” IDIOMS ” (Drill 1)

TTNUMarch 11, 20122min39835

“Idioms ကာလဒေသအလိုက် သုံးနှုန်းပုံ၊ ဓလေ့သုံးစကား၊/ ဥပစာစကား”

(ကျမ်းကိုး။ Idiom drills by George P. McCallum 1990.)

A: Let’s go to the movies. There’s a good picture at the Roxy.
ရုပ်ရှင်သွားရအောင်၊ ရော့စီရုံမှာ ကားကောင်းတင်နေတယ်။

B: I’d like to, but I can’t. I have to study. I wasted the whole afternoon. I forgot I had to brush up on my French. Then, all of a sudden, I remembered.
သွားချင်ပါတယ်၊ ဒါပေမဲ့ သွားလို့ မရဘူး။ စာကြည့်ရဦးမယ်။ တစ်နေ့ခင်းလုံး အချိန်ဖြုန်းနေတာ။ ပြင်သစ်ဘာသာစာတွေ ပြန်နွေးရဦးမယ်။ ခုမှ ရုတ်တရက်ကြီး သတိရသွားတာ။

A: Oh, come on! We’ll be home early.
လုပ်ပါကွာ၊ တို့တွေ အစောကြီးပြန်ရောက်မှာပါ။

B: No, I’d better not. I have an exam tomorrow. I was about to study when you came in. You know how it is. If you don’t study you don’t pass.
That goes without saying.
ဟင့်အင်းကွာ၊ ငါမသွားသင့်ပါဘူး။ ငါ့မှာမနက်ဖြန်စာမေးပွဲနဲ့ကွ။ မင်းဝင်လာတုန်းက ငါ စာဖတ်မလို့လုပ်နေတာ။ ဘယ်လိုလဲဆိုတာ မင်းသိပါတယ်။ မင်းစာမဖတ်ရင် စာမေးပွဲ မအောင်ဘူးနော်။ ပြောစရာမလိုတဲ့ ကိစ္စနော်။

A: Exam? Tomorrow? Oh-oh!
စာမေးပွဲ ? မနက်ဖြန်? အမလေးလေး!

B: What’s the matter?
ဘာလဲ? ဘာဖြစ်လို့လဲ?

A: I just remembered. I have an exam, too!
ငါအခုမှ သတိရတယ်၊ ငါလည်း မနက်ဖြန်စာမေးပွဲရှိတယ်ကွ။

B: You see. We can go to the movies on Saturday.
ကဲ တွေ့ပြီလား။ တို့တွေ စနေနေ့ ကျမှ ရုပ်ရှင်သွားကြတာပေါ့။

ရှင်းလင်းချက်

(၁) brush up on something
ဖတ်ပြီးမှတ်ပြီးတစ်ခုခုကို ပြန်မှတ်မိစေရန် ပြန်နွှေးသည်။

ဥပမာ။ ။ I’m going to give a speech tomorrow, so I have to brush up on my notes.
မနက်ဖြန် မိန့်ခွန်းပြောစရာရှိတယ်၊ ဒါကြောင့် မှတ်စုတွေ ပြန်ဖတ်ပြီး နွှေးရမယ်။

(၂) all of a sudden
ဆိုင်းမဆင့် ဗုံမဆင့် ရုတ်တရက်ကြီး။

ဥပမာ။ ။It started out to be a beautiful day. Then all of a sudden, it became cloudy and began to rain.
အစမှာတော့ ရာသီဥတာသာယာနေခဲ့တာ။ ပြီးတော့မှ ရုတ်တရက်ကြီး ညိုမှောင်သွားပြီး
မိုးတွေ ရွာချတော့တာပါပဲ။

(၃) had better
လုပ်လိုက်ဖို့ကောင်းတယ်။
ဥပမာ။ ။ I’d better go now, or I’ll be late for class.
သွားမှ၊ နို့မို့ဆို အတန်းနောက်ကျနေမယ်။

(၄) be about to
တော့မဲ့ဆဲဆဲ။
Tom was about to leave when the telephone rang.
ဖုန်းမြည်တော့ တွမ်ကထွက်တော့မဲ့ဆဲဆဲပေါ့။

(၅) goes without saying.
ပြောနေစရာမလိုတော့။
Khin is an outstanding student. It goes without saying that her parents are very proud of her.
ခင်ကထူးချွန်တဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ သူ့မိဘတွေ ဂုဏ်ယူနေတယ်
ဆိုတာ ပြောနေစရာမလိုတော့ပါ။

(၆) What’s the matter?
ဘာဖြစ်တာလဲ။
What’s the matter with Ma Aye? She looks angry.
မအေးဘာဖြစ်နေတာလဲ၊ သူ့ကြည့်ရတာ စိတ်ဆိုးနေပုံပေါ်တယ်။

35 comments

  • Moe Z

    March 11, 2012 at 2:06 pm

    တီချာရေ သမီးအရင်ဆုံးရောက်တယ်နော်
    I wish I could attend your class everyday! 🙂

    • TTNU

      March 11, 2012 at 2:27 pm

      Dear Shwe Moe Zet,
      ရွှေမိုးစက်လေးရေ…
      အတန်းအစောကြီးလာတက်တဲ့ သမီးလေးကို ဆုချရမယ်။

      မိုးစက်ရေ.. တီချာဒီတစ်ခါရိုက်ရတာသိပ်အဆင်မပြေဘူး။
      Idioms တွေကို Bold, Underline တွေလုပ်ပြထားပေမဲ့
      ဒီမှာမပေါ်တော့ သင်ခန်းစာကသိပ်မပီပြင်ဘူးဖြစ်သွားတယ်ကွယ်။
      တီချာလည်းမပြင်တတ်တာနဲ့ ဒီတိုင်းတင်လိုက်တာ။

      ဖတ်လို့ မှတ်လို့ အဆင်ပြေရဲ ့လားဟင်။ ဒီတစ်ခါ Notes တွေက
      တီချာ စာအုပ်မထုတ်ရသေးဘဲ ၊ ဘာသာပြန်ရုံပဲပြန်ထားတဲ့အထဲက
      ဦးဦးဆုံးတင်လိုက်တာလေ။ ကူးထားနော်။

  • kai

    March 11, 2012 at 3:47 pm

    တီချယ်ရေ..
    ဖတ်ရင်းလေ့လာရင်း… ရသလောက် Bold, Underline လုပ်ပေးထားပါတယ်ခင်ဗျား..

    • TTNU

      March 11, 2012 at 6:57 pm

      Kai ရေ…
      ကျေးဇူးတင်လိုက်တာကွယ်။ တီချာ မူလကော်ပီရိုက်ထားတဲ့ အထဲမှာ
      Bold and underline တွေ လုပ်ပြီးသားကွဲ့။ New Post တင်လိုက်တဲ့အခါ
      ပါလာမှာပဲထင်လိုက်တာ။ ပြီးတော့ ထပ်မလုပ်တတ်တော့တာနဲ့ သိပ်စိတ်မပျော်ဘဲ
      လွှတ်လိုက်တာ။ အခု Kai ပြင်ပေးထားတာလေးတွေ့လိုက်ရတော စိတ်ကိုချမ်းသာ
      သွားတာပဲ။ ဝါးထဲကရတဲ့ မင်းသမီးလေးဝေဠုဝတီ ရဲ ့ ပုံစံမကျတဲ့ နားရွက်တွေပြင်ပေး
      လိုက်သလိုပါပဲကွယ်။

      ကျေးဇူးမြောက်များစွာဖြင့်
      တီချာနု

  • MaMa

    March 11, 2012 at 4:47 pm

    တီချာကြီးရေ- ဒီတခါတော့ စောစောစီးစီး သင်တန်းလာတက်သွားပါတယ်။
    ဖတ်ပါ မှတ်ပါ လေ့လာပါ ဆိုတဲ့ စေတနာတွေ အပြည့်နဲ့ တီချာကြီးကို ကျေးဇူးအများကြီးတင်ပါတယ်။

    • TTNU

      March 11, 2012 at 7:02 pm

      မမရေ…
      နေကောင်းလား။ ရန်ကုန်မှာ ပူအိုက်နေပြီလား။
      မန ္တလေးမှာ ပူစပြုနေပြီ။
      တီချာလည်း ဂဇက်မဝင်ဖြစ်၊ စာမရေးဖြစ်တာကြာပြီမို့
      အဆင်ပြေတာလေးတင်လိုက်တာပါ။
      အင်္ဂလိပ်စာလေ့လာသူတွေ အတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

  • မင်္ဂလာပါ တီချယ်ကြီး ခင်ဗျာ ..
    ကျနော်လည်း ရောက်တာ နောက်မကျသေးပါဘူးနော် … 😀
    မှတ်သားစရာ အီဒီယမ် တွေပါပဲဗျာ …
    အခု အီဒီယမ် တွေထဲမှာ အပေါ်ဆုံးက အီဒီယမ် လေးကို ကျနော်တော့ တော်တော်ကြိုက်မိတယ် ခင်ဗျ ..။
    Tonight, I have to brush up on my programming lessons.
    မှန်လားတော့ သိဘူးဗျ … 😀
    နမူနာအနေနဲ့ စမ်းသုံးကြည့်လိုက်တာ …။

    ခုလို ဝေမျှတာ ကျေးကျေးပါလို့ ….

    ခင်တဲ့ .. အံစာတုံး

    • inz@ghi

      March 12, 2012 at 8:06 am

      ဟမ်. ..

      ၆မျက်နှာက ပလိုဂလမ်မာ လားဗျ…
      ဘာတွေရေးတာတုန်း ….
      ဘာတွေရေးပီးသားတွေ ရှိတုန်း ….

      လုပ်ပါ …ဘစ်ဇနက်စ် ဒူးရအောင် ….
      (ပိုစ့်ပိုင်ရှင်နဲ့ သဂျီးတော့ ဆဲတော့မှာဘဲ …)

      ရောင်းစရာ ရှိရင်ပြောဗျို့ ….
      အသုံးတဲ့မယ့်ဟာလေးတွေရှိရင် ဝင်ပါ့မယ်…
      (ဇာတိပြတာ …….)

      ခိခိ
      😀

      • အယ် .. ဂီဂီ ကတော့ ..
        အနော်က နမူနာ ကြောတပါဂျ ..
        အဟီး .. သူက ဂယ်မှတ်နေတယ် .. ဟီဟိ … 😀
        အနော်က ပီအိတ်ချ်ပီနဲ့ မတောက်တလောက် ဝက်ဘ်ဆိုက်လေး တစ်ခုလောက်ကို တစ်လ ကိုးသီတင်း မပီကလာ ပီကလာ ဆောက်ရုံလောက် ပါပဲဂျ ..
        ဂယ်ဆို ဒါလည်း ကလိကြည့်မိတာပဲ …
        အနော်လုပ်ထားတဲ့ တစ်ဝက်တစ်ပျက် ဝက်ဘ်ဆိုက် ရှိဒယ် ဝယ်မလား .. 😀

        ____________________________

        တီချယ်ကြီးရေ …
        ကျနော် စမ်းရေးကြည့်လိုက်တာလေး မှန်တယ်ဆိုတော့ ပျော်ရိုက်တာဂျာ ….
        အဲဒါ နာတွ …… 😀
        ကွန်မန့်တွေ မန့်ပြီးမှ ပျောက်သွားတာတွေလည်း ဖြစ်တတ်ပါတယ် ခင်ဗျ …
        တစ်ခါက ကျနော်တောင် မန့်လိုက်၊ ပျောက်လိုက်နဲ့ .. သုံးခါလောက်ကို ထပ်ပြီး မန့်ချပစ်လိုက်တယ် …
        ဒါတောင် ချက်ချင်းကြီး မပေါ်ဘဲ နောက်တော့မှ တစ်ခုပဲ ပေါ်လာတာ ..
        အဲဒါ သဂျီးကြောင့် သိလား ……. 😀

  • pooch

    March 11, 2012 at 7:36 pm

    တီချယ်ရေ ဆွဲထားလိုက်တယ်နော်။ ဒါနဲ့မွေးနေ့နီးပြီနော် ဘာကျွေးမှာလဲ ဟင် ………
    လူစုလိုက်ရမလား ။ မစုံဖြစ်တာ ကြာတဲ့ လူတွေ ၊ မစရ မနောက်ရတာ ကြာတဲ့ အတန်းဖော်တွေ စုပြီး တခေါက်လောက်တော့ ဗရုတ်ကျချင်သေးတယ်။ 😀

    • Khin Latt

      March 13, 2012 at 4:30 am

      ကျေးဇူးပြုပြီး တီချယ်ကြီး မွေးနေ့ဘယ်နေ့ဆိုတာ တို့များ ကို အသိပေးပါ Pooch လေးရေ။ 🙂

  • yaungchikha

    March 12, 2012 at 7:53 am

    တီချယ်ကြီးရှင့်.. အတန်းတက်သွားပါတယ်နော်၊ သင်ခန်းစာတွေကူးသွားပါတယ်နော်..

  • ကြောင်ကြီး

    March 12, 2012 at 8:50 am

    Kyaung is a very handsome guy. You need to catch him up before it is too late. That goes without saying.

  • kyeemite

    March 12, 2012 at 8:54 am

    ကျေးဇူးတင်ပါတယ်တီချယ်ချင့်..
    မီးလည်းဝင်လေ့လာပီး ကူးထားလိုက်ပါတယ်။

  • TTNU

    March 12, 2012 at 9:24 am

    မဟာအံစာတုံးရေ…
    တီချာ မောင်ရင့်ကို Comment ပေးပြီးသားတော့။ ဒီနေ့ ကြည့်လိုက်တော့ မရှိတော့ဘူး။
    ဘာဖြစ်လို့လဲဟင်?
    Your sentence is correct! Brushing up on what you have learned is a good
    habit.

    စီးပွားရေးဆရာကြီး မောင်ဂီရေ…
    မဆဲပါဘူးဟဲ့၊ မဟာအံစာက သူ့သင်္ခန်းစာကို brush up on မယ်ပြောနေတုန်း
    တီချာကလည်း ပြန်မန်းတာလေ၊ all of a sudden မန်းပြီးသားတွေ ပျောက်သွားရော။
    တီချာထပ်ပြီး about to comment တော့မဲ့ ဆဲဆဲ မောင်ဂီရဲ ့ ဘစ်စနစ်ဒူးမဲ့ ကိစ္စ
    ပေါ်လာတာ။ You’d better do business with us,man. လို့ ကြံနေတုန်း
    It goes without saying, ပေါ့လေ၊ စီးပွားရေးရော၊ မာကက်တင်းရောနားမလည်တဲ့
    တီချာ့ခမျာ နားမလည်စွာနဲ့မေးလိုက်ရပါတယ် What’s the matter, Maung Gi?

    • inz@ghi

      March 12, 2012 at 10:29 pm

      Oh my dear teacher,

      I’m stupid, struggleed and shocked enough to meet the industrial standards…
      Assuming to be a smart, sext, slim, and superfantastic things…..
      Just wanna say ….. Nah..
      Matter of fact is th word we use daily and ….we used to override certain situations
      Saying … freaky… or so what? Or yabai jan?

      Start feeling that.. we need or have to define Asia2.0
      Da new era …new way of thinking and reaction…
      So what? Confucius and Plato are in same level…..

      Dun need a differentiation between them
      Just need a harmonic melody…
      Cheers big big teacher…..
      We gonna help as much as we can for define Myanmar 2.0

      With love
      😀

      Yo thay swar phyint

      (mm font ma shi lo khwint hlot say lo par kyaung)

  • TTNU

    March 12, 2012 at 9:35 am

    Pooch ရေ…
    မွေးနေ့ဒီမှာဆွမ်းလောင်းဖြစ်မလားပဲ။
    မွေးနေ့မှ မဟုတ်ပါဘူး၊ ဘယ်ရက်လာလာရပါတယ်။
    ီDiscussion တန်းက Juniors တွေက မမကိုမျှော်နေကြတယ်လေ။

    ရောင်ခြည်ခ ရေ…
    Notes တွေကူးသွားပြီဆိုလို့ ဝမ်းသာပါတယ်။ အသုံးဝင်မယ်ဆိုရင်
    ပိုဝမ်းသာပါတယ်ကွယ်။

    Ko Gyi Kyaung,
    It goes without saying that you are a nice guy. Your shaking head
    says that you are always alert. The colour of your body expresses
    that you are clean.

    ကိုကြီးမိုက်ရေ…
    ကျားနော်။ ဂဇက်Member စာရင်းထဲမှာ ပါပြီးသား။

  • Shwe Tike Soe

    March 12, 2012 at 1:03 pm

    တီချယ် ကျွန်တော် ရွှေတိုက်စိုးလဲ အတန်းလာတက်သွားပါတယ်… အလုပ်တွေပိနေတဲ့ကြားက လာတက်တာပါ တီချယ်..
    ကျွန်တော် မန်းလေးရောက်တုန်း တီချယ်နဲ. တွေ.ချင်တာကို လေးပေါက်ကြီးက လိုက်မပို.ဘူးသိလား…
    မင်းမသွားနဲ.တဲ့ တီချယ်မအားဘူးတဲ့…. 🙁
    အဲဒါ လေးပေါက်ကို နဲနဲ တီးပေးလိုက်ပါ တီချယ်.. 😀

  • ahnyartamar

    March 12, 2012 at 1:45 pm

    Thank you so much Teacher.
    I can see many idioms books in the market, but when i read (self study) many idioms from book, i could not understand all. Teacher, please keep on post the idioms day after day so we can read & learn slowly.
    By the way teacher, please post the useful slang & do forgive me my poor comments & request by English.

  • Khaing Khaing

    March 12, 2012 at 2:53 pm

    ဆရာမနု ….. သူများတွေခေါ်သလိုပဲခေါ်မယ်နော်….. လိုတာရှိရင် သုံးရအောင် စာဖတ်ခန်းထဲသို့ ကူးယူသွားပါတယ်……….

  • tree

    March 12, 2012 at 8:29 pm

    ကူးသွားပါကြောင်း

  • TTNU

    March 12, 2012 at 10:07 pm

    Eipuရေ.. စာတွေကူးပြီးဖတ်နော်။

    ရွှေတိုက်စိုးရေ…
    ကိုပေါက်က တီချာအတန်းမအားတာပြောတာထင်တယ်။ ဒီတစ်ခါဝင်လာခဲ့နော်။
    တီချာဧည့်သည်တွေနယ်ကရောက်နေလို့ ကိုပေါက်ကအားနာလို့နေမှာ။

    အညာတမာရေ..
    အင်္ဂလိပ်စာဝါသနာပါတာလား။ မှန်မှန်ဖတ်သွားနော်။ Idioms တွေက သုံးနေမကျရင်
    စိတ်ထဲမစွဲဘူးပေါ့။ ဥပမာဝါကျလေးတွေ နဲ့ တွဲမှတ်သွားနော်။

    ခိုင်ခိုင်ရေ..
    ကူးပြီးအသုံးဝင်ရင် ဝမ်းသာပါတယ်တော်။

    Tree ရေ..
    ကူးပါ၊ မှတ်ပါနော်။

  • ရွှေတိုက်စုးိ မင်း ပါးနုံမှန် အခုမှသိတယ်ကွဲ့။
    ငါခေါ်လို့မင်းမလိုက်ရင်တော့
    မင်းငါ့လက်ရာလေး မြည်းရမှာပေါ့ကွယ်…………………………..
    ဗေပုံထီပုံထီ…………….

    • Shwe Tike Soe

      March 13, 2012 at 8:56 am

      ဟိဟိ လေးပေါက်ကြီးကလဲ အရကား ချတာပါဂျာ.. ဟဲဟဲဟဲ
      လေးပေါက်လဲ သများကို ဖွတာပဲနော်… ဟွန်.

  • Khin Latt

    March 13, 2012 at 4:25 am

    တီချယ်ကြီးရှင့်

    မှန်တာကို အရိုးသားဆုံး ဝန်ခံရရင် မလတ်မှာ ပြောချင်ရက်နဲ့ ဘာမှန်းမသိလို့ အင်္ဂလိပ်လို အဆင့်မြင့်မြင့် မပြောနိုင်တာတွေ အများကြီးဘဲ။
    တစ်ချို့ဟာတွေ က ရိုးရိုးကြီးတဲ့တိုး ပြောလိုက်ရတာ သိပ်မကောင်းဘူးပေါ့။
    အခု တီချယ်ကြီး သင်ထားတာ တွေ ဖတ်ရင်း တကဲ့ကို အသုံးဝင် တဲ့ စာလုံးတွေ အများကြီး ရရလာပြီ။
    လက်တွေ့မှာ တကယ်သုံး မှာဖြစ်ကြောင်း အာမခံပါတယ် ရှင့်။

    အခုတောင် စာတစ်ကြောင်း ကို သုံးပြလိုက်ဦးမယ်။
    Exam? Tomorrow? Oh-oh!
    စာမေးပွဲ ဆိုကြောက် ကြောက် :-/ 😛

    တီချယ်ကြီး ဥပမာ စာတစ်ကြောင်း ကိုလဲ ပြုံးပြုံးကြီး လုပ်ရင်း ဖတ်သွားပါတယ်။
    Khin is an outstanding student.
    မလတ်ကို အလုပ်မှာ “ခင်” လို့ သုံးကြတယ်။ ဟိဟိ 😉

    တီချယ်ကြီး ရဲ့ တကဲ့ အပြင်အတန်းမှာ လာတက်ချင်စမ်းပါဘိတော့တယ်။
    ပျော်စရာကောင်းလိုက်မဲ့ ဖြစ်ခြင်းနော်။
    တီချယ်ကြီး ကြည့်ရတာလဲ အရမ်းချစ်စရာကောင်းမဲ့ ပုံဘဲ။
    မလတ် တစ်ယောက် တီချယ်ကြီး ပေးတဲ့ သင်ခန်းစာ တိုင်းကို တကဲ့ လက်တွေ့မှာ ကြုံတိုင်းကို သတိတရ အသုံးချနေပါတယ်။
    အဲဒါတွေဟာ အမြဲတမ်း awesome ပါဘဲ။
    တီချယ်ကြီး မလတ်တို့ကို ပေးတဲ့ အချိန်တွေ အလဟသ မဖြစ်စေရပါဘူးရှင့်။ 🙂

    • TTNU

      March 13, 2012 at 9:41 pm

      မလတ်ရေ…
      ခင်ဆိုတဲ့ အမည်ကိုတီချာလည်းကြိုက်တယ်။
      တီချာ့အဖေ့နာမည်က ဦးခင် တဲ့။ 😛

      “တီချယ်ကြီး မလတ်တို့ကို ပေးတဲ့ အချိန်တွေ အလဟသ မဖြစ်စေရပါဘူးရှင့်။”
      ဆိုတဲ့ဝါကျလေးတစ်ကြောင်းနဲ့တင် ရေးရကျိုးနပ်ပါပြီတော်။

      • TTNU

        March 13, 2012 at 9:44 pm

        ခင်ရေ…
        မေ့သွားလို့၊ I chose your comment as a best one.
        My birthday is on the 17th of March! 🙄

  • water-melon

    March 13, 2012 at 8:04 am

    ဆရာမကြီး ချင့်
    သားသားဖရဲလေးလဲ အတန်းလာတက်ပါတယ်
    နောက်ဆိုရင်လဲ သင်ပေးပါအုန်း
    သားက အင်္ဂလိပ်စာကို ကြောက်တယ်။

  • etone

    March 13, 2012 at 9:33 am

    တီချယ်ရေ …
    သူများတွေ သင်တန်းတက်နေတုန်း etone တို့ ရွာလည်ကောင်းနေတာ …. အခုမှ … အတန်းနောက်ဆုံးက … တိတ်တိတ်လေးဝင်လာပြီး …. လွတ်သွားတဲ့ လက်ချာတွေ … အမှီ လိုက်ကူးနေရပါတယ် 😀

    ကိုယ်တတ်ထားတဲ့ ပညာနဲ့ … ရွာကြီး စည်ကားအောင် ၊ ရွာသူ ရွာသားတွေ ဗဟုသုတကြွယ်ဝအောင် အင်္ဂလိပ်စာ အရည်သွေးမြင့်တက်အောင် တဖက်တလမ်းက .. ကြိုးစားပေးနေတဲ့ တီချယ်ကြီးရဲ့ အကျိုးပြုပို့စ်လေးတွေကို …. အထူးပင် နှစ်သက်မိပါတယ် … နောင်လည်း … ဒီလို ပို့စ်မျိုး .. များများ တွေ့ပါရစေ တီချယ်ကြီးရေ … ။ စေတနာနဲ့ တင်ပေး ၊ ရေးပေးတာလည်း … ကျေးဇူးပါနော် ။

  • TTNU

    March 13, 2012 at 9:56 pm

    ဖရဲရေ…
    မန ္တလေးကလားဟင်။
    ကိုပေါက်နဲ့လာမယ်ဆိုပြီး မလာဖြစ်တာမင်းလားဟင်။

    အိတုန်လေးရေ…
    နေကောင်းလား။ တီချာတို့ မဆုံဖြစ်တာကြာပြီနော်။
    အလှူတုန်းကပုံတွေထဲမှာတွေ့လိုက်တယ်။ သမီးကချောတယ်။

  • Mလုလင်

    March 13, 2012 at 11:21 pm

    တီချာ ကြီးရေ .. ကျွန်တော် တော့ ကျောင်းခေါ်ချိန် 75 % မှ ပြည့်ပါ့မလား ပဲ။ ရှုပ်နေတဲ့ အလုပ်တွေကို အကြောင်းပြပြီး .. အတန်းလစ် .. နေပေမယ့်။ copy တော့ ကူးထားဖြစ်ပါတယ် တီချာကြီးရေ …

  • padonmar

    March 14, 2012 at 3:56 am

    တီချာကြီး
    ကျောင်းတက်သွားပါတယ်။
    I also have to brush up on English lessons you had taught on MG pages.
    It goes without saying that your lessons are very useful for us.

  • blackchaw

    March 14, 2012 at 3:22 pm

    တီချာကြီးရေ။
    ဒီရက်ပိုင်း အလုပ်တွေပိနေလို့
    အတန်းတက်ချိန် နောက်ကျသွားပါတယ်။
    ထုံးစံအတိုင်းပါပဲ လက်မလေးတစ်ချောင်းထောင်ပြီး
    မန်မိုရီစတစ်ထဲ ထည့်သွားပါတယ်ခင်ဗျာ။
    ကျေးဇူးပါ။
    :mrgreen:

Leave a Reply