မတ်လ၁၃ရက်နေ့ကမမေ့နိုင်စရာအဖြစ်အပျက်များ…RIT

ရွာသူရွာသားများခင်ဗျား…

ဒီနေ့(၁၃-၃-၂၀၁၂)ဟာ မြန်မာပြည်မှာ၈၈၈၈ အရေးတော်ပုံကြီး

ဖြစ်ပွါးခဲ့တာ၂၄ နှစ်မြောက်နေ့တစ်နေ့ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနေ့ လူငယ် လူလတ် ပိုင်းတွေဟာ ဒီအရေး

တော်ပုံကြီးကို ကိုယ်တိုင်ကိုယ်ကျ နဖူးတွေ့ ဒူးတွေ့

မကြုံခဲ့ကြရပါဘူး…ဒီအရေးတော်ပုံကြီးစတင်ဖြစ်ပွါး

ခဲ့ပုံအသေးစိတ်ကိုလည်း မသိခဲ့ကြရပါဘူး…

ခုလိုအင်တာနက်တွေ မီဒီရာတွေလည်း ခေတ်မစား

သေးတော့ ပိုဆိုးတာပေါ့ဗျာ..ဒါကြောင့်လည်းဒီစာမူလေးကို

တင်ဘို့စေတနာပေါ်ပေါက်လာလို့…ကြိုးစားပြီးတင်လိုက်တာပါ။

စာရေးသူကိုကျွန်တော်သေသေချာချာမသိပါ…

ဖိုင်နိမ်းအရဆိုရင်တော့..ABSDFက ကိုတင်စိုးဆိုသူဖြစ်ပါလိမ့်မယ်။

ကျွန်တော်လည်းကျွန်တော်ကြုံခဲ့ သိခဲ့သလောက်အမှန်တွေလို့

ယူဆလို့ နှောင်းလူများသိရှိရန်နဲ့ မှတ်တမ်းအဖြစ်သိမ်းနိုင်ရန်

ရည်ရွယ်ပြီးတင်လိုက်တာပါ။

http://www.khtnetpc.webs.com/လင့်ကတဆင့်ရထားတာပါ။

နောက်တစ်ခုကတော့ ဒီနေ့ခေတ်ပြည်သူ့သဘောထားအမှန်လေးပါ..

ပြည်သူ့သဘောထား
တရုတ်အားကိုးပုဆိန်ရိုး သူခိုးအဖေခေါ်သူများအားဆန့်ကျင်ကြ။
နိုင်ငံတော်ဒီမိုကရေစီရရေးနှင့် ပြည်သူ့ဘဝလုံခြုံရေးကို နှောင့်
ယှက်ဖျက်ဆီးသူများအားဆန့်ကျင်ကြ။
လွှတ်တော်တွင်း လွှတ်တော်ပ မှ အဖျက်သမား ဖွတ်ကြီးများအား ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ။
လူထုခေါင်းဆောင် အမေစုကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြ။
NLD ကို ထောက်ခံအားပေးကြ။
မှတ်ချက်။ ။ (ပြည်သူ့သဘောထားအစစ်)

 

absdf-_t-insoe_01

ဒီလင့်လေးကိုဖွင့်ပီး ခံစားကြပါဗျာ…တစ်ခုခုအခက်အခဲဖြစ်ရင်

ကြီးမှမိုက်တဲ့ ကျွန်တော်ကြီးမိုက်ရဲ့မကျွမ်းကျင်သေးမှု့ကိုသာအပစ်တင်ကြပါ…

13 comments

  • water-melon

    March 12, 2012 at 6:08 pm

    ဟုတ်ကဲ့ချင့်
    ကိုရီးကြီးမိုက်ရေ ကြည့်လိုက်အုန်းမယ်။

  • ၈၈ အရေးအခင်း မဖြစ်ခင် တစ်နှစ် အလိုမှာမှ အံစာတုံး ဆိုတဲ့ လူသားတစ်ယောက်ကို ကမ္ဘာကြီးက လက်ဆောင်အနေနဲ့ ပေးသနားခဲ့တာပါ ….
    သို့ကြောင့် ၈၈ အရေးအခင်းကို မှီပင် မှီငြားသော်လည်း ဘာမှ မသိခဲ့ဖူးလို့ ဆိုရမှာပါ ….
    အဟီး .. စကားကြီး စကားကျယ်နဲ့ ကြောကြည့်တာ … 😀
    တိုရီးကြီးမိုက်ရေ ……..
    အနော်လည်း ဖတ်ကြည့်လိုက်မယ်နော် …

    ခင်တဲ့ ….. အံစာတုံး

  • a me

    March 12, 2012 at 8:56 pm

    ဟုတ်ပါဘူး
    ဘာလို့ စာတွေ အမျာကြီးရေးရတာလည်း လိုရင်တိုရှင်းပေါ့
    ညီမတို့က အဲ့လောက်အချိန်ပေးလို့မရဘူးလေ
    အကိုပြောတာကိုတော့ နားလည်ပါတယ်

  • ဦးဦးပါလေရာ

    March 13, 2012 at 12:12 am

    pdf ဖိုင်နဲ့ တင်တာထင်တယ်။
    သူကြီးကူရင်တော့ မြင်ရလောက်ပါတယ်။

  • kyeemite

    March 13, 2012 at 8:30 am

    မိတ်ဆွေများခင်ဗျား…ကျွန်တော်တင်တဲ့ PDF ဖိုင်လေး
    ဖွင့်ဖတ်လို့ ရမရ သိချင်ပါတယ်ဗျို့…
    ကျေးဇူးပြုပြီးပြန်ကြားပေးပါခင်ဗျာ..
    ဒီပုံစံနဲ့ ပထမဆုံးတင်တာမို့ပါ..
    အားလုံးကိုသင့်ခရုပါ။

  • Arkar11

    March 13, 2012 at 10:17 am

    ကိုကြီးမိုက်ရေ…ဒေါင်းလုပ်ဆွဲတာရပါတယ်…ဖိုင်ဆိုဒ်က 269.84 KB ပဲရှိတော့ဆွဲလို့မြန်ပါတယ်…
    တင်ပေးတဲ့အတွက်ကျေးဇူးပါ….၈၈ ကိုကောင်းကောင်းမှီလိုက်တဲ့လူများရဲ့အတွေ့အကြုံကို
    ကိုယ်စီကိုယ်စီ ပြောပြကြရင် နောင်လာနောက်သားတွေအတွက် အမှတ်ရစေမယ်ထင်ပါတယ်….

  • kai

    March 13, 2012 at 12:26 pm

    ၁၃၅ဝ ပြည့် အရေးတော်ပုံကြီးလို့ ပြည်သူများက အမြတ်တနိုး ခေါ်ဝေါ်သုံးစွဲနေကြသည့် ရှစ်လေးလုံး ဒီမိုကရေစီအုံကြွမှုကြီး၏ ပထမမီးပွါးမီးစများက ၁၉၈၈ ခုနှစ်၊ မတ်လ (၁၂) ရက်နှင့် (၁၃)ရက် နေ့များတွင် ရန်ကုန်စက်မှုတက္ကသိုလ်၌ စတင် တောက် လောင်ခဲ့သည်။

    ပီဒီအက်ဖ်ကို.. စဖတ်တာနဲ့.. အဲဒါတွေ့တယ်..
    မှားပါတယ်…

    ၈၈ အရေးတော်ပုံရဲ့အစက.. အရပ်သားနဲ့စက်မှုကျောင်းသားရန်ဖြစ်.. လုံးထိန်းဝင်ပစ်.. ဖုန်းမော်။စိုးနိုင် သေနတ်ထိပြီး ကျသွားတာက ပထမမီးပွားစ မဟုတ်ပါဘူး.. အဲဒီကလည်းစတာမဟုတ်ပါဘူး..
    မှားပါတယ်..။ ၆လကျော်ကွာနေပါတယ်..။

    ၁၉၈ရ ခုနှစ်၊ စက်တင်ဘာ (၅) ရက်နေ့မှာ ငွေစက္ကူတွေသိမ်းလိုက်တာကို တုံ့ပြန်တာက စတာပါ..။
    ငွေစက္ကူသိမ်းလို့.. သတင်းကြေငြာတာကြားတာနဲ့.. စက်မှုတက္ကသိုလ်အဆောင်ထဲနေတဲ့.. ကျောင်းသားတွေ.. အင်းစိန်လမ်းမပေါ်ထွက်ပြီး.. မောင်းလာတဲ့အစိုးရကားတစင်းကို မီးတင်ရှို့လိုက်တယ်..။
    အဲဒီကစတာ…
    ပြီးတော့.. စာမေးပွဲတန်းလန်းကြီးကျောင်းတွေပိတ်.. ပြန်ဖွင့်တော့.. ဖုန်းမော်တို့ကိစ္စဖြစ်တာပဲ..
    အချိန်တွေဆက်နေပါတယ်..။
    အမှတ်မမှားရင်.. ကျောင်းသားတွေ ကြားအချိန်ထဲ..ဆက်တိုက်လုပ်သွားပြင်ဆင်ထားတာပါ..။

  • ရွာစားကျော်

    March 13, 2012 at 12:50 pm

    ရင်ဘတ်ကြီးနဲ့ ဖတ်သွားပါတယ်ဗျာ..

  • kyeemite

    March 13, 2012 at 1:12 pm

    မိအံဇာရေ..ဖတ်လို့ရတယ်ဆိုတာပြန်ပြောပေး
    လို့ကျေးဇူးပါဗျာ..

  • kyeemite

    March 13, 2012 at 1:57 pm

    မှန်ပါတယ်သူဂျီးခင်ဗျာ…ငွေစက္ကူသိမ်းလို့ RIT ကကျောင်းသားတွေပြင်းပြင်း
    ထန်ထန်တုံ့ပြန်ခဲ့ကြပီး..မိန်းထဲကကျောင်းသားတွေလည်း
    လှည်းတန်းမှာပေါက်ကွဲခဲ့ကြပါသေးတယ်..ဒါနဲ့ဘဲ
    ကျောင်းတွေကိုမထိန်းနိုင်လို့ပိတ်ပစ်ခဲ့…
    အဆင်ပြေဘီထင်လို့ ကျောင်းပြန်ဖွင့်မှ ဖုန်းမော်တို့ကိစ္စ ဖြစ်တာပါ..
    သူရေးထားတဲ့ အပိုင်း(၁)ထဲမှာလည်းမှတ်တမ်းတော့တွေ့ရပါတယ်…
    သူများရေးတာဆိုတော့ ကိုယ်လည်းမပြင်နိုင်လို့ပါ….
    ထောက်ပြပေးတာအားလုံးအတွက်ကောင်းပါတယ်။
    ကျေးကျေးပါသူဂျီးမင်း…
    လေးစားခင်မင်စွာဖြင့်
    ကြီးမိုက်။

    • kai

      March 13, 2012 at 2:59 pm

      ထောက်ပြတယ်ဆိုတာထက်.. ၈၈အရေးတော်ပုံသမိုင်းကိုသေးသိမ်အောင်.. “အရပ်သားနဲ့ကျောင်းသားရန်ဖြစ်တာက စတာပါ”ဆိုတဲ့.. စိတ်ဓါတ်ရေးရာ နှိမ်ချမှုကို ဖွင့်ပြချင်လို့ပါ..။
      မီဒီယာလုပ်နေတော့.. ဒီလိုလုပ်ထားခံရတာလေးတွေ.. မြင်မြင်မိလာတယ်..။
      အဲဒါလေးပါဗျာ..
      စာရေးသူရော.. တဆင့်ပြန်တင်ပေးတဲ့ကိုရင့်ကိုရော.. ပြောနေတာမဟုတ်ရပါဘူး..။
      ကျေးဇူးတင်နေမိပါတယ်…။

      ၈၈ကြောင့် တိုင်းပြည်ဒီလို ချိုးပြောင်းလာခဲ့တာ…
      အာဃာတ..အမုန်းတရးတွေ.. စိတ်ဓါတ်စစ်ဆင်ရေးတွေ ဖယ်ပြီး.. မြန်မာ့သမိုင်းကို… စံနစ်တကျပြန်ဖေါ်ရေးသင့်တယ်လည်း ထင်မိပါတယ်..။
      ဒီခေတ်လူငယ်တွေ.. မသိမှာစိုးမိပါတယ်..။

      တကယ်တော့.. ၈၈ အရေးတော်ပုံသမိုင်းမှာ.. ဗကပယူဂျီတွေကိုလည်း.. ခရက်ဒစ်တွေပေးရမယ်တော့ ထင်မိတယ်..။
      ယူဂျီအကိုကြိးတယောက်ပြောပြတဲ့.. “လူအုပ်ထဲက လူရိုက်မှုမှာ.. ရိုက်သူနဲ့..အရိုက်ခံရသူပဲ သေသေချာချာသိတယ်…” ဆိုတာလေး.. သတိရမိတယ်..။

Leave a Reply