အိန္ဒိယ Essar ကုမ္ပဏီ မှ မြန်မာနိုင်ငံတွင် အဆင့်မြင့် သယ်ယူ ပို့ဆောင်ရေး စီမံကိန်း တည်ဆောက်ရန်ရှိ

BayoteJune 8, 20101min490

အိန္ဒိယ Essar ဆောက်လုပ်ရေး ကုမ္ပဏီသည် မြန်မာ နိုင်ငံတွင် ကုလားတန် (Kaladan) အမည်ရှိ အဆင့် မြင့် ဘက်စုံသုံး သယ်ယူ ပို့ဆောင်ရေး စီမံကိန်း တစ်ခု တည်ဆောက်ရန် နိုင်ငံခြားရေး ဝန်ကြီး ဌာန နှင့် စာချုပ် ချုပ်ဆို လက်မှတ် ရေးထိုး ခဲ့ပြီး ဖြစ်သည်။ အဆိုပါ စီမံကိန်းတွင် ဆိပ်ခံ တံတား နှစ်စင်း အပါ အဝင် ဆိပ်ကမ်း တစ်ခု နှင့် ကုန်စည်တင် ရေယာဉ် ကြီးများ ပါဝင်မည် ဖြစ်သည်။ ယင်း ဆိပ်ခံ တံတား ၂ စင်းအား စစ်တွေ နှင့် ပလက်ဝ တို့တွင် တည်ဆောက်မှာ ဖြစ်ပြီး ကုလားတန်မြစ် တစ်လျှောက် ကုန်စည် များအား ဝယ်ယူ ပို့ဆောင် နိုင်ရန် အရှည် ၁၂ဝ ကီလိုမီတာ ရှိသော လမ်းကိုလည်း ဆောက်လုပ်မည် ဖြစ်သည်။ ယင်း စီမံကိန်း ၏ ရည်ရွယ်ချက်မှာ အိန္ဒိယ အရှေ့မြောက် ဘက်ရှိ နိုင်ငံများသို့ ကုန်စည် သယ်ယူ ပို့ဆောင်ရ ာတွင် စီဆင်းမှု လွယ်ကူ ချောမွေ့စေရန် ဖြစ်ပြီး နှစ်နိုင်ငံ ဗဟို အစိုးရ ၏ သဘော တူညီမှု တစ်ခု ဖြင့် ဆောင်ရွက်သော စီမံကိန်း ဖြစ်သည်။ ထို့ပြင် မြောက်မှ အရှေ့သို အပြန် အလှန် လွယ်ကူစွာ ကူးလူး သွားလာနိုင်မှုကို ပေးစွမ်း နိုင်သောကြောင့် အရေး ပါသော တည်ဆောက်မှု ဖြစ်သည်ဟု Essar မှ တာဝန် ရှိသူက ဆိုသည်။ စီမံကိန်း အား ၃၆ လ အတွင်း ဆောင်ရွက်မှာ ဖြစ်ပြီး သုံးစွဲမည့် တန်ဖိုးမှာ ရူဘီ ၃.၄၂ ဘီလီယံ ဖြစ်သည်။