ကျွန်တော် မန်းလေး သွားပြီး သောင်းကျန်း အဲအဲ အလုပ်သွားလုပ်တာ… မန်းလေးရောက်ရင် ကျွန်တော် မုန်.တွေလျှောက်စားတာပဲ… ရန်ကုန်မှာဆိုရင် သိပ်တောင်မစားဖြစ်ဘူးဗျ.. အိမ်မှာပဲ ခေါက်ဆွဲခြောက်နဲ. နှစ်ပါးသွားနေတာလေ…

ဒီနေ.တော့ ၂၆လမ်းထောင့်က ရွှေပြည်မိုးလက်ဖက်ရည်ဆိုင် မှာ နေ.လည်စာ သွားစားမယ်ပေါ့.. အဲဒီဆိုင်က လက်ဖက်ရည်က လဲ ကောင်းတယ်လေ…. အပြင်အဆင်ကလဲ သပ်ရပ် အလန်းလေးတွေကလဲ ပေါဆိုတော့ သွားရတာ စိတ်ကိုချမ်းသာလို….. ဟိဟိ ဒါနဲ. လက်ဖက်ရည်ဆိုင်ရောက်တော့ စမူဆာသုတ်လေး နဲ. ထမင်းဆီဆမ်းလေး နဲ.မှာ လက်ဖက်ရည် ပုံစိမ့် (ရန်ကုန်မှာ အဲလို ပြောရင် ဘယ်စားပွဲထို.မှ မသိဘူး) တစ်ခွက်မှာလိုက် တာ လာချပေးတော့ ထမင်းပုံလေးက လှတော့ ပို.စ်တင်ချင်တဲ့ရောဂါက ထလာတာပေါ့..

အကြောင်းမရှိအကြောင်းရှာ တင်တယ်ဆိုပြီး အပြစ်တင်လဲ ခံရတော့မှာ ပဲ တင်ချင်တာကိုးဗျ.. ဟိဟိ

ဒါနဲ. ဖုန်းကင်မလာလေးနဲ. ဓာတ်ပုံရိုက် (ဖုန်းရှိကြောင်းလဲ ကြွားတာ ဟဲဟဲ) ပြီး တင်မယ်ပေါ့….. အော်ဒါနဲ. ထမင်းတွေ အသုပ်တွေဓာတ်ပုံရိုက်တုန်း ဗျာ ကောင်မငယ် တစ်ယောက် ၀င်လာတာ အမလေးလေး ဇာခြင်ထောင်ပါး အနက်ကို အင်္ကျီလုပ်ဝတ်လာတာလေ….. အမလေး မြင်ရတဲ့သူ မှာ ဖြင့် အမလေးလေး…

အတိုင်းသားဗျာ… ပြောမပြောချင်ပေါင်……… အဲဒါနဲ. ဓာတ်ပုံကလဲ ရိုက်ရင်တန်းလန်း တစ်လက်စထဲ ဟဲဟဲဟဲ လိုက်တာ…

ကဲ ပုံတင်လိုက် ပြီနော်….

ဟောဗျာ ကောင်းခန်းရောက်မှ ပဲ ကော်နက်ရှင်က မကောင်းတော့ဘူးဗျာ….. ပုံတင်လို.မရတော့ဘူ…. သွားေ၇ာ.. ဟိဟိဟိဟ

နောက်မှပဲ ကြည့်တော့နော်…………. ဟီးဟီးဟီး……. :P :P :D

About ရွှေတိုက်စိုး

has written 79 post in this Website..