ယုံချင်ယုံ မယုံရင် ပုံပြင်လို့သာမှတ်

Yin Nyine NwayMarch 11, 20121min24313

စုန်း ဆိုတာကို လူတိုင်းကြားဖူးကြမှာပါ
သူတို့ဘယ်လို ဖြစ်လာသလဲ
ဘယ်လိုကနေ ဒီပညာ ရောက်လာသလဲ သိချင်ကြမှာပါ
အလုံးစုံတော့ မသိပေမဲ့ ဖတ်ဖူးတဲ့စာအုပ်တစ်အုပ်ထဲက အကြောင်းရာ တစ်ချို့ကို မျှဝေပေးလိုက်ပါတယ်……
>>>>>>>>>>>>>>>>
ဘုရားရှင် ပရိနိဗ္ဗာန်စံ တဲ့အခါ အမျိုးအစား နှစ်မျိုးနဲ့ ပရိနိဗ္ဗာန်စံပါတယ်
ပထမတစ်မျိုးက ခနီ္ဓ ပရိနိဗ္ဗာန် နဲ့ ဒုတိယ တစ်မျိုးက ဓါတုပရိနိဗ္ဗာန်
ခနီ္ဓ ပရိနိဗ္ဗာန် ဆိုတာကတော့ ရုပ်နာမ် သေဆုံးခြင်းကိုဆိုလိုပါတယ်
ဓါတု ပရိနိဗ္ဗာန်ကတော့ ဟောကြားခဲ့တဲ့ တရားတော်များ ပျောက်ဆုံးခြင်း ယုံကြည်ကိုးကွယ်မှုမရှိတော့ခြင်း ကိုဆိုလိုတာပါ
ခနီ္ဓပရိနိဗ္ဗာန် စံပြီးတဲ့ အခါ ထွက်ပေါ်လာတဲ့ ဓါတ်တော်မွေတော်တွေကို ဌာပနာပြုုကိုးကွယ်ကြပါတယ်
ဒီလိုနေရာအနံ့ ကိုးကွယ်လာရာကနေ ဓါတ်တော် ရှိတဲ့ ဒေသမှ ဒေသခံ လူများ ယုံကြည်ကိုးကွယ်မှုပြောင်းလဲခဲ့မယ်ဆိုရင်တော့ အဲဒီဒေသမှာရှိနေတဲ့ ဓါတ်တော်တွေဟာ မူလ ပထမ နေရာပြန်ရောက်သွားတက်တယ်လို့ဆိုပါတယ်
ဥပမာ မျက်လုံးတော်ဆိုကြပါဆို့…. ဒေသခံများက မယုံကြည်ကြတော့ဘူးဆိုရင်တော့ မျက်စွာဘုရား ပွင့်တော်မူရာ လုံမနိ ဥယာဉ်ဆီ ပြန်ရောက်သွားတယ်လို့ဆိုပါတယ်
ဒီလိုနဲ့ တခုပြီးတခု တနေရာပြီး တနေရာ ယုံကြည်မှုပျောက်ကွယ်သွား တဲ့အခါမှာ မြတ်စွာဘုရားရဲ့ ရုပ်နာမ်အတိုင်း ဘုရားရှင် တပါးထွက်ပေါ်လာပြီး နောက်ဆုံး အကျွတ်တရားဟောကြားတယ်လို့ ယုံကြည်သူတွေ ရှိကြပါတယ်
ဒါပေမဲ့ ဖြစ်နိုင်ခဲ့သည်ရှိတာတောင်မှ ဘယ်လောက်ကြာရှည်လိမ့်မလဲ … ဒီလိုဖြစ်လာဖို့ဆိုတာ
အဲဒီအခါမှာ ဒီဓါတုပရိနိဗ္ဗာန်စောင့်ကြဖို့ အသက်ဆွဲဆန့်တဲ့ ကျင့်စဉ်တွေ ပေါ်လာပါတော့တယ်
ရုပ်မရှိပဲ နာမ်ဘဝနဲ့ နှစ်ထောင်သောင်းမက နေနိုင်တဲ့ ကဝေဆိုတဲ့ ကျင့်စဉ်တွေပေါ်ပေါက်လာတယ်လို့ဆိုပါတယ်
အရင်ဆုံး ကဝေဆိုတာစဖို့အတွက် စုန်းဆိုတဲ့ အမျိုးအစားကနေဖြစ်လာတာပါ
နိဗ္ဗာန်ရဖို့ လွယ်ကူတဲ့လမ်းကမသွားပဲ နိဗ္ဗာန်မရောက်ခင်လေးမှာ ရသမျှစည်းစိမ်ခံစားသွားမဲ့ လူတွေ လို့ပြောရင်မမှားပါဘူး
ကောင်းမွနိတဲ့လမ်း ….. သမထ ထိုင်ခြင်း ကို ကောင်းတဲ့ လမ်းမှာ အသုံးမချပဲ
မကောင်းတဲ့ လမ်လွဲမှာ အသုံးချနေကြတာလို့ ထင်ပါတယ်
ဖတ်ရသလောက်မှာတော့ စုန်းဖြစ်အောင်အရင်ဆုံး…. ကလေးအချင်းတွေစားခြင်း… မီးနေသည် ထမီအောက်မှာကျင့်ခြင်းစတဲ့ ကျင့်စဉ်တွေရှိတယ်လို့တော့ ပြောတာပဲ
( ရင်ငြိမ်းလည်းမကျင့်ဖူးတော့ မသိ …)
ဒီလိုကျင့်ရင်း စုန်းဘဝကနေ ကျော်လာတာနဲ့
အဆင့်တစ်ဆင့်ကို ကြိုးတချောင်းပိုင်တယ်လို့ သတ်မှတ်ပြီး
အဆင့် ၁၃ဆင့်ရောက်တဲ့အခါမှာ ၁၃ကြိုးပိုင်တာနဲ့
ကဝေဘဝကိုရတယ်လို့ပြောတာပဲ (ဒါလည်း တိဝူး)
ကဝေတွေကတော့ အမေကျမ်းတို့လို အမေရေယဉ်တို့လို ကိုဆိုလိုတာပါ
သူတို့ကတော့ ဝါတွင်းသုံးလနဲ့ တခြား ဥပုသ်ရက်တွေမှာ ဂူပိတ်ပြီး တနေကုန် ဥပုသ်သီလစောင့်ပြီး တရားကျင့်တယ်လို့ ဆိုပါတယ် (ဖြစ်ကောဖြစ်နိုင်ပါ့မလား)
ဒီလို ကျင့်နေတဲ့အချိန်မှာ ဝါနုတဲ့ စုန်းတွေက အန္တရယ်မပြုအောင် စောင့်ပေးတယ်လို့လဲ ဆိုပါတယ်
ဒီလိုနဲ့ စုန်းကဝေတွေ ကပေါ်လာတာပါတဲ့………..
နောက် ဖတ်လိုက်ရတဲ့ အကြောင်းအရာတခုကတော့
ပင်းတယမြို့နဲ့ ကလောကြားလေးထဲက ရွာတစ်ရွာမှာဖြစ်ခဲ့တာပါ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ၄ဝ လောက်က ပါ
ရွာတစ်ရွာမှာ အသက်အကြီးဆုံး အဖွားကြီးတယောက်သေဆုံးလို့ ရွာကလူတွေက သဂြိုလ်ပေးပြီး
သူနေခဲ့တဲ့ အိမ်ကိုဖျက် ဘုန်းကြီးကျောင်းလုပ်ဖို့ဆောက်လုပ်ပြုပြင်ရင်း
အိမ်ရဲ့ ထုတ်တန်း တနေရာမှာ သင်္ကန်းနဲ့ ထုပ်ထားတဲ့ ပေစာတချို့ကို ရွာသားများ တွေ့သွားကြသတဲ့
စပ်စုကြတဲ့ ရွာသားများဟာ ဘာများရေးထားသလဲ ဖတ်ကြည့်တော့ ဘယ်ဂါထာကို ဘယ်နှစ်ခေါက်ရွက် ခြေလမ်း ဘယ်နှစ်လမ်းလှမ်းပြီး ဖနှောင့် ဘယ်နှစ်ချက်ပေါက် ဒါဆို လက်ညိုးထိုးလိုက်တဲ့အရာတိုင်း ညိုးနွမ်းမယ်
ပြန်လည် ရှင်သန်စေချင်ရင်တော့ ဘယ်ဂါထာကို ဘယ်လိုရွက်ဆိုပြီး ရေးထားတဲ့ ပေစာဖြစ်နေတယ်တဲ့
ရွာသားတွေ ဟာ စမ်းချင်ကြတာနဲ့ပဲ တယောက်တပုဒ်ကူးယူ နောက်ပြောင်ကြရင်း တရွာလုံးဟာ မထင်ထားပဲ
ဂါထာအားလုံးနီးပါး တက်ကုန်ကြတော့တယ်တဲ့
တယောက်နဲ့တယောက် စဖို့လောက်သာ စဉ်းစားနေတဲ့ ရွာသားတွေဟာ ကိုယ့်ရွာသား အချင်းချင်းစရင် ဟိုလူကလည်း ဒီဂါထာကို ဖြေနိုင် ဒီလူကိုစရင် ဒီလူကလည်း ဒီဂါထာကိုသိနေတော့ စဖို့လူကုန်တာတော့တယ်တဲ့
အဲဒီအခါမှာတော့ ရွာနီးစပ်က လူတွေကို ဟာသ အနေနဲ့ စမ်းသပ်စလာကြရင်း
တရွာနဲ့တရွာအသွား လှည်းခ မပေးချင်တဲ့အခါ ဂါထာရွက် လှည်းတမားမလှုပ်နိုင်
ဒါဆို ပြန်ဖြေပေးမယ် ပိုက်ဆံမတောင်းနဲ့ ဒီလိုမျိုး အလကားရအောင် လုပ်နဲ့ နေရာမှာ အသုံးပြုလာကြပါတော့တယ်
နောက်တော့ တခြားရွာတွေပါကြောက်လန့်လာတာမလို့
ရွာဘုန်းကြီးကပဲ ဦးဆောင်ပြီး အရမ်းကောင်းတဲ့ဂါထာတပုဒ် ပြောပြမယ်ဆိုပြီး ရွာသားအားလုံးကို မီးရှိုှု သတ်လိုက်တယ်လို့ဆိုပါတယ် (ဟုတ်တာမဟုတ်တာ အပထား တော်တော်လေးတော့ နားထောင်ကောင်းတဲ့အကြောင်းအရာလေးပါ)
ထင်းခွေသွားနေတဲ့ အဖိုးအိုတယောက်နဲ့ သူ့မြေးမလေး တယောက်သာကျန်ခဲ့တယ်လို့ဆိုပါတယ်
ဒီလိုနဲ့ ဒီရွာကနေ ပြန့်သွားတာ တော်တော်များများ ဂါထာနဲ့ပြုစားတဲ့ စုန်းတွေဖြစ်ကုန်တယ်လို့လည်းပြောပါတယ်
ဂါထာနဲ့ ပြုစားတဲ့ စုန်းဆိုလို့
ရင်ငြိမ်း ၁ဝတန်းလောက်မှာ ခေတ်စားခဲ့တဲ့ စုန်းပြုစားတဲ့ အမှုအကြောင်း ပြောပြချင်ပါတယ်
အဖြစ်အပျက်ကတော့ စုန်းမကြီး (ဂါထာ နဲ့ ပြုစားတဲ့စုန်း)က သူ့သမီးသူငယ်ချင်းကောင်မလေးတယောက်က သူ့သမီးထက် စာပိုတော် ပိုပြီးချောနေတာကြောင့် မနာလိုလို့
နွားတကောင်လုံးရဲ့ သားရေကို ဂါထာနဲ့ ရိုက်ရင်းရိုက်ရင်း တော်တေ်ာလေး သေးမျှင်တဲ့ သားရေတုံးလေးဖြစ်အောင် လုပ်တယ်ဆိုပဲ
(တခုတော့ စဉ်းစားမိတယ် ဒီလိုသာ တကယ်လုပ်လို့ရလို့ကတော့ မှောင်ခို တင်သွင်းရတော်တော်လွယ်ကူမယ်ထင်တယ် … တော်တေ်ာ အသုံးဝင်မဲ့ နည်းလမ်းတခုပဲ)
သူ့သမီးသူငယ်ချင်းကောင်မလေးကို အိမ်ခေါ်စာကျက်ခိုင်းပြီး ညဘက် ကောင်မလေး သောက်မဲ့ ရေခွက်ထဲ အဲဒီ နွားသားရေတုံးလေးကို ထည့်လိုက်တယ်ဆိုပဲ …. ညဘက်ကျတော့ ကောင်မလေးက မသောက်ပဲ သူ့သမီးက ထသောက်မိတယ်လို့ ဆိုပါတယ်
ထည့်လိုက်တဲ့ အမေကလည်းမသိဘူး..သူ့သမီးသောက်လိုက်တယ်ဆိုတာကို
နောက်နေ့မနက်မှာ ရေထည့်တဲ့ ဗူး သီးခြောက်ကို အင်းကွက်ရေးပြီး ရေထဲပစ်ချ ဗူးသီးခြောက်ထဲ ရေဝင်လေလေ သူ့သမီးဗိုက်က ပူလာလေလေတဲ့ဗျား
တော်တော်လေး ထူးတော့ ထူးဆန်းတယ် ဟုတ်မဟုတ်တော့မသိ တော်တော်လေးတော့ နားထောင်လို့ကောင်းခဲ့တဲ့ အဖြစ်အပျက်လေးပါ
အသေလုပ်တဲ့ အရာမလို့ သူကိုယ်တိုင်လည်း ပြန်မဖြေနိုင်တော့ဘဲ ရေဗူးရေပြည့်လို့ နှစ်သွားတဲ့အချိန် ကလေးမလေး သေတဲ့ အချိန်လို့ဆိုပါတယ်
တော်တေ်ာလေး ရက်စက်တဲ့ လုပ်ရက်လို့ပြောရင်လည်း မမှားပါဘူး
ယုံလို့လဲ မရသလို မယုံလို့လဲမရဘူးလို့တော့ ထင်တာပါပဲ…..
အရင်တလောက ဘက်စ် ကားတွေပေါ်မှာလိုက်ရောင်းတဲ့ စုန်းအကြောင်း ရိုက်ကူးထားတဲ့ စီတီလေးတွေ ပျံ့ နေတာမလို့ စဉ်းစားမိရင်း
ဖြစ်ပျက်ကြားသိရသမျှကို ဖောက်သည်ချလိုက်ပါတယ်
ဟုတ်မဟုတ်တော့ မျက်မြင် မဟုတ်လို့ မသ်ပေမဲ့
စုန်းတွေဖြစ်လာတဲ့ အကြောင်းအရာကတော့ ရှေးလူကြီးတော်တေ်ာများများပြောပြခဲ့သလို
ရှမ်းစာပေ မှာလဲ ဒီအကြောင်းကို ရေးထားတာရှိတာမလို့
မယုံရင် ပုံပြင်သာမှတ်ပြီး ဗဟုသုတ အနေနဲ့ ရွာသူရွာသားများသိအောင် ဆော်ဪပေးလိုက်ပါတယ်

13 comments

  • Gipsy

    March 11, 2012 at 9:11 pm

    ပြောသံကြားဖူးပါတယ် ..၊ စုံးမရှိရင် ရွာတည် မရ ပါ တဲ့ ..၊
    သဘောက စုံးရှိရမယ် လို့ ဆိုလိုမယ်နဲ့ တူပါတယ် …၊
    စုံးတွေ လဲ အမျိုးအမည် များများရှိတယ်ဆိုပဲ…၊ ဘာစုံး ညာစုံး ချီးစားစုံး အစရှိသည်တို့
    ဖြစ်ပါတယ် တဲ့ …၊ မကြုံဖူးတော့ ယုံရတော့မလို နဲ့ ယုံရခက်ကြီးဗျာ….။

  • အသူရာ

    March 11, 2012 at 10:14 pm

    အဲ့ဒါတွေက ယုံလည်းမယုံချင်ဘူး၊ မယုံလို့လည်းမရဘူး။
    အခုနံမည်ကြီးနေတဲ့ ခွေဆိုရင်
    ငဖဲ ကကျောင်းသူလေး ကျောက်ခဲတွေပြန်အန်တာအများကြီးဘဲဗျ၊
    ကြားဖူးတာတွေတော့ရှိတယ်။ ဖျာနဲ့ဖင်နဲ့ကပ်ပြီးထလို့မရတာတို့၊ ဆံချည်မျှင်တွေအန်တာတို့၊
    ပုတ်ပွရိရွဲနေတာတွေအန်တာတို့ အများကြီးဘဲ။ ဘယ်လိုတွေးရမှန်းတောင်မသိတော့ဘူး။
    ကြားဖူးတဲ့အဖြစ်လေးတစ်ခုပြောပြမယ်………မန်းလေးကပဲ။
    ကောင်မလေးတစ်ယောက် ဗိုက်နာလို့ ဆေးခန်းသွားပြတာ ဆရာဝန်က ရိုးရိုးအစာအိမ်နာတယ်ပဲထင်ပြီး
    အစာအိမ်နာသက်သာတဲ့ဆေးတွေပဲ ပေးလိုက်တာပေါ့၊ ကောင်မလေးကလည်း ဆရာဝန်ပေးတဲ့ဆေးတွေပဲသောက်တာပေါ့၊ နှစ်ရက်လည်းမသက်သာ သုံးရက်လည်းမသက်သာနဲ့ဖြစ်နေတော့ ဆရာဝန်က ဆေးစစ် ဓါတ်မှန်ရိုက်ခိုင်းလိုက်တယ်၊
    ဓါတ်မှန်က X RAY ရော ULTRA SOUND ပါရိုက်တာ။အဲ့ဒီမှာစတွေ့တာပဲ၊
    အူလမ်းကြောင်းမှာ ပိတ်နေတဲ့ပုံစံမျိုးတွေ့ရတယ်တဲ့။ ခြောက်လက်မလောက်ရှည်တယ်။အဲ့ဒါနဲ့
    ခွဲစိတ်ဖယ်ရှားရမယ်ဆိုတော့ ကောင်မလေးလည်းတော်တော်လန့်သွားတာပေါ့ ၊ ဘာကပိတ်နေတာလဲဆိုပြီးမေးတော့ ၊ အစာဟောင်းတွေစုပြီး ပိတ်နေတဲ့ပုံစံမျိုးလို့ထင်တယ်လို့ပြောပြတယ်၊ အူထဲမှာ ဝမ်းစမြင်းခံသလိုပေါ့၊
    ဒီအတိုင်းထွက်လာဖို့က မဖြစ်နိုင်လောက်ဘူး ခွဲထုတ်မှရမယ့်ပုံစံမျိုးဖြစ်နေတယ်တဲ့။
    အဲ့ဒါနဲ့ ခွဲစိတ်ခန်းဝင်ကြရောပေါ့ဗျာ ၊ ဗိုက်ခွဲပြီး ရောဂါဖြစ်တဲ့ အူနေရာကိုဖြတ်လိုက်မှ ဆရာဝန်တွေမျက်လုံးပြူးတော့တာပဲ၊ လား လား လား ကြည့်စမ်းးး ဆိုပြီး တစ်ယောက်ကိုတစ်ယောက်အံအားသင့်နေကြတာ။ ဖြတ်လိုက်တဲ့ အူအပိုင်းအစထဲမှာ ဆံချည်မျှင်တွေ
    ဆံချည်မျှင်တွေဆိုတာ အများကြီးပဲတဲ့ဗျာရေ့။ အတော်ကြောက်စရာကောင်းတာနော် အသိဉာဏ်ရှိတဲ့
    စဉ်းစားဥဏ်ရှိတဲ့လူတစ်ယောက်က ဒီလောက်များတဲ့ဆံပင်တွေစားဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စကြီးနော်
    ရွာထဲကလူတွေရော ဘယ်လိုထင်ကြသလဲပြောပြကြပါ။

  • aye.kk

    March 11, 2012 at 10:28 pm

    နာမ်လောကရှိနေတာကိုအကြွင်းမဲ့ယုံပါသည်။
    ကျမဆွေမျိုးလိုခင်နေတဲ့အမကဆရာဝန်ပါ၊သူဆေးကျောင်းပြီးလို ့
    အလုပ်သင်ဘဝကနယ်ဆေးရုံမှာတာဝန်ကျတုံးက
    ကိုယ်တိုင်ကြုံတွေ ့တာကိုပြောပြဘူးခဲ့ပါတယ်၊လူနာတယောက်
    ကို်ဗိုက်ခွဲစစ်ဆေးတာခုံဖိနပ်ထွက်လာလို့အလွန်အံ့အားသင့်ခဲ့ရပါတယ်တဲ့။

  • ကြောင်ကြီး

    March 12, 2012 at 7:59 am

    သဂျီးဗိုက်ထဲမှာ ကိုဘေးနွားအကောင်တရာလောက် ရှိဆိုပဲ…။ 😀

  • water-melon

    March 12, 2012 at 8:01 am

    အမလေး ကြောက်လိုက်တာတော်
    သများတို့ကိုပြုစား ကိုင်စားရင် ဒုက္ခ
    တစ်ချို့ကတော့ စုန်းတွေရဲ့တတွေးကို စားရင်လည်း စုန်းဖြစ်တယ်တဲ့
    ဒါပေမဲ့ စုန်းတွေက သူတို့ရဲ့ပညာကို ဘုရားမှာပြန်လှူလို့ရတယ်
    နောက်ဘယ်တော့မသုံးတော့ပါဘူးလို့ပြောပြီး ကြာဖူးတာပါ။
    နောက်မှ စုန်းအကြောင်းရေးပါအုန်းမယ်

  • Mon Kit

    March 12, 2012 at 10:45 am

    တချို့ကျတော့ ဝမ်းတွင်းပါ စုန်းအတတ်ပညာရှိတယ်..
    သူတို့ကိုယ်တိုင် စုန်းအတတ်ပညာရှိမှန်းမသိကြဘူး…
    ရန်ဖြစ် စိတ်ဆိုးလို့ ဘာဖြစ်ပါစေ.. ညာဖြစ်ပါစေ နှုတ်က ထွက်လိုက်ရင် တဖက်သားမှာ တကယ်သွားဖြစ် နေတတ်တယ်.. အဲဒီအခါမှ စုန်းအတတ်ပညာ ရှိမှန်းသိရတယ်တဲ့..
    ကြားဖူးနားဝလေး ပြောပြတာပါ…
    ကြောက်ရှာဂျီးနော်…

  • inz@ghi

    March 12, 2012 at 11:52 am

    အိုက်ဒါတွေကို (ယုံယုံမယုံယုံ)
    (ရှိရှိမရှိရှိ) (ဟုတ်ဟုတ်မဟုတ်ဟုတ်)
    ဝတ္ထုရေး …. ရိုက်ညွှန်းခွဲ
    ရုပ်ရှင်ရိုက်ပြီး ကမာ္ဘကိုရောင်းစားရမှာ…

    သူများဒွေများ ….ဈေးရောင်းတတ်တာပြောပါတယ်…
    မျက်နှာမှာ အမာရွတ်နဲ့ မှော်ဆြာလေးအကြောင်းရောက်လည်း ဝက်ဝက်ကွဲ
    သွေးစုပ်ဖုတ်ကောင်နဲ့ ရည်းစားထားတဲ့အကြောင်းရိုက်လည်း ဝက်ဝက်ကွဲ ….

    အော်….ရယ် …
    လိုရင်ပြောဇမ်းပါဂျာ … ဗမာ့စုန်းကို ကမာ္ဘကသိအောင် …ကူပါ့မယ်…
    အာ…ဟိ..
    😀

    • kai

      March 13, 2012 at 5:22 am

      ဟောလိဝုဒ်က…
      ဟယ်ရီပေါ်တာနဲ့လုပ်သွားတာရယ်..
      ဒရက်ဂူလာနဲ့ လုပ်စားတာရယ်..
      စုန်းမှော်သရဲ ပြုစားတာတွေရယ်…

      စုစုပေါင်းလည်ပါတ်ငွေက…
      မြန်မာပြည် တနှစ်ဂျီဒီပီ ၂ဆတောင် ကပါ့မလားမသိဘူးနော…
      ဒေါ်လာသန်းပေါင်း ၁သိန်းမက ရှိမယ်ထင်တယ်..။ 😕

  • windtalker

    March 12, 2012 at 2:00 pm

    ဒီကိတ်စမျိုးတွေ က တောင်ပေါ်သူတွေ ပိုတတ်သိနားလည်တယ် လို ့ရှေးလူကြီးတွေ ပြောတာ ကြားဖူးတာဘဲ ။ ရင်ငြိမ်းနွေ ကို ပြောတာ မဟုတ်ဖူးနော ။

  • နွေဦး

    March 12, 2012 at 2:53 pm

    စုန်းတွေကို ကလပ်စီဖိုင်း လုပ်ရင်
    အမျိုးပေါင်းများစွာ ရှိပါတယ်
    စုန်း ကဝေ မောက်လုံး မောက်ပြား ဇော်ကနီ ဇော်ကနက်
    စုန်းကဝေ အဆင့်က ပြုစားတာထက် အပင်းသွင်း တာမျိုးကို လုပ်တတ်တယ်
    သူတို့က သူ့ အဆင့်ဆင့် သူ့ အုပ်စုနဲ့ သူ သူ့ပညာနဲ့သူ သူ့လိုင်းနဲ့ သူပေါ့။
    အဆင့်နိမ့်တာတွေကိုတော့ ပညာပေး ဆုံးမလို့ရပေမဲ့
    အဆင့်မြင့်တဲ့ဟာတွေကိုတော့ မေတ္တာ နဲ့ ချော့ပြောရတာ ရှိပါတယ်..

    • inz@ghi

      March 12, 2012 at 2:57 pm

      ကျုပ်သိတာတော့ …၅မျိုးပဲရှိတာဗျ..
      နေချာ ရယ် ခေဲးယို့ ရယ် နျူရိုမန်စီ ရယ် အော်ဒါ ရယ် လိုက်ဖ် ရယ် ဆိုပြီး
      နေချား က ရော်ဘင်ဟုဒ် အနွယ်တွေဗျ…
      ခေဲးအိုစ့် ကတော့ ဖိုင်းယား
      နျူရိုမန်စီ နဲ့ လိုက်ဖ် က ပြောင်းပြန်ဗျာ … သေဆုံးခြင်းနဲ့ အသက်ဓါတ် ..
      အော်ဒါကတော့ မန်းနေ့ချ်မန့် ပိုင်း ပိုနီးစပ်ရဲ့….

      ဘာလို့ဒါတွေပြောပြရသလဲဆိုတော့ ..တကယ်တော့ ..ကျုပ်ဟာလည်း ….
      ထားပါတော့လေ…
      😛

  • a me

    March 12, 2012 at 5:02 pm

    ပြန်လာမှာပါ ပုသိမ်သားရယ်

  • aye.kk

    March 12, 2012 at 8:17 pm

    စုန်းတကာ့စုန်း..
    တိမ်ညွန် ့စားတဲ့စုန်းက..ပညာအမြင့်ဆုံး။
    ကုရာနတ္ထိဆေးမရှိ..ယေရှူသာလျှင်ကယ်တင်ကုသနိုင်စွမ်းရှိ၏။
    ကျမငယ်ငယ်က..သူတော်စင်ကိုယ်တိုင်ကပြောပြသဖြင့်သိရ၏၊လက်တွေ ့သိခဲ့ရ၏။
    ကျမ၏သစ္စာစကားသာဖြစ်၏၊အမြင်မတူလက်မခံနိုင်သူတို့အားအငြင်းမပွားလိုပါ။
    ကိုယ်တွေ ့သိတာကိုသာပြောပြခြင်းဖြစ်ပါသည်။။

Leave a Reply