နေရာတကာ စွာတဲ့ အမေရိကန်က ထိုင်းနိုင်ငံကအကြောင်းတွေကြတော့ သိပ်မပြောပါ

မိတ်ဆွေနိုင်ငံတွေက ၀င်ပါပြီးညှိလို့ရခဲ့တဲ့ ယူရေနီယံလဲမယ့် အီရန်ရဲ့အစီအစဉ်ကို အမေရိကန်က လက်မခံပါတဲ့

မွဲတေစုတ်ပြတ်နေပါတယ်ဆိုတဲ့ ပြုံးယမ်းကို ဟိုနေ့ကရုပ်သံမှာတွေ့တော့…ရန်ကုန်ထက်တော့ အသာကြီးပါလား

အရှေ့တောင်အာရှရဲ့ ဟိုနိုင်ငံ၊ဒီနိုင်ငံတွေက ဟိုခုနှစ်ဒီခုနှစ်ကျရင် ဟိုနိုင်ငံဒီနိုင်ငံအကူအညီနဲ့ နူစီမံကိန်းစမယ်ပြောတော့ ဘယ်သူမှဘာမှဝင်ပါသံမကြားရပါ

ခုတလောမြန်မာနိုင်ငံမှာ နူကလီယာ၊ဘာ၊ညာ…အဲလိုကြတော့လည်း ဆူလိုက်ကြတာ…အံ့ရော…အံ့ရော

ဘာသာရေးနဲ့လိင်ကိစ္စ…မကြားဝံ့မနာသာ…ဘယ်ကစလဲမသိပေမဲ့ တစ်ကမ္ဘာလုံးပွထနေပြီ

မက္ကဆီကိုပင်လယ်ကွေ့ကြီးကို ရွှေမည်းတွေနဲ့ဖုံးပစ်လိုက်တော့ ကမ္ဘာ့ပတ်ဝန်းကျင်ဘာဖြစ်ညာဖြစ်သမားတွေရော ဘာများထလုပ်နိုင်လို့လဲ

နိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ သူရဲကောင်းဘွဲ့ပေးထားတဲ့ဒလိုင်လားမား…ခုတော့ဗီလိန်ပြန်ဖြစ်နေပြန်ရော

မြန်မာမှာလည်းသတင်းထောက်တစ်ယောက်သေ၊ထိုင်းမှာလည်းတစ်ယောက်သေ…ဂျပန်တွေက ဘယ်သူဆိုရင်ဘယ်လိုတုန့်ပြန်သလဲ

About yannaingech

yan naing aung has written 24 post in this Website..

Residence of Myanmar, living in Mandalay, working in an internet cafe.