လက်ပကျွတ် ကလေးတော့ အသက်ထွက်သွားရှာဘီ ….
အမျှ အမျှ အမျှ …..
၂၀၀၈ ကုန်စည်ပြပွဲတုန်းက ၀ယ်ထားတာလေး…..
(အဟဲ ..မာကတ်တာ များ ယုတ်မာချက်ပြောပါတယ်…)
ပါးစပ်ကသာ ကော်ပီရွိုက် အော်နေတာ ….
(၁၀၀လောက်သက်သာလည်း နည်းလား ဆိုပီး ရန်ကုန်ပြန်ပီးကိုဝယ်တာ ..ခိခိ…)

အိုအက်စ် အစ သုံးသမျှ အပျော့ထည် အကုန်လုံး ပိုင်းရိတ်တက်တွေချည်း…
(ငရဲကလာ ပြာပူမကြောက်….ဆိုသလိုဘဲ…)

အပျော့ရဲ့ ပြတင်းပေါက် အမှတ်-၇ အာလတီမိတ်… အဟတ်အဟတ်..
အပျော့ရဲ့ မြင်ကွင်းစတူဒီယို ၂၀၀၈ … အလဲ့လဲ့လဲ့…
အပျော့ရဲ့ ရုံးခန်းစု ၂၀၀၇ …. အမယ်မယ့်မယ့်…
လာထား …ဒေါ်လေးအဒိုဘီရဲ့ ..ခွီအေ့တစ်ဗ် ဆု …အဟိ… အလင်းခန်း …. (ပလက်ဂင်လေးဒွေတောင် ခိုးသုံးထားသေး ..သွပ်သွပ်…)
ဆိုနီ အက်ဆစ် ဆီနီမာ ဆင့်ခ်ျ ပလက်တီနာမ် …ညှင်းညှင်း …
ဒါတောင် ခုတလော မသုံးဖြစ်တဲ့ ..ဆောင်းဖို့ဂ်ျ တွေ ဖလူးတီး လုပ်ပ် တွေ မပါသေး…

အော် …မောင်ဂီ ဆိုတာ သာခိုးဂျီးပါလားကွယ်…ရို့…

သူများ ဦးနှောက်တွေ ခိုးထားတဲ့ အကုသိုလ်က ကြီးလေတော့…
ဝဋ်လိုက်တာများပြောဘာဒယ်… ပြည်တွင်းမှာ အပျော့ထည် ဈေးကွက်ဖြစ်မလာသေး…
ပြောပြရင် အသည်းနာသွားမယ်…. အဲ့ထက်ဆိုးရင် မေးရိုးကြမ်းပြင်ရိုက်သွားမယ်…
မျက်ရည်ဗူးသီးလုံးလောက်ကျ မယ့် အဖြစ်တွေပါဂျာ….တော်သေးဘီ..

ပျက်သွားမယ်ဆိုလည်း ပျက်သွားလောက်ပါတယ်လေ… .ထည့်ထားတဲ့အပျော့ထည်တွေကြည့်ရုံနဲ့တင်..
ကျုပ်ဘယ်လောက်ညှင်းထားမယ်ဆိုတာ ….သိလောက်ရောပေါ့ ..အဟတ်အဟတ်..

သူ့ခမျာ ကျန်းမာရေးမကောင်းတာ ကြာလှပေါ့ …ဘက်ထွီယူနစ်က စ ဂန့်သွားတာ …
ဟီး ..ပေါ့တေးဘယ်လ် မဖြစ်သော လက်ပကျွတ် လေး ပေါ့ဗျာ….
ကြိုးတန်းလန်းနဲ့ သုံးရတာကိုး …. ဒဲလ်ပစ္စည်းများ မာတာပြောပါတယ်…
ခြေညှိုးနေ့ ခြေမညှပ်ပြီးသာ ပလပ်ဖြုတ်လိုက် ..အဲ့ဒါ ရှပ်ဒေါင်းပဲ…
(သူများသာ ဆြာလုပ်ပြီး ဟိုလိုသုံးပါ သည်လိုသုံးပါပြောနေတာ.)
မောင်ဂီ ဆိုတာ ဂယ်တော့ အပေအတေရယ်…

သည်မနက် အပျော့ထည် လေးစာရင်းချလုပ်ကြည့်ပါတယ်. ..အပျော့ဖိုးတင် အစိမ်း၃၀၀၀လောက်ဖြစ်နေသကိုး..
(တန်ထှာအေ…အလကားသုံးရတာ…)

ခု ၀ယ်ရတော့မယ် ဆိုတော့ ..ပျားတုတ်ပြီ….
တိုက်တိုက်လေးရယ်မှ ဆိုင်ဆိုင်ဗျာ ..ဘယ့်နှယ့် အိမ်ပြောင်းခါနီးမှ….
ကျုပ်ကလည်း တည ထမင်းမစား ဘဲ နေဆိုရင်သာနေနိုင်တာ..
တည ပီစီမပွတ်ရရင် နေကို မနေတတ်တာ…..
မပြောင်းခင် ပိုက်ပိုက်ကုန်ဦးမယ့် သဘော… လေဘာဒယ်အေ…

လက်ပကျွတ်လေးလက်ဆောင်ပေးမယ့် စိုင်လေးတစ်ကောင်လောက် မိတ်ဆက်ပေးကြပါ..အာဟိ…

နောက်တာပါဂျာ …ဂယ်က သူများသာ ဈေးဝယ်လမ်းညွှန် လုပ်နေတာ …
ကိုယ့်ဟာကိုယ်ကျ ဘာဝယ်ရကောင်းမှန်း သိတာမဟုတ်ဘူးရယ်….
လေဒယ် လေဒယ်…..

ရည်းစားဦး ပန်းသီးကိုတော့ မ၀ယ် ဘူး ..စိတ်ချ…..
(ဒါ့ပုံတို့တာ အလွန်ကောင်းပေမယ့်… မဖြစ်ဘူးဗျ… ကျုပ်က အပျော့နဲ့လက်ထပ်လိုက်ပီ ..အာဟိ..)

ဒဲလ် ၀ယ်ချင်ပေမယ့် … အဲအိဂေါ့(အင်းဂလိ) လိုသုံးချင်ရင် ၁ပါတ်စောင့်ရတယ်တဲ့ …သဂျီးရဲ့ ….
ကိုယ့်အိမ်ကိုယ်သုံးတာမှာတော့ ….ဘူးသီးကြော်နဲ့ သုံးရမှာတော့ လိုဂျင်ဝူးရယ်….
http://www.dell.com/jp/p/desktops?c=jp&cs=jpdhs1&fc=studio-xps-desktops&l=ja&s=dhs&~ck=mn#ViewByTabs
အိုက်ဒါနဲ့ဘဲ … လှည့်ပတ်ကြည့်ရှုပြီး သကာလ …..ဘယ့်နှယ့်ဗျာ ….
ပရိုဒတ်ရှင်း လိုင်းတခုလုံး ဘယ့်နှယ့်ဖြစ်ကုန်သည်မသိ….
ဆိုနီကလည်း ဇီး Z Series တဲ့
တိုရှီဘာ ကလည်း Z တဲ့….ဘယ့်နှယ့်ဖြစ်နေတာတုန်းကွယ်ရို့ ……….
အိုက်ဒါနဲ့ဘဲ … အော်.. HP လေးလည်း ဆိုးပါဝူးလေ ဆိုရှာတော့…..
အံမယ်… မဆိုး …. မှတ်တယ်… ဒက်စတွက် စီးရီးလိုက် ကြီး Z ဇီးဆိုတာပြူးနေတာပဲ…
လက်ပကျွတ်မ၀ယ်ဘဲ ပါဝါးဖူးလ်ဖြစ်တဲ့ ဒက်စတွတ်ဝယ် အိမ်မှာထိုင်သုံးမလား တွေးတော့ ပြောပါတယ်..

တနေကုန် လက်ပကျွတ်-ဒက်စတွတ်-တက်ဘလွတ် ကြားထဲ လူလည်း ဘတ်လဘိုင်လိုက်နေဘာဘီဂျာ..
ဈေးသွားမေးကြည့်လိုက်တော့လဲ … အဟွာနဲ့ တွဲယူရင် အဟွာပါ ရမယ်
ဒီဟာနဲ့ တွဲရင် ဒီဈေး ဟိုဟာနဲ့ တွဲရင် ဟိုဈေး…..
ခွီးတဲ့မှဘဲ …အေဘေး မာကတ်တာဒွေ …. ပက်ကေ့ခ်ျ လုပ်ရောင်းနေမှတော့…
လူက ဘယ်ဟာ တန်တယ် ဘယ်ဟာ မတန်ဘူး ..ဘယ်လိုမှကို ကွန်ပဲယား လုပ်မရတော့ဝူး…
ဖီချာ နဲ့ ပရိုက်ဇ် သက်သက်ကြီး ချိန်လို့ ဆလို့ကို မရ၀ူး…
မာကတ္တာတွေ ယုတ်မာကြတာများပြောပါတယ်…

ဘရန်းဒွေ လွိုင်ရယ်လ်ထီ တွေ ကလည်း လာသေး…
အေဘေးဒွေ ကိုယ့်ဂျင်းကိုယ့်ဂျင်းဆိုပြီး ဈေးတော့လျော့ပေးမယ် မရှိ……
(ပရိုက်ဇ်ကိုတော့ မထိပါနဲ့တဲ့ ….. အောင်မယ်ငီး ..ကိုယ့်အလုံးနဲ့ကိုယ် အပေါက်ခံရတာ အနာဆုံး…
ကိုယ့်အလုံးကိုယ်ပြန်နင်တယ် ဆိုတာ ဒါမိုး….)

ဇကားမစပ်….
ကျုပ်ကို ပီစီ ကူရွေးပေးကြပါဦး ရွာသူား တို့ရယ်…

ခုတလော စိတ်ဖိစီးမှုများလို့ ….. ချင့်ချိန်သုံးသပ်တဲ့အပိုင်း အလုပ်မလုပ်လို့ပါ……

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011