အင်းကြီး တောင်သမန်………………………

1 တပေါင်းလပြည့် နေ့မနက် နေအလင်းစက် ဖြန့်ကျက်ချိန်
2 လိမ္မော်ရောင်အလင်းစက်တွေကြီးစိုးထားတဲ့နံနက်ခင်း
3 အလင်းခဏလေး ဆိတ်သုဉ်းသွားတဲ့ ကမ္ဘာ
4 အပြာရောင်အလင်းစက်တွေစွန်းထင်းနေတဲ့ တောင်သမန်
5 သေချာကြည့်ရင် အသဲ့ပုံလေးပေါ်နေသလိုလို............................
6 ပြာညိုဝါ လှပသော ရောင်စုံအောက်က ရီဝေမူံဝါးသော ဦးပိန်တံတား နဲ့ တောင်သမန်ရေပြင်
7ဖျပ်ကနဲ့ နည်းနည်းကလေးမူံသွားတဲ့ နံနက်ခင်းနေအလင်း
8 လင်းလင်းတောက်နေတဲ့ရောင်...........အောက်က အင်းရေပြင်
9 မြေနီလမ်းထန်းပင် အဝေးက စေတီနဲ့ကိုရင်လေးနှစ်ပါး
10 လိမ္မော်နုရောင်ကောင်းကင် အရိပ်ထင်အင်းရေပြင် စိမ်းမြမြက်ခင်းနဲ့ တိုင်ကလေးတွေ

 

11 လှေကလေး အဝေးမှာ လူတစ်ယောက်ကမ်းနံဘေးမှာ ..................
12 မူံမိူင်းပြာရီ ညိုဝေသီနေတဲ့ ကောင်းကင်အောက် မှာ အိန္ဒြေကြီးစွာနဲ့ရပ်တည်နေတဲ့ဦးပိန်

 

13 နံနက်ခင်းနေရောင်အောက်က ကိုရင်လေးနှစ်ပါး ကန်စောင်းက ခုံလေးမှာ အေးအေးဆေးဆေး
14 ဆွမ်းခံထွက်တဲ့ကိုယ်တော်
15 အင်းအိုင်ဝိုက်လည်........................
16 အင်းထဲမှာ အစာရှာတော့ မယ့်ငှက်ကလေး

 

 

“အင်းကြီးတောင်သမန်ရဲ ့ နံနက်ခင်း …………”

 

တပေါင်းလပြည့်နေ့မနက်ထုံးစံအတိုင်းလမ်းလျှောက်ထွက်ခဲ့ပါတယ်။

လမ်းလျှောက်ရင်း ကောင်းကင်မှာတိမ်အရောင်က ရဲသထက်ရဲလာပါတယ်။

ဒါနဲ့ဘဲ ဒီအချိန်တောင်သမန်က ဦးပိန်ကို နှက်လိုက်ရရင်အိုကေဘဲဆိုတွေ့းမိတော့

ဆိုင်ကယ်ပြန်ယူပြီး တောင်သမန်ကိုပြေးပါတယ်။

မနက်ခြောက်နာရီတိတိ။

 

တောင်သမန်ကို မြန်မြန်ရောက်အောင် ကပ်ကျော်ဘုရားကနေ ထောက်လှမ်းရေး

16ဘက်က လမ်းကြမ်းကနေ တောင်သမန်ဘေးကလက်ပန်ပင်နားရောက်အောင်

အမြန်မောင်းပါတယ်။

တောင်သမန်အင်းအနောက်ဘက်ကန်ဘောင်ရောက်တော့ လှတပတပုံတွေရိုက်။

ကိုရင်တွေ့ရိုက်။.

ဆွမ်းခံတဲ့ဦးဇင်းရိုက်။

လှေတွေရိုက်။

တွေ့သမျှအကုန်ရိုက်ရင်း ဦးပိန်တံတားအောက်ရောက်သွားပါတယ်။

အဲဒီမှာ အင်မတန်မှလှပသော တောင်သမန်အင်းနဲ့ဦးပိန်တံတားတို့ရဲ့

အတွဲအစပ်ကတော့ ရင်သပ်ရူ့မောစရာ။

ကဲ ခံစားကြည့်လိုက်ပါအုံး။

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး

(11-3-2012)

 

 

 

 

8 comments

  • water-melon

    March 12, 2012 at 8:11 am

    မာမီပေါက်
    အသည်းပုံလေးတွေ့တယ်
    တောင်သမန်အင်းက ရွာသူလေးတွေရော ရိုက်မလာဘူးလားဟင်
    မာမီပေါက် စကတ်ဝတ်ပြီးသွားတာလား 😀

  • စကပ်ဝတ်တာ ဝတ်လို့ရတယ် ပြန်အချွတ်မှာဖင်နဲ့တစ်နေရော။
    အဲဒါနဲ့စကပ်သိပ်မဝတ်ဖြစ်ဘူး။

  • MaMa

    March 12, 2012 at 8:58 am

    မာမီကြီး ပြောလို့ ပျော်စရာလေးတွေ တင်ပေးလိုက်တာ ထင်တယ်။ 🙂

  • ဟုတ်ပါ့ ။
    ကျနော်တစ်ခါတစ်ခါရိုက်ရင်ပုံတွေအများကြီး။
    အဲဒီထဲကမှ လိုက်ဖက်တာတွေတွဲတင်ပေးပါတယ်။

  • kyeemite

    March 12, 2012 at 11:26 am

    အသဲပုံတော့တွေ့တယ်ဆြာပေါက်..ဒါပေမဲ့ အက်ကြောင်းကြီးနဲ့
    အသဲကွဲနေပုံဖြစ်နေတယ်ဗျာ..
    မန်းလေးကိုလာလည်ချင်သေးသဗျို့

  • eipu

    March 12, 2012 at 11:44 am

    ကိုပေါက်ရေ
    အသဲကွဲနေတာလား

  • a me

    March 12, 2012 at 4:51 pm

    ရေကန်က လှတယ်နော်
    အသည်းပုံလေးနဲ့တယ်တော်

Leave a Reply