ကိုမြင့်အောင်
ရန်ကုန်
ရက်စွဲ။ ။ ၁၂.၃ ၂၀၁၂

မိတ်ဆွေကြီး ကိုမြင့်အောင်ရေ ခင်ဗျားကတော့ ရန်ကုန်သားဆိုတော့ ရန်ကုန်မှာနေရတာ အထာကျနေလောက်ပြီ။ကျုပ်ကတော့ ရန်ကုန်
ဆိုတဲ့ မြို့ကြီးဟာ ပျင်းစရာကြီးပါဗျာ။ညနေညိုဆိုကျုပ်တော့ မနေတတ်အောင်ပဲ။ဒီနေ့ကားစီးပြီးကုန်ဈေးတန်းကို သွားလို့ ပရဆေးပစ္စည်းလေးတွေဝယ်တယ်။ကားပေါ်တက်လာတာနဲ့ ခါးကြားက တယ်လီဖုန်းကမြည်ပါလေရော။ပိတ်လိုက်ရတယ် လက်တဖက်က ဆွဲထားတဖက်ကအထုပ်နဲ့ ဘယ်လိုဖုန်းပြောရမလဲလေ။
မိတ်ဆွေကြီး ကိုမြင့်အောင်ရေ .စပါယ်ယာကလည်း အပေါက်မပိတ်ဖို့ပြောလူတွေကလည်း အဝမှာပိတ်နေ ။ကျုပ်ကလည်း
သတိနဲ့နေရတယ် ။ကောင်မလေးတွေတက်လာရင် မထိမိအောင်ကိုယ်ကိုကျုံ့လိုက်ရတယ်.သတိနဲ့ပေါ့ဗျာ။ဒီမှာတင် စပါယ်ယာနဲ့ အမျိုးသမီးတစ်ယောက် စကားများတာကြားရတယ်ဗျာ။
စပါယ်ယာ။ ။ပိုက်ဆံကစုတ်နေတယ် လဲပေးပါ
အမျိုးသမီး။ ။ စပါယ်ယာအမ်းတာလေ
စပါယ်ယာ။ ။ကျုပ်အမ်းတာမဟုတ်ဘူး ခင်ဗျားလဲပေး
အမျိုးသမီး။ ။ငါ့ကို စပါယ်ယာအမ်းတာပဲ နင်ကလူပါးဝတယ် လဲမပေးနိုင်ဘူး နင်တို့ စပါယ်ယာကအမ်းတာငါ့မှာပိုက်ဆံမပါရင်ဘယ်လိုလုပ်မလဲ
နင်တို့တွေသောက်ချိုးက….။
စပါယ်ယာ။ ။ပိုက်ဆံမပါရင်ကန်ချတာပေါ့..ခင်ဗျားကလူပါးဝတာအမ်းတဲ့လူကို သွားပြော..တောက်မိန်းမကိုယ်က..
အမျိုးသမီး။ ။ သေပါစေတော် ကားမှောက်ပြီး နင်အသေဆိုးနဲ့သေပါစေ…
စပါယ်ယာ။ ။ ခင်ဗျား လည်းသေမှာပဲ မိုက်ရိုင်းတာ
မိတ်ဆွေကြီး ကိုမြင့်အောင်ရေ ဒီမှာတင်ပဲ ဝိုင်းဝန်းဖြေရှင်းလို့ပြီးသွားရောပေါ့ဗျာ။ ကျွန်တော်ကတော့ စိတ်ပျက်မိပါတယ် အပြန်တော့ ကားပေါ်တက်လိုက်တဲ့ အခါမှာ လူကြီးတစ်ယောက်ဗျာ ဖြဲကားထိုင်နေတယ်။ဘေးမှာကလည်းကောင်မလေးတစ်ယောက်ရှိတယ် နေရာလေးနည်းနည်းလွတ်နေတယ်။ကျွန်တော်က နည်းနည်းရွှေ့ပေးဖို့ပြောပါတယ်
လူကြီးက မကြားယောင်ဆောင်နေတယ် ကောင်မလေးက လည်း မရွှေ့ဘူးဗျ။ဒါကြောင့်မတ်တတ်ရပ်လိုက်ရတယ်။နောက်တော့ ဘေးလူတစ်ယောက်ထ
သွားတာနဲ့နေရာရပါတယ်။အော် ကိုယ်ချင်းစာစိတ်မရှိတာပါ။ထိုင်ရုံရှိသေးတယ် ကလေးသေးသေးလေးနဲ့ ကလေးအမေရယ် သူ့အမျိုးသားလို့ထင်ရတဲ့လူရယ်
တက်လာပါရော ကျုပ်ပဲနေရာဖယ်ပေးလိုက်ရတယ် ကလေးလေးအတွက်ပါ ထရပ် ပိုက်ထားတဲ့ အထုပ်ကြီး ခြေတောက်နားချလို့ပေါ့။ ဒီမှာကျူပ်ဖယ်ပေးလိုက်
တဲ့ အမျိုးသမီးက အထုပ်ပေးလေတဲ့ ရှင်လေးနေမယ်..တဲ့ ။ကျုပ်ကိုပြောတာမဟုတ်ဘူး သူ့ယောက်ကျားကိုပြောနေတာ။
မိတ်ဆွေကြီး ကိုမြင့်အောင်ရေ ဒီလိုနဲ့ မဆလာစက်ကိုရောက်သွားတာပါပဲ။ မဆလာဆိုတာကျုပ်တို့ဘက်မှာတော့ အသုံးမကျတဲ့လူကိုခေါ်တာဗျ
ဘန်းစကားဒေသိယပေါ့။ စပါယ်ယာက မဆလာပါတယ်ဆိုရင် ကျုပ်က ပြုံးမိပါတယ်။လောကမှာကျုပ်ဟာ အသုံးမကျတဲ့ လူတစ်ယောက်ဆိုတာ သိအောင် ဒီမှတ်တိုင်လေးက သတိပေးနေတာပဲ။ နောက်တစ်ခုက ညဆိုကျုပ်ကစောစောမအိပ်တတ်ဘူး တစ်ယောက်ထဲတောင်တွေးမြောက်တွေးပေါ့ဗျာ။တည်းတဲ့ အိမ်ကလည်း စောစော အိပ်တတ်တယ်လေ။အားနာလို့ မီးမဖွင့်ရဲဘူး။ဒီလိုနဲ့ ညတာရှည်တော့ အိပ်မက်များတယ်ပေါ့ဗျာ။
မိတ်ဆွေကြီး ကိုမြင့်အောင်ရေ . အိမ်မဲမှာလည်းစာပေဟောပြောပွဲလုပ်တော့မယ်ဗျ။ဒီမှာလည်း စာရေးဆရာဖိတ်ကြားရေးတွေလုပ်ရမယ်
ဖြစ်ချင်တော့ စာပေမှာ ဟိုရေးဒီရေးမောင်ထက်ဝေးဆိုပြီး ကျုပ်ကပဲ ဆောင်ရွက်ရတယ်။ပွင့်ပွင့်လင်းလင်းပြောရရင် စာနယ်ဇင်းမှာကျုပ်က ဥက္ကဋ္ဌလုပ်ဖူးတယ်
အခုတော့ ပျာတာအဆင့်ပဲ။

မိတ်ဆွေကြီး ကိုမြင့်အောင်ရေ ခင်ဗျားပြောတဲ့ စကားတစ်ခု သတိရတယ်ဗျာ။မိမိပတ်ဝန်းကျင်ကို တတ်နိုင်သလောက်ေငွေအားလေးနဲ့ ကောင်းကျိုးပြုပါ
ပညာပေးပါဆိုတာကျုပ်မှတ်သားထားပါတယ်။ဒီနေ့ဆို ထမင်းမစားရသေးတဲ့ လူတစ်ယောက်က တိုးတိုးလေး လူတစ်ယောက်ကို အကူ
အညီတောင်းတာကြားမိတယ်။ဒီလူကလည်း မပေးဘူးဗျ။ သေသေချာချာမေးကြည့်တော့ အလုပ်မဆင်းနိုင်တာတဲ့ အလုပ်သွားဖို့ ကားခမရှိတာရယ်
မနက်ကတည်းက စားဖို့မရှိတာရယ် ။ကျုပ်ကလည်း လိမ်တောင်းခံရတာများနေလို့ သေချာအောင်လေ့လာခဲ့တယ်။ကူညီတယ်ဗျာ နောက်ဆုံးလိမ်ကာမှ လိမ်ပါစေတော့ပေါ့။ ဒီအကြောင်းကို မစဉ်းစားတော့ဘူး။
မိတ်ဆွေကြီး ကိုမြင့်အောင်ရေ လူပတိဝန်းကျင်မှာလူသားကောင်းကျိုးဘယ်လောက်လုပ်နိုင်လဲက အဓိကပဲလို့ ကျုပ်က ခံယူထားတယ်။မောင်သာချိုရေးတဲ့
ျချယ်ရီမဂ္ဂဇင်းက သမီးဖတ်ဖို့ဆောင်းပါးထဲမှာ လောကမှာ လူသားအကျိုးပြုတဲ့ ကဗျာဆရာတစ်ယောက်လို ဆရာဝန်တစ်ယောက်လို
ကျောင်းဆရာလေးတစ်ယောက်လို ဖြစ်ပါစေတဲ့ ……။ကျုပ်လည်း ခင်ဗျားရဲ့စိတ်ကို အတုယူတယ်ဗျာ။စာလည်းရှည်သွားပြီ။မိတ်ဆွေကြီးကျန်းမာပါစေ
ခင်မင်စွာဖြင့်

ညီထက်ဝေး

About htet way

has written 133 post in this Website..