လူမှု ဆိုးကျိုးများ မဖြစ်ပေါ်ရန် အတွက် ကျန်းမာရေး ဝန်ထမ်းများ ပါဝင်ပတ် သက်ခြင်းကို ရှောင်ရှားရန် လိုအပ်မည် ဖြစ်သည်။

“အမျိုးသမီး တစ်ယောက် အနေနဲ့ ကတော့ ဒီခေတ်မှာ ကိုယ့်ဘဝ အတွက် ရွေးချယ်မယ့်လူ တစ်ယာက်ကို အေ့ဒ်စ် ရောဂါ စစ်ဆေး စေချင်တယ်။ ဒါပေမဲ့ ကျွန်မတို့ လူ့အဖွဲ့ အစည်းမှာ ဒီလို လုပ်ဖို့က အယုံ အကြည် ကင်းမဲ့မှု အဖြစ် အိမ်ထောင်ရေး ပြိုကွဲဖို့က အလေးသာ နေဆဲပဲ” ဟု အကျိုးဆောင် လုပ်ငန်းလုပ် ကိုင်သူ အမျိုးသမီး တစ်ဦးက ပြောသည်။ ကမ္ဘာပေါ်တွင် ယင်းကဲ့သို့ သော အေ့ဒ်စ်ရောဂါ ကင်းရှင်းကြောင်း လက်မှတ် အတု လုပ်ဆောင်မှု အများ အပြားရှိ နေပြီး ယင်းသို့ ဖြစ်ရခြင်းသည် နှိမ့်ချခွဲခြား ဖယ်ကြဉ်ခြင်းများကြောင့် ဖြစ်ရခြင်း ဖြစ်ကြောင်း ဆေးပညာ အသိုင်း အဝိုင်းမှ ယူဆ ထားကြကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားသည်။

2 comments

  • intro

    June 8, 2010 at 1:08 pm

    စိတ်ပျက်စရာပဲ… နောက်ဆိုရင် ဘာကို ယုံရတော့မှာလဲ

  • kokogyi

    June 25, 2010 at 11:28 am

    အဓိက ကတော့ဆေးခန်းက ပါပဲ သူတို့ ပြောတိုင်းထုတ်မပေးနဲ့ပေါ့ ဆရာဝန်တွေ က ပေးမှသူတို့ရတာလေ ပိုက်ဆံဘယ်လောက်ပေးပေး ကင်းရှင်းကြောင်း ထုတ်မပေးနဲ့ပေါ့….ဟုတ်တယ်..ဟုတ်

Leave a Reply