တစ်သောင်းမဟုတ် တစ်ရာ

ကထူးဆန္းMarch 11, 20121min1097

ဒေါ်လာဈေးတွေ ဧပြီလ တစ်ရက်မှာ နုန်းရှင် သတ်မှတ်တော့မယ်လို့ သတင်းတွေ သတင်းဂျာနယ်တွေမှာ အပြိုင်အဆိုင်ဖော်ပြနေပါတယ် ။
အဲ့ဒိ အပေါ်မှာ ကောင်းတယ် မကောင်းဘူး သုံးသပ်သူ မျိုးစုံ နဲ့ ကျယ်ကျယ်လောင်လောင်တွေ အော်နေကြပါတယ် ။ ဘဏ်များကလည်း ဆင်ဖမ်းမယ် ကျားဖမ်းမယ် နိုင်ငံခြားငွေ လဲလှယ်နုန်းသတ်မှတ်ပြီးပါက Payment Union Card တွေ အသုံးပြုသွားမယ်နဲ့ မစားရ ဝမခန်းတွေ ဂျာနယ်တွေမှာ ဖော်ပြနေပါတယ် ။

အဲ့ဒီလိုဘဲ ငွေလဲ ကောင်တာ တွေဖွင့်ခွင့် ပေးလိုက်တယ် ဆိုတုန်းကလည်း ငွေလဲမှုတွေ ဘယ်လိုု အဆင်ပြေ လွယ်ကူတော့မှာ ဘယ်လို လုံခြုံတော့မှာ စသည်ဖြင့် လူအထင်ကြီးအောင် သမ္မတ ကြီး နားဝင်ချိုအောင် ဝိုင်းဝန်း တွန်းပို့ ကြပါတယ် ။ ဘယ် ဘဏ် အရာရှိကြီးက ဘယ်လိုပြောတယ် ။ ဘယ် တိုး သမားက ဘယ်လို ပြောတယ် နဲ့ ရေးလိုက်ကြတာ ။ အမေရိကန် ဒေါ်လာ တစ်သောင်းအထိ ဘာမှ မလို လဲလို့ ရပြီတွေ ပြော။ ဘယ်နိုင်ငံ ကနေ ဘယ်လို လွှဲလို့ ရတော့မှာနဲ့ ။ အခု အမှန်တစ်ကယ် ဘာတွေဖြစ်နေလည်းဆိုတာတော့ ရေးဖို့ မေ့နေကြတယ် ထင်ပ။

ဒေါ်လာ တစ်သောင်း မပြော နဲ့ ဒေါ်လာ တစ်ထောင်တောင် လဲလို့ မရပါဘူး ။ သိမ်ဖြူလမ်း ငွေ လဲလှယ်ရေးကောင်တာ မှာ သွားလဲတော့ ကောင်တာ တစ်ခု တစ်ယောက် တစ်ရာ သာ လဲပေးပါတယ် ။ မလဲပေးတဲ့ ကောင်တာ နှစ်ခု ရှိပါတယ် ။
ကျွန်တော် ကျွန်မ တို့ ဘဏ်တွေမှာ ဒေါ်လာတွေ များနေတဲ့ အတွက် ဒီလောက်ဘဲ လဲပေးနိုင်ပါ့မယ်တဲ့ ။ ကောင်တာ နှစ်ခုကတော့ ဒီကနေ့ ဝယ်မဲ့ အရည်အတွက်ပြည့် သွားလို့ ဝမ်းနည်းပါတယ် တဲ့။ တစ်သောင်းလဲလို့ ရတယ် ဆိုတာမှန်ပေမဲ့ မဝယ်နိုင်ပါဘူး ရှင်ရယ်၊ ခင်ဗျာ တဲ့ ….ငွေလှဲကောင်တာ လဲနှုုန်းက ၈၁၅ ကျပ်ပါ ။

ဆိုတော့ …

လုပ်ပါဦး .. အပြင်ဝယ်လက် … ဟုတ်ကဲ့.. ကြိုက်သလောက် လဲနိုင်ပါတယ် ။ ဈေးနုန်းက အမေရိကန် တစ်ဒေါ်လာ ၈၀၈ ကျပ်ပါ ။ တစ်သောင်းလဲချင်လား တစ်သိန်းလဲချင်လား .. ဝဲလ်ကမ်းပါတဲ့……

ဆိုတော့ ….
ကောင်တာ က လူတွေ ဘဲ ရိုက်စားလုပ်တာလား … အပြင်မှာ လဲ ။ အပြင်လူက သူတို့ဆီမှာ ပြန်လဲ လုပ်နေတာလား …
ဘဏ်တွေမှာ တစ်ကယ်ဘဲ ငွေတွေ အိပ်နေတာလား .….. မဝယ်နိုင်တော့ဘူးလား ….( စီးပွားရေး ကျောချမ်းစရာဖြစ်မယ်ထင်ပါတယ် )..
အပြင်ဈေး အတိုင်းဘဲ လဲနိုင်မယ်ဆိုရင်လည်း အပြင် ဈေး အတိုင်း ချ လဲပါလား …

ဆိုတော့
အသံကောင်း ဟစ်နေတာတွေ ရပ်ပြီး လက်တွေ့ ကျကျု လုပ်ဆောင်ဖို့တော့ လိုနေပါသည် ။

ဆိုတာ အသံကုန် ဟစ်လိုက်ပါသည် ။ လွှတ်တော် အမတ်များ ။ ဂျာနယ်များ ကြားကြပါစေသတည်း။

7 comments

  • kai

    March 11, 2012 at 3:38 pm

    ကမ္ဘာ့ဘဏ်တို့.. IMFတို့ပါရင်တော့ တမျိုးတမည် အခြေအနေတွေထွက်မယ်ထင်တယ်..
    ယူအက်စ်က မီးစိမ်းပြထားတာမို့.. အသာလေးမျောသွားလို့ ဖြစ်နိုင်မလားပဲ…

    ခုရက်ပိုင်း..ယူအက်စ်ဒီလီဂေးရှင်း မြန်မာပြည်ရောက်မှာ…
    မြန်မာပြည်ဘဏ်က လူတွေ..အကူအညီတောင်းလိုက်ဖို့ကောင်းတယ်..ထင်မိပါတယ်..။
    ဒီလိုငွေကြးကိစ္စမျိုးတွေက.. စူပါပါဝါတွေမပါရင်မဖြစ်နိုင်တာမို့ပါ…။ 🙂

    • နွေဦး

      March 12, 2012 at 3:07 pm

      သူကြီးရယ် ..
      သူတို့ကိုယ်တိုင်က ဒီလိုလူတွေလာရင်..
      ဒီလို အကူအညီမျိုးတွေ တောင်းလို့ရမှန်း မသိသလို
      ဘာတွေတောင်းရကောင်းမှန်းမှမသိဘဲကိုး..
      သူတို့မိန်းမ ကြိုက်တဲ့ ချော့ကလက် လောက်ဘဲ တောင်းဘို့
      စိတ်ဝင်စားနေမှာ…

  • a me

    March 11, 2012 at 4:19 pm

    ဟုတ်တယ်နော်
    အဲ့ဒါ ဘာလို့လည်း မသိဘူး
    မဖြစ်သင့်ဘူး အဲ့ဒါက

  • water-melon

    March 11, 2012 at 4:20 pm

    သများတို့ကတော့ ဒေါ်လာမပြောနဲ့
    လက်ထဲ ငွေလေးတစ်ထောင်တောင် မကိုင်နိုင်လို့
    အားငယ်လိုက်တာ 😀

    • windtalker

      March 12, 2012 at 2:04 pm

      ညလေး က တစ် ထောင် လိုချင်တာတဲ့လား ကွယ် ။ ကိုကိုပေ ကူညီချင်စမ်းပါဘိ ။
      (ကိုထူးဆန်းရေ ပို ့စ်ကိုဖတ်အပြီး မမန် ့တတ်ပါသဖြင့် ၊ ဖရဲသီးကိုဘဲ ကိုထူးဆန်း ကိုယ်စား ရီပလိုင်းပေးသွားပါကြောင်း)

  • ဦးဦးပါလေရာ

    March 11, 2012 at 7:57 pm

    ဒါမျိုးဟာ အစကတည်းက မစို့မပို့သွားမလုပ်သင့်ဘူး
    သေသေချာချာ တွက်ချက်ပြင်ဆင်ပြီးလုပ်သင့်ပါတယ်။
    ကျုပ်ကတော့ ပညာရှင်မဟုတ်လို့ သိပ်မပြောလိုပါဘူး
    ဒါပေမယ့် April မှာ နှုံးရှင်နဲ့မျှောလို့ ..
    ငွေတအားကစားသွားရင်
    trader တွေ ဘယ်လိုလုပ်မလဲ
    သီးနှံသားငါးသမားတွေ ဘယ်လိုလုပ်မလဲ
    ဒီလိုမဖြစ်အောင် backup လုပ်ဘို့ ကျပ်ဘီလီယံ ဘယ်နှစ်ထောင် အသင့်ရှိသလဲ
    ဒေါ်လာ ဘယ်နှစ်ဘီလီယံ အသင့်ရှိသလဲ
    စိတ်ဝင်စားမိတယ်။

  • Yan Shin

    March 12, 2012 at 2:45 pm

    ဟုတ်ပ….
    ကျွန်တော်လည်း တစ်နေ့သွားလဲတာ
    နဲနဲပါ။
    အဲဒါ တစ်ကျပ်တန်တစ်ရွက် အနားမှာနဲနဲပြဲနေလို့တဲ့ မရဘူးတဲ့…
    ငွေတန်ဘိုးက ဒီလောက်မဟုတ်ပါဘူး မခံစားနိုင်လို့ (ရစ်မိတယ်) နဲနဲလည်း ပွက်လောရိုက်သွားတယ်။
    နောက်က အင်ချပ်မမတစ်ယောက်လာရှင်းရတဲ့အထိ။ တစ်ချို့က ဝိုင်းဩောဘာပေး…………

    ဒီငွေက အတုလားလားလို့
    ကျွန်တော်ထုတ်ထားတာမဟုတ်ဘူးနှော်လို့
    ကိုယ်ထုတ်ထားတဲ့ ကိုယ့်ငွေကို ကိုယ်ပြန်တာဝန်မယူဘူးဆိုတဲ့ နိုင်ငံတော်ကို စိတ်ကုန်လို့ပါလို့။
    ကောင်တာက ညီလေးတွေ ညီမလေးတွေကို စိတ်တိုတာမဟုတ်ပါဘူးလို့ မင်းတို့ကို ပြောတာလည်းမဟုတ်ပါဘူးလို့……

    စိတ်ကုန်လို့ စိတ်ကုန်လို့……

    ပြီးတော့ light board မှာရေးထားတာက we bye 825 တဲ့ ငွေလဲတဲ့ ကောင်တာမှာတော့
    ကျွန်ပ်တို့ဝယ်ဈေး (၈၁၇) တဲ့ ဘာတွေလဲဗျာ။

    မလည်ရှုပ်လုပ်တဲ့စနစ်က ငါတို့နိုင်ငံရဲ့စနစ်လား?

Leave a Reply