စိတ်ကူးပေါက်ရာ

water-melonMarch 11, 20121min22636

ဒီနေ့ sunday သင်တန်းလဲပိတ်ချိတ်

မနက်ကတည်းက ဘာလုပ်ရမှန်းမသိရောက်တတ်ရာရာ

စိတ်ကူးမိတာက ရွာထဲက မန်းလေးသားတွေဖြစ်တဲ့ အန်တီကြီးပေါက် အန်တီလေးစိန်သော့ ရန်ကုန်နဲ့မန်းလေးကို အိမ်ဦးနဲ့ကြမ်းပြင်လို့ ဆော့ကစားနေတဲ့ ဘိုးတော်ရွှေတိုက်တို့နဲ့ဆုံကြမယ့်အကြံထွက်လာတယ်။

ဒါနဲ့ ဖုန်းဆက်တော့ အားလုံးအိုကေတဲ့ အန်တီလေးစိန်သော့က ရွှေစာရံမှာ ဓာတ်ပုံ indoor ထွက်နေလို့နည်းနည်းနောက်ကျမယ်တဲ့။ ချိန်းတဲ့အချိန်က မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ။

မနက်ကတည်းက ရေမချိုးရသေးတော့ ၁ နာရီလောက်မှ ရေချိုး လိုးရှင်းလူး ရှိုးထုတ်ပြီး အိမ်ကထွက်မလို့ ပြင်နေတုန်း ဘောင်းဘီထဲက ဖုန်းက တော်တီးတီးတော်ဆိုပြီး ထမြည်၊ ကိုင်လိုက်တော့ ဘေးအိမ်က ကောင်မလေး အမေဖုန်း၊ သူ့သမီးကိုခေါ်ပေးပါတဲ့ ဒါနဲ့ခေါ်ပေးပြီတော့ ချိန်းထားတာ နောက်မှကျအောင် ၂ နာရီ ၄၅ လောက် အိမ်ကထွက်မယ်ပေါ့။ ဖုန်းကိုလည်း စောင့်ရင်း ( ဖုန်းကမပါလို့မဖြစ် တော်ကြာ ဘိုးတော်ရွှေတိုက်က နေရာမသိလို့ ဖုန်းဆက်နေရင် ဒုက္ခ) အဲဒီကောင်မလေး ဗျာ ဖုန်းဆက်တာ  ၅ မိနစ်နဲ့မပြီး ၁ဝ မိနစ် မပြီး ကြာတော့ စိတ်ကတိုလာပြီ သူများဖုန်းနဲ့လည်း ပြောတယ် အကြာကြီးပြောနေတာ တကယ်စိတ်ပျက်စရာကြီး၊ စိတ်တိုတာနဲ့ ဖုန်းကို ဒီတိုင်းထားခဲ့ပြီး ဆုံမယ့် လက်ဖက်ရည်ဆိုင် ဂွတ်တမောနင်းကိုထွက်ခဲ့တယ်။ လက်ဖက်ရည်ဆိုင်လည်း ရောက်တော့ ဘယ်သူမှမရောက်သေး ဒါနဲ့ ကော်ဖီတစ်ခွက်မှာပြီး ဇိမ်ခံသောက်ရင်း လည်တမျော့်မျော့်နဲ့စောင့်နေတာ။

တစ်အောင့်ကြာတော့ ရွာထဲက ကင်မရာဆရာကြီး အန်တီကြီးပေါက်ရောက်လာပါတယ်။ အန်တီကြီးပေါက်က ရှိုးစမိုးနဲ့ ဝတ်ထားတာက တစ်ကိုင်းကြိုးလေးနဲ့ အောက်က စတိုကင်နဲ့ဆိုတော့ အရမ်းလိုက်တဲ့ အန်တီပေါက်။ ဖရဲလေ အန်တီကို အရမ်းအားကျမိတယ်။ဒါနဲ့ အန်တီပေါက်ရောက်တော့ ဖရဲမတဲ့ နင်အရမ်းချောလာတယ်တဲ့ ကိုရီးယားမင်းသမီလေးကျနေတာဘဲတဲ့။ အန်တီပေါက်က အရမ်းစကားတတ်တာဘဲ ဒါနဲ့ပြောလိုက်ပါတယ် သများလှတာ သိပြီးသားလို့။ အန်တီပေါက်က ပုဇွန်ကော်ပြန့်ကြော်မှာတယ်။ပုဇွန်ကော်ပြန့်ဆိုလို့ အထင်မကြီးနဲ့နော် ပုဇွန်ခေါင်းရယ် အမြီးရယ်ဘဲ အစာသွပ်ထားတဲ့ ကောြ်ပန့်ကြော်လေးပါ။

တစ်အောင့်နေတော့ အပျိုချောလေး ဘာဘီရွှေတိုက်ရောက်လာပါရော။ သူကတော့ အဆန်း ၆လက်မဘောင်းဘီနဲ့ ထုတ်ခြင်းပေါက်မြင်ရတဲ့ အကျီလေးဝတ်လာတယ်။ဘာဘီရွှေတိုက်ဝင်လာတော့ တစ်ဆိုင်လုံးကလူတွေ သမင်လည်ပြန် ခြင်္သေ့လည်ပြန် ဘာညာလည်ပြန်ဖြစ်ကုန်တာဘဲ။

အန်တီလေးစိန်သော့ကတော့ ရွှေစာရံမှာ လမ်းပိတ်လို့လားမသိ ရောက်မလားဘူး။

ဒါနဲ့ မှာစရာရှိတာမှာ အလာပသလာပ စကားတွေပြောပြီး ရွာထဲက အပျိုကြီးတွေမကျန်ပေါ့

အတင်းတွေရော အဖျင်းတွေရော၊ အကိုဆူးရဲ့အလှူကိစ္စတွေရော၊နောက်တော့

ဖရဲကိုလည်း ဟီးပြောတော့ဘူး။ဒီလောက်နဲ့ဘဲ တွေ့ဆုံပြီး ပြန်လာပါတယ်။

ဖရဲရေးတဲ့ စိတ်ကူးပေါက်ရာ။

 

36 comments

  • water-melon

    March 11, 2012 at 5:43 pm

    သူကြီးရေ ရာထူးတိုးပေးလို့
    အရမ်းကျေးဇူးတင်ပါတယ် ချင့်။
    ချစ်တဲ့ရွာသားလေး ဖရဲ။

    • ဂဂျီဂဂျောင် ပျိုတို့မောင်

      March 11, 2012 at 6:27 pm

      ဟယ် ဝမ်းသာလိုက်ထှာ ၊ လခ တိုးရပီပေါ့နော် ၊
      သွပ်များတို့လဲ …ကြိုးစားကာ နေရအူးမည် ။
      တကယ်ပဲသူ့ကြောင့်သာလျှင် ခက်သည် ခက်သည် ၊
      အယ်… ဘယ်ရောက်သွားပါလိမ့်… ဧစ်ဧစ်…။

    • Shwe Tike Soe

      March 12, 2012 at 9:22 am

      ကတုံးစတောက်နဲ. ကုန်းကောက်စရာမရှိအောင်လှတဲ့ မိဖရဲမ လေးပါ.. ဟယ်.. 😛

  • MaMa

    March 11, 2012 at 6:11 pm

    (တစ်အောင့်နေတော့ အပျိုချောလေး ဘာဘီရွှေတိုက်ရောက်လာပါရော။ သူကတော့ အဆန်း ၆လက်မဘောင်းဘီနဲ့ ထုတ်ခြင်းပေါက်မြင်ရတဲ့ အကျီလေးဝတ်လာတယ်။ဘာဘီရွှေတိုက်ဝင်လာတော့ တစ်ဆိုင်လုံးကလူတွေ သမင်လည်ပြန် ခြင်္သေ့လည်ပြန် ဘာညာလည်ပြန်ဖြစ်ကုန်တာဘဲ။)
    အဲဒီပုံလေး မျက်စေ့ထဲ မြင်မိတယ်။ 😆

  • water-melon

    March 11, 2012 at 6:16 pm

    သိတယ်မလား ဘာဘီရွှေတိုက်က အုပ်ထိန်းသူကွယ်ရာမှာ ဖြစ်ချင်တိုင်းဖြစ်နေတာလေ
    သများကိုတောင် ထိကပါးရိကပါးလုပ်သွားသေးတယ်
    တော်တော်ဆိုးတဲ့ ဘာဘီ :mrgreen:

    • Shwe Tike Soe

      March 12, 2012 at 8:53 am

      အမယ် အမယ် မိဖရဲ နင်ကို ငါပြောချလိုက်ရမလား ဟင်းဟင်းနော်…
      ဘာတဲ့ အပျိုကြီးတွေအကြောင်းတောင်ပါသေးဆိုပဲ… ငါနှယ့်နော်…. 😀

  • တော်ဒေးဒယ် …
    သူရို့ အတင်းပြောတဲ့ထဲ နာ့အကြောင့် မပါလို့ …
    အို .. ပါလည်း ဘာဂရုစိုက်ရမှာလဲ …
    နာက မယ်စကြဝဠာ တစ်ရာထပ်ကွမ်း ရထားတာ လူတိုင်း သိပြီးသား ….
    😀

    • Shwe Tike Soe

      March 12, 2012 at 8:56 am

      အမလေး ရှင့်အကြောင်းပါပ တော်… အံစာတုံးဆိုတာ မျက်နှာ ခြောက်ထောင့်နဲ. ဖင်ရှုံနေတဲ့ မယ်စကြာဝဋ္ဌာ တဲ့…
      😀

      • water-melon

        March 12, 2012 at 9:00 am

        အဲဒါ ဘာဘီရွှေတိုက်ပြောတာပါရှင့်။
        သမီးက ဒီတိုင်းငုတ်တုတ်ထိုင်ပြီး နားထောင်နေတာပါ ချင့်။

        • ဘယ်တောင်လဲတွ …
          ဘာမှ မီဆိုင်ပဲ နာ့ကို နီထားတာ …
          ဗြဲသီး ညည်းပဲ မီဟုတ်လား ……. 😀
          သည်းက နာ့အတင်း ကြောတာ နားထောင် ကောင်းကောင်းနဲ့ နားထောင်နေတာပေါ့လေ ..
          နာ့ကိုများ ဖင်ရှုံ့တဲ့ မယ်စကြဝဠာ .. တဲ့
          လုပ်ကြပါဦး အရပ်ကတို့ရေ …..
          ဒီမှာ ကိုချွေဒိုက်ချိုး က မီးမီးကို ဟိုဒင်း ဟိုဟာ လုပ်နေပါတယ်တော့ …..
          😀 😀

  • pooch

    March 11, 2012 at 7:26 pm

    တော်သေးတာပေါ့ မအားလို့ မသွားဖြစ်တာ ။ သွားများ သွားဖြစ်ရင် ငါ့ကို ရေကူးဝတ်စုံနဲ့လာတယ်များပြောနေမလားမသိဘူး။ 😀
    ငါက သူများနဲ့ ပြောင်းပြန် weekend တွေဆို မအားပါချင့်။

    ဒါနဲ့ လေးပေါက်ကို တကြိုးနဲ့ စတိုကင်နဲ့ မြင်ကြည့်တာ အူတွေတောင် တက်ကုန်တယ်။ ဟီး..

    နင်တို့ ပြောတဲ့ အတင်းထဲမှာ ငါမလာလို့ ငါလည်း လွတ်မှာ မဟုတ်ဖူးဆိုတာ သိနေသလိုလိုပဲ.. ဆောရီးပါအေ ။ နောက်တခေါက်ပေါ့ ။ 😀

    • water-melon

      March 11, 2012 at 7:31 pm

      အမကြီး ပုလည်း မလွတ်ဘူးဗျ
      ဟဲဟဲ ကြောတော့ဘူး မာမီပေါက်ကိုမေးကြည့် :mrgreen:
      နောက်တစ်ခါကျရင် ကိုကြီးပုရောလာခဲ့နော်။

  • padonmar

    March 11, 2012 at 7:43 pm

    ဧကန္တတော့ ဖရဲမက ဖြူဖြူကျော်သိန်းလို စကဒ်ကြီး ချွတ်ချလိုက်ရင် အသားကပ်ဘောင်းဘီဖြစ်သွားတဲ့ ဒီဇိုင်းနဲ့ဖြစ်ရမယ်။

  • ဖရဲမက အရင်ရောက်နေတာ။
    လက်ဖက်ရည်ဆိုင်ထဲမဝင်ခင် စားပွဲထုးိလေးက လေးလေးတဲ့
    စောစောက မင်းအုပ်စိုးလာသွားတယ်တဲ့ အပြင်မှာအသားဖြူတယ်လို့ပြောတာ။
    ဟုတ်လား ဘယ်မှာလဲလို့မေးတော့လက်ညှိုးိုးပြတာကြည့်တော့ ဖရဲမ ဖြစ်နေတယ်။
    ဒါဆို သူဘယ်လိုပုံစံနဲ့လာသလဲဆိုတာ မှန်းကြည့်လို်က်တော့။။
    ဒီနေ့ အတော်ဆွေးနွှေးဖြစ်ပါတယ်။
    ဘီးအီးဒီစီ (ရွှေတို်က်စိုး )မိန်းမယူမယ့်ကိစ္စ။
    ဝိုင်းပြီးစီစဉ်ပေးတာပေ့ါလေ။
    ဖရဲမနဲ့ စိန်ပေါက်ပေါက်(ပြောင်းပြန်မဖတ်ရ ချမ်းချမ်းကြားလျှင်စိတ်ဆိုးသွားမည်)တို့က
    ပန်းကြဲ။
    ပန်ပန်ရယ် ခိုင်ခိုင်ရယ်က ယောကျာ်းလိုဝတ်ပြီးလူပျို့ရံ့လုပ်။
    ဂီဂီရယ် ရွှေဘိုသားရယ် က မိန်းမလိုဝတ်ပြီးအပျိုရံလုပ်။
    ကိုကိုဘလောချက်က အခမ်းအနားမှူးလုပ်။
    ကိုစိန်သော့က အခမ်းအနားမှတ်တမ်းတင် နေ့ပိုင်း။
    ကိုဖက်က ညပိုင်း(သူကရှင်းအောင်ရို်က်တတ်တယ်လေ)
    ဆူး အီးတုန်း နဲ့ အဖွဲ့(အသင်းဝင်ကိုယ့်ဘာသာကိုယ်ရွေး ဘော်ဒီတောင့်တောင့်ကိုရွေးပါ) မင်္ဂလာလက်ဖွဲ့ခုံမှာထိုင်၍လက်ဖွဲ့ မပေးမချင်း အပြင်ပြန်မထွက်နို်င်အောင် အုံးဆန်ကြိုးနှင့်တားရမည်။
    မမ မမာ ကိုလတ် တို့အဖွဲ့က ဧည့်ခံ(ကိုယ်အသင်းဝင်ကိုယ်ရွေး)
    မယ်ပု မယ်အုံး မယ်နို မယ်နွေး အပါအဝင်ရွာထဲက အပျိုကြီးများက ပန်းကမ်းရင်း
    နောက်ပြန်ပစ်လိုက်မယ့် ပန်းလုဘို့ချောင်း။
    အစားအသာက်တာဝန်ကိုတော့ ဒစ်ဖကတ်ကွတ် ပိုင်ရှင် မဝေကတာဝန်ယူမည်။
    (မုန့်ပစ်သလက် မုန့်ပေါင်း နဲ့ အကြော်ကြွေးမည်။
    မီးဖိုတစ်ဖိုထဲထားမည်။
    မစောင့်နိုင်လျှင်ပြန်ပါ။)
    သတို့သား သတို့သမီး အများနှင့်မတူအောင်(နောင်ဘယ်တော့ မှလိုက်မမှီသော မင်္ဂလာဧည့်ခံပွဲဖြစ်စေရန်အတွက်)
    ကိုးနဝင်းကြေအောင် ကိုးပေမြင်သော ကုလားမခြေထောက်စွတ်၍ မင်္ဂလာခန်းမအတွင်းဝင်ရမည်ဖြစ်ပါသည်။
    ကျနော်ကိုပေါက်ကတော့ နှစ်ဖက်ဆွေမျိုးများရန်ဖြစ်လျှင် ဖြန်ဖြေပေးဘို့ အဆင်သင့်စောင့်နေပါမည်။
    ကျန်ရှိသောရွာသူရွာသားများ မိမိထမ်းဆောင်လိုသော တာဝန်ကို ဖော်ပြကြပါရန်။
    အကောင့်တစ်ခု တစ်ယောက် မလာမနေရ။
    ပုံ
    သူကြီး

    • Shwe Tike Soe

      March 12, 2012 at 9:04 am

      အမလေးနော်…. တော်တော် ကောင်းတဲ့ မင်္ဂလာအစီအစဉ် သများတို. ပု ချစ်သူနှစ်ယောက်ကို ရက်ရက်စက်စက်ပြောထားလိုက်တာ…အဟင့်…
      အဲဒီအထဲမှာ စိတ်အဝင်စားဆုံးက မင်္ဂလာလက်ဖွဲ မပေးမချင်းမပြန်အောင် တားမယ့်အဖွဲကို စိတ်ဝင်စားတယ်….
      လက်မဖွဲ.တဲသူ ဓာတ်နဲ.ခုတ်… လှံနဲ.ထိုး…
      မင်္ဂလာဆောင်လာမတတ်တဲ့သူကို အိမ်တိုင်ရာရောက် လက်ဖွဲ.လိုက်လံကောက်ခံပေးမယ့်သူက တော့ ကိုအီတီ ဖြစ်ပါတယ်…
      ဒါနဲ. မနက်ပိုင်း ကင်မရာမန်း လောက်ဆိုတော်ရောပေါ့ လေးပေါက်ရယ်… ညပိုင်းကတော့ လိုမယ်မထင်ဘူး.. လေးဖက်လဲ ပင်ပန်းပါတယ်… အဟင့်… တော်ကြာ မနားတမ်းရိုက်နေမှဖြင့်.. ကဲ ဘယ်မလဲ အဲဒီမှာ.. ဟိဟိဟိ..

      လေးပေါက်ကတော့ပြောပါတယ် မင်္ဂလာအခမ်းအနားကုန်ကျစရိတ်ကို သူခံပါမယ်တဲ့ခင်ဗျား (ပု ချစ်သူနှစ်ယောက်အား စပွန်ဆာပေးခြင်းဖြစ်ပါသည်။)…

  • ဦးဦးပါလေရာ

    March 11, 2012 at 11:45 pm

    သတို့သား သတို့သမီး ကိုးပေမြင်သော ကုလားမခြေထောက်စွတ်၍ မင်္ဂလာခန်းမအတွင်းဝင်ရမည်…..

    ဆိုတော့…
    မြို့ထဲက ခန်းမတွေမှာတော့လုပ်လို့ရမှာမဟုတ်ဘူး
    မြောက်ပြင်ကဇရပ်တွေမှာပဲ စီစဉ်လို့ရတော့မှာ….

    ကျုပ်ကတော့ ထုပ်တန်းပေါ်တက်ပြီး ဘိသိတ်မြှောက်ဘို့ တာဝန်ယူပါတယ်။
    တခုပဲ .. အဲဒီအနေအထားနဲ့ တောင်ရှည်ဝတ်လို့တော့မဖြစ်ဘူး…
    ဂျင်းပင်ဝတ်ပြီး ဘိသိတ်မြှောက်ရမှာပဲ။ 😀

  • surmi

    March 12, 2012 at 12:04 am

    သောက်ညင်ကပ်တဲ.သူကို ပြော …ဂျလေဘီကြွေးတဲ.တာဝန်ယူပေးမယ်
    ဂျလေဘီဗန်းလေးအသာထိုးပေးပြီးခတ်ကျယ်ကျယ်အော်လိုက်မယ် ဒီလိုဒီလို …..
    ” ဆရာဂျလေဘီ – ဂျလေဘီဆရာ”

    • Shwe Tike Soe

      March 12, 2012 at 9:06 am

      ကိုဆွာမိကရော ဟင်းစား ရှာလာမှာလားဟင်… မင်္ဂလာပွဲမှာတော့ ဟင်းစားကျွေးဘူးနော်… ဟိဟိဟိ 😀

      • surmi

        March 12, 2012 at 9:49 pm

        ဟင်းစားကတော. ၊
        မင်းသားကြီးမှာရှိ အဲ အဲ မှားလို. …….။
        ဘွာတေး ဘွာတေး ….

  • အစက ကာရာအိုကေ ထည့်မလို့။
    သတင်းစွင့်ကြည့်တော့ ရွာထဲမှာ မိုက်ခဲတွေများတယ်ဆိုတော့
    ရန်ဖြစ်မှာစိုးလို့ ထည့်တော့ဘူးနော်။
    ကိုကိုပါ ဘိသိ်က်မြောက်ဘို့တာဝန်ယူတာကို အတည်ပြုလိုက်ပါပြီ။
    မိမိယူလိုသောတာဝန်များကိုထုတ်ဖော်ကြေငြာပါရန်။
    ခြောက်ထောင့် အံစာ ကြီးမိုက် ကမ်းဝေးလာဝေ ထက်ဝေး တုံးဝေးတို့အဖွဲ့အား
    ဧည့်ခံပုဂံသိမ်း အဖွဲ့တွင်နေရာချထားလိုက်ပါသည်။
    အထူးပစ္စည်းများပြုလုပ်တတ်သာ မနိုအား မင်္ဂလာဆောင် တွင်ကူညီသူများရင်ဘတ်တွင်ထိုးရန်
    အချင်းတစ်ပေရှိသောရင်ထိုးအခုတစ်ရာ ကြိုတင်လုပ်ထားပါရန်။
    အထူးအစီအစဉ်အနေဖြင့် ရသမျှ မင်္ဂလာလက်ဖွဲငွေအားလုံးနှင့် လက်ဖွဲ့ပစ္စည်းများကို တန်ဘိုးဖြတ်၍
    မင်္ဂလာဆောင်ကျင်းပမည့် နေ့တွင်ကန်သောဘောပွဲတွင် မောင်းထုပေးပါမည်။

  • (လေးပေါက်ကတော့ပြောပါတယ် မင်္ဂလာအခမ်းအနားကုန်ကျစရိတ်ကို သူခံပါမယ်တဲ့ခင်ဗျား (ပု ချစ်သူနှစ်ယောက်အား စပွန်ဆာပေးခြင်းဖြစ်ပါသည်။)…
    မှန်၏ သို့သော် ဓါ်တ်ပုံများအားရန်ပုံငွေအဖြစ်ရောင်းချမည်ဖြစ်ပါသည်။
    ညပိုင်းပုံများဈေးပိုကြီးပါမည်.

    • water-melon

      March 12, 2012 at 6:26 pm

      လေးပေါက် ညပိုင်းပုံဆိုတာ ဘာကိုပြောတာလဲဟင်
      သမီးစိတ်ဝင်စားတယ် ။

  • water-melon

    March 12, 2012 at 10:29 am

    မကြာမီရေးမည့်
    “ဘိုးတော်ရွှေတိုက်မင်္ဂလာဆောင်သည်”
    ပို့စ်တွင်လိုအပ်နေသော
    လူပျိုအရံ၊အပျိုအရံ
    ကာလသားခေါင်း
    ကူညီမဲ့သူ အစသည်တို့လိုအပ်နေပါသဖြင့်
    အမြန်စာရင်းပေးသွင်းပါရန် မေတ္တာရပ်ခံပါသည်။

    • တိုတိုဗြဲ … တိုတိုဗြဲ …
      များက အပေါ်မှာ ကြေညာပီးသားနော် ..
      မယ်စကြဝဠာ ကွမ်းတစ်ရာ ဆိုဒါ …
      အဲဒီ စာရင်းထဲ များ မပါလို့ကတော့ .. ဟင်း ..
      နောင်အခါ သူချိန်းရင် လာတော့ဘူး သိရား ..
      😀

  • kyeemite

    March 12, 2012 at 11:35 am

    ဖြဲမ..ဘိုးတော်ရွှေတိုက်နဲ့တွေ့တုံးက
    ငါသတင်းမေးလိုက်ကြောင်းပြောသေးလား
    နင်တို့ဆုံဘို့ ချိန်းထားကြတယ်ပြောတော့
    ငါဖြင့် လာချင်ထှာ…
    ဟဲ့ ဖြဲမ ငါ့ကိုအပျိုရံထဲထည့်ထားလိုက်..

    • Shwe Tike Soe

      March 12, 2012 at 4:04 pm

      ပြောလိုက်ပါတယ် ကိုမိုက်ကြီးရယ်.. ဒါပေမယ့် သူက စိတ်ဝင်စားတာ တခြားဖြစ်နေလို. လေ..
      ဟိဟိ

      • water-melon

        March 12, 2012 at 6:12 pm

        ဟဲ့ဟဲ့ ဘာတွေလျှောက်ပြောနေတာလဲ
        ရှက်လိုက်တာတော် ရန်ကုန်ရောက်မှတွေ့မယ် လူဆိုး 😀

    • Khaing Khaing

      March 13, 2012 at 1:56 pm

      လေးပေါက်ရေ လုပ်ပါဦး kyeemiteက သမီးတို့အလုပ်ကိုလာလုပ်နေတယ် …. ကောင်မက သူ့ရုပ် သူရည်နဲ့တန်ရာ တန်ရာမမှန်းဘူး ….. အဟင့် ….အဟင့် ….သူများမင်ဂါဆောင်မှာ ရန်မ ဖစ်ချင်ဘူးနော် …………..ဒါပဲ …….

  • မရဘူး ကြီးမိုက် ညည်းကို ဧည့်ခံပုဂံသိမ်းအဖွဲ့မှာနေရာချထားပြီးသား။
    ပန်းကြဲနဲ့အပျိုရံက အစင်လေးတွေဘဲလက်ခံမှာ ကြီးမိုက်တွေပါလို့ရဘူး။

  • Khaing Khaing

    March 12, 2012 at 12:58 pm

    အွန်….. ကဲနေကြတယ်ပေ့ါလေ မန်းမှာ…. မိတိုက်မက အကျီထုတ်ခြင်းပေါက်ဝတ်သွားတယ်ဟုတ်စ… ညည်း ငါ့ကိုပြောတုန်းက အောက်မှာ အကျီတထပ်မပါရင် မနေတတ်ဘူးဆို အခုတော့ ညည်းအေ င့ါနောက် ကွယ်မှာ ဖြစ်ချင်းတိုင်းဖြစ်နေတော့တာပဲ…. ငါရန်ကုန်မှာမေးတုန်းကညည်း မင်္ဂလာဆောင်မယ့်ကိစ္စဘာမှ မပြောဘူး အခုမန်းကြတော့မှ တိုင်ပင်တယ် ဟုတ်စ…. ဖရဲမက ကတုံးဆံတောက်ဆိုတော့ စစ်သားလူထွက် ကေနဲ့ပေ့ါဟုတ်စ…. သတိထားတော့ထားနော် စစ်ပြေးဖရဲမလားမသိဘူး…. လေးပေါက် ကပြတ်လန်းနေတော့ အခိုင်ရင်တွေတောင် ခုန်သွားတယ် (ရင်မခုန်ရင်သေမှာလေ..အဟိ ….အဟိ) လေးပေါက် မိတိုက်မ မင်္ဂလာဆောင်မှာ သမူးက သတို့သားကို အရန်းလုပ်ရမယ်ဟုတ်စ…အဟိ အဟိ ချက်စရာကြီး… မိတိုက်မက ပုတယ်နော် သမူးတို့လို အရပ်ရှည်တဲ့လူတွေနဲ့တွဲရင် သူမြုပ်သွားနိုင်တယ် အဟိ.. ပျော်စရာကြီးနော် မိတိုက်မ ဘယ်မှာ မင်ဂါဆောင်မှာလဲ…….????????? ရန်ကုန်မှာတွေ့ရင်လည်း ဒါ့ပုံတွေရိုက်ပို့ပေးဦးမယ် လေးပေါက်နဲ့ ဖရဲမရေ……

    ခင်မင်ရင်းနှီးစွာနဲ့
    Khaing Khaing

  • လောလောဆယ်တော့လူများများဆန့်တဲ့ စစ်ကိုင်း က သောင်ပြင်မှာစဉ်းစားထားတယ်။
    ရွှေစချုပ်က စစ်ကိုင်းသူလု့ိပြောတာဘဲကွဲ့။

  • kyeemite

    March 12, 2012 at 4:27 pm

    မာမီပေါက်ကလုပ်ချလိုက်ပြန်ပီ..ခမျာတွေ သောင်ပြင်လွှတ်တဲ့…..တွေလို
    ဖစ်ကုန်မှာပေါ့..လစ်ပီ…

  • a me

    March 12, 2012 at 5:10 pm

    နောက် စာအများကြီးရေးရင် စိတ်ဆိုးမှာနော်

  • မိအေးကလဲကွယ်………………….
    အရေးထဲကြော်ငြာဝင်နေပြန်ပါပြီ.
    ဘယ်ဒူ့ကို စိတ်ဆိုးမှာလဲ ပြောလဟယ်…………………

Leave a Reply