လက်တွဲခဲ့လည်းမာယားတွေမှန်း

သိရက်နဲ့ပဲ ငါပျော်ရွှင်နေခဲ့တယ်

ကမ္ဘာကြီးပေါ်မှာ

အမိုက်မဲဆုံးသူလို့ ဆိုစေဦးတော့

အချစ်အတွက်အသက်ကိုစွန့်ရဲတယ်

နောက်ဆုံး

မင်းပျော်ရွှင်ဖို့အတွက်

ငါ့ကိုအသုံးချသွားလည်း

ငါကျေနပ်တယ်

ဒါပေမယ့်

ချစ်တာအပြစ်ဆိုပြီး

နှလုံးသားကိုခုံရုံးတင်စစ်ဆေး

သက်သေအခိုင်အလုံနဲ့စွဲချက်တင်

ပုဒ်မ 1500 အရ

ပြစ်ဒဏ်ချမှတ်လို့

ချစ်ခြင်းဆိုတဲ့အမှု့နဲ့

အမုန်းထောင်ထဲ

တစ်သက်တစ်ကျွန်းကျပြီး

တစ်ဖက်သက်နဲ့

အလွမ်းရက်တွေရှည်ခဲ့လည်း

`ငါကျေနပ်ပါတယ်´ချစ်သူရယ်။………

 

လမင်း

About lulinmg

has written 31 post in this Website..