ပထမဦးဆုံး ဒီပို့စ်ဟာ လူမျိုးရေးခွဲခြားလိုခြင်း၊ တခြားလူမျိုးခြားများကို ဆော်ကားလိုခြင်းမျိုး လုံးဝ မရှိကြောင်းပြောလိုပါတယ်။ ဖြစ်နေတဲ့ ပြသာနာကို ဘယ်လို အကောင်းဆုံးဖြေရှင်းမလဲဆိုတာ အကြံပေးဆွေးနွေးခြင်းဖြစ်ပါတယ်။

အကြောင်းက…

အခုဆို ကျွန်တော်တို့ မန္တလေးမြို့မှာ မန္တလေးမြို့ခံ (ဒီနေရာမှာ မြန်မာလူမျိုးတွေ လို့ မသုံးပါဘူး၊ မြို့ခံလို့သုံးထားပါတယ်။ ဗမာ၊ တရုပ်၊ ကုလား အစုံ ပါတဲ့ မန္တလေးမြို့ ပေါက်၊ မန္တလေးမြို့မှာကြီး၊ မန္တလေးကို သံယောဇင်ကြီးတဲ့ မန္တလေးမြို့သူ/သား တွေကို ဆိုလိုတာပါ။) ဒီမြို့ခံ တွေဟာ မြို့အပြင် မြို့သစ်ကို ရောက်ပြီး မြို့ထဲမှာ တခြားသော လူမျိုးခြားများ နေရာတဖြည်းဖြည်း နေရာဝင်ယူနေကြပါပြီ။ မြို့ရဲ့ စီးပွားရေးအခြေအနေ၊ ခေတ်အခြေအနေ၊ မီးလောင်မှု့များ၊ အစိုးရ ညံဖျင်းသော ပေါ်လစီ၊ ခေတ်ရဲ့ လက်ပေးလက်ယူမှု့ တွေကြီးထွားလာမှု့၊ စည်ပင် လဝက တို့ရဲ့ နိုင်ငံတော် အပေါ် သစ္စာဖောက်မှု့ စတဲ့ အခြေအနေအကြောင့် ဖြစ်လာရတယ် ဆိုတာအားလုံးလဲ သိပြီးလောက်ပါပြီ။ ဖြစ်သွားပြီ။ အခုမှတော့ မလက်ခံလို့ မရတော့ဘူး။ ဒီအခြေအနေကို လက်ခံရတော့မယ်။ ပြန်ပြီး အကောင်းဆုံးကို လုပ်ဆောင်ကြရအောင်ပေါ့။

ခေါင်းးစဉ်မှာ  ပြောခဲ့သလို “မြို့ခံမဟုတ်သော လူမျိုးခြားများကို မြို့ပြင်ထုတ်ရအောင်” ဆိုတာ ဟိုခေတ် အစိုးရလုပ်သလို။ အာဏာနဲ့ သွားပြီး တိုက်တွေပေါ်က ဆွဲချ၊ မြို့သစ်ကို ပို့ပစ်၊ မြို့ခံတွေ နေရာပြန်ချပေး၊ အဲဒီလို လိုလုပ်လို့မရတော့ပါဘူး။

ဒီတော့ အခု မန္တလေးဟာ မြို့ဧရိယာကို ချဲ့လာတာဟာ။ တောင်မှ မြောက်ကို ချဲ့လာတဲ့ ပုံပါ။ အနောက်ကဧရာဝတီရှိလို့  ချဲ့မရသလို အရှေ့က အောင်ပင်လယ်ကြီး ခံနေတယ်။ မြောက်ဘက်ကျ ဟိုဘက် အိုးဘိုအကျော် လယ်မြေတွေဘဲရှိတော့ ချဲ့စရာဆိုလို့ ရန်ကုန် မန္တလေးကားလမ်းရှိတဲ့ တောင်ဘက်ဘဲရှိပြီး မြို့သစ်ကို ချဲ့လာတာဟာ အခုဆို မြစ်ငယ်နားရောက်နေပါပြီ။

 

အဲဒီတော့ ယခင် မြို့အလယ်ခေါင် ဖြစ်တဲ့ ၈ဝ × ၈၄ × ၃၅× ၂၆ တွေဟာ မြို့ ရဲ့ အစွန်းပိုင်းလောက် ပြန်ဖြစ်သွားပါပြီ။ အဲဒီနေရာရဲ့ မြေဈေးဟာလည်း ကြောက်ခမန်းတိတိဖြစ်နေပြီး၊ ဘယ်လိုနည်းနဲ့မှ မြို့ခံတွေကပ်နိုင်တဲ့ ဈေးမျိုးမဟုတ်တော့ပါဘူး။ ယခုဆို ယခင်က မြို့သစ်လို့ခေါ်တဲ့ နေရာတွေဟာ မြို့ ပုံစံအရ မြို့လည်လောက် ဖြစ်နေပါပြီ။ ဒါပေမဲ့ လမ်းတွေ ကောင်းဖို့ လိုပါသေးတယ်။

ပြောချင်တာက ရှင်းရှင်းလေး မြို့ခံတွေပြောင်းပြီး နေနေရတဲ့  မြို့သစ်ကို ပိုပြီး စည်ပင်အောင်လုပ်၊ လမ်းတွေကို ကောင်းအောင်လုပ်၊ ဈေးတွေ၊ ကျောင်းတွေ၊ ဥယျဉ်တွေ၊ အပင်တွေနဲ့ စိမ်းစိုနေအောင်လုပ်။ ခြောက်ကပ်နေတဲ့ လမ်းတွေကို စိမ်းစိုနေအောင် သစ်ပင်တွေစိုက်ကြ။  မြို့သစ်မှာ အခြေပြန်ချနေရတဲ့၊ မြို့ခံတွေစည်းလုံးကြ ယခင်ကလို့ မြို့သစ်ရပ်ကွက်တွေ အလိုက် ဘုရားပွဲတွေ ဘာတွေကျင်းပကြ။  (ယခင်ကရှိခဲ့တဲ့ ရပ်ကွက်ဘုရားပွဲတွေဟာ မြို့သစ်မှာ ဘာလို့ ပြန်လုပ်နိုင်ကြတာလည်း စဉ်းစားမရဖြစ်နေတယ် မြို့သစ်ကလူတွေ မစည်းလုံးလို့လား) မြို့သစ်က ရပ်ကွက်အလိုက်  မြေကွက်တကွက် အပင်တပင်နနှု်းထွက် စိုက်ရမယ်ဆိုရင် နောင် ၅ နှစ်လောက်ဆို မြို့သစ်က တောတော်စိမ်းစိုလာမှာ။ နောက် ဟိုးတုန်းက မန္တလေးကဆိုက်ကားသမား (နာမည်တော့မေ့သွားပြီ လူထုဒေါ်အမာ ဆောင်းပါးရေးခဲ့ဘူးတယ်) တစ်ယောက်လို မြို့ အနှံ ဆိုက်ကားမောင်းရင် တမြို့လုံးကို အပင်တွေ စိုက်သွားပေးခဲ့တယ်။ ဒါမျိုး လူတွေ ပေါ်ပေါက်လာအောင် အားပေး ၊ သူကို ဂုဏ်ပြုတဲ့ အနေနဲ့ ရက်တရက် ကို သတ်မှတ်ပြီး အပင်စိုက်ပွဲတွေဘာတွေလုပ်။  ဒါဆိုရင် မြို့သစ်ဟာ နေချင်စရာကောင်းတဲ့ မြို့ခံတွေရဲ့ နေရာသစ် မြို့လေးဖြစ်လာလိမ့်မယ်။ အဲဒီတော့ ယခင်က မြို့လည်ဖြစ်ပြီး၊ လူမျိုးခြားတွေ အုပ်စိုးမင်းမူနေတဲ့ မြို့ဟောင်းဟာ အစွန်အဖျားရောက်သွားလိမ့်မယ်။ ဒီလိုနဲ့ မြို့ခံမဟုတ်သော လူမျိုးခြားများကို မြို့ပြင် ထုတ်ရအောင်ဆိုတာ ဒါမျိုးကို ပြောတာ။  ဒီမြို့ဟောင်းကြီးကို သံယောဇင်တော့ရှိတာပေါ့။ ဒါပေမဲ့ အခုအခြေအနေက ဘယ်လိုမှ လက်မခံလို့လဲ မရတော့တဲံ အခြေအနေဖြစ်သွားပြီ။ လုပ်သင့်တာကို အကောင်းဆုံးလုပ်ယုံဘဲရှိတော့တယ်။

စည်ပင်ကလူတွေကလည်း ကိုယ့်လူမျိုး ကိုချစ်တယ်ဆိုရင်၊ ကိုယ့်လူမျိုး ကိုယ့်မြို့ခံတွေနေနေရတဲ့ မြို့သစ်ကို စည်ပင်သာယာအောင် အထူးလုပ်ကြပါ။ တကယ်ဆို သူတို့တွေလည်း မြို့သစ်မှာ နေနေရတဲ့လူတွေဘဲ။ မြို့ကို မချစ်တောင် သူတို့ ကိုယ့် အဖိုကို ရက်တဲ့စိတ်နဲ့ ကိုယ်နေတဲ့နေရာ ကို ကောင်းအောင်လုပ်ပေါ့။ ဟိုတုန်းက လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ အခု တာဝန်ယူပြန်ယူသင့်တဲ့ အချိန်မှာ ပြန်တာဝန်ယူပေါ့။ ဒီစာကိုလည်း တာဝန်ရှိတဲ့သူတွေ ဖတ်မိပြီး၊ လုပ်သင့်တာကို လုပ်မိအောင်ရေးဖြစ်တာပါ။

ဒီပို့စ်ကနေ မန္တလေးမြို့ကို ချစ်တဲ့ မြို့ခံတွေ ပြန်ပြီး ဆွေးနွေးကြလိမ့်မယ်လို့ မျော်လင့်ပါတယ်။

 

 

 

About MandalayThar

မႏၱေလးသား has written 14 post in this Website..

▄▄▄▄▄▄▄▄▄▄▄▄ မန္တလေးသား လက် သွေးသွားသည်။ ▄▄▄▄▄▄▄▄▄▄▄▄