ချစ်ရသူ အတွက်

လွမ်းရတက်နှင့်

ဆောင်းဦးကင်းလွတ်

နွေဦးရောက်ခဲ့ပါပြီ ။

ချစ်အောက်မေ့မေ့

တစ်နေ့မှ မမေ့ပါဘူး

ရင်ထဲစူးနစ်

ကို့ ရဲ့အချစ်က

တည္ရစ္ကမ ၻာ

သံသရာ အေထြေထြ

ဆုံးပါစေလည်း

ရေမြေတောတောင်

သမုဒ္ဒရာ နှောင်ဖွဲ့

အထပ် ထပ်လှည့်

ဘ၀ဇာတ်မှာ

ရဟတ်သို့နှယ်

ပတ်ချာလည်ခဲ့

သို့ပေမယ့်ကွယ်…………

ချစ်တဲ့ မေတ္တာ

သစ္စာတည်ပေါ့

ရာသီတွေပြောင်း

ချိန်ခါနှောင်းလည်း

မဟောင်း ချစ် ကမ္ဘာတည်ဆဲပါကွယ် ။

ရာသီမိန်ဦး

ချိန်မှန်ကူးပေါ့

မဟောင်း ချစ် ကမ္ဘာတည်ဆဲပါကွယ် ။

ချစ်ရသူအတွက်

လွမ်း ရတက်နှင့်

ဟေမာန် လွန်မြောက်

ဂိမ္မာန် ကိုရောက်…ရောက်ခဲ့ပါပြီ

သိပ်ချစ်ရတဲ့

ကို့ ချစ်သူရယ်………

About အရင့်ရောင်

အရင့်ရောင် အရင့်ရောင် has written 56 post in this Website..