ချဉ်ထှာအေ…

ムラカミMarch 12, 20124min11616

မနေနိုင်လို့ ကော်ပီကူးတင်လိုက်တယ်….

ခွေးပါးဝတဲ့ စလုံးကျွန်းသားဒွေကို မီးဒုတ်ဝိုင်းရှို့ကြပါဗျို့….

မူရင်းစာမူ
ခေါင်းစဉ်က …
ကဲ စင်ကာပူ က သံအမတ်ကြီး ရေ ဘယ်လိုဘယ်ပုံ စီစဉ် မလဲကြည့်သေးတာပေါ့
https://www.facebook.com/media/set/?set=a.361230503900401.85638.100000403624746&type=3

Joseph Joe
ရဲ့ wall ပေါ်က ရပါတယ်…
Dear Sir,
I wuold like to inform you regarding as mention in above.
I am a Staff Nurse Khaing Khaing Saw who is working in SINGAPORE
GENERAL HOAPITAL.
On 25/2/12, one Myanmar maid named TIN WAR WAR KHING , 24 years (
according to her pass port) was transferred from Changi General
Hospital to SGH WD 43 Burn Centre as she was abused by her employer.
One of the neighbour informed to police and policemen were came to
this house and investigated.
the address of employer is ,
Block 702, #08-18, Tampanes street 71
They found out that many scratched marks on her face, many scrateh
marks and human bite marked on her hands, so many blisters on her back
and both buttocks caused by throwing of hot water onto her. She can’t
walk well because her legs are swollen due to kicked by employer while
wearing in big boots. head injury beaten by coffee mug.
Police sent her to CGH via ambulance on 22/ 2 /12.
I went and see her on 2/3 12 in SGH. I was shocked when i saw this
little skiny girl, and I can’t control my tears. she is suffering alot
and mentally and physically traumatised.actually she was born in 1995,
so she is only over 16 years.
She was discharged from SGH on 2/3/12 and sent to one of the shelter
home arranged by Medical Social Worker and police.
The attached photoes are taken up on discharge form hospital & almost
healing in progress.
Please may i request you to involve in her case and give her your kind support.
We will be much appreciated.
You can be feel free to call and ask me at 93903610.
I am looking forward to hearing from you.

with due respect & kind regards,
khaing khaing saw
Share
အင့် အင့် …
ဒါ့ပုံလေးဒွေ

 

 

 

 

 

 

 

 

 

 
ကြည့်လုပ်ကြပါ ကိုယ့်ဆြာတို့…….
နိုင်ဂျံဂါးဆိုလို့ ….. ဟေ့
ဒိုဘာမင် နဲ့ ဗမာခွေး ကိုက်ရင်တောင်
ဗမာခွေးပဲ နိုင်စေချင်တဲ့
မျက်ကန်းမျိုးချစ်
ဂီ

16 comments

  • inz@ghi

    March 12, 2012 at 9:11 am

    နာမည်ထုတ် မပြောရက်တဲ့ …တိုင်လုံး၄ခု ပဲ အပြစ်ထိုင်ဖို့မနေကြပါနဲ့ဦး
    ညီမလေးတို့ ညီလေးတို့ရယ် ….. အိမ်ဖော်ဆို ဘိရုမာ လို့ ပြောတဲ့ တိုင်းပြည်တွေ
    ဗွက်ထဲ ရုန်းရတုန်းက …တို့ဆီက ရွှေပြည်ကြီးပါ ……
    အဲ့ခေတ်ကို တူတူ ပြန်သွားကြမယ်နော်…..

    အဝဲယားနက်စ် …အဝဲယားနက်စ် ….

    ပိုကြိုးစားကြရအောင်ပါ. ….. ဘာလေးပဲဖြစ်ဖြစ်ပေါ့ …
    မနေ့က ငါ ကို ဒီနေ့ငါ က သနားတယ် ဆိုရုံလောက်လေးတော့ ….
    လုပ်ကြစို့ရယ်ပါ….

    အိပ်မက်မက်ရင်တောင် …
    ပိုမြင့်မြင့် အိပ်မက်ကြရအောင်ပါ…..

    ခင်တဲ့
    See U @ da TOP!
    ဂီ

    • Shwe Tike Soe

      March 12, 2012 at 1:27 pm

      ကိုဂီရေ မိုက်တယ် ဟေ့ တကယ်မျိုးချစ်ပဲ ဟုတ်တယ်.. အဲလို လုပ်ရမယ်…
      မနေ့က ငါ ကို ဒီနေ့ငါ က သနားတယ် ကြိုက်တယ် အဲဒီစာသားလေး

  • water-melon

    March 12, 2012 at 9:16 am

    စိတ်မကောင်းပါဘူး
    ရင်ထဲစို့နှစ်အောင်ခံစားရပါတယ်။

  • amatmin

    March 12, 2012 at 9:54 am

    ကလေးရုပ်တောင်မပျောက်တတ်သေးတဲ့ မျက်နှာကိုကြည့်ရင်း.
    ပြောစရာစကားပျောက်လောက်အောင် ကိုဖြစ်ရပါတယ်..
    လူမဆန်တဲ့ လုပ်ရပ်ေတွေကို အလုပ်ခံနေရလောက်အောင်ကို ကျုပ်တို့က နိမ့်ကျလွန်းနေလို့လား..
    ဒီပုံတွေ ဒီလိုဖြစ်ရပ်တွေကို မြင်ရတိုင်း ဘယ်သူဘယ်ဝါကြောင့်ဆိုတာထက်..
    ကျွန်တော်တို့ကိုယ်စီမှာလည်း တာဝန်ရှိကြသည်..လို့ပဲ
    တာဝန်သိတဲ့.ကိုယ့်အမျိုးသားချင်းကာကွယ်ပေးချင်တဲ့ မခိုင်ခိုင်စော ကိုလည်းချီးကျူးပါတယ်..

  • Mon Kit

    March 12, 2012 at 10:00 am

    အိုး…. ရက်စက်လှချည့်လား….
    လူစိတ် ကင်းမဲ့တဲ့ ခွေးဘီလူးတွေရဲ့ လုပ်ရပ်ဘဲ..
    သနားစရာ ကလေးမရယ်…

  • ရွာစားကျော်

    March 12, 2012 at 11:08 am

    စိတ်မကောင်းလိုက်တာဗျာ
    လူစိတ်မရှိတဲ့ လုပ်ရပ်၊ ခွေးစိန်ပေါက်နေတဲ့ လုပ်ရပ်ပါဗျာ
    မကောင်းဘူး ဘာမှမကောင်းတော့ဘူး
    လုပ်တဲ့လူလည်းမကောင်းဘူး
    ၁၆ နှစ်အရွယ်ကလေးကို ၂၄ နှစ် လိမ်လွှတ်တဲ့ အုပ်ထိန်းသူတွေလည်းမကောင်းဘူး

  • htoosan

    March 12, 2012 at 12:48 pm

    စကာင်္ပူက နိုပ်စက်တဲ့ အိမ်ရှင် က သူတို့ တရားဥပဒေ အတိုင်းသွားမှာဘဲ ။ ဒီမှာလို လာတ်ပေးလာတ်ယူ မရှိတော့ စိတ်ပူစရာမလိုဘူး ….
    ဒီက ပုဂ္ဂိုလ်များသာ …
    ၁။ အသက် လိမ်လုပ်တဲ့ မှတ်ပုံတင် ။ နိုင်ငံကူးလက်မှတ် ဘယ်သူတာဝန်ရှိသလဲ။
    ၂။ အသက်လိမ်လုပ်ပြီးပို့လိုက်တဲ့ မိဘ(သို့) ဆွေမျိုး .
    ၃။ ပို့လိုက်တဲ့ အေးဂျင့် ..
    ဘယ်လိုရှင်းကြမလဲ …. အဲ့ဒါ ဘယ်လိုဘယ်ပုံ စီစဉ် မလဲကြည့်သေးတာပေါ့ ။

  • inz@ghi

    March 12, 2012 at 12:58 pm

    အိုက်ဒါ …..

    လူမျိုးခြား က ကိုယ့်လူမျိုး ကိုနှိပ်စက်တယ် ဆိုတာကိုသာ မြင်တာ…
    ကိုယ့်လူမျိုး ကို လူမျိုးခြား ကနှိပ်စက်လို့ရအောင်
    ကိုယ့်လူမျိုးအချင်းချင်းကပဲ …ဖန်တီးပေးသလို ဖြစ်နေတာရယ်……
    ဒီလို အဖြစ်တွေ ကြားနေ မြင်နေရတာ …အသည်းနာစမ်းပါဘိ…
    🙁
    👿

  • Shwe Tike Soe

    March 12, 2012 at 1:33 pm

    ကိုယ်နိုင်ငံက ကိုယ်လူမျိုးကို မကာကွယ်နိုင်တော့ အဲဒီထက် ဆိုးတာတွေ ကိုယ်မသိလို.အများကြီး ရှိအုံးမှာ ဗျာ…
    တကယ်လဲ စိတ်ကိုမကောင်းဘူး….
    ဖြေရှင်းပေးရအောင်က လဲ ကိုယ်ကလဲ ဘာကောင်မှမဟုတ်တော့ စိတ်မကောင်းယုံအပြင် ပိုမရှိပါဘူးဗျာ

  • Khaing Khaing

    March 12, 2012 at 2:28 pm

    ပို့တဲ့လူကလည်း မိဘအုပ်ထိန်းသူဖြစ်ချင်လည်းဖြစ်မယ် လိမ်ပြီးအပို့ရခံရတာလည်းဖြစ်မယ် စကားကြုံလို့ပြောရဦးမယ် အသိမိတ်ဆွေတစ်ယောက်က မလေးကို လူတွေပို့တယ်လေ… တော်တော်လေးလည်းအဆင်ပြေပါတယ်…. အဲထဲက သူပို့တဲ့မိန်းကလေးက ပြသနာနည်းနည်းရှုပ်သွားတယ် မြန်မာပြည်မှာ ယောက်ျားရှိတယ် အဲယောက်ျားကလည်း မိန်းမတွေတော်တော်များတယ် အဲမိန်းကလေးက 3ယောက်မြောက်တဲ့… မိန်းကလေးက သူ့ယောက်ျားနှိပ်စက်တာမခံနိုင်လို့ မလေးမှာသွားအလုပ်လုပ်တာ တော်တော်ကိုကြာနေပါပြီ ဒါပေမယ့် အဲဒါကို သူ့ယောက်ျားက မကျေနပ်တော့ ပို့တဲ့အေဂျင့်ကို ပြသနာရှာတယ်လေ.. လူမှောင်ခိုကူးမှုတဲ့….. ငါးစားသာမြင်ပြီး ငမျှားချိပ်ကိုမမြင်ကြဘူး ….. အဲဒါပဲ….. လူပို့တယ်ဆိုတာ ငွေရတာမှန်ပေမယ့် အန္တရာယ်များတယ်…. မြန်မာပြည်ကနေ နိုင်ငံခြားကိုပို့တဲ့ အေဂျင်တွေကလည်း မိမိပိုက်ဆံရ ရေးကိုဦးစားမပေးပဲ မိမိချိပ်ဆက်ပေးသည့်အလုပ်က ကောင်းသည်မကောင်းဘူး စဉ်းစားဆုံးဖြတ်ပြီးမှ လုပ်သင့် တယ်….. လူတစ်ယောက်ပို့လိုက်လို့ မည်သည့်ကိစ္စမှ မဖြစ်ဘူးဆို အိုကေပေ့ါ…အခုလိုဖြစ်လာရင် အားလုံးအတွက်မကောင်းဘူး အခုချိန်ခါက အင်တာနက်တွေတိုးတက်နေတဲ့ခေတ် သတင်းက တစ်ခုခုဆို အတိုင်းတိုင်းအပြည်ပြည်သို့ရောက်ပြီးသား….. အများပြောစရာ ထောက်ပြစရာဖြစ်တာပေ့ါ .. ဘာပဲလုပ်လုပ် ဒီလိုသတင်းတွေကို အင်တာနက်တင်မကဘူး အင်တာနက်မသုံးတတ်တဲ့မိသားစုတွေကိုပါ အသိပေးသင့်တယ် …..တစ်ချို့လူတွေက ဗဟုသုတနည်းကြတယ် (မိမိအကြောင်းမိမိပြောခြင်း) တစ်ခြားမပြောနဲ့ ကျွန်မအိမ်ကမိဘတွေဆို ဘာမှမသိ ဂျာနယ်ဖတ်သည် ဂဂနနမသိ တစ်ချို့ကိစ္စဆို ကျွန်မကိုယ်တိုင် မနည်းနားလည်အောင်ရှင်းပြရသည် …… ကျွန်မလည်းဘာထူး လူတကာသိလို့ ပုပ်ပွမှ သိရသည်….. ဒီလိုအဖြစ်မျိုးတွေ ကျွန်မတို့မသိပဲ ဘယ်လောက်တောင်ဖြစ်နေလဲမသိဘူးနော်….. မြန်မာပြည်အတွင်းမှာလဲ ဒီလိုအဖြစ်တွေရှိနေရှိနေမှာပဲလေ…. အဓိကဆုတောင်းပေးချင်တာက လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ……
    လူအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ…..

  • aye.kk

    March 12, 2012 at 8:53 pm

    လူမိုက်သားတွေရမ်းကားတဲ့တိုင်းပြည်…..ဘယ်သူ ့တိုင်းပြည်ဖြစ်၏တည်း။

  • MaMa

    March 12, 2012 at 10:58 pm

    ဟုတ်ပါရဲ့ ဘယ်တုန်းကတည်းကများ ဘယ်လိုများ နှိပ်စက်ထားတယ် မသိ 🙁
    အဲဒီလို ခံရတာ သူကလေး တစ်ယောက်တည်းကော ဟုတ်ရဲ့လား။
    တရားမျှတမှုကို ဘယ်လိုများ ရနိုင်မလဲ။
    နှိပ်စက်တဲ့သူကို ဒါဏ်ငွေရိုက်(သို့) ထောင်ချ (သို့) အလားတူ ပြန်ခံရစေ ဆိုပြီး ပြစ်ဒါဏ်ကို ရွေးချယ်ခိုင်းရင်…….

  • surmi

    March 13, 2012 at 12:04 am

    ခက်တာက ဘာအရည်အသွေးမှ မဖြည်.ဆည်းရသေးဘဲ
    နိုင်ငံခြား သွားချင်တဲ.ရောဂါကို အရင်ကုရမယ်နဲ.တူတယ်။ကျွန်တော်.အလုပ်က
    အမျိုးသမီးတစ်ယောက်ဆိုရင် အဘွားလုပ်တဲ.သူကပို.လိုက်တာ ။ဘာတစ်ခုမှလည်း
    မတတ်ဘူး ။

  • ဦးဦးပါလေရာ

    March 13, 2012 at 12:28 am

    စင်္ကာပူမှာ အိမ်ဖေါ်လုပ်ရရင်
    ဒီလို အနှိပ်စက်မခံရရင်တောင်မှ

    ၁-ဆိုးဆိုးဝါးဝါး အထင်သေး အနှိမ်ခံရပါမယ်။
    ၂-အလွန်ချုပ်ချယ်ပါတယ်။ အကျဉ်းသားတယောက်ပမာပဲ..။
    ၃-ဝအောင်မကျွေးပါဘူး။ ဒါကတော့ သူတို့ကိုယ်တိုင်လဲ ဝအောင်မှစားရဲ့လားမသိ။ ဒါပေမယ့် သေချာတာက ခွက်ချိန်နဲ့ အတိုင်းအတာနဲ့ ကျွေးတဲ့ပမာဏဟာ မြန်မာဗိုက်နဲ့မဝပါဘူး။ အိမ်အလုပ်ကို မိုးလင်းမိုးချုပ် ကြုံးလုပ်နေရသူဆိုတော့ ပိုဆိုးပေါ့..။
    ၄-ရေရေလည်လည် တန်အောင်ခိုင်းပါတယ်။ စလုံး သုံးလေးရာပေးပြီး လုပ်လိုက်ရတဲ့အလုပ်…။ အဲသလောက် မြန်မာပြည်မှာလုပ်ရင် ဒါ့ထက်နှစ်ဆလောက်ရမယ်ထင်တယ်။
    ၅-နောက်ကျမှအိပ်ရပြီး မနက်အစောကြီးထရပါတယ်။ အိပ်ချိန်အလွန်နဲပါတယ်။
    ၆-စင်္ကာပူသား(တရုတ်၊မလေး၊ အိန္ဒိယ-အားလုံး) မိန်းမတော်တော်ကြောက်ရတာများလို့ sexual abuse ခံရဘို့တော့ တခြားနိုင်ငံတွေထက် သက်သာမယ်ထင်ပါတယ်။

    အခုပြောတာ အိမ်ဖေါ်တိုင်းလို့ မဆိုချင်ပေမယ့် အများစုက ဒီအတိုင်းပါပဲ။
    ဒီရွာထဲမှာလဲ စင်္ကာပူမှာ တလှည့်စီနေသူတွေ၊ အိမ်ဦးနဲ့ကြမ်းပြင်လို ခေါက်တုန့်ခေါက်ပြန်သွားနေသူတွေ ရှိပါတယ်။
    သူတို့ကတော့ ပိုပြည့်စုံအောင်ပြောနိုင်ပါလိမ့်မယ်။

    နာစ့်အကူအမည်ခံပြီး အိမ်ဖေါ်သွားလုပ်မယ့်သူတွေ သတိထား စဉ်းစားသင့်ပါတယ်။
    နားလည်တဲ့သူကလဲ သတိပေး သင့်ပါတယ်။

  • kai

    March 13, 2012 at 4:50 am

    စင်္ကာပူက.. တရားဥပဒေစိုးမိုးတဲ့.. တိုင်းပြည်ဖြစ်ပါတယ်..။
    စံနစ်တကျ.. တရားရေးလမ်းကြောင်းက ချည်းကပ်ရင်.. ထိုက်သင့်တဲ့အတိုင်းခံကြ/ရကြပါလိမ့်မယ်..။
    စိတ်ပါဝင်စားသူတွေက.. ရှေ့နေငှားဖို့.. ငွေဝိုင်းစုထည့်လိုက်ရင်.. အဆင်ပြေမယ်ထင်မိတယ်..။

    ဆိုတော့…
    ကိုယ့်လူမျိုးတွေ.. နိုင်ငံတကာမှာ.. ခံစားနေကြရတာကြားတိုင်း. ဖတ်ရတိုင်း…. သိတိုင်း..
    မြန်မာပြည်က.. မြန်မာများဟာ..
    – မြန်မာ ၅သန်းအထက်.. တပြည်လုံးရဲ့.. ၈-၁ဝရာခိုင်နှုန်းလောက် နိုင်ငံတကာမှာ နေထိုင်.. အလုပ်လုပ်နေကြရတာကိုသတိရပါ..။
    – မြန်မာပြည်မှာ လာအလုပ်လုပ်.. နေထိုင်နေသူ နိုင်ငံခြားသား/လူမျိုးခြားများကို.. ကိုယ်ချင်းစာပါ..။
    – တခြားတိုင်းရင်းသားများကို.. ကိုယ်ချင်းစာပါ..။

    အဲလိုပြောကြည့်ချင်မိကြောင်း…. :mrgreen:

  • ကြောင်ကြီး

    March 14, 2012 at 9:21 am

    စင်ကာပူ မလေးရှား ထိုင်း တရုတ်.. အိုကွာ အေးရှန်းဆို ဘယ်အေးရှန်းမှ မကောင်းဘူး..။ သခင်ကြီးတွေပဲ ကောင်းတယ်….။ သူတို့က ဆီစွတ်ပြီးသွင်းတာ… ခံရတာခြင်းတူတောင် အခံမခက်ဘူး…. ဟိုကောင်တွေလုပ်တော့ နာချည်ခံခက်ဆိုတဲ့ စကားအတိုင်းပဲ…။
    အိုမြန်မာတွေ
    နိုးထကြလော့
    အလုပ်ခွင်ဝင်ရန် (သိပ်သဘောမကျနဲ့.. အလုပ်ရှင်က နိုင်ငံခြားသား)
    အချိန်တန်ပြီ…။

Leave a Reply