သာကေတမှာလူတစ်ယောက်ကို လူအများ ဓါးနဲ့ ဝိုင်းခုတ်သလို

viparMarch 12, 20121min17018

သာကေတမှာလူတစ်ယောက်ကို လူအများ ဓါးနဲ့ ဝိုင်းခုတ်သလို။2010 ဒီဇင်ဘာ 3ရက်ည11 နာရီကျော် ရန်ကုန်မြို့စမ်းချောင်းမြို့နယ် အာရှတော်ဝင်ရှေ့မှာလည်း တိုက်စီမောင်းသော ယဉ်မောင်းလေးအား လူအများ ဝိုင်းပြီးမသေမချင်းရိုက်နှက်လို့ သေဆုံးခဲ့ရပါတယ်။လျှပ်တပြတ် ၊ ပြည်မြန်မာ ဂျာနယ်တွေမှာလည်း ဟိုးလေးတစ်ကြော်ဖြစ်ခဲ့ပါတယ်။ယခုလိုလူတစ်ယောက်အားမသေမချင်း
ရိုက်နှက်တဲ့လူသတ်မှူ့ကို ဒုတိယခရိုင်တရားသူကြီး ဦးဟုတ်ရီမှ လူသတ်မှူ့ ၃၀၂ အား ၃၂၅ အဖြစ်ပြောင်းလဲပြီး 2012 ဖေဖဝါရီ 24ရက်နေ့တွင်ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး မှာအမိန့်ချမှတ်ခဲ့ပါတယ် ။ဝိုင်းရိုက်နှက်တဲ့ လူ၄ယောက် ရှိရာ ၂ယောက်ကို ထောင်ဒဏ် ၅နှစ် စီချမှတ်ပေမဲ့ ၊ လူတစ်ယောက်လုံးကို မသေမချင်း
ဝိုင်းရိုက်နှက်တဲ့ ဦးဆောင်တဲ့တရားခံကို ထောင်ဒဏ် ၁နှစ် ၃လသာ အမိန့်ချခဲ့ သောတရားသူကြီး ဦးဟုတ်ရီအား အလွန်အမင်းပင်ချီးကြူးအပ်ပါသည်။
ထိုထောင်ဒဏ်၁နှစ်နဲ့ ၃လသာကျခံရသောတရားခံ၂ယောက်မှာငွေကြေးပြည့်စုံသူများဖြစ်ကျပါတယ်။တရားစီရင်ချက်ချပြီးလို့ရက်အနည်းငယ်ကြာ
တာနဲ့ ချုပ်ရက်နဲ့ လူတစ်ယောက်ကိုမသေမချင်းရိုက်သတ်ခဲ့ ပေမဲ့ အပြင်မှာ လမ်းသလားလို့ရနေပါပြီ။လူတစ်ယောက်အသက်ကသာ ကြက်ကလေး
ငှက်ကလေးလိုသေဆုံးသွားခဲ့တာပါ။
ထိုဒုတိယခရိုင်တရားသူကြီးဦးဟုတ်ရီမှာ တရားခံနှင့်တရားလိုအမေးအဖြေ လုပ်နေတဲ့တရားခွင်အချိန်တွေမှာတောင် စိတ်မဝင်စားသလိုနဲ့ တယ်လီဖုန်းကိုသာအဆက်မပြတ်ပြောနေခဲ့ပါတယ်။သေဆုံးသွားသောတိုက်စီသမားလေးတင်မောင်ဆွေမှာ ပင်စင်စား မိဘကို တိုက်စီမောင်းရင်းလုပ်ကျွေးနေသောလူငယ်တစ်ဦးဖြစ်တယ်လို့သိရပါတယ်။
ခုလိုရာဇဝတ်မှူ့တွေကို ထိထိရောက်ရောက်အရေးမယူရင် နောက်ဆိုလည်း မကြောက်မရွံ့ထပ်ပြီးကြူးလွန်နေကျမှာကိုကျွန်တော်တို့ အပစ်မဲ့ပြည်သူ
တွေအတွက်စိုးရိမ်စရာပါဘဲ။

18 comments

  • vipar

    March 12, 2012 at 10:57 pm

    ကျွန်တော်တို့နိုင်ငံမှာ ဘယ်လိုဘဲ မတရားမှူ့မရှိစေရဘူးပြောပြောခုလိုကျတော့ လူကြီးတွေဘယ်လို အရေးယူမလည်း။တရားသူကြီးကို လူတစ်ယောက်ကို ၄၅သိန်းပေးရင် လူသတ်မှူ့တောင် ၁နှစ်၃လဘဲကျတယ်။

  • the best

    March 13, 2012 at 12:10 am

    ဝိုင်းရိုက်နှက်တဲ့ ဦးဆောင်တဲ့တရားခံ ဘယ်သူဆိုတာ အသေးစိတ် သိချင်ပါတယ်။

  • vipar

    March 13, 2012 at 1:18 am

    ကိုကိုဝင်းပါ…တရားသူကြီးကို ၄၅သိန်းကန်တော့တယ်လို့ရှေ့နေအသိုင်းအဝိုင်းကပြောတာသိရတယ်။

  • water-melon

    March 13, 2012 at 7:12 am

    အော်
    ဒါကြောင့်ပြောတာကိုး
    ဟုိုတလောက ဘွဲ့ယူတုန်းက
    ပါမောက္ခချုုပ်က ရှေ့နေလောင်းတွေကို အာဂတိမလိုက်စား မှန်ကန်စွာ တရားစီရင်နိုင်မလား မေးတော့
    ရှေ့နေလောင်းလေးတွေ အသံတိတ်သွားတာ 😀

    • htoosan

      March 13, 2012 at 8:59 am

      ဟင်း .. ဒင်းကြတော့ အာ့ဂတိ လိုက်စားပြီး ငါတို့ ကို မလိုက်စားဖို့ လာပြောနေတယ်ဆိုပြီး တွေးနေကြလို့ အသံတိတ် သွားတာ နဲ့တူတယ် နော် ဖရဲ .. ခွိ.. 😀

  • Thel Nu Aye

    March 13, 2012 at 8:26 am

    ဟိုတလောကအသိတယောက်ကားတိုက်တာ။ သူကတိုက်တာ။ တိုက်ခံရတဲ့ကလေးကပွဲချင်းပြီးပဲ။ လူသေမှု့ ဆိုတော့ကြေအေးလို့မရ၊ စီမံချက်ကာလမို့အာမခံမရနဲ့ပေါ့။ တရားသူကြီးကိုမြင်မကောင်းအောင်ပုံပေး လိုက်တော့မှ တရားသူကြီးက တရားခွင်မှာမေးတယ်။ မင်းတိုက်ပြီးတော့အဲဒီကလေးကိုပြေးပွေ့လားလို့မေး တယ်။ ( တကယ်တော့စီးဝါး ကိုက်ပြီးသားပါ )။ ဟိုကဖြေတယ်။ ဟုတ်ကဲ့ပြေးပွေ့ပြီးဆေးရုံပို့ဖို့လုပ်ပါတယ်။ ဒါပေမဲ့အသက်မရှိတော့ပါဘူး လို့ဖြေပါတယ်။ (တကယ်တော့တိုက်ပြီးပြီးချင်းမောင်းပြေးတာပါ။) အဲတော့ တရားသူကြီးက မောင်မင်းကအင် မတန်ကြင်နာတတ်တယ်။ လူသားချင်းစာနာတတ် တယ်ဆိုပြီးလျှော်ကြေးနဲ့ပြီးသွားပါတယ်။

  • kyeemite

    March 13, 2012 at 8:41 am

    မိုက်ရိုင်းထွားကြိုင်း ရက်စက် ယုတ်မာ
    ဇကောလောက်မှဇောက်မနက်တဲ့ တရားသူကြီး…
    အမြန်ဆုံးဝတ်လည်ပါစေဗျာ..
    ဇကားမစပ်..ဒီအမှု့မျိုးကို တရားလိုဘက်ကမကျေနပ်ရင်
    တရားရုံးချုပ်ကိုထပ်တက်လို့မရဘူးလားဗျ…

  • inz@ghi

    March 13, 2012 at 8:53 am

    ဟမ်…..

    ဘာလို့ ဝိုင်းရိုက်ကြတာလဲ ဟင်င်င်င်င်
    ကားတိုက်မှုဖြစ်လို့လား ….

    ဒီမိုးဒီလေ ဒီလူတွေနဲ့တော့ …..

    ကားတိုက်မှုဖြစ်ရင် …မောင်းပြေးတာနဲ့
    ဝိုင်းရိုက်တာ …
    ကြက်ဥ ကြက်မ ဖြစ်ကုန်သလားဂျာ…

    ချဉ်ဘာဒယ်အေ….

    🙁

  • Shwe Tike Soe

    March 13, 2012 at 9:19 am

    အော် ဒီမိုကရေစီ ဒီမိုကရေစီ အင်း ဒီမိုကရေစီ ဒီမိုကရေစီ ဟူူးးးးးးးးးးးးးးး ဒီမိုကရေစီ ဒီမိုကရေစီ
    တော်ပါပြီပြောတော့ပါဘူး…

  • vipar

    March 13, 2012 at 9:25 am

    http://www.thithtoolwin.com/2012/03/blog-post_9142.html
    အင်းအာရှတော်ဝင်ရှေ့ကတိုက်စီသမားတွေကို ရပ်ကွက်ကမကြည်ဘူး။တစ်ကယ်ခံရတော့ မဆီမဆိုင်ထမင်းဝင်စားတဲ့ တိုက်စီသမားက ခံရတာ။ဘယ်လိုဘဲဖြစ်ဖြစ်လူတစ်ယောက်ရဲ့အသက်ပါ။
    ထိုက်သင့်တဲ့ ဥပဒေတော့ ရှိသင့်တာပေါ့။အမိန့်လည်းချပြီးရော ထောင်ကတန်းလွတ်ကော။ဒီတရားသူကြီးတွေကို သေချာစုံစမ်း
    လဘ်စားတာမှန်တာနဲ့ ပြင်းထန်စွာအရေးယူသင့်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 13, 2012 at 10:06 am

    အဲ့ဒါဆိုလည်း အဲ့သည်တရားသဂျီးကို 46 သိန်းပေးပြီးပြန်သတ်မယ်ဗျာ
    ကဲကဲ
    ခုချိန်ကစပြီး အလှူငွေတွေစတင်ကောက်ခံနေပါပြီ

  • Gipsy

    March 13, 2012 at 10:14 am

    သာကေတ မဟာ့မဟာ ချီးထုပ် ဒုတိယခရိုင်တရားသူကြီး ဦးဟုတ်ရီ…..။
    သာကေတ မဟာ့မဟာ ချီးထုပ် ဒုတိယခရိုင်တရားသူကြီး ဦးဟုတ်ရီ…..။
    သာကေတ မဟာ့မဟာ ချီးထုပ် ဒုတိယခရိုင်တရားသူကြီး ဦးဟုတ်ရီ…..။
    သာကေတ မဟာ့မဟာ ချီးထုပ် ဒုတိယခရိုင်တရားသူကြီး ဦးဟုတ်ရီ…..။
    သာကေတ မဟာ့မဟာ ချီးထုပ် ဒုတိယခရိုင်တရားသူကြီး ဦးဟုတ်ရီ…..။
    သာကေတ မဟာ့မဟာ ချီးထုပ် ဒုတိယခရိုင်တရားသူကြီး ဦးဟုတ်ရီ…..။
    သာကေတ မဟာ့မဟာ ချီးထုပ် ဒုတိယခရိုင်တရားသူကြီး ဦးဟုတ်ရီ…..။
    (( အမြန်ဆုံး မှန်ကန်စွာ စစ်ဆေး အရေးယူ ခြင်းခံရပါစေ ))

  • chityimhtoo

    March 13, 2012 at 10:34 am

    ဒင်းကိုဟိုဒင်းဖြတ်ပြီးသတ်စေ။ကဲဘယ်မလည်းအရင် တရားသူကြီးတွေလာဘ်စားရင်တိုင်ကြားနိုင်ပါသည်ဆိုတာ…

  • မေ့ ချစ်သူ မောင်

    March 13, 2012 at 10:44 am

    အာ အာရေးချ အာ ပေါ့ ချစ်ရင်ထူးရယ် ဒါပဲလေ
    အာပလာ အထက်က ကောင်ချီးတွေ အာရိုက်နေတာ အမှန်ပေါ့
    ခု တစ်မျိုး တော်ကြာ တစ်မျိုး တွေ ဒါပဲပေ့ါ ။

  • snow white

    March 13, 2012 at 11:20 am

    အမယ်တရားသူကြီးကလည်းနော် ရရင်ပြီးရော နော်လူတယောက်အသတ်ကို၄၅သိန်းပေး ရုံနဲ့သတ်လို့ရတယ်ဆိုတဲ့သဘော ဖြစ်နေပြီပေါ့နော် အားကိုးမရှိလု့ိ သူတ်ို့အားကိုးကမှ နော် တကယ် ပါဘဲနော် ကြားရတဲ့သတင်းတွေကလည်းမကောင်းပါဘူး ခုနှစ်ရက်သားသမီးကျန်းမာချမ်းသာ ပါစေ နိုင်တက်စီးနင်းမှုမှလည်းပပျောက်ပါစေ

  • jujuma

    March 13, 2012 at 11:30 am

    အော် ကုန်ဈေးနှုန်းတွေ တတ်နေလို့ထင်ပါ့..
    တရားသူကြီးပေးကြေးတွေလဲ မြင့်တတ်လာပေါ့..
    တရားသူကြီးတွေလာဘ်စားတာပြောရမယ်ဆိုရင် ကုန်ဖွယ်ရာကိုမရှိတော့ပါဘူး..
    မြီု့နယ်၊ ခရိုင်၊ တိုင်း ကဲ ပြော…ဘယ်တရားသူကြီး ဥပုဒ်စောင့်လဲ ….

  • Truth Seeker

    March 13, 2012 at 2:22 pm

    လူရွှင်တော်ကျော်ထူး ပြောသလိုပြောလိုက်မယ် ” အဲဒါတွေကို ပြုပြင်ကြဦး “

  • the best

    March 13, 2012 at 8:50 pm

    လာဘ်မစားတဲ့တရားသူကြီးတွေ ရှိလို့လား ။
    ခရိုင် တရားရုံးအောက် အဝင်ဝ အထဲဝင်ခွင့်လက်မှတ် ထုတ်ပေးတဲ့ နေရာမှာ
    အရင်ဆုံးစပြီး ငွေကောက်ခံနေပါတယ်။
    သေချာစုံစမ်းပြီး ပြင်း ပြင်း ထန် ထန် အရေးယူသင့်ပါတယ်။
    တရုံးလုံး လာဘ်စားတာပြောရမယ်ဆိုရင် ကုန်ဖွယ်ရာကိုမရှိတော့ပါဘူး..

Leave a Reply