စုန်း ဆိုတာကို လူတိုင်းကြားဖူးကြမှာပါ
သူတို့ဘယ်လို ဖြစ်လာသလဲ
ဘယ်လိုကနေ ဒီပညာ ရောက်လာသလဲ သိချင်ကြမှာပါ
အလုံးစုံတော့ မသိပေမဲ့ ဖတ်ဖူးတဲ့စာအုပ်တစ်အုပ်ထဲက အကြောင်းရာ တစ်ချို့ကို မျှဝေပေးလိုက်ပါတယ်……
>>>>>>>>>>>>>>>>
ဘုရားရှင် ပရိနိဗ္ဗာန်စံ တဲ့အခါ အမျိုးအစား နှစ်မျိုးနဲ့ ပရိနိဗ္ဗာန်စံပါတယ်
ပထမတစ်မျိုးက ခန္ဓီ ပရိနိဗ္ဗာန် နဲ့ ဒုတိယ တစ်မျိုးက ဓါတုပရိနိဗ္ဗာန်
ခန္ဓီ ပရိနိဗ္ဗာန် ဆိုတာကတော့ ရုပ်နာမ် သေဆုံးခြင်းကိုဆိုလိုပါတယ်
ဓါတု ပရိနိဗ္ဗာန်ကတော့ ဟောကြားခဲ့တဲ့ တရားတော်များ ပျောက်ဆုံးခြင်း ယုံကြည်ကိုးကွယ်မှုမရှိတော့ခြင်း ကိုဆိုလိုတာပါ
ခန္ဓီပရိနိဗ္ဗာန် စံပြီးတဲ့ အခါ ထွက်ပေါ်လာတဲ့ ဓါတ်တော်မွေတော်တွေကို ဌာပနာပြုကိုးကွယ်ကြပါတယ်
ဒီလိုနေရာအနံ့ ကိုးကွယ်လာရာကနေ ဓါတ်တော် ရှိတဲ့ ဒေသမှ ဒေသခံ လူများ ယုံကြည်ကိုးကွယ်မှုပြောင်းလဲခဲ့မယ်ဆိုရင်တော့ အဲဒီဒေသမှာရှိနေတဲ့ ဓါတ်တော်တွေဟာ မူလ ပထမ နေရာပြန်ရောက်သွားတက်တယ်လို့ဆိုပါတယ်
ဥပမာ မျက်လုံးတော်ဆိုကြပါဆို့…. ဒေသခံများက မယုံကြည်ကြတော့ဘူးဆိုရင်တော့ မျက်စွာဘုရား ပွင့်တော်မူရာ လုံမနိ ဥယာဉ်ဆီ ပြန်ရောက်သွားတယ်လို့ဆိုပါတယ်
ဒီလိုနဲ့ တခုပြီးတခု တနေရာပြီး တနေရာ ယုံကြည်မှုပျောက်ကွယ်သွား တဲ့အခါမှာ မြတ်စွာဘုရားရဲ့ ရုပ်နာမ်အတိုင်း ဘုရားရှင် တပါးထွက်ပေါ်လာပြီး နောက်ဆုံး အကျွတ်တရားဟောကြားတယ်လို့ ယုံကြည်သူတွေ ရှိကြပါတယ်
ဒါပေမဲ့ ဖြစ်နိုင်ခဲ့သည်ရှိတာတောင်မှ ဘယ်လောက်ကြာရှည်လိမ့်မလဲ … ဒီလိုဖြစ်လာဖို့ဆိုတာ
အဲဒီအခါမှာ ဒီဓါတုပရိနိဗ္ဗာန်စောင့်ကြဖို့ အသက်ဆွဲဆန့်တဲ့ ကျင့်စဉ်တွေ ပေါ်လာပါတော့တယ်
ရုပ်မရှိပဲ နာမ်ဘ၀နဲ့ နှစ်ထောင်သောင်းမက နေနိုင်တဲ့ ကဝေဆိုတဲ့ ကျင့်စဉ်တွေပေါ်ပေါက်လာတယ်လို့ဆိုပါတယ်
အရင်ဆုံး ကဝေဆိုတာစဖို့အတွက် စုန်းဆိုတဲ့ အမျိုးအစားကနေဖြစ်လာတာပါ
နိဗ္ဗာန်၇ဖို့ လွယ်ကူတဲ့လမ်းကမသွားပဲ နိဗ္ဗာန်မရောက်ခင်လေးမှာ ရသမျှစည်းစိမ်ခံစားသွားမဲ့ လူတွေ လို့ပြောရင်မမှားပါဘူး
ကောင်းမွနိတဲ့လမ်း ….. သမထ ထိုင်ခြင်း ကို ကောင်းတဲ့ လမ်းမှာ အသုံးမချပဲ
မကောင်းတဲ့ လမ်လွဲမှာ အသုံးချနေကြတာလို့ ထင်ပါတယ်
ဖတ်၇သလောက်မှာတော့ စုန်းဖြစ်အောင်အရင်ဆုံး…. ကလေးအချင်းတွေစားခြင်း… မီးနေသည် ထမီအောက်မှာကျင့်ခြင်းစတဲ့ ကျင့်စဉ်တွေရှိတယ်လို့တော့ ပြောတာပဲ
( ရင်ငြိမ်းလည်းမကျင့်ဖူးတော့ မသိ …)
ဒီလိုကျင့်ရင်း စုန်းဘ၀ကနေ ကျော်လာတာနဲ့
အဆင့်တစ်ဆင့်ကို ကြိုးတချောင်းပိုင်တယ်လို့ သတ်မှတ်ပြီး
အဆင့် ၁၃ဆင့်ရောက်တဲ့အခါမှာ ၁၃ကြိုးပိုင်တာနဲ့
ကဝေဘ၀ကိုရတယ်လို့ပြောတာပဲ (ဒါလည်း တိဝူး)
ကဝေတွေကတော့ အမေကျမ်းတို့လို အမေရေယဉ်တို့လို ကိုဆိုလိုတာပါ
သူတို့ကတော့ ၀ါတွင်းသုံးလနဲ့ တခြား ဥပုသ်ရက်တွေမှာ ဂူပိတ်ပြီး တနေကုန် ဥပုသ်သီလစောင့်ပြီး တရားကျင့်တယ်လို့ ဆိုပါတယ် (ဖြစ်ကောဖြစ်နိုင်ပါ့မလား)
ဒီလို ကျင့်နေတဲ့အချိန်မှာ ၀ါနုတဲ့ စုန်းတွေက အန္တရယ်မပြုအောင် စောင့်ပေးတယ်လို့လဲ ဆိုပါတယ်
ဒီလိုနဲ့ စုန်းကဝေတွေ ကပေါ်လာတာပါတဲ့………..
နောက် ဖတ်လိုက်ရတဲ့ အကြောင်းအရာတခုကတော့
ပင်းတယမြို့နဲ့ ကလောကြားလေးထဲက ရွာတစ်ရွာမှာဖြစ်ခဲ့တာပါ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ၄၀ လောက်က ပါ
ရွာတစ်ရွာမှာ အသက်အကြီးဆုံး အဖွားကြီးတယောက်သေဆုံးလို့ ရွာကလူတွေက သဂြိုလ်ပေးပြီး
သူနေခဲ့တဲ့ အိမ်ကိုဖျက် ဘုန်းကြီးကျောင်းလုပ်ဖို့ဆောက်လုပ်ပြုပြင်ရင်း
အိမ်ရဲ့ ထုတ်တန်း တနေရာမှာ သင်္ကန်းနဲ့ ထုပ်ထားတဲ့ ပေစာတချို့ကို ရွာသားများ တွေ့သွားကြသတဲ့
စပ်စုကြတဲ့ ရွာသားများဟာ ဘာများရေးထားသလဲ ဖတ်ကြည့်တော့ ဘယ်ဂါထာကို ဘယ်နှစ်ခေါက်ရွက် ခြေလမ်း ဘယ်နှစ်လမ်းလှမ်းပြီး ဖနှောင့် ဘယ်နှစ်ချက်ပေါက် ဒါဆို လက်ညိုးထိုးလိုက်တဲ့အရာတိုင်း ညိုးနွမ်းမယ်
ပြန်လည် ရှင်သန်စေချင်ရင်တော့ ဘယ်ဂါထာကို ဘယ်လိုရွက်ဆိုပြီး ရေးထားတဲ့ ပေစာဖြစ်နေတယ်တဲ့
ရွာသားတွေ ဟာ စမ်းချင်ကြတာနဲ့ပဲ တယောက်တပုဒ်ကူးယူ နောက်ပြောင်ကြရင်း တရွာလုံးဟာ မထင်ထားပဲ
ဂါထာအားလုံးနီးပါး တက်ကုန်ကြတော့တယ်တဲ့
တယောက်နဲ့တယောက် စဖို့လောက်သာ စဉ်းစားနေတဲ့ ရွာသားတွေဟာ ကိုယ့်ရွာသား အချင်းချင်းစရင် ဟိုလူကလည်း ဒီဂါထာကို ဖြေနိုင် ဒီလူကိုစရင် ဒီလူကလည်း ဒီဂါထာကိုသိနေတော့ စဖို့လူကုန်တာတော့တယ်တဲ့
အဲဒီအခါမှာတော့ ရွာနီးစပ်က လူတွေကို ဟာသ အနေနဲ့ စမ်းသပ်စလာကြရင်း
တရွာနဲ့တရွာအသွား လှည်းခ မပေးချင်တဲ့အခါ ဂါထာရွက် လှည်းတမားမလှုပ်နိုင်
ဒါဆို ပြန်ဖြေပေးမယ် ပိုက်ဆံမတောင်းနဲ့ ဒီလိုမျိုး အလကားရအောင် လုပ်နဲ့ နေရာမှာ အသုံးပြုလာကြပါတော့တယ်
နောက်တော့ တခြားရွာတွေပါကြောက်လန့်လာတာမလို့
ရွာဘုန်းကြီးကပဲ ဦးဆောင်ပြီး အရမ်းကောင်းတဲ့ဂါထာတပုဒ် ပြောပြမယ်ဆိုပြီး ရွာသားအားလုံးကို မီးရှို သတ်လိုက်တယ်လို့ဆိုပါတယ် (ဟုတ်တာမဟုတ်တာ အပထား တော်တော်လေးတော့ နားထောင်ကောင်းတဲ့အကြောင်းအရာလေးပါ)
ထင်းခွေသွားနေတဲ့ အဖိုးအိုတယောက်နဲ့ သူ့မြေးမလေး တယောက်သာကျန်ခဲ့တယ်လို့ဆိုပါတယ်
ဒီလိုနဲ့ ဒီရွာကနေ ပြန့်သွားတာ တော်တော်များများ ဂါထာနဲ့ပြုစားတဲ့ စုန်းတွေဖြစ်ကုန်တယ်လို့လည်းပြောပါတယ်
ဂါထာနဲ့ ပြုစားတဲ့ စုန်းဆိုလို့
ရင်ငြိမ်း ၁၀တန်းလောက်မှာ ခေတ်စားခဲ့တဲ့ စုန်းပြုစားတဲ့ အမှုအကြောင်း ပြောပြချင်ပါတယ်
အဖြစ်အပျက်ကတော့ စုန်းမကြီး (ဂါထာ နဲ့ ပြုစားတဲ့စုန်း)က သူ့သမီးသူငယ်ချင်းကောင်မလေးတယောက်က သူ့သမီးထက် စာပိုတော် ပိုပြီးချောနေတာကြောင့် မနာလိုလို့
နွားတကောင်လုံးရဲ့ သားရေကို ဂါထာနဲ့ ရိုက်ရင်းရိုက်ရင်း တော်တော်လေး သေးမျှင်တဲ့ သားရေတုံးလေးဖြစ်အောင် လုပ်တယ်ဆိုပဲ
(တခုတော့ စဉ်းစားမိတယ် ဒီလိုသာ တကယ်လုပ်လို့ရလို့ကတော့ မှောင်ခို တင်သွင်း၇တော်တော်လွယ်ကူမယ်ထင်တယ် … တော်တော် အသုံးဝင်မဲ့ နည်းလမ်းတခုပဲ)
သူ့သမီးသူငယ်ချင်းကောင်မလေးကို အိမ်ခေါ်စာကျက်ခိုင်းပြီး ညဘက် ကောင်မလေး သောက်မဲ့ ရေခွက်ထဲ အဲဒီ နွားသားရေတုံးလေးကို ထည့်လိုက်တယ်ဆိုပဲ …. ညဘက်ကျတော့ ကောင်မလေးက မသောက်ပဲ သူ့သမီးက ထသောက်မိတယ်လို့ ဆိုပါတယ်
ထည့်လိုက်တဲ့ အမေကလည်းမသိဘူး..သူ့သမီးသောက်လိုက်တယ်ဆိုတာကို
နောက်နေ့မနက်မှာ ရေထည့်တဲ့ ဗူး သီးခြောက်ကို အင်းကွက်ရေးပြီးေ၇ထဲပစ်ချ ဗူးသီးခြောက်ထဲ ရေ၀င်လေလေ သူ့သမီးဗိုက်က ပူလာလေလေတဲ့ဗျား
တော်တော်လေး ထူးတော့ ထူးဆန်းတယ် ဟုတ်မဟုတ်တော့မသိ တော်တော်လေးတော့ နားထောင်လို့ကောင်းခဲ့တဲ့ အဖြစ်အပျက်လေးပါ
အသေလုပ်တဲ့ အရာမလို့ သူကိုယ်တိုင်လည်း ပြန်မဖြေနိုင်တော့ဘဲ ရေဗူးရေပြည့်လို့ နှစ်သွားတဲ့အချိန် ကလေးမလေး သေတဲ့ အချိန်လို့ဆိုပါတယ်
တော်တော်လေး ရက်စက်တဲ့ လုပ်ရက်လို့ပြောရင်လည်း မမှားပါဘူး
ယုံလို့လဲ မရသလို မယုံလို့လဲမရဘူးလို့တော့ ထင်တာပါပဲ…..
အရင်တလောက ဘက်စ် ကားတွေပေါ်မှာလိုက်ရောင်းတဲ့ စုန်းအကြောင်း ရိုက်ကူးထားတဲ့ စီတီလေးတွေ ပျံ့ နေတာမလို့ စဉ်းစားမိရင်း
ဖြစ်ပျက်ကြားသိရသမျှကို ဖောက်သည်ချလိုက်ပါတယ်
ဟုတ်မဟုတ်တော့ မျက်မြင် မဟုတ်လို့ မသ်ပေမဲ့
စုန်းတွေဖြစ်လာတဲ့ အကြောင်းအရာကတော့ ရှေးလူကြီးတော်တော်များများပြောပြခဲ့သလို
ရှမ်းစာပေ မှာလဲ ဒီအကြောင်းကို ရေးထားတာရှိတာမလို့
မယုံရင် ပုံပြင်သာမှတ်ပြီး ဗဟုသုတ အနေနဲ့ ရွာသူရွာသားများသိအောင် ဆော်သြော်ပေးလိုက်ပါတယ်

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer