သိပ်ချစ်ရတဲ့ ချစ်သူလေး ရယ်

ချစ်ရသူ အတွက်

လွမ်းရတက်နှင့်

ဆောင်းဦးကင်းလွတ်

နွေဦးရောက်ခဲ့ပါပြီ ။

ချစ်အောက်မေ့မေ့

တစ်နေ့မှ မမေ့ပါဘူး

ရင်ထဲစူးနစ်

ကို့ ရဲ့အချစ်က

တည်ရစ်ကမ ္ဘာ

သံသရာ အထွေထွေ

ဆုံးပါစေလည်း

ရေမြေတောတောင်

သမုဒ္ဒရာ နှောင်ဖွဲ့

အထပ် ထပ်လှည့်

ဘဝဇာတ်မှာ

ရဟတ်သို့နှယ်

ပတ်ချာလည်ခဲ့

သို့ပေမယ့်ကွယ်…………

ချစ်တဲ့ မေတ္တာ

သစ္စာတည်ပေါ့

ရာသီတွေပြောင်း

ချိန်ခါနှောင်းလည်း

မဟောင်း ချစ် ကမ ္ဘာတည်ဆဲပါကွယ် ။

ရာသီမိန်ဦး

ချိန်မှန်ကူးပေါ့

မဟောင်း ချစ် ကမ ္ဘာတည်ဆဲပါကွယ် ။

ချစ်ရသူအတွက်

လွမ်း ရတက်နှင့်

ဟေမာန် လွန်မြောက်

ဂိမ္မာန် ကိုရောက်…ရောက်ခဲ့ပါပြီ

သိပ်ချစ်ရတဲ့

ကို့ ချစ်သူရယ်………

6 comments

  • Khaing Khaing

    March 12, 2012 at 3:25 pm

    ကိုအရောင်ရင့် အဲဟုတ်ပါဝူး….အရင့်ရောင် အားပေးသွားတယ်နော်…..

  • Mon Kit

    March 12, 2012 at 3:49 pm

    ဪ…. ချစ်သူတိုင်းလဲ ညားကြပါစေ…….
    ညားသူတိုင်းလဲ ချစ်ကြပါစေ….
    အားပေး ဖတ်ရှုသွားပါသည်။။

    • အရင့်ရောင်

      March 12, 2012 at 4:53 pm

      ချစ်သူတိုင်းလည်း ညာပါစေ
      ဆုတောင်းပေးခဲ့တယ်……
      ကိုမင်းအောင် ရဲ့ သီချင်းလိုပဲနော်

  • we R one

    March 12, 2012 at 4:36 pm

    ဖတ်ရှု့အားပေးသွားပါဂျောင်း…

  • a me

    March 12, 2012 at 4:44 pm

    ကိုကို ဒီကဗျာလေးကိုမြင်ရတာ ကိုကို့ ကို သတိရလိုက်တာ

  • aye.kk

    March 12, 2012 at 9:16 pm

    ရင်တွင်းစစ်ခင်း..
    ချစ်ခြင်းဝဋ်ကြွေး…
    ပေးဆပ်ရင်းသာ…
    ရာသီတွေပြောင်း…
    ချိန်တွေနှောင်းသည်…
    မဟောင်းအိုချစ်…
    အနှစ်တရာတိုင်သည့်လေ..။

Leave a Reply