ကျွန်မ၏မော်ဒယ်လေးများ

weiweiMarch 12, 20124min19444

အခုတလော နေမင်းက အတော်ပူပြင်းနေပါတယ် … ပိတ်ရက်ဆိုရင် အိမ်ထဲကနေ တစ်ဖဝါးတောင်မှ မခွာချင်ဘူး … ပူလွန်းလို့ ဦးနှောက်တွေအရည်ပျော်ပြီး ဘာအိုင်ဒီယာမှလဲ စဉ်းစားလို့မထွက်ပြန်ဘူး … ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားရင်း ကွန်ပျူတာစားပွဲဘေးကနေ တစ်ချိန်လုံးကျွန်မကိုကြည့်ပြီး အစာတောင်းနေတဲ့ ငါးကလေးတွေကို ထိုင်ငေးနေမိတယ် …

အိုး .. ဒီလောက်လှတဲ့ မော်ဒယ်လေးတွေအိမ်ထဲမှာတင်ရှိနေတာပဲနော် … ဓါတ်ပုံရိုက်အုန်းမှလို့ အကြံရသွားတယ် … ဒီကောင်တွေကို ကျွန်မအဖေမွေးထားတာ တော်တော်ကြာပါပြီ … ရ နှစ်လောက်တောင် ရှိပြီထင်ပါတယ် … တစ်ကောင်သေသွားရင် တစ်ကောင်သွားဝယ်ပြီး ပြန်ထည့်လေ့ရှိတာမို့ သူတို့အသက်အတိအကျကိုတော့ သေချာသတိမထားမိဘူး … ၂ နှစ်အတွင်းမှာ တစ်ကောင်မှ မသေသေးတာကိုတော့ သတိထားမိတယ်။

သူလေးက ဒါ့ပုံရိုက်ရတာကြိုက်တယ်
မျက်နှာကို အနီးကပ်စွဲလိုက်တော့ ဝါးတားတားဖြစ်သွားတယ်
ငြိမ်ငြိမ်နေပေးပါဆိုတာ ပြောလို့မရဘူး ...
ကင်မရာရှေ့ကို သူချည်းပဲ ရောက်ရောက်လာတယ်
သူက အကြီးဆုံးကောင်
အငြိမ်မနေနိုင်ကြသူများ
အမြဲတမ်း ဗိုက်ဆာနေကြတဲ့ကောင်တွေ
သူတို့နှစ်ကောင်ကဆင်တူ (ညီအစ်ကိုလားမသိဘူး )
အစာတောင်းနေတာ ..
ရေမှုန်လေးတွေကြောင့် အမြင်အေးစေတယ် ..
ပါးစပ်ပေါက်ကြီးတွေက အကျယ်ကြီးပဲ
မျက်နှာချင်းဆိုင် နှုတ်ဆက်နေကြတာ
သူ့အရောင်က ဓါတ်ပုံမစားဘူး ...
ဒီကောင်က အစားပုတ်တယ်
သူကတော့ ဒါ့ပုံရိုက်ရတာကို ပျော်တယ်တဲ့ ..

ဒါ့ပုံရိုက်ဖို့ အကြံကုန်လာတော့ အိမ်ထဲကငါးကိုပဲ မော်ဒယ်လုပ်လိုက်ပါတယ် … Diskette လို့ခေါ်တဲ့ အဲဒီငါးလေးတွေကို အလှမွေးကြတယ် .. အရွယ်အစားက အခုမြင်ရတဲ့ပုံတွေက အကြီးဆုံးအနေအထားပါပဲ … အဖေဝယ်ထားတဲ့ကောင်တွေက အထီးတွေချည်းပဲလား ဒါမှမဟုတ် အမတွေချည်းပဲလားတော့မသိဘူး … ရ နှစ်အတွင်း တစ်ခါမှ အကောင်ပေါက်တာမတွေ့ရဘူး … တစ်နေ့တစ်နေ့ စားလိုက် ချီးပါလိုက်နဲ့ပဲ ငါးကန်ကျဉ်းကျဉ်းလေးထဲမှာ အကျဉ်းကျသလိုနေနေရတဲ့ သူတို့လေးတွေရဲ့ဘဝကိုမြင်တွေ့ရတာ သနားဂရုဏာသက်မိတယ် …

ငါးကလေးကိုရိုက်ရတာ ခက်ပါတယ် … သူတို့ကလဲ ငြိမ်ငြိမ်မနေ … ရေကလဲလှုပ် .. လက်ကလဲလှုပ်တာမို့ ဒါ့ပုံတွေက အပြင်မှာမျက်စိနဲ့မြင်ရသလောက် မလှဘူး … ဒါ့ပုံဆြာ ဆရာသော့ကို သေချာမေးပြီး ရိုက်ထားပါသော်လည်း စိတ်တိုင်းမကျသေးဘူး … ဆြာ့ ဆြာတွေရဲ့ အကြံပေးမှုကို လိုချင်လို့ ပို့စ်တင်လိုက်ပါတယ် .. ဝေဖန်အကြံပေးကြပါလို့ ….

ဆရာကိုစိန်သော့ရဲ့ အကြံပေးချက်များကို ကျေးဇူးတင်ပါတယ် …

44 comments

  • water-melon

    March 12, 2012 at 5:56 pm

    အမကြီးဝေ
    ရန်ကုန်ရောက်ရင် တစ်ကောင်လောက် လက်ဆောင်ပေးနော် 😀
    သများအိမ်မှာတော့ ဘီလူးငါးရှိတယ် သူရဲ့ထူးခြားတာက
    သွားတွေက လူသွားနဲ့တူတယ်
    ရေချိုငါးမုတ်လို့လည်းခေါ်တယ်
    ငါးတွေကလေးမွေးချင်ရင် ထမီဝတ်ပေးလိုက် :mrgreen:

  • water-melon

    March 12, 2012 at 5:57 pm

    မေ့လို့ OG လည်းရှိတယ်
    ကိစ္စမရှိဘူး
    မအီးတုန်းရဲ့ AKKO ရှိတယ် 😆

    • weiwei

      March 12, 2012 at 6:03 pm

      သူတို့ကလေးမမွေးတာပဲ ကောင်းပါတယ် … စားစရိတ်နဲ့ ကရိကထသက်သာတာပေါ့ … ဒီကောင်တွေက အစားကြီးတယ် .. သူတို့အစာက သီးသန့်ရှိတယ် …၆ ကောင်ရှိတာ တစ်လ တစ်သောင်းဖိုးလောက်စားတယ် … ၃ ရက်တစ်ခါလောက် ရေလှယ်ပေးရတဲ့ဒုက္ခလဲ ရှိသေးတယ် .. မီးပျက်ရင် လူတွေက ဒီအတိုင်းနေလို့ရပေမယ့် သူတို့အောက်စီဂျင်က ပြတ်လို့မရလို့ အင်ဗာတာနဲ့ထားရတယ် …

    • Thel Nu Aye

      March 12, 2012 at 6:08 pm

      ဟယ်တူကသားဆက်ခြားပေးတာလေ။ ဘယ့်နှယ်လို့ဖစ်မတုန်း။ သူ့လက်အပ်ရင်မျိုးတုန်းကုန်မှ။ စုတ်ခစုတ်ခ။

  • water-melon

    March 12, 2012 at 6:06 pm

    အမဝေကလည်း ရေကို အလိုအလျာက် သန့်စင်တဲ့စက်ရှိတယ်
    အီလက်ထရောနစ်အတွက် စိတ်မပူနဲ့ အနော်တစ်ယောက်လုံးရှိတယ် 😀

    • Shwe Tike Soe

      March 13, 2012 at 10:37 am

      မလုပ်ပါနဲ. ဖရဲရယ် သူ.ဟာသူနေတာအကောင်း တော်ကြာ ငါးတွေရှော့ရိုက်သလိုဖြစ်သွားပါမယ်.. ဟဟဟ

  • Mလုလင်

    March 12, 2012 at 6:10 pm

    ကျွန်တော့ စိတ်ထင် အဲလို လင်းလင်းချင်းချင်းဖြစ်နေတာရယ်.. ရေမှော် ပင် တွေဘာတွေ မရှိတာရယ် ကန်ကျဉ်းတာရယ် ကြောင့် ..သူတို့ မျိုးပွားဖို့ ခက်နေတယ်လို့ ထင်ပါတယ်။ အန်တီ ဝေဝေ ရေ။ အန်တီ့ ငါးကန် မြင်မှ .. အိမ် က ငါးကန် ကိုသတိရသွားပြီ။ မသမာ သူ “တူ တစ်စု” ရဲ့ လက်မှာ ကျန်ခဲ့တဲ့ ကျွန်တော့ ငါးကန် ကော .. ဘယ်လို နေတယ်မသိ။ ငါးတွေတော့ သေကုန်ပြီ တဲ့ .. သတင်း သဲ့သဲ့ကြား .. 🙁

    • weiwei

      March 12, 2012 at 6:14 pm

      အရင်တုန်းကတော့ ရေမှော်ပင်တွေ ကျောက်အလှတွေနဲ့ထားသေးတယ် … အဲဒါတွေရှိရင် သန့်ရှင်းရေးလုပ်ရတာ ပိုခက်လို့ အကုန်လုံးဖယ်ပစ်လိုက်တာ … ငါးကန်က သိပ်မကျဉ်းဘူး … လင်းတာတော့ တော်တော်လင်းတယ် … ဧည့်ခန်းမှာ ဒီအတိုင်းထားလို့ ရှက်လို့ မျိုးမပွားတာလဲ ဖြစ်နိုင်တယ်နော် … 🙁

      • Mလုလင်

        March 12, 2012 at 10:55 pm

        “ငါးကန်ကျဉ်းကျဉ်းလေးထဲမှာ အကျဉ်းကျ” ဆိုတာလေး တွေ့မိလု့ိ ရမ်းတုတ် လိုက်တာပါ အန်တီ ဝေ ရေ။ … ဒါနဲ့ စကားမစပ် ဦးစိန်သော့ ဆိုရင်တော့ မေးသာမေး နော့ … အဲ့ အူးက တီးမှ မြည်တာရယ်။ နာနာ သာတီး …

    • inz@ghi

      March 12, 2012 at 9:49 pm

      Nah M Lulin
      Need some pro skills to breed that fish

      I ve seen some pro fish-breeders use some kind of pot to breed them

      They are quite intelligent creatures differ from tropical gold fish
      They choose their own counterpart (couple)

      Aunty Wei dad is surely a skillful long-term keen fish enthusiast
      (Or a Pro)

      😀

      • Mလုလင်

        March 12, 2012 at 11:03 pm

        ခုလို ပြောပြ ပေးလို့ ကျေးကျေး ဗျို ့ … ကျွန်တော် က ထင်တာ ပြောတာရယ်။ ကျွန်တော့ မယ် ငါးမွေးဖူးတယ် သာ ဆိုတယ်။ ဝယ်တည်းက အကြမ်းခံ ရဲ့လား . မေးပြီး ဝယ်တာ.. ပြတ်ကရော ..
        လေးစားပါတယ် ဗျာ … :-)။
        Mလုလင်

      • weiwei

        March 12, 2012 at 11:18 pm

        ပရိုမဟုတ်ပါဘူး … ဝါသနာအရ ဒီအတိုင်းပဲ မွေးထားတာ … အရင်က ငါးမျိုးစုံခဲ့ပေမယ့် နောက်ဆုံး ဒစ်စကတ်တွေပဲ ကျန်ခဲ့တယ် … ဒီကောင်တွေကပဲ အသက်ပြင်းတာလားတော့မသိဘူး … 😛
        စာတန်းငါးကြီးတစ်ကောင်တုန်းကတော့ အတော်သံယောဇဉ်ဖြစ်ခဲ့ပေမယ့် တခြားငါးတွေကိုတော့ သံယောဇဉ်သိပ်မဖြစ်ဘူး … အလှကြည့်ရုံလောက်ပါပဲ …

        • inz@ghi

          March 13, 2012 at 6:55 am

          အိုက်ဒီ စာတမ်းငါးကြီးတွေအကြောင်း ….
          ပိုစ့် သပ်သပ်ရေးတင်ချင်သေးရဲ့ ………..
          ယပက်လက်တွေ မလေးဒွေ မီလျံဘစ်ဇနက်စ် ဖြစ်ကုန်တဲ့အကြောင်း….
          တီလုပ်လိုတော့ …လျိုဟွန်း လို့ခေါ်သဗျာ ….ဘိုလို ဖလားဝါးဟွန်း တဲ့….
          လက်ကီးဖစ်ရှ် မျိုးကွဲတမျိုးပေါ့ ….ဖန်းစုအိ(ဗမာများ ဖုန်းရွှေလို့ခေါ်ရဲ့..)ငါးမျိုး …

          တိရစာ္ဆန်လောကမှာ ….. မျိုးရင်းစစ်လွန်းရင်လည်း အလွန်တန်ဖိုးရှိသဗျ…
          ထို့အတူ မျိုးစပ် (လှလွန်းရင်လည်း) အလွန် ရောင်းကောင်းသဗျ…

          လျိုဟွန်းက ဒုတိယ အမျိုးအစားပါဗျာ….
          နောက်မှ အသေးစိတ်ရေးတော့မယ်……
          ကျနော်က လျိုဟွန်းတော့ အတော်လေး လိုက်စားခဲ့ဖူးတာကလား…

          http://en.wikipedia.org/wiki/Flowerhorn_cichlid
          ခင်တဲ့
          ဂီ

  • မဝေရေ ဖရဲမဆီက စက်ဝယ်လို်က်.
    ငါးကိုဓါတ်လိုက်သေအောင်သူလုပ်တတ်တယ်။
    ဓါတ်ပုံတွေကလှတယ်။
    ငါးပုံရိုက်ထားတာ ရှိတယ် မတင်ရသေးဘူး ။
    အခုမဝေအစေဖာ်မှသတိရသွားပြီ။
    တင်မယ်……………………
    ဒါဘဲသူများနောက်ကလိုက်မယ် ကိုစိန်သော့နောက်တစ်ခါလိုက်ပြိးပြီ။
    ဒီတစ်ခါ မဝေနောက်လိုက်မယ်။

    • weiwei

      March 12, 2012 at 6:18 pm

      အကြံကုန်လာလို့ အိတ်ထဲကဖားပဲ ထုတ်ရိုက်လိုက်တာလေ …
      မီးဖိုထဲ ခိုးဝင်လာတဲ့ ကြွက်တွေကိုလဲ သတိပေးထားသေးတယ် .. နင်တို့ အင်တာနက်ပေါ် ရောက်ချင်ပြီလားလို့ … 😛
      သိပ်အားလာရင် ကြွက်ကို ချောင်းပြီး ဒါ့ပုံရိုက်ဖို့ စိတ်ကူးထားသေးတယ် … 🙂

      • pooch

        March 13, 2012 at 8:16 am

        မဝေရေ အဲ့ဒီကြွက်ကို ရိုက်မယ်ဆိုတာ စိတ်ဝင်စားတယ် ။ ရိုက်ပြီး တင်သင့်တယ်။ ဒင်းတို့ကို အင်တာနက်မှာ ကြွက်ရောင်းရန်ရှိသည် ဆိုပြီး ကြော်ငြာရအောင်။

        ငါးလေးတွေက ၂ နှစ်အတွင်းမှာ တခါမှ မသေဘူးဆိုတော့ သန့်သန့် ရှင်းရှင်းနဲ့ သေချာ ဂရုစိုက်နိုင်လို့ပေါ့။ အသိတယောက်ကတော့ သန့်ရှင်းမှုအားနည်းတော့ မွေးလိုက်သေလိုက်နဲ့ သူ့မလဲ သံသရာလည်နေတယ်။

    • water-melon

      March 12, 2012 at 6:36 pm

      မာမီပေါက်နော်
      သူများက EC သမားဆိုပြီး မဟုတ်တာတွေမပြောပါနဲ့ 😀
      ဟုတ်တာဘဲပြောနော်
      မာမီပေါက် ဘာဘဲပျက်ပျက် သများကို သတိရနော်။

  • inz@ghi

    March 12, 2012 at 6:38 pm

    အင်း …

    ဒစ်စကတ် ဒစ်စကတ်….

    အပူပိုင်းရေချိုငါး လောကရဲ့ ဘုရင်…

    မာလ်ဘိုရိုဆိုလား. ..အနီက….

    ဒစ်စကတ်ကတော့ သများ မမွေးခဲ့ဖူးလို့
    ကျွမ်းကျင်မှုမရှိပါကြောင်း …

    😀

    ခင်တဲ့
    ဂီ

  • ပွင့်ပွင့်လင်းလင်း ပြောရရင် ..
    အနော်က ငါးဆို ငါးရန့်တောင် မြင်တာနဲ့ သိဘူးရယ် …
    အခု ပုံလေးတွေ ကြည့်ရတာတော့ တော်တော် လှတယ်ဗျ ..
    ဖရဲသီးကလည်း ငါးတွေကို အတော် ချစ်ပုံရတယ် …
    ဖရဲနဲ့ တွေ့မှ သေချာ စပ်စုကြည့်ရဦးမယ် ..
    ကိုဂီ ကတော့ ဒစ်စကတ် ဆိုတာ ..
    အပူပိုင်း ရေချို ငါးလောကရဲ့ ဘုရင် ဆိုပဲ …..
    ဈေးတော့ အတော်ကြီးမယ် ထင်တယ်နော် …

    • weiwei

      March 12, 2012 at 8:45 pm

      အကောင်အကြီးအသေးပေါ်မူတည်ပြီး ဈေးကွာတယ် … အကောင်ကြီးတွေဆို တစ်ကောင် သုံးသောင်းလောက် ပေးရမယ် …

  • နတ်ဆိုးလေး

    March 12, 2012 at 7:53 pm

    ငါးတစ်ကောင်တော့မရချင်ဘူးဗျာ ……ငါးထောင်တန်တော့ ရချင်တယ် ကိုအံစာ တို့ ကို ဗြဲသီးတို့ တစ်ယောက် ငါး ရွက်လောက် ပေးချင်ချဘူးလားဗျာ နတ်သဘင် အစည်းဝေးသွားဖို့ စရိတ်ပျက်နေလို့ ဟီး

    • water-melon

      March 13, 2012 at 7:37 am

      ရပါတယ်ဗျာ
      အချင်းချင်းတွေဘဲ ချေးပေးရမှာပေါ့
      အံဇာရေ နင်ဘဲချေးပေးလိုက်တော့ 😀

      • ရပါတယ် …
        ငါးရွက်လောက်တော့ အေးဆေးပါ …
        ငွေရေး ကြေးရေး ခြေသလုံးမွှေး …
        အပေါဆုံးကတော့ ပိုက်ဆံပဲ …
        လခထုတ်တဲ့ရက်ကျရင် ပြောပါတယ် …
        😀

  • တညင်သား

    March 12, 2012 at 8:56 pm

    ကျွန်တော့မှာ ငမန်းပေါက်စ လေးတွေ ရှိတယ် လိုချင်ရင် လက်ဆောင်ပေးပါ့မယ်…….

    • ဆူး

      March 13, 2012 at 6:15 pm

      ယိုးဒယား ငါးမန်း ဆိုတာ ရှိတယ် တထွာလောက်က ပိုမကြီးဘူး ပြောတာပဲ..
      မွေးတော့ မမွေးဘူးသေးဘူး။ ငါးမန်း ဆိုလို့ ကြောက်တာလည်း ပါတယ်။ အကောင်ကတော့ ငါးမန်း အကြီးကြီးတွေနဲ့ တပုံစံတည်းပဲ

  • a me

    March 12, 2012 at 9:02 pm

    ကောင်းလိုက်တဲ့ မော်ဒယ်တွေ အေမီ ကိုယ်လည်း ငှားပါ မမ ရယ်

  • နေဝန်းနီ

    March 12, 2012 at 10:49 pm

    ငါးလေးတွေ သနားစရာ……. ငါးဖြစ်ရတဲ့ဘဝမှာတောင် လွတ်လွတ်လပ်လပ် မနေရပါလား ? (သံဝေဂရသွားသည်)

  • kai

    March 13, 2012 at 5:34 am

    မှန်အိမ်ထဲက ငါးလေးတွေ ဘဝပျော်စရာ……. ငါးဖြစ်ရတဲ့ဘဝမှာတောင် တခြားငါးတွေလို အိပ်/စား/ကာမ အားထုတ်စိုက်စရာမလိုပါလား ? (သံဝေဂ ပေးလိုက်သည်) 😆

  • Ma Ei

    March 13, 2012 at 9:30 am

    ဝေဝေရဲ့ မော်ဒယ်လေးတွေ လှလိုက်တာ…
    ကန်ထဲမှာ ကူးခတ်သွားလာနေကြတာကို
    ကြည့်နေရရင်စိတ်ချမ်းသာစေပါတယ်…
    သူတို့ကို ပြုစုစောင့်ရှောက်ရတာတော့
    မလွယ်ဘူးရယ်…

  • eipu

    March 13, 2012 at 10:49 am

    အမရေ လှလိုက်တာ။
    ကျွန်မလည်း ငါးမွေးတာကို ငယ်ငယ်လေးထဲက ဝါသနာပါတယ်။
    ပြုစုရတာလည်း မလွယ်ဘူးနော်

  • FattyCat

    March 13, 2012 at 10:54 am

    FlowerHorn ကို (၂)နှစ်လောက်မွေးဖူးတယ်…
    အလုပ်မအားတာရယ်…သူတို့ကို ပြုစုရတာ အချိန်ပေးရတာကြောင့် ဆက်မမွေးဖြစ်ဘူး…

    ကျွန်တော်အကြိုက်ဆုံးငါးကတော့ Flower Horn ပါပဲ…အလှမွေးရင်ပြောတာ….
    ကြော်စားရင်တော့ ငါးသလဲထိုးအကြိုက်ဆုံးပဲ…
    ငါးခြောက်ဆိုရင်တော့…ငါးပုပ်ခြောက်…
    ငါးကင်ဆိုရင်တော့…တီလားဗီးယား….

    ကြောင်တို့မည်သည်…ငါးကြိုက်ကြသည်မှာ ဓမ္မတာပေ….

  • yaungchikha

    March 13, 2012 at 11:20 am

    မမဝေရေ.. ငါးလေးတွေက လှလိုက်တာနော်၊ အလှမွေးငါးလေးတွေမြင်ရင် သဘောကျတယ်…

  • etone

    March 13, 2012 at 2:35 pm

    မဝေရေ .. ငါးကန်တွေတွေ့လျှင် .. လှလို ့ကြည့်လိုက်ပေမယ့် … ကိုယ်တိုင်ကျတော့ … သက်တမ်းမရှည်တဲ့ တိရိစာ္ဆန်လေးတွေအပေါ် သံယောဇဉ်မထားချင်လို့ …. ငါး မမွေးဖြစ်ဘူးပဲ … ။ သံယောဇဉ်ဖြစ်လို့ .. သေသွားပြီဆို .. သွားတဲ့ သူတို့က ဘာမှ မသိပဲ ကျန်ခဲ့တဲ့ လူက .. စိတ်မကောင်းတနှုံ့နှုံ့ ဖြစ်ရတယ် … ။ မဝေရဲ့ ငါးကန်က သေချာ သန့်ရှင်းရေး လုပ်ပေးထားတယ် ထင်တယ် .. ရေညှိတွေနဲ့ .. ငါးချီးတွေ .. မတွေ့ရလို့ပါ …. ။

    ငယ်ငယ်တုန်းကတော့ မှတ်မှတ်ရရ .. ကျောင်းရှေ့က မြောင်းထဲ ဆင်းပြီး .. ဒေါင်းငါးဖမ်းဖူးတယ် … ။ ရေဘူးရဲ့ အဖုံးနဲ့ ခပ်ပြီး .. ရေဗူးထဲထည့်လာလို့ .. မှတ်မှတ်ရရ … ဗျင်းခံရဖူးတယ် … 😀 လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ဒဂုံစင်တာမှာ … ပရိုမိုးရှင်းတစ်ခုလုပ်တုန်းက အလှဆင် ကုမ္ပဏီတစ်ခုက .. နံရံကပ် ငါးကန်လေးတွေ .. လုပ်ပြထားတာ .. လှမှ လှပဲ … သူတို့ ငါးကန်ကို ဘယ်လို လုပ်လဲတော့မသိပေမယ့် …အရမ်းသန့်ပြီး အတော်လည်း လန်းတယ် … ၊ သုံးထားတဲ့ .. ဖန်မီးချောင်းတွေက … အရမ်းလင်းတာပဲ … မျက်စိပိတ်မရတဲ့ ငါးတွေက.. မီးရောင်တွေ ထဲ .. မျက်စိအတော်ကျိန်းမှာပါပဲ … ။ငါးကန်က .. လေဝင်ပေါက်မရှိလို့ ငါးတွေ ရေထဲက အောက်ဆီဂျင်ပဲ ရှုသလားလို့လည်း စိတ်ဝင်စားမိတယယ် …. လုပ်ထားတာတော့ရှယ်ပဲ… ဈေးကလည်း … ကြီးတယ်… ။

  • weiwei

    March 13, 2012 at 3:27 pm

    ငါးမွေးတာက အထာသိသွားရင် လွယ်လွယ်လေးဖြစ်သွားပါတယ် … မွေးပါများလာတော့ အလိုလိုသိသွားတာပေါ့ … အိမ်တံခါးပိတ်ပြီး တစ်ရက်ထက်ပိုပြီး ခရီးထွက်လို့တော့မရဘူး … အိမ်စောင့်တစ်ယောက်ထားပြီး ငါးစာကျွေးဖို့မှာထားပြီးမှ ခရီးသွားလို့ရတယ် …
    ဘောလုံးငါးလေးတွေ မွေးဖူးတယ် … ဝဝတုတ်တုတ်လေးတွေ အရမ်းလှတယ် …
    ကြောင်ရှိရင် ငါးမွေးလို့အဆင်မပြေဘူး … ကြောင်က ကန်ထဲကငါးကို ရအောင်ခုတ်စားတတ်တယ် …

  • နွယ်ပင်

    March 13, 2012 at 3:31 pm

    မဝေရဲ့ မယ်တော်လေးတွေက လှမှလှပဲ ငါးကန်လေးက သန့်နေတာပဲနော်
    (2) နှစ်အတွင်း တစ်ကောင်မှ မသေးဘူးဆိုတော့ တော်တော်လေး ဂရုတစ်ိုက်မွေးလို့ထင်တယ်နော် …….

  • ရွှေဘိုသား

    March 13, 2012 at 5:26 pm

    အစ်မ weiwei ကတော့သူခိုးလမ်းပြလုပ်နေပြန်ပြီ ရွာထဲမှာ အိမ်ကအလှမွေးထားတဲ့ငါးခိုးရောင်းပြီး ဘောပွဲလောင်းတဲ့ရွာသားတစ်ချို့ရှိတယ်နော် ဂရုလည်းစိုက်အုံး

  • ဆူး

    March 13, 2012 at 6:20 pm

    အမ ငါးတွေက အစားပုတ်တယ်။
    ဆူး ရဲ့ ငါးတွေ အကောင် ၂၀ဝ ကျော်လောက် ရှိတယ်။
    စားစရိတ် သိပ်မကုန်ဘူး။ ကြာပင်ကထွက်တဲ့ ရေညှိတွေ စားပြီး ၁၅၀ဝ ဖိုးလောက် အစာထုတ် တစ်ထုတ် ဝယ်ထားရင် ကုန်ကို မကုန်ဘူး။
    အကောင်သိပ်သေးတော့ သိပ်လည်း များများ မစားနိုင်ကြဘူး။ အစာကျွေးတာ များရင် သူတို့ ရေတွေ နောက်ကုန်ရော.. အိမ်က ကောင်တွေကတော့ ခြေသံ နားစွင့်နေတာ.. လူမြင်ရင် အစာတောင်းတယ် ပြီးတော့ စားလည်း သိပ်မစားနိုင်ကြဘူး။
    ရေကန်ကိုတော့ ၁ပတ်တခါ သန့်ရှင်းရေး လုပ်ပေးတယ်။

  • ကြောင်ကြီး

    March 14, 2012 at 8:58 am

    ဦးသန်းရွှေတို့အုပ်စု ဘဝတခုမှာတုန်းက ဒေါ်စုနဲ့၈၈ကျောင်းသားတွေ မွေးထားတဲ့ ကန်ထဲက ငါးတွေပေါ့….။ ပြုသူအသစ် ဖြစ်သူအဟောင်း သဂျီးမကောင်း သဂျီးမကောင်း… ဝိုင်းဆဲဂျကွာ..

  • yuiio

    March 14, 2012 at 11:29 am

    ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ဝါဒဖြန့်လို့ ငါးဒုက္ခ တော်တော်ကို ခံလိုက်ရသေးတယ်ဗျ။ ဒါပေမဲ့ ဒီကောင်တွေကို ထိုင်ကြည့်နေတာက အချိန်ကုန်မှန်းမသိသာဘူး။ နောက်တော့ သူငယ်ချင်းတစ်ယောက်ကို ရှိသမျှငါးရော ငါးကန်တွေရော ပစ္စည်းတွေရော အကုန်ပေးပလိုက်တယ်။ ဟီး ….. ဟီး ……… အဲ့ဒီကတည်းက အဲ့ဒီသူငယ်ချင်းတို့ ဆွေမျိုးတွေလည်း ငါးဒုက္ခခံလာလိုက်တာ ၅ နှစ်လောက်တောင် ရှိတော့မယ်။ ကျွန်တော်လည်း တစ်နေရာမှာ အေးအေးဆေးဆေး ပြန်နေနိုင်ပြီဆိုရင် ငါးပြန်မွေးဦးမယ်ဗျာ။ အိမ်က အဘွားရဲ့ ……… ငရဲကြီးမယ်ဆိုတဲ့ စကားကို ထူနေအောင် ခံရင်းနဲ့ပေါ့ …………

  • nigimi77

    March 15, 2012 at 9:44 am

    ဂျီးဒေါ်ဝေ

    ခင်ဗျားရဲ ့ အပေါ်ဆုံးက ဒါ့ပုံက ဒီမှာယူသုံး ထားတာ ပဲဗျ။

    ဒါ့ပုံဖိုး မြန်မြန် တောင်းလိုက်ဦး။

    ကောင်မယေး က ချစ်ချယာ….ခွိခွိ

    ဘာတော်ယဲဟင် 😛

    Pwyint Khine
    Cute Fish

    http://www.facebook.com/profile.php?id=100003397662956

    • weiwei

      March 15, 2012 at 9:53 am

      ဟုတ်လား … ဓါတ်ပုံကိုကြိုက်တဲ့သူရှိတာသိရလို့ ဝမ်းသာပါ၏ …
      ကောင်မလေးနဲ့ ဘာမှမတော်ဘူး …
      သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ..

      • inz@ghi

        March 15, 2012 at 10:30 am

        အောင်မယ်ငီး ချစ်ချာလေးဘာလား ဟရို့ ….
        ခွင်ခွင်ဂျီး ဒါမိုးကျ မြန်ထှာ….
        😀

        တယ် ပြောနေကြာဘာဒယ် …..
        သွား အတ် လိုက်ဦးမှ

        ဒက်ဂလောက်…ဒက်ဂလောက်…

  • nigimi77

    March 15, 2012 at 10:14 am

    ယုံဝူး

    ဒီနေ ့ကစပြီး ရိုရိုသေသေ ဆက်ဆံတော့မယ် နော်…..နော်…နော်

    😛

  • cum min

    June 22, 2012 at 10:09 am

    လက်ဆောင်ပေးပါလားဗျာ..သဘောကျလို..ဟီ…ဟင်းလဲမရှိလို.. 😆

Leave a Reply