စိုးရွံ့သူမေတ္တာကျပျောက်မှုဒိုင်ယာရီ

yanayeMarch 13, 20121min983

စိုးရွံ့သူမေတ္တာကျပျောက်မှုဒိုင်ယာရီ

ရပ်ကြည့်လို့ အမြတ်မရှိမှန်းလည်းသိတယ်

အများကြီးလည်းနိုင်ချင်ပေမယ့်              

ပြားကပ်ကပ် ပိုက်ဆံတရွက်တော့          

အရဲစွန့်လို့ အလောင်းစားမလုပ်ဘူး       

ရှိပြီးဆုံးရှုံးမှာ ပိုကြောက်တယ်———–

အခုတော့လည်းချစ်သူ —-                 

ခံစားချက်တွေနှုတ်ဆိတ်                     

တိုးတိတ်စွာ မျိုသိပ်ခဲ့လည်း                   

   သူငယ်ချင်းအရိပ်တောင်                           

မင်းရှောင်သွားတော့                              

ငါ–ရင်ကျိုးပြီ——————————-

                                                                           မောင်ပြုံးရွှေ

 

3 comments

  • windtalker

    March 13, 2012 at 1:08 pm

    တောင်ကျုံးမှာနေတဲ့ မောင်ပြုံးရွှေအတွက်
    ဘိုးဘိုးပေ မှ မေတ်တာစာ
    အမြတ်လို အရင်းစိုက်
    ပုလင်းတော့ မပိုက်
    ထိုင်နေရင်ကောင်းသား
    ထသွားမှကျိုးမှန်းသိ
    တစ်ရွာမကောင်းသူကောင်းမဖြစ်
    ဘိုုးဘိုးချစ်တာ လှပျိုဖြူတစ်သိုက်
    ညဆိုကြူဝိုက်ရင်
    မောင်ပြုံးရွှေ အတူလိုက်

  • Yan Shin

    March 13, 2012 at 2:05 pm

    ဝန်ခံလိုက်…
    ကိုယ်အ မိပါတယ် ရင်ထဲက ချစ်သူရယ်လို့ပဲ……..

  • yanaye

    March 14, 2012 at 11:59 am

    အတာတော့မဟုတ်ပါဘူး-
    ရတာလေးနဲ့ကျေနပ်မိခဲ့တာပါ-

Leave a Reply