ငွေတစ်သောင်း ပေးချေးလို့ရမလား?…

Ko out of...March 11, 20121min11610

အခုနေ ကျွန်တော်တို့ကို လူတစ်ယောက်က ငွေတစ်သောင်း ချေးဌားဖို့
တောင်းဆိုမယ် ဆိုပါတော့…

ခင်ဗျာရဲ့ငွေ တစ်သောင်းကိုနောက်ဘဝကျမှ ပြန်ဆပ်မယ်ဆိုရင် ကျွန်တော်တို့ ပေးချေးမလား?..

ပေးမချေးဘူးဆိုရင် ဘဝပြတ်တယ်လို့ ယူဆတဲ့ အတွက် ဥစ္စေဒ ဒိဌိလို့ခေါ်တယ်…

ပေးချေးမယ်ဆိုရင် ဆက်နေတဲ့အတွက် သဿတ ဒိဌိလို့ခေါ်တယ်…ဒါဆိုရင်နား မလည်နိုင်စရာဘဲနော်…

ဘုရားက ဒီဒိဌိတွေက လွတ်ဖို့ ဟောခဲ့တယ်…ကျွန်တော်တို့ ကတော့ ရှေ့နောက်၊ အပေါ်အောက် အတွက်နဲ့ ပင်ပန်းနေကြတယ်..

ပစ္စည်းဥစ္စာတွေ ထားခဲ့ရင် သားသမီးတွေရန်ဖြစ်ရုံဘဲ…
သံသရာအတွက် ရိက္ခာ အထုပ်ပါအောင်၊ ငါ့အတွက်ပါအောင်၊ နောက်ဘဝ ကောင်းကောင်းနေရအောင်ဆိုးပြီး ပုံအောပြီး လှူနေကြတာ ….ဘာဒိဌိနဲ့လှူတယ်ထင်လဲ?….

ဒီဘဝမှာ ရှိနေတဲ့ ကိုယ့်ရဲ့အမျိုးသမီး တစ်ယောက်ကို ခွဲခွါဖို့တောင်မှ ခပ်ခက်ခက်ဖြစ်နေတာ… နောက်ဘဝအတွက် တဖက်လျျှင် နတ်သမီး ငါးရာဆိုတာ..စဉ်းစားစရာဘဲ…

ကိုယ်လှူတာ တကယ်ရော ဘာအကျိုးကြည့်ပြီးလှူနေကြတာလဲ။ အမျှော်၊အကြောက်ကလွတ်တဲ့ အလှူလား?..

ဘုရားကို ကောသလ္လမင်းကြီးကမေးတာ ဘယ်သူ့ကို လှူရင်ကောင်းမလဲလို့မေးတော့ ဘုရားက ကိုချစ်တဲ့လူကို လှူရင်ကောင်းတာပေါ့…နောက်တော့ကောသလ္လမင်းကြီးက သူမေးပုံမဟုတ်လို့ ဘယ်သူ့ကိုလှူရင် အကျိုးများမလဲလို့ပြန်းမေးတယ်.ဘုရားကဥပမာလေးပေးလိုက်တယ်.

အရှင်မင်းကြီးတိုက်ပွဲထွက်ဖို့ လေးအတတ်ပညာတတ်တဲ့လူ လိုမယ်ဆိုပါတော့..

အဲဒီအချိန် လေးအတတ်မကျွမ်းကျင်တဲ့ မင်းသားကိုခန့်မလားလို့မေးရာ…ကောသလ္လဘုရင်က ဘယ်ခန့်မလဲဘုရား ဘာဖြစ်လည်းဆိုတော့ တပည့်တော် လစာပေးပြီး သူဆီက လေးအတတ်ပညာတောင်ပြန်မရဘဲ ခန့်လိုက်ရင် တပည့်တော် တိုက်ပွဲရှုံးမှာပေါ့ဘုရား။

ဒါဆို မင်းသားမဟုတ်ချင်နေပါစေ လေးအတတ်ပညာတတ်ရင်တော့ သူတောင်းစားလည်း ခန့်မှာပေါ့နော်…

ဒါပေါ့ဘုရား သူ့ကိုလစာ လည်းပေးရတယ်..သူ့ဆီက လေးအတတ်ပညာရတော့ တိုက်ပွဲမှာ အောင်နိုင်တာပေါ့..

ဒီလောက်ဆိုရင် ဘုရားဟောတဲ့ ဒါနကိုတော့ ရိ်ပ်စားမိလောက်ပါပြီနော်….

လှူလိုက်လို့ အကျိုးရတယ်ဆိုတာ ကနေ့ဘာဖြစ်လို့ ဒို့နိုင်ငံ ကလူတွေဆင်းရဲနေကြလဲ?..

တခြားဘုရားဟောတဲ့ ဒါနကိုလည်း သေချာလေ့လာကြည့်ပြီး မလှူဖို့ ကန့်ကွက်နေတာ မဟုတ်…ဘယ်နေရာမှာ လှူရင် လူတွေအတွက် အကျိုးပိုများလဲ?..လှူလိုက်လို့ ဒို့အတွက် ဘာ အသိတရားပြန်ရလဲ ဆိုတာ စဉ်းစားဖို့ပါ…

10 comments

  • water-melon

    March 11, 2012 at 4:49 pm

    နည်းနည်းလှူလှူ များများလှူလှူ စိတ်စေတနာအစစ် လှူသာလျှင် အမြတ်ဆုံးထင်ပါတယ်
    အများကြီးလှူပြီး ကုသို်ဟ်မယူတတ်ရင်လည်း မကောင်းဘူးလေ
    နည်းနည်းလှူပြီး ကုသိုဟ်ရတဲ့သူတွေလည်း အများကြီးပါ

    • MaMa

      March 11, 2012 at 5:12 pm

      ဖရဲသီးကို ထောက်ခံပါတယ်။
      လှူတယ်ဆိုကတည်းက ကိုယ်ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းကို ပေးစွန့်ရတာမို့ ဒါန ဆိုတာ ပါသွားပါပြီ။
      အဲဒီဒါန နောက်မှာမှ အကျိုးမျှော်တာ မမျှော်တာတွေ ဆက်လာမှာပါ။
      ဥပမာပေးရရင်- အလှူပေးတယ်ဆိုတာ စာမေးပွဲအောင်တာ။
      အကျိုးမျှော်ပြီး လှူရင် ရိုးရိုးအောင်တယ် ပေ့ါ။
      ရမယ့် အကျိုးကိုမမျှော်ပဲ အလှူခံပုဂ္ဂိုလ် ချမ်းသာစေလိုလို့လှူတဲ့ ပါရမီမြောက်ကုသိုလ်ဆိုရင်တော့ ဂုဏ်ထူးထွက်တယ် ပေ့ါ။
      အနည်းဆုံး စာမေးပွဲလေးတော့ အောင်ထားတာ ပိုမကောင်းဘူးလား။

  • နေဝန်းနီ

    March 11, 2012 at 8:57 pm

    ကွယ်………. တစ်ခါတစ်လေ….. လ္ဘက်ရည် တောင်မှနပ်ကျော်နေတဲ့ဘဝ စက်ဘီးစုတ်းလေးပေါက်ရင်တောင် သူငယ်ချင်းဆိုင်မှာ အကြွေးဖာလိုက်ရတဲ့ ဘဝ ဘယ်လိုလုပ်ပြီး တစ်သောင်းက ချေးလို့ရမလဲနော်…။ တစ်ခြားတစ်ယောက်ဆီ သွားချေးကွာ နော သယ်ရင်းးးးး

  • siamonone

    March 11, 2012 at 9:33 pm

    ဟိုက် .. သူပြောလိုက်မှ ရှင်း နေတာဘဲ .. Ko out of ..
    ဟီး . မိုက်တယ် ..

  • aye.kk

    March 11, 2012 at 9:58 pm

    “ဆဋ္ဌင်္ဂဒါန”
    အလှူရှင်ဘက်ကအင်္ဂါ၃ပါး၊လှူမယ်ကြံရင်မလှူခင်
    အလှူအကြောင်းကိုဆင်ခြင်ပြီးဝမ်းပန်းတသာဖြစ်အောင်ပြုပြင်ပါ။
    ငါလှူဒါန်းတဲ့ဒါနဟာ၊သံသရာခရီးသည်ငါ့အတွက်ကောင်းမြတ်တဲ့ရိက္ခာတထုတ်ဖြစ်ပါတယ်။
    နတ်ပြည်ရောက်ကြောင်းလမ်းကောင်းဖြစ်ပါတယ်၊ဘုရားပစ္စေက
    ဗုဒ္ဓအရိယာဖြစ်ကြောင်းကောင်းမြတ်တဲ့ပါရမီတပါးလည်းဖြစ်ကြောင်းလို့ဆင်ခြေပေးရမယ်။

  • Shwe Tike Soe

    March 12, 2012 at 9:32 am

    ဟုတ်ပါတယ် ဗျာ.. ကိုအောက်အော့ ကြီးကို အားပေးပါတယ်… အလှူဆိုတာ လိုတဲ့နေရာမှာလှူ တာ ပိုအကျိုးရှိပါတယ်..
    ရှေ.ဘဝကောင်းစားမယ် နောက်ဘဝ ချမ်းသာဖို. လှူတာတွေ ထက် အခုလှူလိုက်လို. အလှူခံရတဲ့ ပုဂ္ဂိုလ် ရဲ. လိုအင်ဆန္ဒပြည့်ဝမှု ကြည်နူးမှု အားလုံး လှူတဲ့ လူ ဆီ ကူးဆက်လာတာပါပဲ… ကျွန်တော်တော့ အဲလို မြင်တယ်…

  • kyeemite

    March 12, 2012 at 11:51 am

    ရမယ့် အကျိုးကိုမမျှော်ပဲ အလှူခံပုဂ္ဂိုလ် ချမ်းသာစေလိုလို့လှူတဲ့
    အလှူမျိုး အမြဲဖြစ်အောင်ကျိုးစားလှူလေ့ ရှိပါတယ်..
    ကိုအောက်အော့ကပြောတယ်..“.လှူလိုက်လို့ ဒို့အတွက် ဘာ အသိတရားပြန်ရလဲ
    ဆိုတာ စဉ်းစားဖို့ပါ…”တဲ့
    လှူလို့ ကိုယ်အတွက် ဘာမှမရလည်း အလှူခံပုဂ္ဂိုလ်တွေမှာ အကျိုးဖြစ်ထွန်း
    မယ်ဆို ကျုပ်ကလှူမှာဘဲ…အကျိုးလိုလို့ညောင်ရေလောင်းတာမဟုတ်ဘူး
    ညောင်ပင်ရှင်သန်ဘို့အတွက်သာရေလောင်းတာပါ။

    • Ko out of...

      March 12, 2012 at 12:22 pm

      ရေလောင်းတယ်ဆိုတာ အပင်တွေရှင်သန်ဖို့၊ အသီးသီးဖို့ ဆိုတဲ့ အကျိုးကိုမြင်ပြီးလောင်းရမှာပေါ့…

      အနည်းဆုံး ကိုယ်စိုက်လိုက်တဲ့ ဥယျာဉ်ခြံမြေတွေဆိုတာ တောင်မှဘဲ အကျိုးတခုခုကို မြင်ပြီး လုပ်တာဖြစ်ရမှာပါ… လူဟာ လုပ်စရာ အလုပ်တွေကို အသက်ရှင်ကာလ အတွင်းမှာ အကုန်လုံး တစ်ယောက်တည်း မလုပ်နိုင်ပါဘူး.. သူမလုပ်နိုင်တာ ကိုယ်ကလုပ်ရသလို .. ကိုယ်မလုပ်နိုင်တာကို လည်း သူလုပ်ရပါတယ်…ဒါကြောင့် လောက လူသားတွေ အားလုံးကို တစ်သားတည်း မြင်ရမယ်…

      အနောက်နိုင်ငံကလူတွေ ကား၊လေယာဉ်ပျံတွေ ထုတ်လုပ်တာ ကျွန်တော်တို့ အတွက်လည်းပါ သလို ..ကျွန်တော်တိုထုတ်လုပ်လိုက်တဲ့ အသီးအနှံတွေဆိုတာလည်း သူတို့ အတွက်ပါတယ်.. လူသားအလုံးဟာ တစ်သားတည်းဖြစ်ဖို့ ဘုရားက အဲလိုသင်ပေးတယ် လို့ သဘောပေါက်မိပါတယ်…

      အလှူခံ ပုဂိ္ဂုလ်ဆိုတာ လယ်ယာမြေကောင်းသဖွယ်ဆိုရင် .. အခုအပင်စိုက်လိုက်လို့ အပင်ပေါက်ရပါတယ်… နောက်ဘဝမှ အပင်ပေါက်တယ်ဆိုရင် တရားဂုဏ်တော်နဲ့လွဲနေပါတယ်…ဒါအထင်နဲ့ လုပ်တာဖြစ်ပါတယ်.. ဘုရားတရားဟာ အမြင် တက္ကဝါစရောပါ..ဓိဋ္ဌဓမ္မ တရားပါ.. အတက္ကဝါစရော(အထင်တရားမျိုးမဟုတ်ပါဘူး…

  • Ko out of...

    March 12, 2012 at 12:03 pm

    Shwe Tike Soe ပြောတာ သိပ်မှန်တာပေါ့..

    ကျွန်တော်တို့ ဒကာ/မ ဖြစ်တဲ့လူတွေ ဆိုတာ ပစ္စယနုဂ္ဂဟ ပစ္စည်းကိုထောက်ပံ့သူဖြစ်ရင် အလှူခံပုဂိ္ဂုလ်တွေဆိုတာ ဓမ္မနုဂ္ဂဟ တရားဆောင်သူတွေပေါ့.. သူတို့ အသိက ကျွန်တော်တို့ ကိုကူးဆက်ပေးနိုင်ရမယ်..ကျွန်တော်တို့ လှူလိုက်တာလည်း အလကားမဟုတ်ဘူး.. အသိတွေဆက်လက်ဖြန့်ဝေလို့ ရအောင် အားအင်တွေဖြစ်စေရမယ်…လာသ၊သကာယ၊သိလောက အတွက်မဟုတ်ဘူး.. လောကလူသားတွေကိုအစဉ်သနားဖို့၊ စောင့်ရှောက်ဖို့ သူတို့ရဲ့ အကျိုးစီးပွါးဖြစ်ဖို့ အလုပ်လုပ် တာဖြစ်ရမယ်… တာဝန်ကိုယ်ဆီပေါ့…

    တနည်းအား ဖြင့်…သံပုရာဖျော်ရည်လိုပေါ့… ရေ၊သကြား၊သံပုရာတွေက တခြားစီ မဖြစ်ရဘူး..တသားတည်းဖြစ်နေရမယ်…..

  • a me

    March 12, 2012 at 5:13 pm

    ကို့စေ တနာပေါ့နော်

Leave a Reply