ပြောင်းလဲမှုကိုလူတွေ တော်တော်များများကြိုက်ကြပါတယ်။ ကျွန်တော်လည်းပြောင်းလဲတာကို လိုလားတဲ့ လူတစ်ယောက်ပါ…ပြောင်းလဲမှုနဲ့ပတ်သက်ပြီးတစ်ခါက . . .

တောဘုန်းကြီးကျောင်းတစ်ကျောင်းမှာ . . ဘုန်းကြီးက မျောက်တစ်ကောင်မွေးထားတယ်. မျောက်ဆိုတော့ အငြိမ်ဘယ်မလဲပေါ့. အထူးသဖြင့်ညအိပ်တဲ့ အချိန်မှာ ဘုန်းကြီးက အဲဒီမျောက်ကို ခေါင်းတစ်ချက်ခေါက်ပြီးမှ မျောက်က အိပ်လေ့ရှိတယ်။ မျောက်လည်းကြာလာတော့ ခေါင်းအမြဲ အခေါက်ခံရတော့ ဒီဘုန်းကြီးမြန်မြန် ပျံလွန်တော်မူပါစေလို့ ဆုတောင်းသတဲ့…
ဒီလိုဆုတောင်းပြီးမကြာခင် တိုက်တိုက်ဆိုင်ဆိုင် ဘုန်းကြီးလည်း တကယ်ပျံလွန်တော်မူသွားတယ်…

ဒီလိုနဲ့ နောက်ဘုန်းကြီးတပါး ပြန်ဆက်ခံပေါ့။ နောက်တစ်ပါး ကျတော့ အရင်တပါးလိုမဟုတ်ဘူးဗျာ..
အရင်တပါးက ခေါင်းကိုတချက်ခေါက်ပေမဲ့ ဒုတိယတပါးကျတော့ ဒီမျောက်တော်တော်ဆော့တယ် နှစ်ချက်ခေါက်မှ ဖြစ်မယ်ဆိုပြီး
နှစ်ချက်နှစ်ချက် ခေါက်ပြီးမှ ပေးအိပ်တယ်တဲ့..

ဒီလိုနဲ့ မျောက်လည်း ခေါင်းနာလာတော့ အရင်တပါးလို မြန်မြန် ပြန်လွန်တော်မူပါစေလို့ ဒီတခါတော့ မဆုတောင်းတော့ဘူး။ ဘာဖြစ်လည်းဆိုတော့ ….ဒုတိယတပါးတောင်နှစ်ချက်ဆိုတော့ တတိယတပါး ဆက်ခံရင်တော့ (သုံးချက်) အခေါက်ခံရမှာ လို့တွက်ပြီး ဒုတိယ ဘုန်းကြီးကို အသက်ရှည်ပါစေလို့ ဆုတောင်းပေးသတဲ့…..

ဒီမှာ ဒို့အတွက်ယူစရာသင်ခန်းစာက…

– သူများပြောင်းလဲ ဖို့ချည်းချည်း မစောင့်နဲ့ ကိုယ်ကိုယ်တိုင်ပြောင်းလဲဖို့ ပိုအရေးကြီးတယ်…

– သက်တမ်းတိုတိုလေးမှာံHow much? အားလုံး ကိုယ်ဖြစ်ချင်တာ ဖြစ်ရမှ အလုပ်လုပ်မယ်ဆိုရင် ဘယ်တော့မှ လောကကောင်းကျိုးကို လုပ်ရမှာ မဟုတ်ဘူး…
ံHow can ? ကိုယ်လုပ်နိုင်သလောက် လုပ်မှဘဲ လောက ကောင်းကျိုး အတွက် လုပ်နိုင်မှာ…

– ကိုယ်ကိုယ်တိုင်မပြောင်းလဲရင်တော့ အမေကျော် ဒွေးတော်လွမ်းနေရမှာဘဲ…

– လူပြောင်းဖို့ချည်းချည်း မလုပ်နဲ့.. မူပြောင်းဖို့ အရေးကြီးတယ်။

– ခေါင်းကိုက်ရောဂါဖြစ်တာ လူကိုယ်ပေါ်မှာပါ… ဒါပေမဲ့ ခေါင်းကိုက်ပျောက်ဆေးသောက်ရင် ရောဂါပျောက်ပါတယ်။ ခေါင်းကြီးမပျောက်ပါဘူး။လူကြီးမပျောက်ပါဘူး…
လူတော့ကျန်ခဲ့ရမှာပေါ့။ ယခုတော့ စနှစ်ကိုတော်လှန်တာဘဲ လူကိုတော်လှန်တာမဟုတ်ဘူး..ဒါဆို လူတွေ မသေသင့်ဘူး..လူတွေ မနာသင့်ဘူး..မကောင်းတဲ့ စနှစ်မူဟာ ရောဂါဆိုးပါ….ဒါကြောင့်မကောင်းတဲ့မူစနှစ်သာ
ပျောက်ပါစေ… လူမပျောက် ပါစေနဲ့….

လူပြောင်းလဲဖို့ဘဲ အော်မနေနဲ့။ ဒို့ပြည်သူတွေရဲ့ ဦးခေါင်း အခေါက်ခံရတာလည်း များလှပြီ။ နည်းစနှစ်မှန်မှန်နဲ့ လူနဲ့ ရောဂါကို ခွဲခွဲခြားခြားသိအောင် အရင်လုပ်ပြီး.. မှန်မှန်ကန်ကန် တောင်းဆိုတတ်ရင် ခေါင်းအခေါက်ခံရတာ သက်သာမလားလို့တွေးရင်…

About Ko out of...

Ko out of... has written 91 post in this Website..