သေရှာဘီ Dead

ムラカミMarch 12, 20121min20133

လက်ပကျွတ် ကလေးတော့ အသက်ထွက်သွားရှာဘီ ….
အမျှ အမျှ အမျှ …..
၂၀၀၈ ကုန်စည်ပြပွဲတုန်းက ဝယ်ထားတာလေး…..
(အဟဲ ..မာကတ်တာ များ ယုတ်မာချက်ပြောပါတယ်…)
ပါးစပ်ကသာ ကော်ပီရွိုက် အော်နေတာ ….
(၁၀ဝလောက်သက်သာလည်း နည်းလား ဆိုပီး ရန်ကုန်ပြန်ပီးကိုဝယ်တာ ..ခိခိ…)

အိုအက်စ် အစ သုံးသမျှ အပျော့ထည် အကုန်လုံး ပိုင်းရိတ်တက်တွေချည်း…
(ငရဲကလာ ပြာပူမကြောက်….ဆိုသလိုဘဲ…)

အပျော့ရဲ့ ပြတင်းပေါက် အမှတ်-ရ အာလတီမိတ်… အဟတ်အဟတ်..
အပျော့ရဲ့ မြင်ကွင်းစတူဒီယို ၂၀၀၈ … အလဲ့လဲ့လဲ့…
အပျော့ရဲ့ ရုံးခန်းစု ၂၀၀ရ …. အမယ်မယ့်မယ့်…
လာထား …ဒေါ်လေးအဒိုဘီရဲ့ ..ခွီအေ့တစ်ဗ် ဆု …အဟိ… အလင်းခန်း …. (ပလက်ဂင်လေးဒွေတောင် ခိုးသုံးထားသေး ..သွပ်သွပ်…)
ဆိုနီ အက်ဆစ် ဆီနီမာ ဆင့်ချ် ပလက်တီနာမ် …ညှင်းညှင်း …
ဒါတောင် ခုတလော မသုံးဖြစ်တဲ့ ..ဆောင်းဖို့ဂျ် တွေ ဖလူးတီး လုပ်ပ် တွေ မပါသေး…

အော် …မောင်ဂီ ဆိုတာ သာခိုးဂျီးပါလားကွယ်…ရို့…

သူများ ဦးနှောက်တွေ ခိုးထားတဲ့ အကုသိုလ်က ကြီးလေတော့…
ဝဋ်လိုက်တာများပြောဘာဒယ်… ပြည်တွင်းမှာ အပျော့ထည် ဈေးကွက်ဖြစ်မလာသေး…
ပြောပြရင် အသည်းနာသွားမယ်…. အဲ့ထက်ဆိုးရင် မေးရိုးကြမ်းပြင်ရိုက်သွားမယ်…
မျက်ရည်ဗူးသီးလုံးလောက်ကျ မယ့် အဖြစ်တွေပါဂျာ….တော်သေးဘီ..

ပျက်သွားမယ်ဆိုလည်း ပျက်သွားလောက်ပါတယ်လေ… .ထည့်ထားတဲ့အပျော့ထည်တွေကြည့်ရုံနဲ့တင်..
ကျုပ်ဘယ်လောက်ညှင်းထားမယ်ဆိုတာ ….သိလောက်ရောပေါ့ ..အဟတ်အဟတ်..

သူ့ခမျာ ကျန်းမာရေးမကောင်းတာ ကြာလှပေါ့ …ဘက်ထွီယူနစ်က စ ဂန့်သွားတာ …
ဟီး ..ပေါ့တေးဘယ်လ် မဖြစ်သော လက်ပကျွတ် လေး ပေါ့ဗျာ….
ကြိုးတန်းလန်းနဲ့ သုံးရတာကိုး …. ဒဲလ်ပစ္စည်းများ မာတာပြောပါတယ်…
ခြေညှိုးနေ့ ခြေမညှပ်ပြီးသာ ပလပ်ဖြုတ်လိုက် ..အဲ့ဒါ ရှပ်ဒေါင်းပဲ…
(သူများသာ ဆြာလုပ်ပြီး ဟိုလိုသုံးပါ သည်လိုသုံးပါပြောနေတာ.)
မောင်ဂီ ဆိုတာ ဂယ်တော့ အပေအတေရယ်…

သည်မနက် အပျော့ထည် လေးစာရင်းချလုပ်ကြည့်ပါတယ်. ..အပျော့ဖိုးတင် အစိမ်း၃၀၀ဝလောက်ဖြစ်နေသကိုး..
(တန်ထှာအေ…အလကားသုံးရတာ…)

ခု ဝယ်ရတော့မယ် ဆိုတော့ ..ပျားတုတ်ပြီ….
တိုက်တိုက်လေးရယ်မှ ဆိုင်ဆိုင်ဗျာ ..ဘယ့်နှယ့် အိမ်ပြောင်းခါနီးမှ….
ကျုပ်ကလည်း တည ထမင်းမစား ဘဲ နေဆိုရင်သာနေနိုင်တာ..
တည ပီစီမပွတ်ရရင် နေကို မနေတတ်တာ…..
မပြောင်းခင် ပိုက်ပိုက်ကုန်ဦးမယ့် သဘော… လေဘာဒယ်အေ…

လက်ပကျွတ်လေးလက်ဆောင်ပေးမယ့် စိုင်လေးတစ်ကောင်လောက် မိတ်ဆက်ပေးကြပါ..အာဟိ…

နောက်တာပါဂျာ …ဂယ်က သူများသာ ဈေးဝယ်လမ်းညွှန် လုပ်နေတာ …
ကိုယ့်ဟာကိုယ်ကျ ဘာဝယ်ရကောင်းမှန်း သိတာမဟုတ်ဘူးရယ်….
လေဒယ် လေဒယ်…..

ရည်းစားဦး ပန်းသီးကိုတော့ မဝယ် ဘူး ..စိတ်ချ…..
(ဒါ့ပုံတို့တာ အလွန်ကောင်းပေမယ့်… မဖြစ်ဘူးဗျ… ကျုပ်က အပျော့နဲ့လက်ထပ်လိုက်ပီ ..အာဟိ..)

ဒဲလ် ဝယ်ချင်ပေမယ့် … အဲအိဂေါ့(အင်းဂလိ) လိုသုံးချင်ရင် ၁ပါတ်စောင့်ရတယ်တဲ့ …သဂျီးရဲ့ ….
ကိုယ့်အိမ်ကိုယ်သုံးတာမှာတော့ ….ဘူးသီးကြော်နဲ့ သုံးရမှာတော့ လိုဂျင်ဝူးရယ်….
http://www.dell.com/jp/p/desktops?c=jp&cs=jpdhs1&fc=studio-xps-desktops&l=ja&s=dhs&~ck=mn#ViewByTabs
အိုက်ဒါနဲ့ဘဲ … လှည့်ပတ်ကြည့်ရှုပြီး သကာလ …..ဘယ့်နှယ့်ဗျာ ….
ပရိုဒတ်ရှင်း လိုင်းတခုလုံး ဘယ့်နှယ့်ဖြစ်ကုန်သည်မသိ….
ဆိုနီကလည်း ဇီး Z Series တဲ့
တိုရှီဘာ ကလည်း Z တဲ့….ဘယ့်နှယ့်ဖြစ်နေတာတုန်းကွယ်ရို့ ……….
အိုက်ဒါနဲ့ဘဲ … အော်.. HP လေးလည်း ဆိုးပါဝူးလေ ဆိုရှာတော့…..
အံမယ်… မဆိုး …. မှတ်တယ်… ဒက်စတွက် စီးရီးလိုက် ကြီး Z ဇီးဆိုတာပြူးနေတာပဲ…
လက်ပကျွတ်မဝယ်ဘဲ ပါဝါးဖူးလ်ဖြစ်တဲ့ ဒက်စတွတ်ဝယ် အိမ်မှာထိုင်သုံးမလား တွေးတော့ ပြောပါတယ်..

တနေကုန် လက်ပကျွတ်-ဒက်စတွတ်-တက်ဘလွတ် ကြားထဲ လူလည်း ဘတ်လဘိုင်လိုက်နေဘာဘီဂျာ..
ဈေးသွားမေးကြည့်လိုက်တော့လဲ … အဟွာနဲ့ တွဲယူရင် အဟွာပါ ရမယ်
ဒီဟာနဲ့ တွဲရင် ဒီဈေး ဟိုဟာနဲ့ တွဲရင် ဟိုဈေး…..
ခွီးတဲ့မှဘဲ …အေဘေး မာကတ်တာဒွေ …. ပက်ကေ့ခ်ျ လုပ်ရောင်းနေမှတော့…
လူက ဘယ်ဟာ တန်တယ် ဘယ်ဟာ မတန်ဘူး ..ဘယ်လိုမှကို ကွန်ပဲယား လုပ်မရတော့ဝူး…
ဖီချာ နဲ့ ပရိုက်ဇ် သက်သက်ကြီး ချိန်လို့ ဆလို့ကို မရဝူး…
မာကတ္တာတွေ ယုတ်မာကြတာများပြောပါတယ်…

ဘရန်းဒွေ လွိုင်ရယ်လ်ထီ တွေ ကလည်း လာသေး…
အေဘေးဒွေ ကိုယ့်ဂျင်းကိုယ့်ဂျင်းဆိုပြီး ဈေးတော့လျော့ပေးမယ် မရှိ……
(ပရိုက်ဇ်ကိုတော့ မထိပါနဲ့တဲ့ ….. အောင်မယ်ငီး ..ကိုယ့်အလုံးနဲ့ကိုယ် အပေါက်ခံရတာ အနာဆုံး…
ကိုယ့်အလုံးကိုယ်ပြန်နင်တယ် ဆိုတာ ဒါမိုး….)

ဇကားမစပ်….
ကျုပ်ကို ပီစီ ကူရွေးပေးကြပါဦး ရွာသူား တို့ရယ်…

ခုတလော စိတ်ဖိစီးမှုများလို့ ….. ချင့်ချိန်သုံးသပ်တဲ့အပိုင်း အလုပ်မလုပ်လို့ပါ……

33 comments

  • inz@ghi

    March 12, 2012 at 1:09 pm

    စိတ်ကူးမလွဲနဲ့ မောင်ဂီ …
    ASUS အောစုပဲဝယ်…. အောစုပဲ ကောင်းတယ်…
    ဘာလို့လဲဟင်င်င် စု ပါလို့
    😛

      • inz@ghi

        March 12, 2012 at 3:32 pm

        တိုင်းခရုပါဗျို့ …
        ဒက်စတွတ်ခေတ်မှာတုန်းက
        ကျုပ်က အောစုဘုတ် အောစုကတ်
        ဝမ်းတဆက် ဆို သိပ်သဘောကျတာ…

        ခုနောက်ပိုင်း အောစု လက်ပကျွတ် လောကထဲ အတော်လေး
        နေရာရလာသကိုး ….

        ဂယ်က ဖြစ်ရပ်ကြီးတခု ရှိခဲ့တယ်ဗျာ…
        ဒေတာဒီတေးလ်တွေတော့ ပြောတော့ဘူးနော…
        အရင်က မားကတ်လီဒါက ကွန်ပက်
        ကွန်ပက် ငွေကျပ်တုန်း ..ပိုက်ဆံရှိတဲ့ အိပ်ချ်ပီ က ဝယ်ရော…
        (ဈေးကွက်မှာ ကွန်ပက်တွေပျောက် အိချ်ပီတွေပဲထုတ်…)

        ပရင်တာ ထုတ်တဲ့ကောင်က လက်ပကျွတ် ထုတ်ရသလား
        ကောင်းပ့ါမလား ဆိုပီး လူတွေက မဝယ်ရဲ…..
        မာဂျာ ပိုင်းမှာလည်း မန်းနေ့ချ်မန့် တိုင်ပတ်နေ

        အဲ့ …အချိန် နံပါတ်-၂ဖြစ်နေတဲ့ ဒဲလ် က ကျော်တက်…
        လီဒါ ဖြစ်လာ …. အပျော့ရဲ့ ၆၃မကျတဲ့ ဗစ်စတာ က
        ဒဲလ် ကိုဆွဲချ… ဒဲလ်ရဲ့ ရှယ်ယာတွေကို ဘယ်သူတွေက
        စားသွားလဲ ဆိုတော့ အိုင်ဘီအမ်က ပီစီလိုင်းကို ဝယ်လိုက်တဲ့
        လီနော်ဗို ရယ် အိပ်ချ်ပီ အင်ဂျင်နယာဟောင်းတသိုက် ထောင်ထားတဲ့
        ဒီဇိုင်းပိုင်း အင်မတန်လှတဲ့ အောစုရယ်…

        အဲ့ဒါနဲ့ ဇာတ်ပေါင်းတော့ အိပ်ချ်ပီ က နံပါတ်၁ဖြစ်လာ…
        အိပ်ချ်ပီ အိပ်ချ်ပီကျူ တဲ့ ကွန်ပက် ဆိုပြီး ၃မျိုးပြန်ထုတ်…
        ဒဲလ်က အဆင့်၃ ကို ဆင်းသွား အေဆာ နဲ့ လီနော်ဗို
        အောဆု ..ဒုတိယနေရာလု….

        သူတို့တွေ အောက်မှာ ဂငယ်ငတုံးတွေရဲ့ ဖူဂျစ်ဆု
        တို့ တိုရှီဘာ တို့ ဆိုနီ တို့ ရှိလေရဲ့….

        ပြောချင်တာဒီလိုပါ ..ဘယ်သူကောင်းတယ်
        ပြောရခက် ရွေးရခက် ကြီး ကို ဖြစ်နေတော့တာ…
        အော်…. ကမာ္ဘပြားပီ ကိုး…
        ဘာဝယ်ရမဲ ဟင်င်င်င်

  • htoosan

    March 12, 2012 at 1:21 pm

    စု ချစ်သူများအတွက် အောစု ဆိုပြီး ကြော်ညာ ထွက်လာတော့မယ်နဲ့တူတယ် ဂီ။ 😀

  • weiwei

    March 12, 2012 at 1:25 pm

    ဒို့ကတော့ လက်တော့သွားဝယ်တုန်းက ဆိုင်တွေက ဘာအမျိုးအစားလိုချင်လဲ ဘယ်လိုသုံးမှာလဲစသဖြင့် မေးကြတာပေါ့လေ … ပြန်ဖြေလိုက်တာက လက်ပကျွတ် လှလှလေးတစ်လုံး လိုချင်တာလို့ 😛
    လှတာမက်ရင် ဒုက္ခရောက်မယ်နော်လို့ ဘယ်လိုပဲပြောပြော လှတာကိုပဲလိုချင်လို့ ပန်းရောင်လေးပဲ ဝယ်လိုက်တယ် … 🙂

  • nigimi77

    March 12, 2012 at 1:27 pm

    ငါ့ရဲ ့ တတ်ဘလုတ် လဲ သေရှာပြီ။

  • inz@ghi

    March 12, 2012 at 1:28 pm

    သဂျီးရေ ….

    ဂလိုလုပ်ရအောင် ….
    ဟောင်ကောင်း တိုင်ဝမ်း ကိုရီးယားတွေမှာ
    အလုံးရေ ရာဂဏန်း နဲ့အထက် ယူရင် တံဆိပ်မကပ်ဘဲ
    (ကိုယ့် တံဆိပ် ကိုယ်ကပ် ပြီးရောင်းလို့ရ) တဲ့ မိတ်ကာတွေရှိတယ်ဗျ…
    OEM သမားဒွေ …

    အဲ့နေရာတွေ ဆက်သွယ်ပြီး Suu ကို theme လုပ်ထားတဲ့
    လက်ပကျွတ် ၊ တက်ဘလွတ် နီနီရဲရဲလေးတွေ
    ထုတ်ရောင်းနိုင်မယ်ဆိုရင် ဘီလျံ ဘစ်ဇနက်စ်ပဲ….
    😀

    သူများထက် အရင် ဦးအောင် …ဒီဇိုင်းရေးဦးမှ…..
    😛

    • kai

      March 12, 2012 at 3:12 pm

      တလောလေးကပဲ.. ရုံးမှာ.. လက်ပတွတ်အသစ် တလုံး ၂၇ဝနဲ့ ချိုင်းနားကဝယ်ပြီး ကွန်တိန်နာ.. ဥရောပပို့ဖို့လုပ်နေတာ တွေ့လိုက်တယ်..။
      အဲဒါ.. ဆန်ပယ်က..ရုံးမှာတွေ့လို့..ကြည့်လိုက်သေး…
      မဆိုးဘူးပဲ..။ ပန်းသီးလိုလို.. ဒီဇိုင်းချိုးထားတာ…
      ရ ထည့်ပေးထားသေးတယ်..။

      • inz@ghi

        March 12, 2012 at 3:20 pm

        E-Commerse က ပေါ်သင့်နေပါပြီဗျာ…
        ခွက်ဒစ် အွန်လိုင်း ကတ်ရှ် လည်း ကောင်းလာမယ်..
        ဒီဘက် ဘုစုလျူး ဘက်ကလည်း ကောင်းလာမယ် (ယာဉ်+လမ်း)
        ဆိုရင်ပြောပါတယ်…

        တနေ့တော့ တနေ့ပေါ့ …
        😀

  • manawphyulay

    March 12, 2012 at 3:11 pm

    ဒဲလ်ဝယ်လေ မောင်ဂီရယ် အိုင် ဆဲဗင်းလောက်ကိုဝယ်သုံးပေါ့

  • pooch

    March 12, 2012 at 3:55 pm

    အောစု လက်ပကျွတ်လေးသုံးတယ်။ အတော်လေးတော့ မာရှာတယ်။ ၄ နှစ်လောက်ရှိပြီ ဒေါင်ဒေါင်မြည်ပဲ။ ဗိုင်းရပ်တော့ နှစ်ခါလောက်နှိပ်စက်လို့ အလူးအလဲ ခံရဖူးတယ် ။ သိမ်းသမျှ အကုန်ပြောင်။ ခုတော့ စာတတ်သွားပြီ။ ဖြစ်ဖူးမှပဲ သိတာ။

    • Moe Z

      March 12, 2012 at 4:14 pm

      မိုးစက်ကတော့ရုံးမှာ compaq, အိမ်မှာတော့ lenovo
      2 လုံးစလုံး အလကားရတာ
      ကိုယ့်ဟာကိုယ်တော့ samsaung net book လေးပဲဝယ်သုံးတယ် 😀

  • koaung

    March 12, 2012 at 4:09 pm

    အားလုံးသူ့ဘရန်းနဲ့သူမဆိုးပါဘူး ဒီမှာဒေါ့ အိုင်း၅ ဒီဗီဒီရွန်းပါတာ ၆၀ဝအစိမ်းရှိတယ် ၉၀ဝကျော်ဆိုအိုင်းရ ရပါတယ်ဒီဗီဒီရွန်းမပါဘူး ပန်းသီးနဲ့ဈေးနဲနဲပဲကွာတာ
    ပန်းသီးကပျက်ရင်ပြင်ရတာဈေးကြီးတယ် အာစို့ဆိုရင်ပျက်ခဲတယ် ပြင်ရင်လဲဈေးပေါတယ် အခုသုံးနေတဲ့အေဆာ ၉လက်မ ဟာတ်ဒစ် ၁၂ဝဂျီဘီလဲတာ ၄ဝဒေါ်လှပေးရတယ်
    အေဆာထက်အာစို့က ဈေကြီးတယ် (ကိုယ်သိတာကိုယ်ပြောတာ) အဆင်ပြေသွားမှာပါ

  • Khin Latt

    March 12, 2012 at 4:11 pm

    တစ်ချို့ ကလေး တွေကတော့ အသစ်လေး လိုချင်ပြီ ဆို အဟောင်းကို မသေသေအောင် ပညာရှိ နည်းနဲ့ သတ်ပြီး ငိုပြ တတ်ကြတယ်။ အာ ဟား တကဲ့ဆရာကြီးတွေနော်။
    ကြားဘူးခဲ့တာ ပြောပါတယ်။

    အခုတော့ လက်တွေ့ကြီး ကို ကြားလိုက်ရပြီ။
    မပြောတော့ဘူး။မပြောတော့ဘူး။ ပြောကို မပြောချင်တော့ဘူး။ 😉

    ဒါနဲ့ ပန်းသီးပြောင်းသုံးကြည့်ပါလား။
    နောက်တာ … အဟိ .. 🙂

    • inz@ghi

      March 13, 2012 at 7:19 am

      ဟုတ်ပါဝူး အရီးလတ်ရယ်….
      သများ လက်ပကျွတ် ကို သေလုနည်းပါးလုပ်ခဲ့တာ…
      သများရဲ့ ချစ်လှစွာသော အကုသိုလ် အတုံးလိုက်အတစ်လိုက်
      တက်နေတဲ့ ..ညီတော်မောင်ပါ …

      သများက လီနော်ဗို ဒက်စတွတ် …သုံးခဲ့တာရယ်…
      မနှစ်ကများ …သများ လေပြီး ..ဒီလခနဲ့ကတော့
      ရွာပြန်ပြီး – ခံစားတာကမှ ကိုက်ဦးမယ် တွေးပြီး (-= အလှူ)
      ဒက်စတွတ် ရန်ကုန်ပြန်သယ် …. ချစ်လှစွာသော ဘော့စုမှ…
      ဂီ့ မှ ဂီ့ပဲ ဆို ပြန်ခေါ်လို့ …(သနားလို့) ပြန်လာတော့
      ဒက်စတွတ် ..ပြန်မသယ်နိုင်တော့လို့ …(ကီလို-၂ဝသာရ ….)
      ကိုယ့်ပစ္စည်းကိုယ်သယ်တာ ..ဟို အေဘေးတွေရစ်တာမခံနိုင်လို့ ….
      ဒင်း ဖျက်ဆီးထားတဲ့ …သများဝယ်ခဲ့တဲ့ ….လက်ပကျွတ်လေး ဆောင်ယူလာတာပါ…
      (အဲ့ …. ဘိတ်လိုပြောဖြစ်ပြန်ဘီ …တယောက်သောသူကလေးအား သဒိရပါအိ)

      ဂုဒေါ့ …ဂုဒေါ့ ….
      သများ ပိုက်ဘော မိပါဘီချင့် ……
      ဒင်း သုံးတဲ့ အော်ထိုကထ် နဲ့ သများ သုံးတဲ့ ..ဗစ်ဇွယ် စတာဒီယို မတည့်လို့…..
      စစ်စတမ် ခွက်ရှ် ဖြစ်တာ ခနခန …(သူ့ဟာတော့ဖြုတ်လိုက်ပါဘီ…)
      ဘယ်လိုဖစ်တယ်မသိ …. ဗစ်ဇွယ် စတာဒီယိုက အော်တိုကတ်များတွေ့ရင်….
      အယ်ရာ ဆိုပီး ဒီဘာ့ဂ်မုတ် ရွမ်းမယ် ဆိုတာချည်း….. လေပါတယ်ချင့် ……..

      ရည်းစားဦး ပန်းသီးတော့ မသုံးပါရစေနဲ့ချင့် …
      ဘာလို့လဲဆို ..သများရဲ့ စိုင်လေးကလည်း….
      (အောက်ပါ စာကို ကိုလေး၏ မင်းမှမင်း … တီးလုံး အလိုက်နှင့်ဖတ်ပါ…)
      အို့ ….. ဒဲလ်မှ ဒဲလ် ပဲ .. ဒဲလ် မှ ဒဲလ် ပဲ ..ဟဲဟဲ ….
      ဒဲလ်…. တခုတည်း ….. ဒဲလ် ပဲ …..

      အဟတ်… ဒင်းလေးလည်း အပျော့ ပြတင်းပေါက်ဆာဗာ၂၀၀၈ ကွန်ဖီဂါရေးရှင်း ကိုင်တဲ့
      နတ်ဝါ့ခ် ပရိုလေး ဆိုဒေါ့ ….အာဟိ…
      😀
      သွပ်သွပ်….

      အော်…. ကျေးကျေးပါ ..အပျော့ ရယ်….
      ၁။ သများ လုပ်စားရလို့…
      ၂။ သများ စကီလေး လုပ်စားရလို့..
      ၃။ သူ့ဟာသူ လုပ်စားနေတဲ့ စကီလေးကို သများ ကတ်စတမ်မာ ဆိုက်ဒ်ကို ရောင်းစားရလို့…..

      ကဲ အပျော့ အားမပေးသင့်ဝူးလား ..
      ဟွန့် ….

  • a me

    March 12, 2012 at 4:20 pm

    ဘယ်သူသေတာလည်း

    • inz@ghi

      March 13, 2012 at 7:00 am

      အော် … ရယ် …
      ရွာသူအသစ်လေးထင့် …

      ဂလိုပါ ….ညလေးရယ် …
      ကိုဂျီးဂီ ပြောပြမယ်နော်….
      အရင်တုန်းက ရွာထဲမှာ …ကိုဂျီးဂီ
      အင်မတန်လေးစားရတဲ့ …အလွန် ထူးချွန်ပြောင်မြောက်သော
      မာကတ္တာကြီး တယောက်ရှိသကွဲ့ …. သူ့နာမည်က ဖားသက်ပြင်းတဲ့…

      သူတီထွင်ခဲ့တဲ့ စကားလုံးတွေပါကွယ် ..ဘာတဲ့…
      ဒက်စတွတ်-လက်ပကျွတ်-တက်ဘလွတ်
      desktop-laptop-tablet ဆိုလား…

      ဒက်ဂလောက်….ဒက်ဂလောက်….

      😀

  • water-melon

    March 12, 2012 at 5:59 pm

    ကိုကြီးဂီ
    ဘာတံဆိပ်မှ မသုံးနဲ့
    ဖရဲသီးတံဆိပ်ကောင်းတယ် စမ်းသုံးကြည့်

    • ဖရဲသီးတံဆိပ်က ….
      ခဏလေးနဲ့ ရွဲပြီး ကိစ္စချောသွားတာ …
      အဲဒါ ကိုယ်တွေ့ .. ကိုယ်တွေ့ …..
      အဟီး ….. 😀

  • inz@ghi

    March 13, 2012 at 1:04 pm

    ဒုက္ခော …
    ဒါ့ပုံတင်လည်း လက်မလေးတွေအောက်စိုက်
    ကော်မန့်လေးတွေ ရဲရဲတောက်…
    လက်ပကျွတ် သေလို့ သေဘီရေးတာလည်း
    ရဲရဲတောက်..
    နှူးဘာဂီတို့ လူချစ်လူခင်ပေါချက်….

    ကိုယ့်ဘော်ဒါဘော်ဂျက်တွေပါ
    ကိုယ့်ပိုစ့်ဝင်မန့်ရင်း ကွမ်းသွေး စင်သွားရှာတယ်…

    ချဉ်ထှာအေ….
    မစီးရတဲ့ ရထား ခဲနဲ့ထုတဲ့ ဟာဒွေ
    😀

  • FattyCat

    March 13, 2012 at 2:44 pm

    ပြောပြန်ရင်လဲ ကြောင်ဖက်လွန်ရာကျမယ် ဂီဂီ…
    Apple Macbook Aluminiun လေးသုုံးနေတာ ၃နှစ်ကျော်သွားပါပြီ…ဘာမှမဖြစ်ပါဘူးကွယ်…
    OSX Lion နဲ့ Win7 Professional SP1 တင်သုုံးထားပါတယ်…
    အဆင်ပြေပါတယ်…
    ဂီရေ…Macbook Air လေးဝယ်ကွယ်…အားပေးတယ်…
    (ပန်းသီးချဉ်သူကိုု ရန်စခြင်း)

    • inz@ghi

      March 13, 2012 at 2:49 pm

      အော်… ရယ်….

      ပန်းသီးချစ်သူများ …အတွက်လက်ချောင်
      ရော့စ်

      http://www.youtube.com/watch?v=_BzUPJfVAoU

      😀

      ဂျော့ဘုစု – ကျနော်တို့ ပိုစ့်ပီစီ အီရာ့ခ် ကို သွားနေကြတာ
      ဂိတ်စု – ကမာ္ဘကြီးဟာ ပီစီပေါ်မှာ တည်ဆောက်ထားတာပါ

      ရို့ ..ရို့….

      Mac Vs PC 2.0(Cloud Version)

      ဒီစာကို အပျော့-ရ တင်ထားသော လီနော်ဗို အိုင်ဆဲဗင်း မှ မန့်သည်..

      ဒက်ဂလုပ် ဒက်ဂလုပ်

  • metallic

    March 13, 2012 at 5:40 pm

    ကျနော်က အန်တီပန်းသီးဗျ
    မဝယ်နိုင်လို့

  • Gipsy

    March 13, 2012 at 9:58 pm

    ဒို့ ဗမာတွေ ရဲစွမ်းပြသည် အာဇာနီ ပီပီ…☺♪
    ဟိုက် ! ပြေးမှ …
    ငါလဲ နီ တော့မှာ…. ။

  • kotun winlatt

    March 13, 2012 at 10:07 pm

    စိတ်မချမ်းသာလိုက်တာဗျာ….
    အဲ့ဒီအနီတွေ မြင်ရတာ…
    ဘယ်သူကများလက်ကမြင်းကြောထနေတယ်မသိဘူးးး

  • ကြောင်ကြီး

    March 14, 2012 at 9:49 am

    ငဂီ.. ဦးကြောင်မှာ ပန်းသီးထက် အပုံကြီးသာတဲ့ ငှက်ပျောသီးရှိတယ်..။ လိုချင်သလား…။

  • blackchaw

    March 16, 2012 at 9:27 pm

    ညီလေးရေ။
    ကိုယ့်မှာ ညီတစ်ယောက်စွန့်ကြဲထားတဲ့
    တိုရှီဘာ လေးတစ်လုံးရှိပါတယ်။
    ကိုယ်က word တစ်ခုပဲ သုံးတာပါ။
    ပို့စ်တင်ဘို့ စာရိုက်တာပေါ့လေ။
    ရိုက်ထားတဲ့ ဓါတ်ပုံလေးဘာလေးတော့တစ်ခါတစ်လေ ကြည့်တယ်ပေါ့။
    အဲဒါ
    အခုရက်ပိုင်းဘာဖြစ်တယ်မသိဘူး။
    word ဖွင့်ပြီး ရိုက်လိုက်တိုင်း ပြုတ်ပြုတ်ကျနေလို့
    ဆိုင်ပို့လိုက်ရပါတယ်။
    အသစ်လည်း မဝယ်နိုင်သေးတော့
    အဲဒီ အစုတ်လေးကိုပဲ ကောင်းအောင်လုပ်ပြီး သုံးရဦးမှာပေါ့ကွယ်။
    အော် ဘဝဘဝ။
    :mrgreen:

  • Khin Latt

    March 19, 2012 at 8:27 pm

    မောင်ဂီရေ
    မပြောမရှိနဲ့။
    ဘော့စ် ရဲ့ တန်ခိုး နဲ့ နယူးအိုင်ပက် လေး ကို တို့ကြည့်ပြီးသွားပြီ ကွယ်။ ငှဲ ငှဲ ငှဲ 😉
    ရီစလူးရှင်း က မြင့်သလား၊ကြည်သလား မမေးနဲ့။
    သွားလေသူကြီးကို သတိရလိုက်ပါဘိတော့။
    ခင်တဲ့
    အရီးလတ်

  • နတ်ဆိုးလေး

    March 19, 2012 at 9:24 pm

    အနော်သုံးတာကလည်း အောစု ဘဲဗျ ကောင်းတယ် မဆိုး အာမခံကလဲ နှစ်နှစ် ဘယ်လက်တော့မှာမှ မပါတဲ့ ဘက်ထရီ အာမခံ တစ်နှစ် မဆိုးဘူး ဗျ။ k43s i5 -2430M 2.4Hz HDD640 GB memory 4G graphic 1G ။ dell က အာမခံ လေးနှစ်ဖြစ်သွားပြီပြောပေမဲ့ ပုံတုံးတယ်ဗျ။ နောက်ထွက်တဲ့ ဟာတွေဘဲလှတာ ဒါပေမဲ့ ဈေးက ခေါင်ခိုက်နေတယ်။ အောစုလဲ အာမခံ တစ်နှစ်ထပ်တိုးတယ်လို့ပြောတယ်။

  • ဖားသက်ပြင်း

    March 19, 2012 at 9:40 pm

    Conisidence!! I also tried it today…

    Bright, light and fast gedget ….
    Though, it’s a bridge between smart phone and pc.
    Not a pc replacement thing, i simply called it tablet device.

    What i need is a pc(laptop, desktop) or tablet pc.

    Thinking again …to buy @ myanmar..
    Kit kit…
    Pirates of silicon valley 2.0

    😛

    • kai

      March 20, 2012 at 5:22 am

      ဒီဝက်ဘ်ဆိုက်ကိုလေ…
      ipad တို့.. tablet နဲ့ဖတ်လို့ရအောင်.. Market မှာတင်လို့ရတဲ့ App ရေးပေးမယ်ဆိုပြီး.. ကိုငွေထွန်းပုံပြောသွားတာ…
      အခုထိလည်း.. စာမလာသတင်းမကြား…

      စကား.. မဟားဒရားစပ်…
      ဂီဂီက ဘာဝယ်မလို့လည်း.. ?

Leave a Reply