မြန်မာစစ်အစိုးရ၏ လျှို့ဝှက်နျူးကလီးယား စီမံကိန်းနဲ့ပတ်သက်သကည့် အစီရင်ခံစာကို (IAEA) စစ်ဆေးနေ

BayoteJune 8, 20101min923

မကြာသေးမှီကမှ ပြည်ပ မီဒီယာသို့ ပေါက်ထွက်လာသည့် နအဖစစ်အစိုးရ၏ လျှိုဝှက်နျူးကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီး အဆိုပါ အစီရင်ခံစာကို စုံစမ်းစစ်နေပြီဟု ကုလသမဂ္ဂ နျူးကလီးယား စောင့်ကြည့်ရေးအဖွဲ့မှ တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ လိုအပ်ပါက မြန်မာစစ်အစိုးရထံမှ ရှင်းလင်းချက် တောင်းခံဖွယ်ရှိကြောင်းကိုလည်း နိုင်ငံတကာ အနုမြူစွမ်းအင် ဆိုင်ရာ အကြီးအကဲဖြစ်သူ Yukiya Amano ကလည်း ပြောဆိုသည်။
ပြီးခဲ့သည့် နှစ်ကလည်း စစ်အစိုးရ၏ သံသယဖြစ်ဖွယ်ရာ နျူးကလီးစီမံကိန်း နှင့်ပတ်သက်ပြီးလည်း တင်းများထွက်ပေါ်ခဲ့ပြီးလည်းဖြစ်သည်။ သို့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်အစိုးထံမှ အတည်ပြုပြောဆိုခဲ့ခြင်းမရှိသလို ငြင်းဆိုခဲ့ခြင်းလည်း မရှိခဲ့ပေ။ ပြီးခဲ့သည့် အပတ်ထဲမှာတော့ ပြည်ပအခြေစိုက် စစ်အစိုးရအတိုက်အခံအဖွဲ့အစည်းတစ်ခုက မြန်မာစစ်အစိုးရအနေဖြင့် နျူးကလီးားဗုံးထုတ်လုပ်နိုင်ရေးအတွက် လျှို့ဝှက်စွာ တိုးမြှင့်လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်။ နော်ဝေးအခြေစိုက် ဒီမိုကရက်တက် မြန်မာ့အသံမှ ငါးနှက်ကြာ စုံစမ်းစစ်ဆေးမှုအပေါ်အခြေခံပြီး စစ်အစိုးရ၏ လျှိဝှက်နျူးကလီးယား စီမံကိန်းကို ထုတ်ဖော်ကြေငြာခဲ့ခြင်းဖြစ်သည်။ အကယ်၍ အဆိုပါသတင်းသာအတည်ဖြစ်ခဲ့ပါက အရှေ့တောင်အာရှတွင် ပထမဦးဆုံး နျူးကလီးယားစီမံကိန်းကို အကောင်ထည်ဖော်လုပ်ဆောင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာဖွယ်ရှိသည်။

3 comments

  • darkoosky

    June 8, 2010 at 8:51 am

    All people would died soon as a result.. Please dig it out quickly..

  • yannaingech

    June 8, 2010 at 11:14 am

    Aha..ha..ha!..Don’t be afraid Ma Mya Win, Bo Aung Din is taking off his trousers only for bathing…hm…

  • etone

    July 9, 2010 at 5:17 am

    မကြာမည်လာမည်မျှော်ဆိုသလိုပေါ့နော် ။ သူတို့ကောင်းစားရေးအတွက်ကြိုးစားနေကြတယ် ။ လူစိတ်မရှိတော့ဘူး ။

Leave a Reply