သိက္ခာသုတ် (တရားအညွှန်း)

ariyathitsaMarch 13, 20121min570

သီလတွေဟာ လူ့အနေနဲ့ လူ့ဝန်းကျင်ထဲမှာနေရင် လူ့အစည်းရုံးကနေပြီးတော့ လွင့်ထွက်ပြီးမသွားရလေအောင်
ဆောင်ထားရမယ့်အရာတွေပဲ။ဒီသီလတွေကို ဆောင်မထားဘူးဆိုရင် လူ့အစည်းရုံးကနေ လွင့်ထွက်သွားမှာပဲ။
လူ့အစည်းရုံးနဲ့ လူ့အစည်းရုံးရဲ့ စည်းကမ်းကလနားကို သဘောပေါက်ဖို့လိုတယ်။
ဒီလူ့အစည်းရုံးကို သဘောပေါက်မှ လူ့အစည်းရုံးရဲ့ စည်းကမ်းကလနားကို သဘောပေါက်မှာဖြစ်တယ်။
လူဆိုတာ တစ်ယောက်ထဲနေတာမဟုတ်သလို၊ တိရစ္ဆာန်တွေလို အုပ်ဖွဲ့နေရုံလောက်လဲ မကဘူး။
လူတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်ပြီးတော့လယ်သမားက လယ်တွေစိုက်၊
ယက်ကန်းသမားက ယက်ကန်းတွေယက်၊ ဆေးဆရာကဆေးကုနဲ့ ကိုယ့်တာဝန်ကိုယ်လုပ်နေကြတာ။
လူ့စည်းကမ်းကို သိတယ်ဆိုတာ လူ့အစည်းရုံးကို သိတာ၊ဒီစည်းကမ်းသိမှ ဒီစည်းကမ်းကို ပြည့်အောင်ဖြည့်ကြည့်မိမှာ။
ဒီစည်းကမ်းသိတာက သောတာပန်၊ဒီစည်းကမ်းကို သိပြီး ဖြည့်တန်သလောက်ဖြည့်နေပြီ၊
ဒါပေမယ့် ပေါက်တန်သလောက်လည်း ကျိုးပေါက်နေဦးမှာပဲ။သကဒါဂါမ်ကျတော့ တစ်ကြိမ်တလေပဲ
ဒီကျိုးပေါက်မှုလာတော့တယ်။
သောတာပန်ကသိတဲ့ အကျင့်အတိုင်း သကဒါဂါမ်ကျတော့ သီလကို ကျင့်လိုက်တာ အတော်ကြီးကို လုံသွားပြီ။
ဒါ့ကြောင့် သောတာပန်နဲ့ သကဒါဂါမ်ကို သီလပဋိပူရကာရီ ၊ သီလတွေကို ပြည့်နေအောင် ဖြည့်တယ်။
သူတို့က ဘာကျင့်လဲဆိုတော့ သတိပဋ္ဌာန်ကိုကျင့်တယ်။သတိပဋ္ဌာန်ကို ဘယ်လိုကျင့်လဲဆိုတော့
ငါဟာ သီလတွေ လုံခြုံအောင် နေနေတဲ့အထဲမှ သီလကျိုးပေါက်တော့မယ်လို့ဆိုရင်
ငါ့စိတ်တွေထလာသလား၊ အဘိဇ္ဇျာဖြစ်သလား၊ ဒေါမနဿတွေဖြစ်လာသလား။ အဲဒီစိတ်ထလာတာကို
ငါဖမ်းမယ်၊ စိတ်ထလာတာကို ဖမ်းလိုက်လို့ စိတ်ထလာတာကို သိသည်နဲ့ တပြိုင်နက်
အဘိဇ္ဇျာဖြစ်ရင် အဲဒီအဘိဇ္ဇျာကို စောင့်မယ်၊ဒေါမနဿဖြစ်ရင် အဲဒီဒေါမနဿကို စောင့်မယ်။
သီလ မကျိုးပေါက်တော့ဘူးဆိုရင်လည်း မကျိုးပေါက်သထက် မကျိုးပေါက်ပြီးနေအောင်
ဒီသီလကို စောင့်မယ်။သီလကို ပညာတို့၊ ဝိရိယတို့နဲ့ ကွပ်ကဲပြီး သတိပဋ္ဌာန်ပွားပုံ၊သောတာပန်၊
သကဒါဂါမ်တို့ရဲ့ ဖြည့်ကျင့်ပုံနှင့် သီလ၊ သမာဓိ၊ ပညာ ပြည့်စုံပုံ၊
အနာဂါမ်၊ ရဟန္တာတို့ရဲ့ ဖြည့်ကျင့်ပုံနှင့် သီလ၊ သမာဓိ၊ ပညာ ပြည့်စုံပုံ၊
သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာ ဒီသိက္ခာ သုံးရပ်လုံး လုံးဝပြည့်စုံသွားတဲ့ အဖြစ်မျိုးနဲ့
ရပ်တည်သွားတာကို အရဟတ္တမဂ်ဖိုလ်၊စသော သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာ
စသည်တို့နှင့် ပတ်သက်သည်တို့ကို ဓမ္မဝိဟာရီဆရာတော်ဟောပြောထားသည့်
http://www.ariyathitsa.org website တွင် ပါရှိသော
” သိက္ခာသုတ်” အမည်ရတဲ့ MP_3 အသံ တရားတော်တွင် (Download) ရယူပြီး နာကြားနိုင်ပါကြောင်းဓမ္မလမ်းညွှန်ပြလိုက်ရပါသည်။