VOA မြန်မာ့အသံဌာနနဲ့ ဆန်နီနေမင်းတို့ အင်တာဗျုး

အော် သတင်းသမားဆိုတာ သတင်းကိုပဲလိုက်နေတာမို့ အားလုံးကို လေ့လာနေတယ်ဆိုတာ ကိုယ်တွေ့ကြုံမှပဲ အံ့ဩမိတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းလို နာမည်ကြီး ဘလော့ဂါမဟုတ်တဲ့လူကို သူတို့သိရှိကြလို့ပါပဲ။ သူတို့သတင်းသမားတွေက သူတို့သိရုံတင်မကဘူး၊ အများသိအောင် ထုတ်လွင့်ပေးချင်ပါတယ်ပြီး ဦးဇင်းကို သူတို့သိချင်တာလေး အင်တာဗျုးသွားခဲ့ပါတယ်။

အမေရိကန်အခြေစိုက် VOAသတင်းဌာနမှ ကိုဇော်ဝင်းလှိုင်ကနေ 11.03.2012 ရက်၊ တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် ည (၇)နာရီခွဲမှာ ဦးဇင်းဆီကို ဖုန်းဆက်ပြီး အင်တာဗျုးများ ပြုလုပ်လာပါတယ်။ ဦးဇင်းလည်း တစ်ခါမှ ဖုန်းနဲ့ပြောပြီး အင်တာဗျုးမလုပ်ဖူးသေးသလို ဘာတွေပြောရမယ်ဆိုတာကိုလည်း စီစဉ်ထားခြင်းမရှိတော့ မိမိကိုရုတ်တရတ်မေးလာတဲ့အခါ စိတ်ထဲပေါ်လာတဲ့အတိုင်း ဖြေပေးလိုက်ရပါတယ်။ ဂျာနယ်တွေ၊ ဝက်ဆိုဒ်တွေ အင်တာဗျုးလုပ်ကြတာက အွန်လိုင်းကနေ မေးလ်တာဆိုတော့ စာပြန်ရေးတဲ့အခါ စဉ်းစားရေးလို့ရတာမို့ အစီစဉ်ကျနိုင်ပါတယ်။ ခုလို ဖုန်းနဲ့ပြောရတဲ့အခါကျတော့ အစီစဉ်မကျဖို့က များပါတယ်။

အင်တာဗျုးအစီစဉ်ကိုတော့ နောက်လာမဲ့တနင်္ဂနွေ (18.03.2012) ရက်နေ့ ညပိုင်း မြန်မာစံတော်ချိန်(၉)နာရီအချိန် ဘလော့ဂါများအစီစဉ်မှာ ထုတ်လွင့်ပေးမယ်လို့ သိရပါတယ်။ နောက်ပြီး အင်္ဂါနေ့(20.03.2012) မနက်ပိုင်းအစီစဉ်တွင်လည်း ပြန်လည်ထုတ်လွင့်ပေးလိမ့်မယ်လို့ ပြောပါတယ်။ ဒါပြင် VOA ရဲ့ဝက်ဆိုဒ်ဖြစ်တဲ့ http://www.voanews.com/burmese/news/blogger/ မှာလည်း အမြဲတင်ထားပေးမယ်လို့လည်း ပြောပါတယ်။ ဒီဆိုဒ်မှာ အမြဲဝင်ရောက်ကြည့်နိုင်ပါတယ်တဲ့။

အဲဒီတော့ ဦးဇင်းစာဖတ်ပရိသတ်များ ဦးဇင်းအကြောင်းကို နားထောင်ချင်တယ်၊ သိချင်တယ်ဆိုရင်တော့ ရေဒီယိုကနေဖြစ်စေ၊ အပေါ်ကဝက်ဆိုဒ်ကိုဖွင့်ပြီး အင်တာနက်ကနေဖြစ်စေ ဝင်ရောက်နားထောင်ကြည့်ကြပေါ့လေ။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

Sanninaymin@gmail.com

http://www.sanninaymin.com/

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

2 comments

  • ကိုရင်မောင်

    March 13, 2012 at 8:06 pm

    နားဆင်လိုက်ပါ့မယ်….ဘုရား

  • ကြောင်ကြီး

    March 15, 2012 at 11:30 am

    တပည့်တော်လည်း ရေးဒါဘဲဘုရာ့… သို့ပေတိ ဘယ်ဒူမှ လာမေးဘူး…။ တေဒင်းဂျိုး ဗွီအိုအေ အဖျက်သမား….

Leave a Reply