1 ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်(အဖြူအမဲနဲ့ရိုက်ကြည့်တာပါ)

2 တောင်သမန်တံတားအဖြူအမဲ့( ရှေးရှေးတုန်းကလိုပေါ့ခံစားကြည့်တာပါ)

2 နံနက်ခင်းခရီးသွား နားနားနေနေ

3 နေထွက်ပေါ်လာကာစ ဦးပိန်တံတားအောက်က နေ အကြည့်

4 တံတားအောက်ကမြင်ရတဲ့ တောင်သမန်က အလွမ်းသစ်ပင်ညီနောင်

5 တောင်သမန်နဲ့ဦးပိန် ပန်းချီကားလို့ထင်ရလောက်အောင်လှပ(အနော်ရိုက်တာလေ)

6 နံနက်ခင်းလင်းလက် စိုလွင်တောက်ပသောရောင်စဉ်များနဲ့ ဦးပိန်

7 စိမ်းရောင်စို တောင်သမန်အနောက်ဘက်မြင်ကွင်း

9 သဘာဝမော်ဒယ် တောင်သမန်မင်းသားကြီး

10 ဦးပိန် မမြင်ဘူးလောက်တဲ့ မြင်ကွင်း

11 ဒါလဲ အမြင်ဆန်းတာပါဘဲ

12 ရူ့မဆုံးသော မြင်ကွင်း လှတပတ

14 အလှခြင်း ပြှို်င် သူနိုင်ကိုယ်နိုင်

15 ကြည့်ရင်းကြည့်ရင်းကနေ ကျနော်ပါ အဝေးကိုလွင့်သွားပါတယ်။

           “အထူးအချိန်မှာမြင်ရတဲ့ ဦးပိန်”

 

အမှန်တိုင်းပြောရရင် ဦးပိန်တံတားအောက်ကို ကျော်ပြီး သစ်ပင်တွေဘက်ကို

အရင်ကမရောက်ဘူးပါဘူး။

မနှစ်သင်္ကြန်တတွင်းလုံး တောင်သမန်မှာရှိပေမယ့် ဒီဘက်ကိုမရောက်ခဲ့ပါဘူး။

တံတားအောက်ကိုရောက်ပေမယ့်လဲ သစ်ပင်ကြီးနားထိမသွား။

ဒီနေ့ကတော့ တံတားအောက်မှလဲရေမရှိ.။

လူကလဲရှင်းတော့ ဓါတ်ပုံရိုက်ဘို့အခါအခွင့်အကောင်းဆုံးပါဘဲ။

အဲဒါနဲ့ဆိုင်ကယ်ကိုတံတားအောက်ကနေစီးပြီးသစ်ပင်ကြီးနားမှာရပ်လိုက်ပါတယ်။

အရှေ့ဘက်ကောင်းကင်ကိုလှမ်းကြည့်လိုက်တော့ နေနည်းနည်းမြင့်နေပါပြီ။

ဒါပေမယ့် အနီရဲရဲ။

အဲဒီအချိန်လှေကလေးက တံတားအောက်အဖြတ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

နောက်တော့ လဲ ဟိုနားကရိုက်လဲလှ ဒီနားကရိုက်လဲလှ ဆိုတော့

ထိုင်ရက် ထရိုက် လှဲရိုက် ရိုက်နည်းပေါင်းစုံနဲ့ရိုက်လိုက်တာ

ဘေးလူကြည့်ရင်တော့ ရူးနေတယ်ထင်လောက်ပါတယ်။

ဖြစ်ချင်တော့ကင်မရာထဲမှာ အဖြူအမဲရိုက်လို့ရတာပါတော့ အဖြူအမဲရိုက်။

ငါးမျက်လုံးနဲ့ ပုံခုံးခုံးလေးတွေရိုက်.

ရိုက်……….ရိုက်…………….ရိုက်လို့မ၀နိုင်အောင်ပါဘဲ။

အဲတော့လဲရိုက်ခဲ့သမျှကို ပြန်လည်လို့ မျှပေးလိုက်ပါတယ်။

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ရလာတဲ့ အတွေးပါးပါး

(11-3-2012)

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။