မေးခွန်း

lulinmgMarch 11, 20121min702

အမျက်ဖြေ အလင်္ကာလို

ကဗျာတစ်ပုတ်

ငါ့စိတ်တွေနာကျင်အောင်

ကြင်နာသူလုပ်

မယုံနိုင်တဲ့အကြောင်းရယ်

မှန်ကန်တဲ့အဖြစ်ရယ်

မျက်မြင်မှာ

သက်သေတွေစုံခဲ့တယ်

လွဲချော်မှားယွင်းမှု့တစ်ခုလို့

စဉ်းစားပေမယ့်

တိုက်ဆိုင်တဲ့မင်းဖြစ်ရပ်တွေနဲ့

င့ါအပြစ်လို့မဆိုခဲ့ပေမယ့်

ရင်ခုန်သံစည်းချက်မမှန်တဲ့ညတွေထဲ

ငါဘယ်လိုမှအိပ်မပျော်ခဲ့ဘူး…..

အဲ့ဒီ့လိုနဲ့ပဲ

ငါတို့ရဲ့ချစ်ခရီး

မဖြောင့်ဖြူးတဲ့လမ်းကျဉ်းငယ်ထဲ

ဝေဝါးဝါးလမ်းလျှောက်ရင်း

ငါမေးခွန်းတစ်ခုမေးချင်တယ်

မင်းင့ါကိုအရွဲ့တိုက်နေတာလား

မင်းငါ့ကိုသစ္စာမဲ့သွားတာလား…?

 

 

လမင်း

2 comments

  • lulinmg

    March 11, 2012 at 5:30 pm

    2000 အလွမ်းပြေပါပဲ

  • a me

    March 12, 2012 at 5:15 pm

    အော် အေမီတော့ အဲ့လိုမထင်ပါဘူး

Leave a Reply