ဟုတ်ရဲ့လား ဟင်

ကထူးဆန္းMarch 11, 20121min12914

http://first-11.com/index.php?option=com_content&view=article&id=12732:2012-03-11-04-48-56&catid=42:2009-11-10-07-36-59&Itemid=112

Eleven Media မှာတင်ထားတဲ့ သတင်းပါ ။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပြီးစီး ခဲ့သော လွှတ်တော် အဆောက်အအုံ ၃၃ လုံး၊ သမ္မတအိမ်တော်နှင့် ဒုတိယ သမ္မတအိမ်တော် ခုနှစ်လုံးအတွက် ငွေကျပ် ၂၈ ဘီလျံကျော် သုံးစွဲခဲ့ပြီး ရေရရှိရေးအတွက် ၂ ဒသမ ၃၆ ဘီလျံ သုံးစွဲခဲ့ကြောင်း သိရ PDF Print
Sunday, 11 March 2012 11:05

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်အတွင်း တည်ဆောက်ပြီးစီးခဲ့သော နေပြည်တော် စီမံကိန်းများ အနက် လွှတ်တော် အဆောက်အအုံ ၃၃လုံး၊ သမ္မတအိမ်တော်နှင့် ဒုတိယ သမ္မတအိမ်တော် ခုနစ်လုံးအတွက် ငွေကျပ် ၂၈ ဘီလျံကျော် သုံးစွဲခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် က မတ်လ ၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့ အစီအစဉ်တွင် ပြောကြားခဲ့သည်။်

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က “လွှတ်တော် အဆောက်အအုံ ၃၃ လုံး အတွက် ၁၉ ဒသမ ဝ၁ ဘီလျံ၊ သမ္မတအိမ်တော် အတွက် ၅ ဒသမ ၈၅ ဘီလျံ၊ ဒုသမ္မတ အိမ်တော်ခုနစ် လုံးအတွက် ၃ ဒသမ ၇၁ ဘီလျံ၊ စုစုပေါင်း ၂၈ ဒသမ ၅၆ ဘီလျံ သုံးစွဲခဲ့ပါတယ်။ ထို့ပြင် အမျိုးသား ပြတိုက် အတွက် ၃ ဒသမ ဝရ ဘီလျံ၊ အမျိုးသား စာကြည့်တိုက်အတွက် ၁ ဒသမ ၇၈ ဘီလျံ၊ အမျိုးသား မော်ကွန်းတိုက် အတွက် ဝ ဒသမ ၇၈ ဘီလျံ၊ နိုင်ငံတော် ဧည့်ဂေဟာ ၄ဝ လုံးအတွက် ၂၁ ဒသမ ၉၄ ဘီလျံ၊ အခြား အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများ အတွက် ၅ရ ဒသမ ၇ရ ဘီလျံ၊ လမ်းလုပ်ငန်း အတွက် ၄၄ ဒသမ ၃၆ ဘီလျံ၊ ရေရ ရှိရေးလုပ်ငန်းအတွက် ၂ ဒသမ ၃၆ ဘီလျံ၊ ဆည်နှင့်ရေစီးရေလာ လုပ်ငန်းအတွက် ၂ ဒသမ ၈ရ ဘီလျံသုံး စွဲခဲ့ပါတယ်”ဟုပြောကြားခဲ့သည်။

ထို့ပြင် ဌာနဆိုင်ရာ(လျှပ်စစ်၊ ဆက်သွယ်ရေး၊ ဆောက်လုပ် ရေး)အတွက် ၆ ဒသမ ၇၁ ဘီလျံ၊ အမြတ်ခွန်နှင့် အမြတ်ငွေ ၁၄ ဒသမ ၈၆ ဘီလျံနှင့် စာရင်းစစ် ဆေးမှုအရ အပြီးသတ် စာရင်းရှင်းရန်ငွေနှင့် နိုင်ငံတော်သို့ Withholding Tax နှစ်ရာခိုင်နှုန်း ပေးသွင်းရန် ၄၆ ဒသမ ၉၁ ဘီလျံ ကုန်ကျခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ပြောကြားခဲ့သည်။

ဒေါ်လာ နဲ့ ပြန်တွက်ကြည့်ရင်
(၁) သမ္မတ အိမ်တော် = ၅ ဒသမ ၈၅ ဘီလျံ = ဒေါ်လာ ၇.၂ သန်း
(၂) ဒုသမ္မတ အိမ်တော်ခုနစ် လုံးအတွက် = ၃ ဒသမ ၇၁ ဘီလျံ = ဒေါ်လာ ၄.၅၈ သန်း (ဘာဖြစ်လို့ အိမ်တော် ခုနှစ်လုံးဖြစ်လည်း မသိဘူး။မှားများရေးတာလား)
(၃)လွှတ်တော် အဆောက်အဦး ၃၃ လုံး = ၁၉ .၀၁ ဘီလျံ = ဒေါ်လာ ၂၃.၄၆ သန်း
(၄) နိုင်ငံတော် ဧည့်ဂေဟာ ၄ဝ လုံးအတွက် ၂၁ ဒသမ ၉၄ ဘီလျံ = ဒေါ်လာ ၂၇.၀၈ သန်း
(၅) အခြား နှင့် ဆက်စပ် = ၅ရ ဒသမ ၇ရ ဘီလျံ = ဒေါ်လာ ၇၁.၃၂ သန်း
(၆) လမ်းလုပ်ငန်း အတွက် ၄၄ ဒသမ ၃၆ ဘီလျံ၊= ဒေါ်လာ ၅၄.၇၆ သန်း
(၇) ပြတိုက် စာကြည့်တိုက် မော်ကွန်းတိုက်=၅.၆၃ ဘီလျံ= ဒေါ်လာ ၆.၉၅ သန်း
(၈) ရေ ဆည်နှင့် ရေစီးရေလာ =၅.၂၃ ဘီလျံ= ဒေါ်လာ ၆.၃ရ သန်း
(၉) လျှပ်စစ်၊ ဆက်သွယ်ရေး၊ ဆောက်လုပ် ရေး) ၆ ဒသမ ၇၁ ဘီလျံ= ဒေါ်လာ ၈.၂၈ သန်း

ဆောက်လုပ်ရေးနှင့် ပါတ်သက်၍ စုစုပေါင်းကုန်ကျငွေ =၁၇၀.၂၁ ဘီလျံ = ဒေါ်လာ ၂၁ဝ သန်း

(၁၀)အမြတ်ခွန်နှင့် အမြတ်ငွေ ၁၄ ဒသမ ၈၆ ဘီလျံ = ဒေါ်လာ ၁၈.၃၄ သန်း
ိ(၁၁) Withholding Tax ၄၆ ဒသမ ၉၁ ဘီလျံ = ဒေါ်လာ ၅၇.၉၁ သန်း

exchange rate ကို တစ်ဒေါ်လာ ၈၁ဝ နဲ့ တွက်ထားပါသည် ။

14 comments

  • ဦးဦးပါလေရာ

    March 11, 2012 at 11:30 pm

    ဒါကတော့ ပိုက်ဆံအနေနဲ့ ထုတ်သုံးတာဖြစ်ပါတယ်။
    ဒါတောင် ကျုပ်တို့နိုင်ငံရဲ့ စီးပွားရေးအင်အားနဲ့စာလိုက်ရင် တော်တော်များပါတယ်။

    ဒါပေမယ့် –
    ပိုက်ဆံထုတ်ပေးစရာမလိုတဲ့
    ဆန်ပေး – ဆေးရ စီမံကိန်းတွေ ဆောက်လုပ်မှု့တန်ဘိုးတွေက
    ဒါ့ထက် များစွာရှိပါသေးတယ်နော….

  • Khin Latt

    March 12, 2012 at 3:46 am

    ကျွန်မတို့ ချစ်သောပြည် ကို ဆင်းရဲတယ်လို့ ပြောနေကြတာ
    “ဟုတ်ရဲ့လား ဟင်” ? 👿

  • inz@ghi

    March 12, 2012 at 8:40 am

    ချဉ်ထှာ….အေ
    👿

  • အသူရာ

    March 12, 2012 at 9:41 am

    အမရေးးး ဒို့နိုင်ငံက ဘောစိ ဘောစိ 🙄

  • minnannawar

    March 12, 2012 at 10:12 am

    အဲတာတွေအားလုံးက ယခင်မြို့တော်ရန်ကုန်မှာအားလုံးရှိပြီးသားပါ။
    ရွှှညဏ်တော်စူးရောက်ပြီး၊ စောက်ရူးထ နေပြည်တော်-တည်တော့- မလိုပဲ ပိုက်ပိုက်တွေကုန်တာပေါ့။ အဲတာတွေသာမသုံးခဲ့ရင် တင်နေတဲ အကြွေးတွေ ဘယ်လာပြီးဒီလောက်ဖြစ်ပါ့မလဲ။ အခုတော့ စောက်ရူးတစ်ယောက်ကို အရူး ဘုံမြှောက်လိုက်ကြတာ မွေးလာတဲ့ ကလေးတောင် အကြွေးတင်နေပါပေါ့လား။

  • inz@ghi

    March 12, 2012 at 10:18 am

    ဆောက်တာလည်း ဆောက်ပြီးသွားပြီ
    မတတ်နိုင်ဘူး ..တတ်နိုင်တာက ဆောက်ပြီးတာ ကို
    သုံးလို့ရအောင် (သုံးစားရအောင်) လုပ်ဖို့ပဲ…

    သည်တော့ကာ … အနှီနေပူတော်
    အခြေပြု ဘစ်ဇနက်စ်တွေ …(ကပ်တီးမူးလဲတွေမဟုတ်)
    အမှန်အကန် (အမြန်) ဖွံ့ဖြိုးတိုးတက်လာဖို့
    လိုကြောင်းရယ်ပါ…

    😀

  • chel gyi

    March 12, 2012 at 10:36 am

    ဆောက်လုပ်ရေး Main Contractor တွေ အယောက် ၈ဝ လောက်ရှိတာ…အကုန်လုံးboss တွေတောင်
    ဖြစ်ကုန်ပြီ။( မနာလိုလို့ ပြောတာမဟုတ်ဘူးဗျာ) ပေါင်းပြီးကြံတာ နိုင်ငံတော် ပိုက်ဆံတွေ ဗျာ……ပြောရင်
    ရင်နာတယ် Aprial ……………
    ူု

  • htoosan

    March 12, 2012 at 12:55 pm

    ဒါ နေပြည်တော် တစ်ခုလုံးမဟုတ်ဘူး ။ ကွက်ကွက်လေး ကိုသာ ပြောသေးတာ ။ တစ်ခု လုံးဆိုရင် အကြွေး ကြေ နိုင်ပြီလားမသိဘူး နော့် ။

  • intro

    March 12, 2012 at 1:34 pm

    အမလေးဟဲ့… များလိုက်တဲ့ ပိုက်ပိုက်တွေ၊

  • koaung

    March 12, 2012 at 1:48 pm

    မတရားမစားကြနဲ့ဟေ့ မသေခင် အံထွက်မယ်

  • ko jooy

    March 12, 2012 at 2:01 pm

    အိမ်း အိမ်း ကောင်းလေစွ ကောင်းလေစွ လိုအပ်လို ့သုံးတာပဲ သုံးပေါ့ကွယ်
    အိပ်ထောင်ထဲမရောင်ရင်တော်ပါပြီ

  • Wow

    March 12, 2012 at 4:19 pm

    ဒဂျီး ဒဂျီးပြောဒေါ့ တိုင်းပြည်ဘဏာတွေ လိုအပ်တဲ့နေရာမှာသုံးရအောင် ၅၀၀ဝ တန်ဖုန်းကို မလိုချင်ကြနဲ့ဆို။ အခုဒီကစ်စကြဒေါ့ဘယ်လိုလဲ။ သူရို့ဂျီးတွေကျတော့ စိတ်ရူးပေါက်တိုင်း ထသုံးနေပြီး…

  • a me

    March 12, 2012 at 5:03 pm

    ဟုတ်မှာပါ

  • Gipsy

    March 12, 2012 at 7:49 pm

    ပိုက်ပိုက်တွေကို သောက်သောက်လဲ သုံး ဖြုံးထားကြပါလား …
    သုံးဖြုံးတယ်ဆိုတာ သိနှင့်ပေမဲ့ ဒီလောက် amount ရှိမယ် ထင်မထားဘူးဗျာ…
    ဒါ့ကြောင့် ဒို့နိုင်ငံ လကြွေး ထူနေတာပဲ ကိုး …။

Leave a Reply