1 နံနက်ခင်းအလင်းအောက်က ဦးပိန်တံတား တောင်ဘက်ခြမ်းကနေ အနောက်ကိုကြည့်ရတဲ့မြင်ကွင်း

2 ဦးပိန်အောက်ခြေပုံ

3 အဖြူအမဲတောင်သမန်အင်းမြင်ကွင်း(ခေတ်ဟောင်းကပုံစံ)

4 အရောင်စုံအသွေးစုံတောင်သမန်(ခေတ်သစ်ရိုက်ချက်)

5 စိုလွင်စိမ်းမြ တောင်သမန် နဲ့အိနြေ္ဒရရ ဦးပိန်

6တံတားပေါ်ကနေ ကျနော့်ကို လက်ပြနေတဲ့ နိုင်ငံခြားက အလည်လာသူနှစ်ဦး

7 တံတားကွေ့ကွေ့လေး နဲ့နံက်ခင်းအလှ

8ဒေါင့်အချိုးအကွေ့ တံတားနဲ့ရေပြင်

9 လှေငယ်နဲ့တောင်သမန်

10 ရေမရှိတဲ့အချိန်ဘဲ ဒီနေရာကနေရိုက်လို့ရတာပါ

11 တံတားပေါ်က ခရီးသွား

12တံတားအကွေ့ ရေပြင်က စပ်စပ် လွမ်းတတ်သူများအတွက်ကတော့

13 အင်းရေအလယ်က လှေငယ်ရှင်

15 လှေငယ် နှစ်စင်း အင်းအတွင်းမှာ ၀မ်းစာရှာ

15 ဓါတ်ပုံများကို ဖန်တီးသောလက်နှင့်လက်စွဲတော် ကင်မရာ ပိစိကွေးပေါက်စနလေး

 

           “အနားသတ်တောင်သမန်”

 

တောင်သမန်အင်းကတော့ နွေမိုးဆောင်းဥတုသုံးပါးလှတယ်လို့ဆိုနိုင်ပါတယ်။

အရင်ကတော့ နွှေဆိုရေခန်းမိုးဆိုရေပြည့် ဆောင်းမှာတော့ စိုက်ခင်းတွေဖြစ်။

အဲတော့ သုံးပန်လှတောင်သမန်လို့တင်စားခဲ့ကြပါတယ်။

တောင်သမန်နဲ့ပါတ်သက်တဲ့သီချင်း ကဗျာ တွေ၊

ဆောင်းပါးတွေ မရေမတွက်နိုင်အောင်ရှိခဲ့ပါတယ်။

အနုပညာသမားများရဲ့ ရင်ကို ခုန်အောင် တဒုန်းဒုန်းထုနိုင်နှက်နိုင်တဲ့တောင်သမန်ပါဘဲ။

အထက်အညာလာတယ် မန်းလေးကိုလာတယ်ဆိုရင်တောင်သမန်ကိုမရောက်ရင်

ပြည့်စုံသောခရီးတစ်ခုမဖြစ်နိုင်ပါဘူး။

ကျနော်တို့ငယ်ငယ်ကလဲ ဒီတောင်သမန်အင်းကို ငယ်စဉ်ကအလည်သွားကြ။

မယ်ဇယ်ပင်တန်းအောက်မှာဆော့ကြ။

အင်းရေစပ်စပ်မှာငါးမျှားကြ။

တက္ကသိုလ်ကျောင်းသားဘ၀ရောက်ပြန်တော့ သူငယ်ချင်းတွေ ချစ်သူတွေနဲ့

သွားကြ အကြော်ဆိုင်ထိုင်ကြ။

အခုလိုအရွယ်ရောက်ပြန်တော့ လည်း တောင်သမန်ဆိုတာနဲ့စိတ်ထဲမှာပူနွေးလို့လာ

ငယ်ကအဖြစ်အပျက်တွေသတိရ။.

အရွယ်သုံးပါးမရွေး စိတ်လှုပ်ယှားစေတဲ့တောင်သမန်ပါဘဲ။.

အရင်ကတော့ တောင်သမန်ဓါတ်ပုံတွေမြင်တာနဲ့သဘောတွေကျခဲ့ရပါတယ်။

အခုကိုယ်တိုင်ဓါတ်ပုံတွေလက်ဆော့ချိန်မှာတော့ တောင်သမန်ရောက်တာနဲ့

ကင်မရာက အသင့်ပြင်ပြီးသား။

ဓါတ်ပုံရိုက်မယ်ဆိုတာနဲ့တောင်သမန်ကစိတ်ထဲရောက်ပြီးသား။

အဲတော့တောင်သမန်နဲ့ပုံတွေကျနော်အများကြီးရိုက်ဘူးပါတယ်။

ရိုက်တိုင်းလဲလှပသောပုံတွေကိုရပါတယ်။

လှသောပုံတွေရခြင်းရဲ့ လျှို့ဝှက်ချက်ကတော့ ကျနော်ဓါတ်ပုံတွေကို စိတ်ဝင်စားတဲ့၏

ချစ်တတ်လာတဲ့အချိန်ကတည်းက

“ဘယ်နားလေးမှာတော့ ဘယ်လိုရိုက်ထည့်လိုက်မယ်”ဆိုတဲ့ အတွေးနဲ့စိတ်ထဲမှာ

အကြိမ်ပေါင်းများစွာ ဦးနှောက်မှတ်ဥာဏ်ထဲမှာရိုက်ထားခဲ့လို့ပါဘဲ.။

ကျနော်တောင်သမန်ကို ပုံပေါင်းများစွာရိုက်လို့တင်ဘူးပါတယ်။

ဒီတစ်ခါတော့ တောင်သမန်ကို အနားသတ်လိုက်ပါအုံးမယ်။

အခုချိန်ထိ တောင်သမန် ညနေခင်းကို ဆောင်းမှာ မရိုက်ဘူးသေးပါဘူး။

အဲတော့…………………………….

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့အတွေးပါးပါး

(13-3-2012)

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။