ရာဇဝတ်မှုကင်းအောင်နေကြပါ

Phaung PhaungMarch 13, 20121min58

ဒီခေါင်းစဉ်ကို ဘာကြောင့်ပြောချင်ရတာလဲဆိုတော့ ဒီလိုပါ….
ဈေးထဲမှာ ဈေးဝယ်ရင်းခင်မင်ရင်းနှီးမိတဲ့ ဝက်သားသည်အမျိုးသမီးလေးရဲ့ခင်ပွန်းသေဆုံးသွားရတဲ့အကြောင်းလေး။ မထူးဆန်းပေမယ့် မဖြစ်သင့်တဲ့ကိစ္စလေးမို့ပါ။ သူ့ယောက်ျားက ဆေးခြောက်ရောင်းတယ်ဆိုတဲ့အမှုနဲ့ ရဲကဖမ်းသွားတယ်တဲ့။(4)လကြာတဲ့အခါ ထောင်ထဲမှာပဲဆုံးသွားတယ်ဆိုတော့ အံ့ဩလိုက်တာ။ လူကအကောင်းကြီးရှိသေးတာ။ နောက်ဆုံးတော့ ဘာကြောင့်ဆိုတာသိရတယ်။ ရဲဖမ်းသွားတဲ့အချိန်မှာ ရဲက ရိုက်နှက်စစ်ဆေးတော့ ခေါင်းကိုရိုက်လိုက်တာ ချက်ချင်းအဖုကြီးအကြီးကြီးထသွားတယ်တဲ့။ သူတို့ကလဲပိုက်ဆံရှိတော့ ရှေ့နေတွေ၊ဘာတွေနဲ့ရုံးချိန်းလိုက်တာပေါ့လေ။ ရိုက်တဲ့ရဲက သူရိုက်တာဘယ်သူ့မှမပြောနဲ့လို့ပြောတယ်တဲ့။ နောက် အဖုကပိန်သွားတော့ ဘာမှမဖြစ်ဘူးဆိုပြီးနေတာပေါ့လေ။ အင်းစိန်ထောင်ကိုပြောင်းပြီး သေခါနီး တစ်လလောက်မှာ ခေါင်းတွေအုံ၊ခေါင်းတွေမူး၊ ဇက်ကြောတွေတက်နဲ့ နောက်ဆုံးလေဖြတ်ပြီး စကားမပြောနိုင်တော့ဘူး။ ခေါင်းကဒဏ်ရာကအထဲမှာ အသားကြေပြီး ပြည်တည်နေရာကနေဖြစ်တာလို့သိရတယ်။
အမလေးးး…. 4 လပဲကြာလိုက်တယ်နော်။ အော်……..ဒုက္ခ။ အသက်ကလည်း 27 ပဲရှိသေးတာ။ ရဲတွေကိုပဲအပြစ်တင်ရမလား။ ခိုးမှု၊ဆေးမှု၊မဒိန်းမှုတို့ဆို ရဲကလဲဆော်မယ်…လာထားဆိုတာချည်းပဲ။ လူသတ်မှုဆိုရင်တော့ နဲနဲလန့်မယ်ထင်တယ်။ အဲလောက်ရိုက်နှက်စစ်ဆေးရဲပါ့မလားလို့။ နှစ်လုံး၊သုံးလုံးသမားတွေကျတော့လည်း ပိုက်ဆံရတော့ သိပ်ရိုက်မှာမဟုတ်ဘူးနော်။
ဘာပဲဖြစ်ဖြစ် ရာဇဝတ်ကင်းအောင်နေလိုက်ကြရင် ဒီရဲတွေန