မြန်မာနိုင်ငံသို့ ဘရာဇီးစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ အများအပြားလာရောက်ရန် အစီအစဉ်ရှိပြီး ကမ္ဘာကျော်ဘောလုံးသမား ပီလီနှင့် ရော်နယ်လ်ဒိုတို့လည်း လာရောက်ရန် စီစဉ်လျက်ရှိကြောင်း ၁၀-၃-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံ ဘရာဇီးသံအမတ်ကြီးက ပြည်မြန်မာဂျာနယ်သို့ ပြောကြားခဲ့သည်။

ရန်ကုန်မြို့()တွင် ၁၀-၃-၂၀၁၂ ရက်ကကျင်းပသည့် ညစာစားပွဲတစ်ရပ်၌ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီး()က မြန်မာနိုင်ငံ၌ သံရုံးဝန်ထမ်းမဟုတ်သော ဘရာဇီးနိုင်ငံသား ၁၅ ဦးခန့် ခေတ္တလာရောက်နေထိုင်၍ လုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း၊ အများစုမှာ ဘောလုံးနည်းပြများနှင့် ဘောလုံးသမားများဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများသည် ဘရာဇီးတို့ကဲ့သို့ ဘောလုံးအားကစားကို အထူးစိတ်ဝင်စားသည်ကို သိရှိရကြောင်း၊ ကမ္ဘာလောလုံးအဖွဲ့ချုပ်နှင့် ဘရာဇီးနိုင်ငံ၏အားကစားသံတမန်တစ်ဦးဖြစ်၍ ကမ္ဘာ့ဖလားကိုသုံးကြိမ်တိုင်ရရှိခဲ့သည် ကမ္ဘာကျော်ဘောလုံးသမားဟောင်း ပီလီသည် ၂၀၁၄ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၌ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် စည်းရုံးလှုံ့ဆော်သည့်အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရန်စီစဉ်လျက်ရှိကြောင်း၊ ကမ္ဘာ့အကောင်းဆုံးဘောသမားဆုကို ၁၉၉၆၊၁၉၉၇ နှင့် ၂၀၀၂ ခုနှစ်တို့တွင် သုံးကြိမ်တိုင်တိုင်ရရှိခဲ့သည့် ဘရာဇီးလက်ရွေးစင်ဟောင်း ရော်နယ်လ်ဒိုသည်လည်း မြန်မာနိုင်ငံသို့လာရောက်ရန် မြန်မာနိုင်ငံဘောလုးအဖွဲ့ချုပ်နှင့် ညှိနှိုင်းစီစဉ်လျက်ရှိကြောင်း၊ ထို့ပြင် ဘရာဇီး စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ အများအပြာလည်း မြန်မာနိုင်ငံသို့ လာရောက်ရန်စီစဉ်လျက်ရှိကြောင်း၊ ဥပမာအားဖြင့် )( ကဲ့သို လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီးများလည်း ပါဝင်ကြောင်းပြောကြားခဲ့သည်။

အခြားဆက်စပ်သတင်းများအရ ၁၉၉၄ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်များတွင် ကမ္ဘာ့ဖလားဆုကို ရရှိခဲ့ကြသည့် ရော်နယ်လ်ဒို၊ ရော်ဘတ်တိုကားလို့စ်၊ ရီဗက်ဒို စသည့် နာမည်ကြီးဘောလုံးသမားများပါဝင်သည့်အသင်းသည် မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခြေစမ်းကစားရန်အတွက် ဧပြီိလအတွင်း လာရောက်နိုင်ရန်စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသို ခေတ္တရောက်ရှိခဲ့သည့် ဘရာဇီးနိုင်ငံသား ဆေးပညာရှင်တစ်ဦးကလည်း ဘရာဇီးနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၌ ဓာတ်သတ္တုရှာဖွေတူးဖော်ရေးလုပ်ငန်းငန်းကို အထူးစိတ်ဝင်စားနေကြကြောင်းနှင့် ယခုနှစ် ဇူလိုင်လခန့်တွင် လာရောက်ကြဖွယ်ရှိကြောင်း၁၀-၃-၂၀၁၂ ရက်နေ့က ပြောကြားခဲ့သည်ကို သတင်းရရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးသံရုံးကို ၂၀၁၀ပြည့်နှစ် အောက်တိုဘာလကစတင်ဖွင့်လှစ်ခဲ့ပြီး ယခုသံအမတ်ကြီးသည် ၃-၁၁- ၂၀၁၀ရက်မှစ၍ မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။
ပြည်မြန်မာသတင်းဂျာနယ်. ၁၃ မတ်လ ၂၀၁၂

About အာဂ

အာ ဂ has written 177 post in this Website..

ဘ၀ ကို အခုမှ စပြီး ချရေးနေတာ ။ ဗလာစာရွက်ဆိုတော့ နည်းနည်းတော့ကြမ်းတယ်။ CJ # 8112011