အခုနေ ကျွန်တော်တို့ကို လူတစ်ယောက်က ငွေတစ်သောင်း ချေးဌားဖို့
တောင်းဆိုမယ် ဆိုပါတော့…

ခင်ဗျာရဲ့ငွေ တစ်သောင်းကိုနောက်ဘ၀ကျမှ ပြန်ဆပ်မယ်ဆိုရင် ကျွန်တော်တို့ ပေးချေးမလား?..

ပေးမချေးဘူးဆိုရင် ဘ၀ပြတ်တယ်လို့ ယူဆတဲ့ အတွက် ဥစ္စေဒ ဒိဌိလို့ခေါ်တယ်…

ပေးချေးမယ်ဆိုရင် ဆက်နေတဲ့အတွက် သဿတ ဒိဌိလို့ခေါ်တယ်…ဒါဆိုရင်နား မလည်နိုင်စရာဘဲနော်…

ဘုရားက ဒီဒိဌိတွေက လွတ်ဖို့ ဟောခဲ့တယ်…ကျွန်တော်တို့ ကတော့ ရှေ့နောက်၊ အပေါ်အောက် အတွက်နဲ့ ပင်ပန်းနေကြတယ်..

ပစ္စည်းဥစ္စာတွေ ထားခဲ့ရင် သားသမီးတွေရန်ဖြစ်ရုံဘဲ…
သံသရာအတွက် ရိက္ခာ အထုပ်ပါအောင်၊ ငါ့အတွက်ပါအောင်၊ နောက်ဘ၀ ကောင်းကောင်းနေရအောင်ဆိုးပြီး ပုံအောပြီး လှူနေကြတာ ….ဘာဒိဌိနဲ့လှူတယ်ထင်လဲ?….

ဒီဘ၀မှာ ရှိနေတဲ့ ကိုယ့်ရဲ့အမျိုးသမီး တစ်ယောက်ကို ခွဲခွါဖို့တောင်မှ ခပ်ခက်ခက်ဖြစ်နေတာ… နောက်ဘ၀အတွက် တဖက်လျှင် နတ်သမီး ငါးရာဆိုတာ..စဉ်းစားစရာဘဲ…

ကိုယ်လှူတာ တကယ်ရော ဘာအကျိုးကြည့်ပြီးလှူနေကြတာလဲ။ အမျှော်၊အကြောက်ကလွတ်တဲ့ အလှူလား?..

ဘုရားကို ကောသလ္လမင်းကြီးကမေးတာ ဘယ်သူ့ကို လှူရင်ကောင်းမလဲလို့မေးတော့ ဘုရားက ကိုချစ်တဲ့လူကို လှူရင်ကောင်းတာပေါ့…နောက်တော့ကောသလ္လမင်းကြီးက သူမေးပုံမဟုတ်လို့ ဘယ်သူ့ကိုလှူရင် အကျိုးများမလဲလို့ပြန်းမေးတယ်.ဘုရားကဥပမာလေးပေးလိုက်တယ်.

အရှင်မင်းကြီးတိုက်ပွဲထွက်ဖို့ လေးအတတ်ပညာတတ်တဲ့လူ လိုမယ်ဆိုပါတော့..

အဲဒီအချိန် လေးအတတ်မကျွမ်းကျင်တဲ့ မင်းသားကိုခန့်မလားလို့မေးရာ…ကောသလ္လဘုရင်က ဘယ်ခန့်မလဲဘုရား ဘာဖြစ်လည်းဆိုတော့ တပည့်တော် လစာပေးပြီး သူဆီက လေးအတတ်ပညာတောင်ပြန်မရဘဲ ခန့်လိုက်ရင် တပည့်တော် တိုက်ပွဲရှုံးမှာပေါ့ဘုရား။

ဒါဆို မင်းသားမဟုတ်ချင်နေပါစေ လေးအတတ်ပညာတတ်ရင်တော့ သူတောင်းစားလည်း ခန့်မှာပေါ့နော်…

ဒါပေါ့ဘုရား သူ့ကိုလစာ လည်းပေးရတယ်..သူ့ဆီက လေးအတတ်ပညာရတော့ တိုက်ပွဲမှာ အောင်နိုင်တာပေါ့..

ဒီလောက်ဆိုရင် ဘုရားဟောတဲ့ ဒါနကိုတော့ ရိပ်စားမိလောက်ပါပြီနော်….

လှူလိုက်လို့ အကျိုးရတယ်ဆိုတာ ကနေ့ဘာဖြစ်လို့ ဒို့နိုင်ငံ ကလူတွေဆင်းရဲနေကြလဲ?..

တခြားဘုရားဟောတဲ့ ဒါနကိုလည်း သေချာလေ့လာကြည့်ပြီး မလှူဖို့ ကန့်ကွက်နေတာ မဟုတ်…ဘယ်နေရာမှာ လှူရင် လူတွေအတွက် အကျိုးပိုများလဲ?..လှူလိုက်လို့ ဒို့အတွက် ဘာ အသိတရားပြန်ရလဲ ဆိုတာ စဉ်းစားဖို့ပါ…

About Ko out of...

Ko out of... has written 91 post in this Website..