မကျနဲ့ မျက်ရည်

Naung Taw LayMarch 10, 20121min1416

နိဗ္ဗာန်လမ်း မမြင်ပါဘူး

ငရဲပန်းကိုဆင်

အဝိစီလှမ်းဖို့ ချစ်ကျွမ်းဝင်သည်။

နိမိတ်ဆောင်ကာပြတော့

မြတ်ဗုဒ္ဓအဟော

မပဋာ ချစ်သမီး မငိုနဲ့

သံသယာအဆက်ဆက်

သောက ပူဆွေးကြောင့်

ကျမျက်ရည်တွေက

သမုဒ္ဒရာလေးဆင်း မကဘူးတဲ့။

ဖြစ်ကောင်းရာ၏

ဘယ်သူတွေ ဘယ်လိုဆွေးလို့

ဘယ်သောက အပူမီးတွေကြောင့်

ဘယ်လောက်တောင် ငိုကြွေးသည် မသိ

နာဂစ်လို ဆိုင်ကလုံး

ဂိရိလို မုန်တိုင်တွေ တိုက်ခတ် သွားလိုက်တာ

ကောင်းကျိုးမရှိ ဆိုးအတိမို့

အလူးလူးခံလိုက်ကြရတယ်

တရားခံ ဘယ်သူလဲ ဟေ့ လို့မေးရမယ့်ကိန်း

စဉ်းစားကာ ချိန်ဆလို့

တရားခံ တွေထဲက တရားခံမဖြစ်ရလေအောင်

သောကတွေ အဖုံဖုံရော

ပူတာရော ဆွေးတာတွေ အတွက်ပါ

မကျနဲ့ ဒီမျက်ရည် ။     ။

 

နောင်တော်လေး (ဘိုကလေး)

6 comments

  • ဟုတ်ကဲ့ …
    ပဋာစာရီ ထုံး နှလုံးမူပြီး ..
    ကျနေတဲ့ မျက်ရည်တွေ သုတ်လိုက်ပါပြီနော် …..

  • snow white

    March 11, 2012 at 1:59 pm

    မျက်ရည်ကတော့ ကျရအုံးမှာပါဘဲ မကျအောင်တော့တက်နိုင် သလောက်နေပါ့မယ်

  • a me

    March 11, 2012 at 4:15 pm

    မျက်ရည်ကတော့ဘယ်ကျချင်ပါ့မလည်း သူ့ဘာသာသူကျနေတာ ဘယ်လို လုပ်ရပါမလည်း ကွယ်

  • Naung Taw Lay

    March 11, 2012 at 8:00 pm

    မျက်ရည်ကျချင်ချင် ဖြစ်လာလို့ ထိန်းထားရင်း ထိန်းထားရင်း နဲ့ ဒီလိုစာသားတွေ ထွက်လာတယ်။ ပမကျအောင် တတ်နိုင်သလောက် ထိန်းထားတာ ပိုကောင်းပါတယ်ဗျာ….

  • ET

    March 12, 2012 at 2:42 pm

    သူဘာသာသူတော့ မကျနိုင်ပါဘူးဗျာ
    ဝမ်းနည်းဝမ်းသာ တစ်ခုခုကြောင့်တော့ ကျကိုကျရမယ်
    အဲ့ဒီတော့..
    ဘာပဲဖြစ်ဖြစ် သူများမမြင်ချင်ဘူးဆိုရင်
    မကျနိုင်အောင်ထိန်းထားတာအကောင်းဆုံးပဲ..

  • Mon Kit

    March 12, 2012 at 4:01 pm

    မျက်ရည်တော့ မကျနဲ့အချစ်ရေ…
    မျက်ရည်နဲ့ မနှိပ်စက်နဲ့လေ…
    ဘဝဆိုတာ ပန်းခင်းလမ်းမဟုတ်ဘူး…

Leave a Reply