“မိသားစု”

ဥမကွဲ သိုက်မပျက်
အဆောက်အအုံ
နတ်ဆိုးရဲ့ ကပ်ဆိုးလက်ထဲ
အောက်ခြေ ရေတိုက်စားပါသော်လည်း
မေတ္တာတရားပြယုဂ်အဖြစ်
အမာခံ သမာချောင်းတွေက
ကြံ့ကြံ့ခိုင်လွန်းတော့…
ဘယ်တော့မှ မပြိုလဲခဲ့ဘူး။ ။
စေပိုင်ထွဋ်(ပုသိမ်)

6 comments

  • water-melon

    March 10, 2012 at 6:47 pm

    ဖတ်ရှုသွားပါကြောင်း
    မိသားစုဆိုတာလည်းစည်းရုံးမှ အများစုကတော့ အိမ်ထောင်ကြတာနဲ့ သွေးကွဲကုုန်တော့တာဘဲ။ ဘာလိုု့လဲမသိ

    • စေပိုင်ထွဋ် (ပုသိမ်)

      March 11, 2012 at 6:24 pm

      ဒါက ကြားလူ ဝင်လာတာကို တစ်ယောက်နဲ့ တစ်ယောက်
      နားလည်မှု လွဲကြလို့နေမယ်
      ဝင်ဆွေးနွေးကြည့်တာ

  • a me

    March 10, 2012 at 8:19 pm

    အေမီ တော့ အဲ့လိုနေရရင် တကယ်ကောင်းမှာပဲ အဲ့လို မိသားစုတွေမြင်ရင်လည်း အားကျမိတယ်
    မနာလို လည်း ဖြစ်မိတယ်

    • စေပိုင်ထွဋ် (ပုသိမ်)

      March 11, 2012 at 6:27 pm

      မနာလိုတော့ မဖြစ်နဲ့ပေါ့
      ကိုယ်လည်း ဒီလိုမျိုးဖြစ်အောင် ညှိုနှိုင်းလုပ်ယူကြည့်ပေါ့ ဗျာ

  • htet way

    March 10, 2012 at 9:00 pm

    1/ ဥမကွဲသိုက်မပျက်…… နမိတ်ပုံ တည်ငြိမ်တဲ့ သဘော စည်းရုံးတဲ့ သဘော (ဥပစာအနက် )
    2/အဆောက်အအုံ …..။နေစရာနေရာ ခိုလှုံ့ရာ
    ခိုလှုံစရာနေရာကောင်း၌ တည်ငြိမ်စွာအေးချမ်းစွာနေကြသည်။
    3/ နတ်ဆိုးရဲ့ ကပ်ဆိုးလက်ထဲ……ဒုက္ခပေးသူ..ကံကြမ္မာအရ ဒုက္ခသင့်စေသော
    4/ မေတ္တာတရားပြယုဂ်အဖြစ်
    အမာခံ သမာချောင်းတွေက
    ကြံ့ကြံ့ခိုင်လွန်းတော့…………….. ငြိမ်းချမ်းအေးမြခြင်း မြဲမြံခြင်း ကြံ့ခိုင်ခြင်းတွေ စုစည်းခြင်းစိတ်
    5/ဘယ်တော့မှ မပြိုလဲခဲ့ဘူး။ ။…………မပျက်ဆီး မပြိုပျက် စုစည်းညီညွတ်သော အဖွဲ့
    မိသားစု……ဘယ်ကောင်းကင်မှ မိသားစုလောက်ကြယ်မစုံဘူး။
    လုပ်ကြည့်တာပါ ဆရာကို ဆရာတတ်သလို မဟုတ် ဆရာပညာနှင့် စမ်းကြည့်ခြင်းပါ
    ခင်တဲ့ ဆရာထက်( ဗိန်းတောဆရာ)

    • စေပိုင်ထွဋ် (ပုသိမ်)

      March 11, 2012 at 6:29 pm

      ဟုတ်ပြီ
      ဖတ်ညွှန်း သမားလေး တစ်ယောက် ရောက်နေတော့
      ကဗျာ အနက်ကို ဖော်ရတာ သက်သာတာပေါ့နော်
      ကောင်းနင်းကီဒယ်( ပုဏ္ဍားလေသံနဲ့)
      ခင်မင်လေးစားလျှက်..
      စေပိုင်ထွဋ်(ပုသိမ်)

Leave a Reply